Tuesday 30 October 2012

ကမ္ဘာကျော် ပန်းချီ ပညာရှင် ပီကာဆို၏ လက်ရာမြောက် ကြွေထည် မြေထည် ပစ္စည်းများ ဥဇဘက် ကစ္စတန် နိုင်ငံတွင် ပြသ


ကမ္ဘာကျော် ပန်းချီ ပညာရှင် ပီကာဆို၏ လက်ရာမြောက် ကြွေထည် မြေထည်ပစ္စည်းများ စုဆောင်း ပြသပွဲကို ဥဇဘက် ကစ္စတန် နိုင်ငံ တာ့ရှ်ကင့် မြို့တွင် လွန်ခဲ့သည့် သီတင်းပတ် အတွင်းက စတင် ဖွင့်လှစ် ပြသ ခဲ့ကြောင်း သိရသည်။ ယင်းကြွေထည် မြေထည် ပစ္စည်း ၁၂ ခုသည် ပီကာဆို၏ လက်ရာမြောက် အနုပညာ လက်ရာများ ဖြစ်ကြောင်း အနုပညာ လက် ရာ ပြတိုက်မှ ဝန်ထမ်း များက ပြောကြား ခဲ့သည်။ ယင်းကြွေထည် မြေထည် ပစ္စည်းများ ကို ၁၉၆ဝ ပြည့်လွန် နှစ်များက ပထမဆုံး အကြိမ် အဖြစ် ခင်းကျင်း ပြသ ခဲ့ပြီးနောက် ပြတိုက် တွင် ပြန်လည် သိမ်းဆည်း ခဲ့ကြောင်း တာဝန် ရှိသူများက ပြောကြားသည်။ ပီကာဆိုသည် ၁၉၄၇ ခုနှစ် အောက်တိုဘာလမှ ၁၉၄၈ ခုနှစ် ဆောင်းဦး ရာသီ အကြားတွင် ပန်းကန် ပြားများ၊ ကရားများ၊ ပန်းအိုး များ အပါအဝင် ကြွေထည် မြေထည် ပစ္စည်းပေါင်း ၂ဝဝဝ ကျော် ပြုလုပ် ခဲ့ကြောင်း ကျွမ်းကျင် ပညာရှင် များက ပြောကြား ခဲ့ သည်။ By Myawaddy

Read More...

အိမ်နီးချင်း နိုင်ငံသုံးခုမှ ဆေးဝါးများ မြန်မာသို့ ဒေါ်လာ ၈၉ သန်းဖိုး တင်သွင်းပြီး

ယခုနှစ်ဦးပိုင်းမှ စတင်၍ ဇူလိုင်လကုန် အထိ တရုတ် ထိုင်းနှင့် အိန္ဒိယ သုံးနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းခဲ့သည့် ဆေးဝါး တန်ဖိုး အမေရိကန် ဒေါ်လာ ၈၉ သန်းဘိုး ရှိတယ်လို့ ဆေးကုန်သည်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ ဝင်းစည်သူက ပြောသည်။ "အိန္ဒိယကဆေးတွေ အများဆုံးဝင်ပါတယ်။ ဒုတိယက ထိုင်းနိုင်ငံထုတ် ဆေးတွေဖြစ်ပြီး တရုတ်ဆေးအဝင် ကတော့ တတိယနေရာမှာရှိနေပါတယ်" ဟု ဦးစည်သူဝင်းက ပြောသည်။ ထို့အပြင် မြန်မာနိုင်ငံသို့ အိန္ဒိယဆေးများ တင်သွင်းရာတွင် လေကြောင်းခရီးအနီးဆုံးတွင် ရှိနေခြင်း၊ တရုတ်ဆေးများထက် အရည်အသွေးပိုကောင်းခြင်း စသည့်အချက်များသည် မြန်မာနိုင်ငံသို့ အများဆုံး ဝင်ရောက်သည့် အကြောင်း တစ်ချက်အနေဖြင့် ပါဝင်နေကြောင်း ၎င်းက ဆက်ပြောသည်။ အလားတူ Aung Capacity ဆေးဝါး တင်သွင်းသည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကလည်း "မြန်မာနိုင်ငံကို အိန္ဒိယဆေး အဝင်များရတာက အိန္ဒိယမှာ အနောက်တိုင်းဆေးထုတ်တဲ့ ကုမ္ပဏီအကြီး၊ အသေး အမျာကြီး ရှိတယ်။ အိန္ဒိယကုန်သည်တွေက ဟိုး အရင်ကတည်းက မြန်မာနိုင်ငံဆေးဈေးကွက်ကို ဦးထားတဲ့ အနေအထား ရှိတယ်။ မြန်မာပြည်ကို ကုမ္ပဏီ လေး၊ ငါးခုလောက်ဝင်ပြီး ဆေးဝါးတွေ ရောင်းကြတယ်။ သူတို့ အောင်မြင်တော့ နောက်ကုမ္ပဏီတွေက ဆက်ဝင်လာတဲ့သဘောကို တွေ့ရတယ်" ဟု ပြောသည်။ ဆေးဝါးဖြန့်ချိရေး လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးကမူ ထိုင်းနိုင်ငံမှ လေကြောင်းသာမက၊ နယ်စပ်ကုန် သွယ်ရေးနှင့် တရားမဝင်လမ်းကြောင်း များမှလည်း ဆေးဝါးများ ဝင်ရောက်လေ့ရှိသည်ဟု ပြောသည်။ "ထိုင်းနိုင်ငံက ဆေးတွေကို လေးကြောင်းနဲ့သွင်းရင် နီးတယ်ဆိုပေမယ့် လေကြောင်းကသာမက နယ်စပ် ကုန်သွယ်ရေးက ဝင်တာလည်းရှိတယ်။ တရားမဝင် ဝင်နေတာတွေလည်းရှိတယ်။ အခုချိန်အထိ မြဝတီတို့၊ မြိတ်တို့၊ ထားဝယ် တို့ဘက်မှာ မှတ်ပုံတင်မထားတဲ့ဆေးတွေ တွေ့နေရတုန်းပဲ" ဟု ဆေးဝါးဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်နေသူ ဦးလှသောင်း က ပြောသည်။ မြန်မာနိုင်ငံသို့ တင်သွင်းနေသည့် ဆေးအမျိုးအစား ၁၀၀ ကျော်ရှိနေပြီး ပါရာစီတမော၊ ဘာမီတွန်၊ အမောက်စလင် စသည့်လူသုံးအများဆုံးဝါးများကို ကုန်သွယ်ခွန် လျော့ချပေးထားသည်ဟုလည်း ဦးစည်သူဝင်း က ဆိုသည်။ By Mizzima

Read More...

ဘွဲ့လက်မှတ်တုနဲ့ အလုပ်လျှောက်ထားသူ မြန်မာတဦး စင်ကာပူတွင် ထောင်ဒဏ်ချမှတ်ခံရ

စင်ကာပူနိုင်ငံ လူသားစွမ်းအား ၀န်ကြီးဌာန (The Ministry of Manpower -MOM) က အသက် ၂၈ နှစ်ရှိ မြန်မာ နိုင်ငံသား ကိုကျော်စွာဝင်းဆိုသူဟာ သတင်းအချက်အလက်မှားယွင်းစွာ ဖော်ပြမှု၊ ဘွဲ့လက်မှတ် အတုနဲ့ အလုပ်အကိုင်ရရှိရေး ကြိုးပမ်းမှုကြောင့် ထောင်ဒဏ် အမိန့် ချမှတ်လိုက်ကြောင်း သိရပါတယ်။ အပြစ်ရှိတယ်လို့ တရားရုံးတခုက ဆုံးဖြတ်ပြီးတဲ့နောက် ယမန်နေ့ အောက်တို ဘာ လ ၃၀ ရက်နေ့ က ထောင်ဒဏ် အ ဖြစ် ရက်သတ္တ ၄ ပတ် အပြစ်ဒဏ်ပေးလိုက်တာဖြစ်တယ်လို့ စင်ကာပူ သတင်းဌာန တခုဖြစ်တဲ့ CNA သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ စင်ကာပူနိုင်ငံ လူသားစွမ်းအား ၀န်ကြီးဌာန (The Ministry of Manpower -MOM) က အသက် ၂၈ နှစ်ရှိ မြန်မာ နိုင်ငံသား ကိုကျော်စွာဝင်းဆိုသူဟာ သတင်းအချက်အလက်မှားယွင်းစွာ ဖော်ပြမှု၊ ဘွဲ့လက်မှတ် အတုနဲ့ အလုပ်အကိုင်ရရှိရေး ကြိုးပမ်းမှုကြောင့် ထောင်ဒဏ် အမိန့် ချမှတ်လိုက်ကြောင်း သိရပါတယ်။ အပြစ်ရှိတယ်လို့ တရားရုံးတခုက ဆုံးဖြတ်ပြီးတဲ့နောက် ယမန်နေ့ အောက်တို ဘာ လ ၃၀ ရက်နေ့ က ထောင်ဒဏ် အ ဖြစ် ရက်သတ္တ ၄ ပတ် အပြစ်ဒဏ်ပေးလိုက်တာဖြစ်တယ်လို့ စင်ကာပူ သတင်းဌာန တခုဖြစ်တဲ့ CNA သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ By Irrawaddy

Read More...

ငှက်ဖျားဆေးဝါးအတု သတိပေးချက် ထုတ်ပြန်

ဈေးကွက်အတွင်းမှာရှိတဲ့ ကန်ဖူး(Kangfu) တံဆိပ်ပါ ငှက်ဖျားဆေး (သောက်ဆေး) ဟာ ဆေးဝါးအာနိသင် လုံးဝမပါရှိတဲ့ ငှက်ဖျားဆေး အတုဖြစ်နေကြောင်း ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန အက်ဖ်ဒီအေက ယနေ့ သတိပေးချက် ထုတ်ပြန်ပါတယ်။ အက်ဖ်ဒီအေမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က “ငှက်ဖျားဆေးကိုစစ်ဖို့ တစ်နိုင်ငံလုံးရှိ ငှက်ဖျားဆေးတွေကို ဈေးကွက်နမူနာ ယူထားပြီး စစ်တယ်၊ နယ်ကနေစစ်ဖို့ ပို့ထားတဲ့ ငှက်ဖျားဆေးထဲမှာ ငှက်ဖျားဆေးဝါး အတုကို စစ်ဆေးတွေ့ရှိရတယ်၊ အသက်အန္တရာယ်ပေးမယ့် ငှက်ဖျားရောဂါအတွက် ဒီဆေးဝါးအတုကို သွားသောက်မိရင် မလိုလားအပ်တာတွေ ဖြစ်လာမှာ၊ ကျွန်တော်တို့အနေနဲ့ အစားအသောက် ဆေးဝါး တောက်လျှောက်စစ်နေတယ်၊ ပြည်သူအတွက် အန္တရာယ်ရှိနိုင်မယ့် ဟာတွေကို အရင်အသိပေး ထုတ်ပြန်နေပါတယ်” လို့ ပြောပါတယ်။ ဈေးကွက်နမူနာကို ဓါတ်ခွဲစစ်ဆေးချက်အရ Kangfu တံဆိပ်ပါ Tabellaechloroquiniphosphatis Tablet ဆေးဝါးမှာ ဆေးဝါးအတုဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ သည်ဆေးဝါးဟာ မြန်မာနိုင်ငံမှာ ဆေးဝါးမှတ်ပုံတင်ထားခြင်း မရှိသလို ဆေးဝါးအာနိသင်လည်း လုံးဝမရှိဘူးလို့ ဆိုပါတယ်။ ထိုဆေးတွင် ဘယ်နိုင်ငံက ထုတ်ထားတယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထား မတွေ့ရပေမယ့် တရုတ်ကထုတ်တဲ့ ဆေးလို့ အသိများပါတယ်။ ဆေးဝါးအတု၊ စံမညီ ဆေးဝါးနဲ့ မှတ်ပုံတင်ထားခြင်း မရှိတဲ့ ဆေးဝါးများကို တင်သွင်းဖြန့်ဖြူး ရောင်းချခြင်း လုံးဝမပြုလုပ်ဖို့ တားမြစ်ထားပါတယ်။ လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၁၈ အရ တရားစွဲဆို အရေးယူမယ်လို့ အသိပေးထားကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။ By Khit Lu Nge

Read More...

ဘတ်သန်း(၁၂၀)ဖိုး မြင်းဆေးများ ထိုင်းဘက်တွင် ဖမ်းမိ

မြန်မာနိုင်ငံဘက်ခြမ်းမှ ဘန်ကောက်မြို့သို့ ပို့ဆောင်မည့် ထိုင်းဘတ်ငွေ သန်း(၁၂၀)တန်ဖိုး မြင်းဆေး (ခေါ်) ရာဘဆေးပြား (၄)သိန်းနှင့် ထိုင်းနိုင်ငံသား ၆ ဦးအား ထိုင်းအာဏာပိုင်များက ချင်းရိုင်ခရိုင်တွင် ဖဖ်းဆီးခဲ့ကြောင်း သိရသည်။ “ချင်းရိုင်းခရိုင်ထဲက မယ်ဖလုံမှာ မုံးလူမျိုးတွေနဲ့အတူ မူးယစ်ဆေးတွေ ဖမ်းမိတာ ဖြစ်ပါတယ်၊ မူးယစ် ဆေးတွေကိုတော့ မြန်မာနိုင်ငံ ဖက်ခြမ်း ကနေ သယ်ယူလာကြတာ၊ အဲ့ဒီနယ်စပ်မှာ ၀င်ထွက်နေကြတာ အနီးစပ်ဆုံးက ယိဆေးအဖွဲ့ပဲရှိတယ်” လို့ ထိုင်းဘာသာစကားနဲ့ ပြောခဲ့ပါတယ်။ ချင်းရိုင်းခရိုင်က မယ်ဖလုံ စစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ (၂၄)ရက်နေ့က မုံးလူမျိုး (၆)ယောက်မှ ရှမ်းပြည်နယ် မိုင်းတုန်မြို့နယ်အတွင်းရှိ ပြည်သူစစ်ခေါင်းဆောင် ဦးယိဆေးတပ်ဖွဲထိန်းချူပ်နယ်မြေမှ ယူဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။ ရှမ်းပြည်နယ် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်အသက် ၆၆ နှစ်အရွယ်ရှိ ဦးယိဆေးသည် မူးယစ်ဆေးကုန်ကူး မှုတွင် ထိပ်တန်း ပါဝင်သူအဖြစ် ထိုင်းမှအစိုးရကနေ ဧပြီလအတွင်းကဖမ်းဝရမ်းစာရင်း ၂၅ ဦးထဲမှာ ပါဝင်၍ ထိုင်းဘတ်ငွေ တစ်သန်းဆုငွေ ထုတ်ပြန်ခံထားရသူဖြစ်သည်။ ထိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တပ်ဖွဲ့ဝင်များအနေဖြင့် ထိုင်းမြန်မာနယ်စပ်တွင် မြင်းဆေး အလုံးရေ (၅)သန်းရောက်ရှိနေကြာင်း ထိုင်းစစ်တပ်မှ သတင်းပေးများထံ သတင်းရရှိထားပြီး သတင်းပေးတွေထံက သတင်းရရှိထားပြီး လုံခြုံရေး တင်းတင်းကြပ်ကြပ်ချ ထားချိန်တွင် အခုကဲ့သို့ ဖဖ်းဆီး ရမိ ခြင်းဖြစ်သည်။ “ဒီဘိန်းကတော့ ၄၉ မြို့နယ်က မနှစ်က စိုက်နေတဲ့ဟာတွေက အခု ဒီနှစ်လည်း အခုထိ သတင်းရ နေတုန်းဖြစ်တယ်၊ သို့သော်လည်းပဲ တချို့နေရာတွေကတော့ ကချင်နဲ့ ဗမာ့တပ်မတော်နဲ့ တိုက်တဲ့ နေရာတွေကြတော့ နည်းနည်းလေး လျှော့တဲ့ဟာ ရှိတယ်၊ သို့သော်လည်းပဲ အဲ့ဒီမှာ လျှော့တဲ့ဟာ ဒီပြင့်မှာ လာတိုးတယ်။ သို့သော်လည်းပဲ ဒီဥစ္စာတွေက အနည်းအကျဉ်းတွေပဲ ဒါတွေက။ အများတော့ မဟုတ်ဘူး၊ အများကတော့ အရင်က အတိုင်းပါပဲ။” ရှမ်းပြည်နယ်မူးယစ် ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် ဦးခွန်ဆိုင်း ပြောသည်။ အာဖဂန်နစ္စတန် နိုင်ငံပြီးပါက မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုဒုတိယ အများဆုံး နိုင်ငံအဖြစ် ဆက်တည်ရှိနေကြောင်း သိရသည်။ တစ်နှစ်လျှင် ကိုကင်းသုံးစွဲမှုကြောင့် လူဦးရေ ၂သိန်းနီးပါး သေဆုံးမှုရှိနေကြောင်းကိုလည်း UNODCမှ ၂၀၁၂ခုနှစ်အတွက် ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။ By မြစ်မခ

Read More...

ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ တက္ကသိုလ်ပညာ သင်ကြားခွင့် ရတော့မည်

ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းမှ ဒုက္ခသည်များသည် မကြာမီကာလအတွင်း ၄င်းတို့အတွက် ဖွင့်လှစ်ပေးမည့် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်တက္ကသိုလ်၌ အဆင့်မြင့်ပညာများ သင်ယူဆည်းပူးနိုင်တော့မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက် သတင်းများတွင် ဖော်ပြထားသည်။ ကင်ညာနိုင်ငံ ဒါဒက်ဘ်ဒုက္ခသည်စခန်းအနီး၌ ကင်ညာတာတက္ကသိုလ် (ကေယူ) က တက္ကသိုလ်တစ်ခု ဖွင့်လှစ်ပေးခဲ့ရာ ဒါဒက်ဘ်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များသာမက ဒေသခံ ကင်ညာနိုင်ငံသားများပါ အဆင့်မြင့်ပညာများ သင်ကြားခွင့်ရတော့မည်ဖြစ်သည်။ ဒါဒက်ဘ်ဒုက္ခသည်စခန်း၌ စစ်ပွဲများနှင့် အငတ်ဘေးကြောင့် ခိုလှုံနေကြရသော ဒုက္ခသည်ပေါင်း ၅၀၀၀၀၀ ကျော်ရှိသည်။ ဒုက္ခသည်များ ပညာဆည်းပူးနိုင်မည့် တက္ကသိုလ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်ခြင်းသည် အာဖရိကတိုက်၌ ပေါ်ပေါက်နေသော ရေရှည် စစ်ရေး ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် လက်တွေ့ကျသည့် နည်းလမ်းတစ်ရပ်ဖြစ်ကြောင်း ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။ ကင်ညာတာတက္ကသိုလ် ဒါဒက်ဘ်နယ်မြေကို တည်ထောင်နိုင်ရေးအတွက် ကနေဒါ ကင်ညာ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးတွဲအဖွဲ့အစည်းဖြစ်သည့် ဒုက္ခသည်စခန်းများအတွက် နယ်စည်းမဲ့ အဆင့်မြင့် ပညာရေးအဖွဲ့ (ဘီအိတ်ခ်ျအီးအာရ်) သည် အခြားနိုင်ငံတကာ အဖွဲ့အစည်းများ၊ ပညာရေးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ရသည်။ By ခေတ်လူငယ်

Read More...

ဆံပင်မွေးနှင့် အလင်းပေးသူ ဆယ်ကျော်သက် နီပေါနိုင်ငံသား


၂၀၀၉ ခုနှစ် စက်တင်ဘာလက ရေပန်းစားခဲ့တဲ့ နည်းပညာ တစ်ခု ဖြစ်ပါ တယ်။ အသက် ၁၈ နှစ်အရွယ် နီပေါနိုင်ငံမှ သိပ္ပံကျောင်းသား Milan Karki က တီထွင်ခဲ့တဲ့ ဆံပင်မွေးသုံး ဆိုလာပယ်နယ် ဖြစ်ပါတယ်။ နေရောင်ခြည်စွမ်းအင်ဆုပ်ယူပေတဲ့ ဆိုလာ/နေရောင်ခြည်စွမ်းအင် ဆုပ်ယူသော သတ္တုပြားများဟာ အင်မတန် ဈေးကြီးပါတယ်။ ယင်းအပြားက ဆုပ်ယူတဲ့ စွမ်းအင်ကို ကူးပြောင်းပေမယ့် ကြားမှာ ဆီလီကွန် ဝါယာကြိုး တပ်ဆ်ပေးရတာကလည်း ဈေးတော်တော်ကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါကြောင့် ဆိုလာပါဝါကို ယနေ့တိုင်တွင်တွင်ကျယ်ကျယ် အသုံး မပြုနိုင် သေးခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ဆီလီကွန် အစားထိုးမယ့် ဆံပင်မွေးသုံး ဆိုလာစက်ကို နီပေါနိုင်ငံသားလေးက တီထွင်ခဲ့ပါတယ်။ သူနေထိုင်တဲ့ ရွာလေးမှာ တစ်ရက်ကို မီး ၁၆ နာရီ ပျက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လျှပ်စစ်မီးအမြဲလင်းနေဖို့ဟာ သူ့ရဲ့ စိတ်ကူး အိပ်မက် ဖြစ်ပြီး သူငယ်ချင်းများ ညဘက်ထွက်လညချိန်မှာ ဖယောင်းတိုင်ထွန်းပြီး စာအုပ်များ လေ့လာခဲ့ပါတယ်။ သူ့လေ့လာတဲ့စာက ရူပဗေဒ ပညာရှင် စတီဖန်ဟော့ကင်း ဖြစ်ပါတယ်။ လေးစားရတဲ့ ဟီးရီုးအနေနဲ့ကတော့ အက်ဒီဆင်ကို စံယူထားသူ ဖြစ်ပါတယ်။ ဒါကြောင့် အချိန်တိုတွင်း လေ့လာပြီး လျှပ်စစ်မီးထုတ်ဖို့ ဆံပင်မွေးက ဘယ်လို အသုံးဝင်တယ်ဆိုတာ သိရှိသွားပါတယ်။ ဆံပင်မှာ အရောင်ထွက် စေတဲ့ ဆိုးဆေးများကအစ လျှပ်စစ်စီးဖို့အတွက် Conductor အနေနဲ့ လုပ်ဆောင်နိုင်တာကို တွေ့ရှိခဲ့ပြီး ဆံပင်ကို ဆိုလာပယ်နယ်က ဆီလီကွန်တွေမှာ အစားထိုးခဲ့ပါတယ်။ နောက်တော့ သူဖန်တီးတဲ့ လက် တစ်မစာ ဆိုလာပယ်နယ်ငယ်လေးဟာ အိမ်တွင်း တစ်ညတာ အလင်းပေးမယ့် ဘက်ထရီကို အားဖြည့်ပေးနိုင်တယ်ဆိုတာကို တွေ့ ရှိ သွားပါတယ်။ အားလုံးပေါင်း ကုန်ကျစရိတ်က မြန်မာကျပ်ငွေနဲ့တွက်ရင် ၃သောင်းခွဲကျော် လေးပဲ ဖြစ်ပါတယ်။ ဒီလောက်ငွေနည်းနည်းနဲ့ ဘက်ထရီတွေ အားဖြည့်နိုင် တယ်၊ မီးလင်းစေနိုင်တယ်ဆိုတာ ထူးခြားတဲ့ ဖန်တီးမှုတစ်ရပ် ဖြစ်ပါတယ်။ ယခုတော့ Milan ဟာ စကော်လာရှစ်ရလို့ လျှပ်စစ်နဲ့ ပက်သက်လို့ ပိုမို နက်နဲစွာ လေ့လာနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့ အဆင်းရဲဆုံး စာရင်းဝင်နေတဲ့ နီပေါနိုင်ငံတစ်ခုလုံးကို အကုန်ကျ သက်သာစွာ မီးရရှိရေး ဖြစ်ပါတယ်။ ဆံပင်မွေးနဲ့ အလင်းပေးနိုင် တာ တွေ့ရှိပြီး ဒီထက်ပို လွယ်ကူ၊ အစုလိုက် ထုတ်လုပ်မှုအတွက် အဆင်ပြေတဲ့ နည်းပညာများ ရှာဖွေလေ့လာ ဖန်တီးနေပြီ ဖြစ်ပါတယ်။ ယခုဆိုရင် Milan ဟာ အသက် ၂၁ နှစ် ကျော်ပြီ ဖြစ်ပြီး ရူပဗေဒ ပညာကို ထဲထဲဝင်ဝင်လေ့လာနေပြီ ဖြစ်ပါတယ်။ BBC, Daily Mail, CNN တို့လို မီဒီယာများသွားရောက် အင်တာဗျူးပြီး ကမ္ဘာက လေးစားရတဲ့ လူငယ် တစ်ဦး ဖြစ်လာခဲ့ကြောင်း သိရပါတယ်။ By TSJ

Read More...

မျက်မမြင်သူငယ်ချင်း၏ (၁၃)နှစ်သားအား မဖွယ်မရာပြုခဲ့သူကို ထောင် (၂) နှစ်ချ

စင်္ကာပူနိုင်ငံတွင် အသက်(၄၆)နှစ်အရွယ် အမျိုးသားတစ်ဦးသည် မိမိနှင့် သူငယ်ချင်းဖြစ်သည့် မျက်မမြင်အမျိုးသားတစ်ဦး၏ (၁၃)နှစ်အရွယ် သားအား ပါးစပ်ဖြင့်ပြုသည့်လိင်အမှု (Oral Sex) ကျူးလွန်ခဲ့သောကြောင့် တရားရုံးက ထောင်ဒဏ်(၂)နှစ် ပြစ်ဒဏ်ပေးလိုက်ကြောင်း သိရသည်။ ကျူးလွန်သူ၏ သူငယ်ချင်းဖြစ်သူ ကလေး၏ဖခင်မှာ နှစ်(၂၀)နီးပါး မျက်စိကွယ်နေသူဖြစ်ကာ ကျူးလွန်သူအမျိုးသားနှင့် လွန်ခဲ့သော ငါးနှစ် ၊ ခြောက်နှစ် ခန့်ကမှ အချင်းချင်း ဗလီပွဲတော်တွင် ပြန်ဆုံတွေ့ခဲ့ကြသည့် သူငယ်ချင်းတွေဖြစ်ကြောင်း ၊ ထို့နောက်ပိုင်း အချင်းချင်း အိမ်လည်လေ့ရှိခဲ့ကြကြောင်း သိရသည်။၂၀၀၈ခုနှစ် ဇွန်လ(၂၀)ရက်နေ့က Changi လမ်းမကြီးပေါ်ရှိ ဗလီတွင် တွေ့ဆုံခဲ့ကြပြီးနောက် မျက်မမြင်ဖြစ်သူ သူငယ်ချင်း၏ Bedok ရှိ နေအိမ်ကို အတူလာခဲ့ကြပြီး မျက်မမြင်ဖခင်ထံမှ သားဖြစ်သူကို ၎င်းအား နှိပ်ပေးဖို့ ခဏခွင့်တောင်းကာ ယခုလို ပြစ်မှု ကျူးလွန်ခဲ့တာဖြစ်ကြောင်း သိရသည်။ ထို့နောက် (၁၃)နှစ်သားအား ဒေါ်လာ (၂)ဒေါ်လာပေး၍ ယင်းကိစ္စကို မိခင်အားမသိစေဖို့ ပြောခဲ့ကြောင်း သိရသည်။ ထိုအမျိုးသား ယင်းပြစ်မှုကျူးလွန်ချိန်တွင် နေအိမ်၌ ကလေး၏မိခင် ရှိနေခဲ့ကြောင်းလည်း သိရသည်။ သားဖြစ်သူက ဖခင်အား ယင်းအဖြစ်အပျက်ကို ဖွင့်ပြောပြခဲ့ရာမှ နောက်တစ်နေ့တွင် ရဲတိုင်အမှုဖွင့်ခဲ့တာဖြစ်ကြောင်းလည်း သိရသည်။ By Straitstimes

Read More...

အဖြစ်ဆိုးခဲ့တဲ့ ၈ တန်းကျောင်းသူလေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ နယ်၊ ဇိုင်းဂနိုင်းကြီးကျေးရွာ၌ အောက်တိုဘာ (၁၆) ရက်က ကျောင်းသူမိန်းကလေးတစ်ဦး အသတ်ခံရမှုဖြစ်ပွားပေါ်ပေါက်ခဲ့ ရာ လူသတ်မှုမှတရားခံကိုအခင်း ဖြစ်ချိန်မှစတင်ပြီးအချိန် ၆ နာရီ အကြာ၌ ပဲခူးအမှတ် (၂) ရဲတပ် ဖွဲ့စခန်းက ဖမ်းဆီးရမိခဲ့သည်။ အောက်တိုဘာ ၁၆ ရက် နံနက် (၇) နာရီအချိန်ခန့်က ဦးတင် မြင့် ဇိုင်းဂနိုင်းကြီးကျေးရွာအရှေ့ ပိုင်းနေထိုင်သူ၏ သမီးဖြစ်သူမ (၁၃) နှစ်၊ ၈ တန်းကျောင်းသူ သည် အ.လ.က (၁) ကျောက် ကြီးစုကျောင်းသို့သွားရောက်ခဲ့ရာ ညနေ (၆)နာရီခန့်အချိန်အထိ နေအိမ်သို့ပြန်လည်၍ ရောက်မ လာသောကြောင့်လိုက်လံစုံစမ်းရာ ယင်းနေ့ကျောင်းမတက်ကြောင်း သိရသဖြင့် ဆက်လက်ပြီးရှာဖွေ ကြရာမ(—)မှာ ဇိုင်းဂနိုင်း ကြီးကျေးရွာအုပ်စုအတွင်းရှိ ဦးထွန်းမြင့်၏ စပါးခင်းအစပ်တွင် ညိုမည်းပုပ်ပွ၍ သေဆုံးနေသည် ကို အောက်တိုဘာ ၁၇ ရက် ည ၇ နာရီခွဲအချိန်၌တွေ့ရှိရသဖြင့် ရဲစခန်းသို့တိုင်ကြားခဲ့ကြောင်း သိရ သည်။ရဲတပ်ဖွဲ့ကတရားခံဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေးအတွက် သတင်း စုဆောင်းခဲ့ရာဇိုင်းဂနိုင်းကြီးကျေး ရွာနေမချော(ဈေးရောင်း)သည် အခင်းဖြစ်နေ့တွင် ဈေးရောင်းပြီး ဇိုင်းဂနိုင်းကြီးကျေးရွာသို့ပြန်လာ စဉ် နံနက် ၀၈း၃၀ နာရီအချိန်၌ အရပ်ပုပုဂင်တိုတိုအမျိုးသားတစ် ဦးရွှံ့နွံ့များပေကျံလျက်ကျောပိုး အိတ်တစ်လုံးကိုလွယ်ကာနောက် လှည့်ကြည့်လှည့်ကြည့်နှင့်လာစဉ် ၎င်းင်းအားဝင်ရောက်တိုက်မိသွား ကြောင်း၊ ဇိုင်းဂနိုင်းကြီးကျေးရွာ နေမပုကြီးဆိုသူအမျိုးသမီးသည် အခင်းဖြစ်နေ့ နံနက်ပိုင်းတွင် ဇိုင်းဂနိုင်းကြီးကျေးရွာနှင့် ရေစက် ကုန်းရွာအကြားအခင်းဖြစ်နေရာ အနီးလမ်းမပေါ်တွင် အရက်မူး နေသည့်အရပ်ပုပုဂင်တိုတိုအမျိုး သားတစ်ဦးကိုတွေ့ကြောင်း၊ ၎င်းင်း အမျိုးသားသည်ရွှေလှေကျောက် ပုံစုကျေးရွာနေဈေးရောင်းသူမ၀ါဝါ ဆိုသူအမျိုးသမီးကိုတွေ့၍ နောက်ပြောင်ပြောဆိုသဖြင့် မ၀ါဝါ က ၎င်းင်းအားဆဲရေးတိုင်းထွာသွား သည်ကိုတွေ့မြင်ရကြောင်း၊ ဈေး ရောင်းသူမ၀ါဝါသည်အခင်းဖြစ် နေ့ နံနက်ပိုင်းဈေးရောင်းထွက်လာ စဉ်လမ်း၌အရက်မူးနေသူလူတစ် ဦးက ၎င်းင်းအားနောက်ပြောင်ပြော ဆိုသဖြင့်ဆဲရေးတိုင်းထွားရန်တွေ့ ခဲ့ကြောင်း၊ ထိုအချိန်မှာ မြို့ပေါ် ကျောင်းသို့ကျောင်းသွားတက်ကြ သော ကျောင်းဝတ်စုံနှင့် ကျောင်း သား၊ ကျောင်းသူများသွားလာနေ ကြသည်ကိုတွေ့ရကြောင်း၊ ၎င်းင်း အားနောက်ပြောင်ပြောဆိုခဲ့သူမှာ ရွှေလှေကျေးရွာ၊ ရွာမပိုင်းနေသူ ဦးတွတ်နီ၏သမက်တော်စပ်သူမင်း မင်းထွန်းဆိုသူဖြစ်ကြောင်းသိရသဖြင့် ရဲတပ်ဖွဲ့ဝင်များသည်ညတွင်းချင်း ရွှေလှေကျေးရွာသို့သွားရောက်ကာ မင်းမင်းထွန်းအား ဖမ်းဆီးခဲ့သည်။ မင်းမင်းထွန်း၏ အိပ်ရာအနီး ကျောပိုးအိတ်နှင့် ကျောင်းသုံးဘောပင် (၅) ချောင်း ကို သက်သေခံပစ်္စည်းများအဖြစ် သိမ်းဆည်းခဲ့သည်။ မင်းမင်းထွန်း အား ရဲစခန်းက (ပ) ၂၆၂/၁၂ ပုဒ်မ ၃၀၂ အရ စစ်ဆေးခဲ့ရာ ၎င်း ၏ အစစ်ခံထွက်ဆိုချက်များအရ မင်းမင်းထွန်းမှာ အောက်တိုဘာ ၆ ရက်က ရေစက်ကုန်းကျေးရွာရှိ နာရေးတစ်ခုတွင် ဖဲရှုံး၍ ရေစက် ကုန်းကျေးရွာမှ ဇိုင်းဂနိုင်းကြီးကျေး ရွာဘက်သို့အခင်းဖြစ်နေ့ နံနက် ၀၇း၃၀ နာရီအချိန်ခန့် လမ်း လျှောက်လာစဉ်လမ်းတွင် ကျောင်း သူမိန်းကလေးအားတွေ့၍ ပိုက်ဆံ တောင်းကြောင်း၊မပေးသဖြင့် ပါးစပ် ပိတ်ပြီး နောက်လမ်းနံဘေးလယ် ကွင်းထဲသို့ဆွဲခေါ်သွားကာ သေသူ မိန်းကလေးပါးကို နှစ်ချက်ရိုက်၍ မုဒိမ်းကျင့်၊လည်ပင်းညှစ်ပြီးသတ်ခဲ့ ကြောင်း ထိုနောက်ကျောပိုးအိတ် အတွင်းမှ စာအုပ်များကိုအခင်းဖြစ် ရပ်တွင် သွန်ချခဲ့ပြီးအဆိုပါအိတ် ကိုယူ၍ထွက်ပြေးခဲ့ကြောင်း၊ လမ်း တွင်အမျိုးသမီးတစ်ဦးအား ၀င်တိုက် မိခဲ့ကြောင်း အစစ်ခံထွက်ဆိုခဲ့ သည်။ အဆိုပါလူသတ်မှုအား ထိုက် သင့်သောပြစ်ဒဏ်များရရှိစေရေး အတွက် အမှုကိုခိုင်မာတည်ဆောက် ကာတရားစွဲဆိုသွားမည်ဟုသတင်း ရရှိသည်။ မင်းခဏ့်(hot new)

Read More...

Friday 26 October 2012

ထိုင်းနိုင်ငံအတွင်း အလုပ်သမားလက်မှတ် မရှိသူများ ယခုနှစ်ကုန်ပိုင်းတွင် ဖမ်းတော့မည်


ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများအနေဖြင့် အလုပ်သမားလက်မှတ် မရှိ သူများ ယခုနှစ်ကုန်ပိုင်းတွင် ဖမ်းဆီးတော့မည်ဖြစ်ပြီး အလုပ်လုပ်ခွင့်လက်မှတ်(work permit) အမြန်ဆုံးလုပ် ကြရန် မဲဆောက်မြို့ရှိ အလုပ်သမားရုံးရှေ့တွင် ထိုင်းအာဏာပိုင်များက အသိပေးထားကြောင်း သိရသည်။ မဲဆောက်အခြေစိုက် အလုပ်သမားအရေးကို ကူညီဆောင်ရွက်ပေးနသည့် ရောင်ခြည်ဦးအလုပ်သမားကူညီ စောင့်ရှောက်ရေးအဖွဲ့မှ ဥပဒေရေးရာတာဝန်ခံ ကိုထွေးနိုင်က “ထိုင်းအစိုးရက သူတို့နိုင်ငံမှာ အလုပ်လာလုပ်တဲ့ အလုပ်သမားတွေဟာ Work Permit လုပ်ရမယ်။ မလုပ်ရင် ဒီနှစ်ကုန်ပိုင်းမှာ စဖမ်းမယ်။ အခြား ဘာလက်မှတ် ကိုင်ဆောင်ထားပါစေ Work Permit မရှိရင် ဖမ်းဖို့ ထုတ်ပြန်ထားတာရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။ ဆက်လက်၍ အလုပ်လုပ်ခွင့် Work permit ရှိသူများအနေဖြင့် ယခု အောက်တိုဘာလ ၁၄ ရက်နေ့တွင် နောက်ဆုံး သက်တမ်းတိုးရန် သတ်မှတ်ထားပြီး သက်တမ်းမတိုးမိသူများ၊ Work permit မရှိသူများနှင့် စာရွက် စာတမ်းအခိုင်အလုံ မရှိသူအားလုံးကို လာမည့် ဒီဇင်ဘာလ၊ ၁၄ ရက်နေ့အထိ နောက်ဆုံးထားကာ ထိုင်းအစိုးရ က ဖမ်းဆီးအရေးယူသွားမည်ဟု ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း ကိုထွေးနိုင်က ဆိုသည်။ ထိုသို့ အလုပ်သမားလက်မှတ် ပြုလုပ်ထားခြင်းမရှိဘဲ စစ်ဆေးတွေ့ရှိသူများကို ထိုင်းဥပဒေ ပုဒ်မ BE2522 (ဘီအီး၂၅၂၂)အရ ဒဏ်ငွေအဖြစ် ထိုင်းဘတ်ငွေ ၅,၀၀၀ (ငါးထောင်)နှင့် ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချ မှတ်ခံရနိုင်သည်ဟု သိရသည်။ မဲဆောက်တွင် လာရောက်အလုပ်လုပ်ကိုင်သူ မြန်မာအလုပ်သမားတစ်ဦးက “အရင်က အထောက်အထား တစ်ခုရှိရင်ရတယ်။ ပိုက်ဆံလည်း ကုန်ပေါင်းမနည်းတော့ဘူး။ အခုက အဲဒီဟာတွေနဲ့ မရတော့ဘူးဆိုတော့ သူတို့(ထိုင်းအစိုးရ)ပြောသလို လုပ်ရတော့မှာပေါ့”ဟု ပြောသည်။ ၎င်းအပြင် အလုပ်လုပ်ခွင့် Work permit ပြုလုပ်ရာတွင် အချို့မှာ ပွဲစားများမှတဆင့် ပြုလုပ်ရာတွင် ပိုမိုကုန်ကျ မှုများရှိပြီး သတ်မှတ်ချက်အရ ၆ လစာ သက်တမ်းအတွက် ဘတ်ငွေ ၁,၀၀၀ (တစ်ထောင်)နှင့် ဆေးစစ်ခ တစ်နှစ်စာအတွက် ဘတ်ငွေ ၁,၉၀၀(တစ်ထောင့်ကိုးရာ) ကုန်ကျမည်ဟု ရောင်ခြည်ဦးအလုပ်သမား ကူညီ စောင့်ရှောက်ရေးအဖွဲ့က ပြောဆိုသည်။ တဆက်တည်းမှာပင် Work permit ပြုလုပ်ရာတွင် ထိုင်းနိုင်ငံအတွင်း နေထိုင်ကြောင်းထောက်ခံစာ၊ ဆေးရုံ တစ်ခုခုထောက်ခံပေးသော ဆေးထောက်ခံစာနှင့်အတူ အလုပ်ရှင်၏ထောက်ခံချက်များ မဖြစ်မနေပါရှိရမည် ဖြစ်သည်ဟုလည်း ကိုထွေးနိုင်က ပြောသည်။ ထိုင်းနိုင်ငံတွင် ယာယီ နိုင်ငံကူးလက်မှတ်အပြင် အလုပ်သမားလက်မှတ်(Work permit) ကိုင်ဆောင်သူများ အနေဖြင့် ပုံမှန် ရက် ၉၀ သက်တမ်းကို အချိန်မှီ တိုးရမည်ဖြစ်ပြီး ပျက်ကွက်ပါက ဒဏ်ငွေအဖြစ် ဘတ်ငွေ ၁,၀၀၀ မှ ၅၀၀၀ အထိ ပေးဆောင်ရနိုင်သည်ဟု သိရသည်။ By KIC

Read More...

အမျိုးသမီး၏ ကာအိနြေ္ဒပျက်စီးစေရန် လက်ရောက်စေခဲ့သူအား ဖမ်းဆီးမိ

၂၀၁၂ ခုနှစ်အတွင်း ညဥ့်အချိန် ပုန်းလျှိုးဝင်ရောက်ကာ အိနြေ္ဒပျက်စီးစေရန် လက်ရောက်စေမှုဖြင့် အမှုဖွင့် ထားသောအမှု တစ်ခုသာရှိကြောင်း ကျောက်မဲမြို့နယ် ရဲစခန်းမှ သိရှိရသည်။ အိပ်ပျော်နေသော အမျိုးသမီးတစ်ဦး၏ ခုတင်ပေါ်သို့တက်ရောက်၍ စောင်ကို လှန်ကာ လက်ဖြင့် စမ်းသပ်ခဲ့ သူအား အောက်တိုဘာလ(၂၃) ရက်နေ့က ကျောက်မဲရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ်လ( ၄) ရက်နေ့၌ ကျောက်မဲမြို့အမှတ်(၂)ရပ်ကွက်၊ ရန်ကင်းရပ်နေ အသက် (၂၂ )နှစ် အရွယ် အိပ်ပျော်နေသူ အိမ်ထောင်သည်အမျိုးသမီးငယ်၏ ခုတင်အောက်တွင် အမျိုးသားတစ်ဦးမှ ပုန်းခိုကာ ညဥ့်အချိန်တွင် ခုတင်ပေါ်သို့တက်ရောက်၍ စောင်ကိုလှန်၍ လက်ဖြင့် စမ်းသပ်ပြီး ထွက်ပြေးပုန်း ရှောင်သွား ခြင်းဖြစ်သည်။ ကာယကံရှင်အမျိုးသမီးမှ မသင်္ကာ၍` ဘယ်သူလဲ´ဟုအော်လိုက်ရာ ၄င်းမှာ ထွက်ပြေးသွားခဲ့ပြီး(၂)လခ န့် ရှောင် တိမ်းပုန်းခိုနေရာ အောက်တိုဘာလ (၂၃) ရက်နေ့တွင် ကျောက်မဲမြို့သို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။ အသက်(၂၂) နှစ်ရှိ ကာယကံရှင်အမျိုးသမီးမှ ၄င်း၏ နေအိမ်နှင့် ပေ(၂၀၀) အကွာရှိ အိမ်ခန်းတစ်ခုတွင် အမျိုး သားကို ပြန် လည်တွေ့မြင် သဖြင့် ကျောက်မဲ ရဲစခန်းသို့တိုင်ကြားခဲ့ရာမှ တိုင်ကြားပြီး (၂)နာရီအကြာတွင် ဖမ်း ဆီးမိခဲ့ခြင်း ဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ကာယကံရှင်အမျိုးသမီးမှ ကျောက်မဲမြို့နယ်တရားရုံးတွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၄၅၆/၃၅၄) ( ညဥ့်အချိန်ပုန်းလျှိုးဝင်ရောက်ကာ အိနြေ္ဒပျက်စီးစေရန်လက်ရောက်စေမှု) ဖြင့် အမှုဖွင့်ထားပြီး တရားခံဟု ယူဆရသူအသက် (၂၇)နှစ်ရှိ အမျိုးသားကိုမူ ကျောက်မဲရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရ သည်။ Myit Makha Mediagroup

Read More...

Thursday 25 October 2012

ရောင်းစားခံရတဲ့ အသက် ၁၂ နှစ် ကလေးမ တာချီလိတ် ၉ ထပ်ဟော်တယ်၌သေဆုံး

ထိုင်းမြန်မာနယ်စပ် တာချီလိတ် - မယ်ဆိုင်သို့ ရောင်းစားခံရသည့် ကျိုင်းတုံမြို့နယ်မှ အသက်မပြည့်သေးသည့် ၁၂ နှစ်အရွယ်ကလေးတယောက် တာချီလိတ် မယ်ခေါင်မြစ်ဟိုတယ် (၉ ထပ် ဟိုတယ်) ၌ ညသန်းခေါင်ခန့်က သေဆုံးသွားကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းကပြောပါသည်။ “ဗုဒ္ဓဟူးနေ့ညက ထင်တယ်။ သေသွားတာ ။ ကျနော်သိ ထားသလောက်ဆို ဝယ်ယူတဲ့ သူဌေးက ဝ ငြိမ်း အဖွဲ့က လို့ဘဲသိတယ်။ ၁၂ နှစ်အရွယ်ကလေးမလေး။ နာမည်မသိ၊ မိဘလဲမသိဘူး၊ ကျိုင်းတုံက ကလေး မလေးလို့ဘဲသိတယ်။ သေသေချင်း သန်းခေါင်ကျော်လောက် ဟိုတယ်ကနေ သယ်ထွက်သွားတယ်” - ဟု မယ်ခေါင်မြစ်ဟိုတယ် ၀န်ထမ်းတဦးက ပြောပါသည်။ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းပြင်း မြို့နယ် အတွင်းအပြင် အခြား သျှမ်းပြည်အနှံ့မြို့နယ်များမှ ဖြားယောင်းခံရ သော အရွယ်မရောက်သေးသည့် မိန်းခလေးများ ယခု သုံးလေးလအတွင်း နယ်စပ်တာချီလိတ်မြို့သို့ အများ အပြားရောက်ရှိလာကြောင်းနှင့် ကျိုင်းတုံ မြို့နယ်အတွင်းမှ အများဆုံးဖြစ်ကြောင်းသိရသည်။ နယ်စပ်တွင် အပျိုစင် ဝယ်ယူခြင်းကို ပိုက်ဆံရှိ လူကုံထံ အသိုင်းအဝိုင်းများကြား ခေတ်စားနေကြောင်းနှင့် ၁၇ ရက်နေ့ ည သေဆုံးမှုနှင့် ပတ်သက်သည့် ကားဆရာ၊ လူပွဲစား၊ သူဌေး များအားဖမ်းဆီးနိုင်ရေးအတွက် အာဏာပိုင်များက စုံစမ်းမှုများ ပြုလုပ်နေကြောင်း တာချီလိတ် ကျိုင်းတုံ ကားဆရာတဦးကပြောပါသည်။ အလားတူ “ထိုင်းစကားအရဆို ပွတ်ဘောရီးဆွတ် ခေါ်တယ်။ ဗမာစကားဆို အပျိုစင်ကို ဈေးဦးဖေါက်တယ် လို့ဘဲ ပြောရ မှာလား။ အသက်အရွယ်အလိုက် တယောက်ကို ထိုင်းဘတ်ငွေ သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ ဝယ်ယူနေကြတယ်။ လွန်ခဲ့တဲ့ လေးလလောက်ကစပြီး ကျိုင်းတုံ ကနေ တာချီလိတ်ကို ဖြားယောင်း ခံလာရတာ အများကြီးဘဲ။ ဒေသ စကား အရဆို စီးပွားထွက်ရှာတယ်လို့ဘဲ ပြောတယ်” - ဟု တာချီလိတ်မြို့ခံ ဒေါ်ခမ်းမိုက ပြောပါသည်။ မြန်မာနိုင်ငံတိုးတက်ပြောင်းလဲလာသည်ဟု ဆိုကာ အရွယ်မရောက်သေးသည့် မိန်းခလေးများ နယ်စပ်သို့ သွားလာခွင့်တားမြစ်မှု လွန်ခဲ့သည့် မေလမှစ၍ ရုပ်သိမ်းပြီးနောက်ပိုင်း အမျိုးသမီးငယ် လူကုန်ကူးမှုများပြား လာသည်ကို တွေ့ရကြောင်းနှင့် ယခင်နှစ်များထက် ပိုများ နေသည်ကိုတွေ့ကြောင်း၊ အသိဉာဏ်မကြွယ်ဝ သည့် မိဘအချို့ကလည်း တိုက်အိမ်၊ ကား၊ ပိုင်ဆိုင်ရေးအတွက် မိမိသမီးပျိုများအား အလေးမထားဘဲ ငွေထွက်ရှာ ရန် ဖိအားပေးတိုက်တွန်းမှုကြောင့်လည်း ယခုလို ကလေးငယ်များ လူကုန်ကူးခံနေရခြင်းဖြစ် ကြောင်း တာချီလိတ်မြို့ အမျိုးသမီးအဖွဲ့ဝင်ဟောင်းတဦးက ပြောပါသည်။ Byt - သျှမ်းသံတော်ဆင့်

Read More...

ငါး နှစ်အောက် ကလေးငယ် သေဆုံးမှု


 မြန်မာနိုင်ငံမှာ မွေးကင်းစလွန် ၅ နှစ်အောက် ကလေးငယ်တွေကို အများဆုံးသေဆုံးစေတဲ့ အဓိကရောဂါတွေက အဆုတ်ရောင်တာအပါအဝင် အသက်ရှုလမ်းကြောင်းမှာ ပိုးဝင်တာ၊ ဝမ်းလျှောဝမ်းပျက်တာ နဲ့ ဦးနှောက်အမြှေးပါးရောင်တာ (သို့) ဦးနှောက်ထဲ ငှက်ဖျားပိုး ဝင်တာတွေကြောင့် ဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုကြပါတယ်။ ဒီရောဂါတွေကြောင့် သေဆုံးမှုကနေ ကာကွယ်နိုင်ဖို့ကတော့ ကာကွယ်ဆေးတွေ ပုံမှန်ထိုးဖို့၊ အဆုတ်ရောင်တာ အပါအဝင် အသက်ရှုလမ်းကြောင်း ပိုးဝင်မှု၊ အန္တရာယ်ရှိတဲ့ လက္ခဏာတွေကို သိရှိပြီး စောစောစီးစီး ဆရာဝန်ပြဖို့၊ ဝမ်းလျှောဝမ်းပျက် မဖြစ်ရအောင် ရေကျိုချက်သောက်သုံးဖို့နဲ့ သန့်ရှင်းမှုရရှိဖို့အပြင်၊ ဖြစ်လာခဲ့ရင်လည်း ရေဓါတ်ဆား ဆုံးရှုံးသွားတဲ့ လက္ခဏာတွေကို ကြိုတင်သိပြီး အချိန်မီ ရေဓါတ်ဆားပြန်ဖြည့်ဖို့၊ ဦးနှောက်အမြှေးပါးရောင်တာနဲ့ ဦးနှောက်ထဲ ငှက်ဖျားပိုးဝင်တာတွေမှာလည်း ရောဂါလက္ခဏာတွေသိရှိတာနဲ့ ဆေးရုံအမြန်ပြဖို့တွေက အလွန်အရေးကြီးပါတယ်။ ဒီအကြောင်း အသေးစိတ်သိရှိနိုင်ဖို့ ရန်ကုန်ဆေးတက္ကသိုလ်(၁)က ကလေးကျန်းမာဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း အား ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။ By VOA

Read More...

Tuesday 23 October 2012

မြန်မာနိုင်ငံသားများကို ထိုင်းအလုပ်သမားဌာနသတိပေးပြီ


 မြန်မာနိုင်ငံသားများကို ပတ်စ်ပို့လုပ်ရန်နှင့် အလုပ်လုပ်ခွင့် (Work Permit) လုပ်ရန်အတွက် မဲဆောက်မြို့ အလုပ်သမားရုံးရှေ့တွင် ဆိုင်းဘုတ်ကြီး ထောင်ကာ အရေးပေါ်သတိပေးချက်အဖြစ်ထုတ်ပြန်ထားပြီဖြစ်သည်။ သြဂုတ်လ (၁၀) ရက်နေ့ လျှောက်လွှာအပြီးတင်ပြရမည်ဖြစ်ပြီး ဒီဇင်ဘာလ(၁၄) ရက်နေ့တွင် Work Permit လုပ်ငန်းများအပြီးပြုလုပ်ရမည် ဖြစ်ကြောင်း ပါရှိသည်။ အကယ်၍မပြုလုပ်ပါက ထိုင်းဥပဒေ BE 2522 အရ ထောင်ဒဏ် (၅) နှစ် ငွေဒဏ် (၅၀၀၀) ဖြစ်ကြောင်းလည်း ကြေငြာတွင် ပါရှိသည်။ ထိုင်းအလုပ်သမားဌာနမှ ၀န်ထမ်းတစ်ဦး၏ပြောကြားချက်အရ သူတို့ဆီမှာ လာပြီး (Work Permit) လာလုပ်တဲ့ သူက ပတ်စfပို့လုပ်တဲ့သူရဲ့ ၈၀ % ကျော်လောက်ဘဲရှိနေပြီး ကျန်လူများ လာရောက်လျှောက်ထားခြင်းမရှိဘူးလို့ ပြောပြပါတယ်။ ဒီဇင်ဘာလကုန်တာနဲ့ ထိုင်းလုံခြုံရေး တာဝန်ရှိသူတွေစစ်ဆေးတဲ့အခါ (Work Permit) မပါရှိဘူးဆိုရင် ကိုင်ဆောင်ထားတဲ့ပတ်စ်ပို့ကို သိမ်းတာမျိုး ဒါမှမဟုတ် အရေးယူတာမျိုး တွေရှိနိုင်တယ်ဒ နောက်တစ်ခုက အခု ယာယီနိုင်ငံကူးလက်မှတ်က အလုပ်လုပ်မယ့်အလုပ်သမားကို ထုတ်ပေးတဲ့စာအုပ်ဖြစ်တဲ့အတွက် ထိုင်းအလုပ်သမားရုံး ကပေးတဲ့ ထိုင်း (Work Permit) လက်မှတ်ဘဲဖြစ်ဖြစ်၊ စာအုပ်အပြာရောင်ဘဲဖြစ်ဖြစ်၊ ပတ်စ်ပို့နဲ့တွဲပြီးကိုင်ဆောင်မှ တရားဝင်တာပါလို့ ပြော ပြပါတယ်။ အလုပ်သမားပတ်စ်ပို့ကိုင်ဆောင်သူအနေနဲ့ work permit ရှိရင်တောင်မှ ရက် (၉၀) စာရွက်သက်တမ်းမတိုးမီရင်တော့ လုံခြုံ ရေးမှူးတွေက အရေးယူနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ မဲဆောက်သားလေး By Moe Ma Ka

Read More...

ပညာရေး နောက်ကျကျန်မှုအတွက် နိုင်ငံတော်သမ္မတ၀န်ခံ

ပညာရေး နောက်ကျကျန်မှုအတွက် နိုင်ငံတော်သမ္မတက အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့ သော နေပြည်တော် မီဒီယာတွေ့ဆုံပွဲတွင် ၀န်ခံစကား ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတသည် The Voice ဂျာနယ်မှ မေးမြန်းခဲ့သည့် ပညာရေးဘတ်ဂျတ် သုံးစွဲမည့်အခြေ အနေနှင့် ပတ်သက်ပြီး မေးခွန်းအပေါ် ပြန်လည်ဖြေကြားရာ၌ ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ ''ကျွန်တော်တို့ရဲ့ ပညာရေးဟာ နောက်ကျကျန်နေတာတော့ အမှန်ပါပဲ။ အဲဒါကလည်း အကြောင်းကြောင်းတွေ အများကြီးရှိပါတယ်။ ဘယ်သူ့ ဘယ်သူကိုမှ ကျွန်တော်တို့ အပြစ်တင်ဖို့မလို ပါဘူး'' ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့အတွက်ကြောင့် ပြီးခဲ့သည့် နှစ်အတွင်းက အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံကာ ပညာရေးမြှင့်တင်ဖို့အတွက် ပြောဆိုခဲ့ကြောင်း၊ အမေရိကန်နိုင်ငံက နာမည်ကြီးတက္ကသိုလ်များတွင် မြန်မာကလေးများကို ပို့ချင်ကြောင်း ပြောဆိုခဲ့သည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။ ထို့ပြင် ဂျွန်ဟော့ကင်း တက္ကသိုလ်ကို မြန်မာနိုင်ငံ၌ လာရောက်ဖွင့်လှစ်ရန် အဆိုပါတက္ကသိုလ်၏ ဒုတိယဥက္ကဋ္ဌကို ပြောဆိုခဲ့ပြီး ထိုအကြံဉာဏ်ကို ကောင်းသည့်အကြံဉာဏ်အဖြစ် လက်ခံခဲ့ကြောင်း သိရသည်။ ''ဒီနေ့အစိုးရမှာ အရင်းအနှီးနဲ့ ပတ်သက်ပြီးတော့ ငွေကြေးလုံလုံ လောက်လောက် မရှိပါဘူး။ ဒါကြောင့် ဘတ်ဂျတ်တောင်မှ လိုငွေနဲ့ သုံးနေရတာဖြစ်ပါတယ်။ နောက်တစ်ခုက နည်းပညာပိုင်းနဲ့ ပတ်သက်ပြီးတော့ လိုအပ်ချက်တွေ အများကြီးရှိနေပါတယ်။ နောက်တစ်ခါ လူ့စွမ်းအား အရင်းအမြစ်တွေ ကျွန်တော်တို့ဆီမှာ ပြည့်ပြည့်စုံစုံ မရှိသေးပါဘူး''ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

Read More...

အခြေခံလုပ်သားများ လုပ်ခ၏ ၂၀ ရာခိုင်နှုန်း လစဉ်ပေးသွင်းလျှင် အိမ်ပိုင်နိုင်မည်


အခြေခံ အလုပ်သမားများ လုပ်ခ လစာ၏ အနိမ့်ဆုံး ၂၀ ရာခိုင်နှုန်းကို ပေးသွင်းလျှင် လူမှုဖူလုံရေး ဥပဒေအရ အိမ်ပိုင် ဆိုင်နိုင်မည်ဖြစ်ကြောင်း အလုပ်သမား ၀န်ကြီးဌာန လူမှုဖူလုံရေး အဖွဲ့ ဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြောကြားသည်။ အင်းယားလိတ် ဟိုတယ်တွင် အောက်တိုဘာလ ၁၆ ရက်နေ့က ပြု လုပ်သော ရန်ကုန် တိုင်းဒေသကြီး အတွင်း လူမှုဖူလုံရေး အိမ်ရာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။ အလုပ်သမားများ လုပ်ခလစာမှ လစဉ် အရစ်ကျ စုဆောင်းရမည့် နှုန်းထားကို ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း ပေးသွင်းရမည်ဟု သတ်မှတ်ထားပြီး အိမ် တန်ဖိုးကို A အဆင့် ကျပ်သိန်း ၅၀၊ B အဆင့် ကျပ်သိန်း ၈၀၊ C အဆင့် ကျပ်သိန်း ၁၀၀ ဟု သုံးမျိုး သတ်မှတ် ထားကြောင်း၊ အလုပ်သမားများ လုပ်ခ လစာ ရရှိမှုကိုလည်း သုံးမျိုး ခွဲခြားထားပြီး တစ်လလျှင် ကျပ် ၆၀,၀၀၀ ရရှိသော အဆင့်၊ ကျပ်တစ်သိန်း ရရှိသော အဆင့် ကျပ် ၁၂၀,၀၀၀ ရရှိသော အဆင့်ဟု သုံးမျိုး ခွဲခြားထားကြောင်း ၎င်းကဆိုသည်။ အဆိုပါ အိမ်တန်ဖိုး၏ တစ်ဝက်ကို ပေးသွင်းပြီး သို့မဟုတ် သုံးပုံ နှစ်ပုံကို ပေးသွင်းပြီးပါက ယင်းအိမ်ကို နေထိုင်ခွင့် ပေးမည်ဖြစ်ပြီး ကျန်ငွေများကို လစာ မှ လစဉ် ဖြတ်တောက်သွားမည် ဖြစ်ကြောင်း၊ အနည်းဆုံး တစ်ဝက်ပေး စုဆောင်းပြီး မဟုတ်သော အလုပ်သမား များမှာမူ နေထိုင်လိုပါက လစဉ် အရစ်ကျ စုဆောင်းရမည့် အပြင် ငှားရမ်းသုံး စွဲခကိုပါ ပေးရမည်ဖြစ်ကြောင်း ဦးယုလွင်အောင်က ဆိုသည်။ အလုပ်သမားများကို အိမ်တန်ဖိုး ၏ တစ်ဝက် ပေးသွင်းပြီးမှသာ နေထိုင်ခွင့် ရမည်ဆိုပါက တစ်ဝက် မပြည့်ခင် ငှားရမ်းနေထိုင်ရမည် ဆိုသော အချက်သည် အလုပ်သမားများအတွက် အလွန် နစ်နာကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေ ဦးဌေးက ယင်း အခမ်းအနားတွင် သုံးသပ်ပြောကြား သည်။ “အိမ်ပိုင်ဖို့အတွက် လစဉ်လည်း အရစ်ကျ သွင်းရမယ်၊ တစ်ဝက် မပြည့် သေးလို့ ငှားရမ်းခပါ ပေးရမယ်ဆိုရင် အလုပ်သမားတွေက မိအေး နှစ်ခါနာမယ်။ အဲဒါဆိုရင် အလုပ်သမားတွေ အတွက် အကျိုးမဖြစ်နိုင်ဘူး” ဟု ၎င်းက သုံးသပ်သည်။ အိမ်တန်ဖိုး၏ လစဉ်အရစ်ကျ စနစ်ဖြင့် စုဆောင်းသူများကို ၀န်ဆောင် စရိတ်ကိုသာ ယူပြီး ခွင့်ပြုမိန့်ဖြင့် နေထိုင်ခွင့် ပြုသင့်ကြောင်း၊ လစဉ် အရစ်ကျ စုဆောင်းမှုတွင် အလုပ်သမား များ ရရှိသော လုပ်ခ၏ လေးပုံ တစ်ပုံ ၂၅ ရာခိုင်နှုန်းခန့်ကို သာ အများဆုံး စုဆောင်းသင့်သည်ဟု အဆိုပါ အခမ်း အနားကို တက်ရောက်လာသူများက အကြံပြုခဲ့ကြကြောင်း ၎င်းက ထပ်မံပြော ကြားသည်။ ၈၈ မျိုးဆက်ကျောင်းသားတစ်ဦး ဖြစ်သူ ဦးမင်းဇေယျကမူ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းကို အကြောင်းပြု၍ လုပ်ငန်းရှင်များက ၀င်ရောက် အခွင့်ကောင်း ယူသွားမည်ကိုလည်း စိုးရိမ်ရကြောင်း ရှင်းပြသည်။ လူမှုဖူလုံရေး ဥပဒေအရ အလုပ် သမားများ အမှန်တကယ် အိမ်ပိုင်ဆိုင် နိုင်ရေးအတွက် လူမှုဖူလုံရေး နည်း ဥပဒေ ပြဋ္ဌာန်းရာတွင် အထောက်အကူ ပြုစေရန် ကဏ္ဍ အသီးသီးမှ ပုဂ်္ဂိုလ်များ ၏ အကြံဉဏ်ကို ရယူခြင်းဖြစ်ပြီး မန္တလေးမြို့တွင်လည်း ယင်းကဲ့သို့ အခမ်း အနား ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးယုလွင်အောင်ကဆိုသည်။ ရန်ကုန်မြို့တွင် လူဦးရေ ခြောက်သန်း ရှိသည့်အနက် ၁၅ ရာခိုင်နှုန်းခန့် သာ အိမ်ပိုင်ဆိုင်သူများ ဖြစ်ကြကြောင်း အလုပ်သမား ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးဦးမြင့်သိန်းက ယင်းအခမ်းအနား တွင်ပြောကြားသည်။ အလုပ်သမား ၀န်ကြီးဌာနက ခေတ်နှင့် လျော်ညီမှု မရှိ တော့သည့် ၁၉၂၃ ခုနှစ်လျော်ကြေး ဥပဒေကို လာမည့် နိုဝင်ဘာလတွင် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဌာန ဗဟိုပြည်တွင်း ကုန်တင်ကုန်ချ ကော်မတီရုံးမှ ညွှန်ကြားရေးမှူး ဦးညွန့်ဝင်း က ပြောကြားသည်။ “လွတ်လပ်ရေး မရခင်က ဥပဒေ ဖြစ်နေတာက တစ်ကြောင်း၊ မူရင်း ဥပဒေ ကလည်း အင်္ဂလိပ်လို ဖြစ်နေတဲ့အတွက် ကန့်သတ်ချက်တွေကို အပြည့်အ၀ သိဖို့လည်း မလွယ်ဘူး။ နိုင်ငံတကာ စံနှုန်းရော၊ အာဆီယံ ဒေသတွင်း ဥပဒေနဲ့ရော နှိုင်းယှဉ်လိုက်ရင် ကျင့်သုံးဖို့ကလည်း အဆင်မပြေတဲ့ အတွက် မဖြစ်မနေ ပြင်ဆင်မှသာ ပြည်သူ လူထု အတွက် အကျိုး ရှိမယ်” ဟု ၎င်းကဆိုသည်။ အလုပ်သမား ၀န်ကြီးဌာနသည် ၁၉၂၃ ခုနှစ်တွင် ရေးဆွဲခဲ့သည့် အလုပ်သမား လျော်ကြေးဥပဒေကို ပြင်ဆင်ရေး ဆွဲနိုင်ရေးအတွက် ဆွေးနွေးပွဲကို ယခု လ ၁၂ ရက်နေ့တွင် နေပြည်တော်ရှိ အလုပ်သမား ၀န်ကြီးဌာန၌ ပြုလုပ်ခဲ့ ပြီးဖြစ်သည်။

Read More...

ထိုင်းနှင့် မြန်မာ အလုပ်သမားများ ခိုက်ရန်ဖြစ်၊ ၃ ဦး ဒဏ်ရာ ပြင်းထန်


ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်(Phachi)ဖားချီမြို့နယ်တွင် စီနိုထိုင်း ဆောက်လုပ်ရေး ကုမ္ပဏီမှ ထိုင်း အလုပ်သမားနှင့် မြန်မာအလုပ်သမားများ ယမန်နေ့က ခိုက်ရန်ဖြစ်ပွားခဲ့ရာ မြန်မာ၂ ဦးနှင့် ထိုင်းနိုင်ငံသား ၁ ဦး ဒဏ်ရာ ပြင်းထန် စွာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ပြီးခဲ့သည့်အပတ် စနေနေ့က အလုပ်သမားများ နေထိုင်သည့် အဆောင်အနီး တွင် မြန်မာ အလုပ်သမားများ ဖုန်းပြောနေစဉ် ထိုင်း နိုင်ငံသားများက လာရောက် ပြောဆိုရာကနေ စတင်၍ ခိုက်ရန် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ယင်း ဆောက်လုပ်ရေး ကုမ္ပဏီတွင်လုပ် ကိုင်နေသည့် မြန်မာ အလုပ်သမား ကိုဝင်းမောင် ဆိုသူက ဧရာဝတီသို့ ပြောသည်။ စနေနေ့က ဖြစ်ပွားခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ထိုင်းအဆောင်မှူးတဦးက ဖြေရှင်းပေးခဲ့ရာ ပြေလည်သွားသော်လည်း နောက်တနေ့ ညနေပိုင်းတွင် ထပ်မံ ရန်စလာသည့်အတွက် ပြဿနာ ကြီးထွားသွားကြောင်း ၎င်းက ဆိုသည်။ “အဲဒီ စနေနေ့မှာ ထိုင်းအဆောင်မှူးက ဖြေရှင်းပေးတော့ အေးဆေး ဖြစ် သွားတယ်၊ နောက်နေ့ ညနေမှာ ကျနော်တို့ ထမင်းစားတဲ့ အခန်းထဲကို ထိုင်း ၃ ယောက်က ၀င်လာတယ်၊မင်းတို့ မြန်မာတွေကို ငါတို့က သေနတ်နဲ့ ပစ်သတ်ပစ်လို့ရတယ် ဆိုပြီးတော့ လာပြောတယ်၊ အဲဒါနဲ့ပဲ ကျနော်တို့ အဖွဲ့တွေက ရုန်းရင်း ဆန်ခတ်တွေ ဖြစ်ကြတယ်၊ ဖြစ်ကြတော့ တယောက်နဲ့ တယောက် စထိုးတာ ပဲ”ဟု ကိုဝင်းမောင်က ရှင်းပြသည်။ ထိုင်း ရဲ နှင့် လုံခြုံရေး တာဝန်ရှိသူများ ပူးပေါင်းထားသော အင်အား ၁၀၀ ခန့်က ခိုက်ရန်ဖြစ်ပွားခဲ့သည့် ထိုင်းနှင့် မြန်မာအလုပ်သမားများကို သေနတ် မိုးပေါ်သို့ ပစ်ဖောက်၍ လူစုခွဲခဲ့ရသည်ဟုလည်း မြန်မာအလုပ်သမားများက ပြောသည်။ ခိုက်ရန် ဖြစ်ပွားမှုကြောင့် မြန်မာ အလုပ်သမား ၂ ဦးသည် လက်နှင့် ပေါင် တို့တွင် ဓားဒဏ်ရာများရရှိ၍ ယခုအခါ အလုပ်သမားများ နေထိုင်သည့် အဆောင်သို့ ပြန်ရောက်နေပြီး ထိုင်းနိုင်ငံသား ၁ ဦးမှာ ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာရရှိ၍ အချက် ၃၀ခန့် ချုပ်ရ ကြောင်း သိရသည်။ ယနေ့တွင်မူ ထိုင်းနှင့် မြန်မာ လုပ်သမားများ အလုပ်မဆင်းဘဲ အလုပ်သမား များအဆောင်တွင်ပင် နေထိုင်နေကြသည်ဟု ကိုဝင်းမောင် က ပြောပြသည်။ ဖားချီမြို့နယ် အုပ်ချုပ်ရေးမှူး Withit Pinnikorn ကလည်း ထိုင်းနှင့် မြန်မာ အလုပ်သမားများ အချင်းချင်း လတ်တလောတွင် နားလည်မှု ရရှိသွားကြ ပြီဖြစ်သည်ဟု ပြောကြားကြောင်း ထိုင်းဘာသာဖြင့် ရေးသားထားသည့် krobkruakao အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။ “မြန်မာ အလုပ်သမားတွေအတွက် လုံခြုံရေး ယူပေးမယ်၊ ပြဿနာကိုတော့ ထိုင်း၊ မြန်မာ၊ ကုမ္ပဏီ ခေါင်းဆောင်တွေကို ခေါ်ပြီး တော့ ဖြေရှင်းသွားမယ်၊ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် ကျူးလွန်တဲ့အဖွဲ့ကိုတော့ ဥပဒေအရအရေးယူဆောင်ရွက် မှုတွေ လုပ်သွားမယ်”ဟု ၎င်းကဆိုသည်။ သို့သော် မည်သို့အရေးယူဆောင် ရွက်မည်ကိုမူ သတင်း၌ ဖော်ပြထားခြင်း မရှိပေ။ ယင်း ကုမ္ပဏီတွင် အလုပ်လုပ်နေသူ လူ ၂၀၀၀ ရှိသည့်အနက် မြန်မာနိုင်ငံ သား ၆၀၀ ခန့် လုပ်ကိုင်နေပြီး တရားဝင်အလုပ်သမား လက်မှတ်ရှိကြ သူများ ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၌ အလုပ်သမား လက်မှတ်ဖြင့် တရားဝင်အလုပ်လုပ်ခွင့် ပေးထား သူ မြန်မာနိုင်ငံသား ၁ သန်း ၃ သိန်းခန့် ရှိကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးဌာနက ထုတ်ပြန် ပြောဆိုထားသည်။ မြန်မာ အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများက ထိုင်းတွင် အလုပ်သမား လက်မှတ် ကိုင်ဆောင်ထားသူနှင့် တရားမ၀င် အလုပ်လုပ်ကိုင် နေသော မြန်မာနိုင်ငံသား ၂ သန်းခွဲမှ ၄ သန်းအတွင်း ရှိနိုင်သည်ဟု ခန့်မှန်း ပြောဆိုကြသည်။ By Irrawaddy

Read More...

မိုင်းပျဉ်းမြို့က ထူးဆန်းရော ရောဂါဝေဒနာရှင်လေး


မိုင်းပျဉ်းက ခလေးမလေး တစ်ယောက် ရဲ့  ကံကြွေး ဝဋ်ကြွေး လို့ ပြောရမဲ့  သနားစရာ အလွန် ကောင်းတဲ့ အဖြစ်ပါ။ ခြေထောက်မှာ အဆူးတွေလို ဝေဒနာခံ စားနေရ တာပါ။ကူညီနိုင်မယ့်သူကို မျှော် လင့် နေပါတယ်။ ထပ်ပြီး မျှဝေပေးကြဖို့  နိုးဆော်လိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံသားတယောက်လဲ ဒီရောဂါနဲ့ ခပ်ဆင်ဆင် ဖြစ်ဖူးပါတယ်။ သူကတော့ ကြွက်နို့လို အရေပြားရောဂါ က တဆင့် ဖြစ်တာပါ။ ကုသလို့ ရပါတယ်။ ဗီတာမင် အေ ချို့တဲ့မှုနဲ့ human papiloma virus တို့ကြောင့် ဖြစ်တာပါ။ အမေရိကန် ဆရာဝန်တွေ ကုသပေးလို့ ပြန်ကောင်းလာဖူးတဲ့ သာဓက ရှိခဲ့ပါတယ် ။ တတ်စွမ်းတဲ့အဘက်ဘက်မှ ကူညီိနိုင်သူများ သွားရောက်ကာကူညီနိုင်ပြီး လူမှုရေးအဖွဲ့များ ကျန်းမာရေးဆိုင်ရာဖောင်ဒေးရှင်းများက အစိုးရနဲ့လက်တွဲပြီး နိုင်ငံတစ်ကာကို ဖိတ်ခေါ်ကာ သုတေသနလုပ်သင့်ပါတယ် ။ မြန်မာနိုင်ငံ ဆေးပညာကဏ္ဍအတွက်လည်း အတွေ့အကြုံဗဟုသုတသစ်ရရှိလာနိုင်ပါတယ် ။

Read More...

Monday 22 October 2012

အသက် ၇၅နှစ်အဖွားအိုတစ်ဦး အဓမ္မပြုကျင့်ခံရ

အသက် ၇၅နှစ်အရွယ် အဖွားအိုတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရမှုကြောင့် ရွှေပြည်သာရဲစခန်းတွင် အမှု ဖွင့်ထားကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ ၂၀ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ ၀ါးတစ်ရာ ၂၃ရပ်ကွက်၌ နေထိုင်သည့် ဒေါ်---၇၅နှစ်ဖြစ်သူမှာ နေအိမ်တွင် သမီးဖြစ်သူ မခင်ရွှေတို့ လင်မယား စကားများရန်ဖြစ်နေမှုကြောင့် သာကေတမြို့နယ်ရှိ သူငယ်ချင်းဖြစ်သူ ဒေါ်စိန်သန်း၏နေအိမ်သို့ ညအိပ် ရန် သွားရောက်ခဲ့ကြောင်း သိရှိရသည်။ ယင်းကဲ့သို့ နေအိမ်သို့သွား ရာတွင် သူငယ်ချင်းဖြစ်သူမှာ မရှိသဖြင့် ၄င်း၏သားဖြစ်သူ ဦး---၊ ၄၉နှစ်နှင့်တွေ့ပြီး စကားထိုင် ပြောနေရာမှ ဒေါ်---၊ ၇၅နှစ်ဖြစ်သူက အရက်သောက်ချင်သဖြင့် ၄င်းတို့နှစ်ဦးမှာ အရက်သွားသောက်ခဲ့ကြောင်း သိရသည်။ ထိုသို့အရက်သောက်ပြီး အပြန်တွင် ဦး---၄၉နှစ်မှ ဒေါ်---၇၅နှစ် ဖြစ်သူကို သစ်တုံးများအကြားသို့ ခေါ်သွားပြီး တွန်းလှဲကာ အလိုမတူဘဲ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း သိရှိရသည်။ ထို့နောက် ဦး---၄၉နှစ်မှ ဒေါ် ---၇၅နှစ်အား တွဲခေါ်လာစဉ် လမ်း၌ သားသမီးများနှင့် တွေ့ခဲ့သဖြင့် ဦး---၄၉နှစ်မှာ ထွက်ပြေးသွားကြောင်း သိရှိရသည်။ အဆိုပါဖြစ်စဉ်ကို ဒေါ်---၊ ၇၅နှစ်ဖြစ်သူမှ ရဲစခန်းသို့ အောက်တိုဘာလ ၂၁ရက်နေ့တွင် လာ ရောက်တိုင်ကြားခဲ့ကြောင်း သိရှိရသည်။ ရွှေပြည်သာမြို့နယ်ရဲခစန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်တင့်နိုင်က '' ကျူးလွန်သွားတယ်လို့ ယူဆရတဲ့ သူက လှိုင်သာယာမြို့နယ်၊ ၂၀ရပ် ကွက်မှာရှိတဲ့ သူ့ရဲ့သူငယ်ချင်းနေအိမ်မှာ ဖမ်းဆီးခဲ့ပါတယ်။ အခု အမှုခိုင်မာအောင် တည်ဆောက်ပြီးတော့ တရားစွဲဆိုတင်ပို့နိုင်ဖို့ ဆောင်ရွက်နေပါတယ်'' ဟု ပြောကြားခဲ့ သည်။ ယင်းကဲ့သို့ ကျူးလွန်သူကို ရွှေပြည်သာရဲစခန်း (ပ)၄၃၄/၂၀၁၂ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး အမှုစစ်မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။ By Eleven Media Group

Read More...

Wednesday 17 October 2012

ဖြေဖျော်ရေး လုပ်ငန်းများမှ မိန်းကလေးငယ်များ လူကုန်ကူး ခံရမှု ပိုမိုများပြားဟုဆို

ဖြေဖျော်ရေး လုပ်ငန်းများမှ မိန်းကလေးငယ်များကို သမီးရည်းစားအဖြစ် ဟန်ဆောင် ချစ်ကြိုက်ပြီး လူကုန်ကူး ရောင်းစားခံရမှု ပိုမိုများပြားလာကြောင်း ပြည်တွင်းအစိုးရ မဟုတ်သော လူကုန်ကူးမှု ကာကွယ်တားဆီးတိုက်ဖျက်ရေးနှင့်အသိပညာပေးရေးအဖွဲ့တစ်ခုမှတာဝန်ရှိသူတစ်ဦးကပြောကြား သည်။ လူကုန်ကူး သူများသည် ပုံစံအမျိုးမျိုးဖြင့် ပြည်တွင်းတွင် မိန်းကလေးများကို လိမ်လည် လှည့်ဖျားလျက်ရှိရာ သမီးရည်းစားအဖြစ် ချစ်ကြိုက် ဟန်ဆောင်ပြီး လူကုန်ကူး ရောင်းစားသည့် စနစ်သစ်အဖြစ် အသုံးပြု လာကြောင်း လူကုန်ကူးမှုများ ပပျောက်အောင် ဆောင်ရွက်လျက်ရှိသော ပြည်တွင်း အစိုးရ မဟုတ်သော အဖွဲ့အစည်းများထံမှ သိရသည်။ “သမီးရည်းစား ဖြစ်လာအောင် ပထမကြိုးစားတယ်။ တကယ်သမီးရည်းစား ဖြစ်လာတော့မှ ချစ်သူမိန်းကလေးကို အယုံသွင်း နယ်ခြားခေါ်ပြီး ရောင်းစား၊ လူကုန်ကူးတာမျိုး လုပ်တယ်”ဟု ရန်ကုန် အခြေစိုက် လူကုန်ကူးမှု တားဆီးရေး အစိုးရမဟုတ်သော အဖွဲ့အစည်းကြီး တစ်ခုမှ အထွေထွေ မန်နေဂျာ တစ်ဦးက ရှင်းပြသည်။ သမီးရည်းစားအဖြစ် ဟန်ဆောင် ချစ်ကြိုက်ပြီး လူကုန်ကူးခံရသည့် မိန်းကလေးများမှာ မြို့ပြဖြေဖျော်ရေး လုပ်ငန်းများတွင် အလုပ်လုပ်နေသော မိန်းကလေး အများစုဖြစ်ပြီး အိမ်နီးချင်း နိုင်ငံများသို့ လူကုန်ကူး ခံရခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။ “ရည်းစားအဖြစ် ဟန်ဆောင် ချစ်ကြိုက်ပြီးမှ လူကုန်ကူးတာဆိုတော့ ပြောရခက်သား။ ဘယ်မိန်းကလေးမဆို ကိုယ့်ရည်းစားကို ယုံကြမှာပဲလေ။ ကြားရတာတော်တော် တုန်လှုပ်ဖို့ကောင်းတယ်”ဟု မရမ်းကုန်းမြို့နယ်မှ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးက ပြောကြားသည်။ သမီးရည်းစားအဖြစ် ဟန်ဆောင် ချစ်ကြိုက်ပြီး လူကုန်ကူးသည့် အပြင် လင်မယားအဖြစ် လက်ထပ် ပေါင်းသင်းပြီးမှ တရုတ်နိုင်ငံသို့ ရောင်းစားမှု ရှိကြောင်း ပြည်တွင်း လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများထံမှ သိရှိရသည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ နောက်ဆက်တွဲ စာချုပ်၊ လူမှောင်ခိုမှု တိုက်ဖျက်ရေး ဆိုင်ရာ နောက်ဆက်တွဲ စာချုပ်အဖွဲ့ဝင် နိုင်ငံအဖြစ် ၂၀၀၄ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တရားဝင် ပါဝင်ထားပြီး ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Read More...

ဖြေဖျော်ရေး လုပ်ငန်းများမှ မိန်းကလေးငယ်များ လူကုန်ကူး ခံရမှု ပိုမိုများပြားဟုဆို

ဖြေဖျော်ရေး လုပ်ငန်းများမှ မိန်းကလေးငယ်များကို သမီးရည်းစားအဖြစ် ဟန်ဆောင် ချစ်ကြိုက်ပြီး လူကုန်ကူး ရောင်းစားခံရမှု ပိုမိုများပြားလာကြောင်း ပြည်တွင်းအစိုးရ မဟုတ်သော လူကုန်ကူးမှု ကာကွယ်တားဆီးတိုက်ဖျက်ရေးနှင့်အသိပညာပေးရေးအဖွဲ့တစ်ခုမှတာဝန်ရှိသူတစ်ဦးကပြောကြား သည်။ လူကုန်ကူး သူများသည် ပုံစံအမျိုးမျိုးဖြင့် ပြည်တွင်းတွင် မိန်းကလေးများကို လိမ်လည် လှည့်ဖျားလျက်ရှိရာ သမီးရည်းစားအဖြစ် ချစ်ကြိုက် ဟန်ဆောင်ပြီး လူကုန်ကူး ရောင်းစားသည့် စနစ်သစ်အဖြစ် အသုံးပြု လာကြောင်း လူကုန်ကူးမှုများ ပပျောက်အောင် ဆောင်ရွက်လျက်ရှိသော ပြည်တွင်း အစိုးရ မဟုတ်သော အဖွဲ့အစည်းများထံမှ သိရသည်။ “သမီးရည်းစား ဖြစ်လာအောင် ပထမကြိုးစားတယ်။ တကယ်သမီးရည်းစား ဖြစ်လာတော့မှ ချစ်သူမိန်းကလေးကို အယုံသွင်း နယ်ခြားခေါ်ပြီး ရောင်းစား၊ လူကုန်ကူးတာမျိုး လုပ်တယ်”ဟု ရန်ကုန် အခြေစိုက် လူကုန်ကူးမှု တားဆီးရေး အစိုးရမဟုတ်သော အဖွဲ့အစည်းကြီး တစ်ခုမှ အထွေထွေ မန်နေဂျာ တစ်ဦးက ရှင်းပြသည်။ သမီးရည်းစားအဖြစ် ဟန်ဆောင် ချစ်ကြိုက်ပြီး လူကုန်ကူးခံရသည့် မိန်းကလေးများမှာ မြို့ပြဖြေဖျော်ရေး လုပ်ငန်းများတွင် အလုပ်လုပ်နေသော မိန်းကလေး အများစုဖြစ်ပြီး အိမ်နီးချင်း နိုင်ငံများသို့ လူကုန်ကူး ခံရခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။ “ရည်းစားအဖြစ် ဟန်ဆောင် ချစ်ကြိုက်ပြီးမှ လူကုန်ကူးတာဆိုတော့ ပြောရခက်သား။ ဘယ်မိန်းကလေးမဆို ကိုယ့်ရည်းစားကို ယုံကြမှာပဲလေ။ ကြားရတာတော်တော် တုန်လှုပ်ဖို့ကောင်းတယ်”ဟု မရမ်းကုန်းမြို့နယ်မှ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးက ပြောကြားသည်။ သမီးရည်းစားအဖြစ် ဟန်ဆောင် ချစ်ကြိုက်ပြီး လူကုန်ကူးသည့် အပြင် လင်မယားအဖြစ် လက်ထပ် ပေါင်းသင်းပြီးမှ တရုတ်နိုင်ငံသို့ ရောင်းစားမှု ရှိကြောင်း ပြည်တွင်း လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများထံမှ သိရှိရသည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ နောက်ဆက်တွဲ စာချုပ်၊ လူမှောင်ခိုမှု တိုက်ဖျက်ရေး ဆိုင်ရာ နောက်ဆက်တွဲ စာချုပ်အဖွဲ့ဝင် နိုင်ငံအဖြစ် ၂၀၀၄ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တရားဝင် ပါဝင်ထားပြီး ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Read More...

လူကုန်ကူး ခံရမှုများ ပုံစံ ၇ မျိုးဖြင့် ဖြစ်ပွားခဲ့

ပြည်တွင်းမှ ပြည်ပ နိုင်ငံများသို့နှစ်စဉ် လူကုန်ကူးမှုများ ဖြစ်ပွားလျက် ရှိပါတယ်။ ဒီလို လူကုန်ကူး ခံရမှုများ ဖြစ်ပွားရာမှာ လူကုန်ကူး ခံရမှုပုံစံ ၇ မျိုးနဲ့ ဖြစ်ပွားမှုကို တွေ့ရှိရ တယ်လို့ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒီလို လူကုန်ကူး ခံရမှုပုံစံ ၇ မျိုးနဲ့ တွေ့ရှိရာမှာလည်း လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ ပထမ ၅ နှစ် စီမံကိန်း အတွင်း အဓမ္မ ထိမ်းမြှား လက်ထပ်မှုဟာ ၆၆.၇ ရာခိုင်နှုန်းနဲ့ အများဆုံး ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် မှာတော့ ပြည့်တန်ဆာ ပြုခြင်း ၁၃.၆ ရာခိုင်နှုန်း၊ လုပ်အား ခေါင်းပုံ ဖြတ်မှု၊ အဓမ္မ စေခိုင်းမှု ၁၀ ရာခိုင်နှုန်း၊ ကလေးသူငယ် လူကုန် ကူးခြင်း ၄.၈ ရာခိုင်နှုန်း၊ အဓမ္မ တောင်းရမ်း စေခိုင်းမှု ၁.၄ ရာခိုင်နှုန်း၊ အဓမ္မ မွေးစားခြင်း ၀.၃ ရာခိုင်နှုန်းနဲ့ လိင်မှု ဆိုင်ရာ ခေါင်းပုံဖြတ်မှု ၀.၂ ရာခိုင်နှုန်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အခုလို လူကူန်ကူးမှု ဖြစ်စဉ်များ ထဲကမှ လူကုန်ကူးသူ တရားခံများရဲ့ ၆၅ ရာခိုင်နှုန်းဟာ အမျိုးသမီးများက ကျူးလွန်ခဲ့ ကြတာ ဖြစ်ပါတယ်။ လူကုန်ကူး ခံရသူများ မှာတော့ အမျိုးသမီးများ ပါဝင်မှုဟာ ၈၅ ရာခိုင်နှုန်း ရှိနေတာ ဖြစ်ပါတယ်။ ဒီလို ပါဝင်ရာမှာ ငယ်ရွယ်တဲ့ အမျိုးသမီးငယ်များ လူကုန်ကူး ခံရမှုဟာ အများစု ပါဝင်တာ ဖြစ်ပြီး ကလေးသူငယ် လူကုန်ကူး ခံရမှု ဟာတော့ ၄.၃၈ ရာခိုင်နှုန်း အထိ ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။

Read More...

၂၀၁၁ ခုနှစ် လူကုန်ကူး ခံရသူများတွင် ကလေးသူငယ် လူကုန်ကူး ခံရမှု ၂၃ ရာခိုင်နှုန်း ပါဝင်

၂၀၁၁ ခုနှစ်တွင် လူကုန်ကူး ခံရသူများတွင် ကလေးသူငယ် လူကုန်ကူး ခံရသူများဟာ ၂၃ ရာခိုင်နှုန်း ပါဝင်နေတာ ဖြစ်တယ်လို့ သက်ဆိုင်ရာ ဌာနရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ အခုလို ပါဝင်နေတာ ဟာလည်း လူကုန်ကူး ခံရသူ ၂၆၅ ဦးမှာ ကလေး သူငယ် ၆၁ ဦး ပါဝင် နေတာ ဖြစ်ပါတယ်။ ဒီလို လူကုန်ကူး ခံရသူများမှာ ကလေး သူငယ် လူကုန်ကူး ခံရသူဟာ ၂၃ ရာခိုင်နှုန်း ပါဝင်နေတဲ့ အတွက် မိဘပြည်သူများ အနေနဲ့ ကလေး သူငယ်များကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ဖို့ လိုအပ်တာ ဖြစ်တယ် လို့လည်း သိရပါတယ်။ ဒါ့အပြင် လူကုန်ကူး ခံရသူရဲ့ ၈၅ ရာခိုင်နှုန်းမှာ ငယ်ရွယ်တဲ့ အမျိုးသမီးငယ် များပါ ပါဝင် နေတာ ဖြစ်တဲ့အတွက် ပြည်သူလူထု၊ ရပ်မိရပ်ဖ များနဲ့ မိဘဆွေမျိုးများ ကပါ ၀ိုင်းဝန်း တားဆီးဖို့ လိုအပ် တယ်လို့ သိရပါတယ်။ ဒီလို ဖြစ်ပွား လျက်ရှိရာမှာ မြန်မာနိုင်ငံမှာ အဓမ္မ ထိမ်းမြားခြင်းနဲ့ လိင်မှုဆိုင်ရာ ကိစ္စရပ်များမှာ အသုံးပြုဖို့ အတွက် လူကုန်ကူးမှု အများဆုံး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၁ ခုနှစ် အတွင်းမှာ သက်ဆိုင်ရာ ဌာနကနေ လူကုန်ကူးမှု ၁၂၀ မှုကို ဖော်ထုတ်ခဲ့ပြီး တရားခံ ၃၀၇ ဦးကို အရေးယူ နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Read More...

ယခုနှစ်တွင် လူကုန်ကူးမှုပေါင်း သုံးရာကျော်

ယခုနှစ် လေးလတာ ကာလအတွင်း လူကုန်ကူးမှု ကာကွယ်တားဆီးရေး ဗဟိုအဖွဲ့သို့ တိုင်ကြားခဲ့သည့် လူကုန်ကူးမှု အမှုပေါင်း သုံးရာကျော် အနက် တိကျစွာ သတင်းပေး တိုင်ကြားမှု အလွန်နည်းကြောင်း လူကုန်ကူးမှု ကာကွယ် တားဆီးရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟို အဖွဲ့သည် လူကုန်ကူး ခံရသည် ဟု မသင်္ကာဖွယ်ရာ တွေ့ရှိရ ပါက ဆက်သွယ် တိုင်ကြားနိုင် ရန် အရေးပေါ် (Hot Line) ဖုန်းများမှ တစ်ဆင့် မည်သူ မဆို အချိန်မရွေး တိုင်ကြားနိုင် သည့် စနစ်ကို ယမန်နှစ် စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့သည်။ အဆိုပါ Hot Lineစနစ် ကြောင့် ယခင်ကထက် လူကုန်ကူးမှု ဖြစ်စဉ်များအား ပြည်သူများမှ သက်ဆိုင်ရာသို့ သတင်းပေး တိုင်ကြားမှုမှာ လည်း ပိုမိုလာခဲ့ပြီး လက်ရှိ စာရင်းများ အရ ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလ ကုန်အထိ Hot Line မှတစ် ဆင့် သတင်းပေး တိုင်ကြားမှု ၁ဝ၈ ကြိမ်နှင့် ယခုနှစ် ဇန်နဝါရီ မှ ဧပြီလကုန် အထိ သတင်း ပေး တိုင်ကြားမှု ၃ဝဝ ကျော် အထိ မြင့်တက်လာခဲ့ကြောင်း သိရ သည်။ သို့သော် သတင်းပေး တိုင် ကြားမှုများမှာ တိကျ ခိုင်လုံစွာ ပေးနိုင်မှု အလွန် နည်းပါးသည့် အတွက် ကာကွယ် တားဆီးရာတွင် မလိုလားအပ်သော အခက်အခဲများ နှင့် ရင်ဆိုင် ကြုံတွေ့နေရကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ လူကုန်ကူးမှု ဖြစ်စဉ်များအား မသင်္ကာဖွယ်ရာ တွေ့ရှိရပါက Hot Line ဖုန်းနံပါတ်များမှ တစ်ဆင့် မည်သူ့ကို မည်သူမှ မည်သည့်နေရာ၊ မည်သည့် အချိန်၌ မည်သို့ ပြော ဆိုစည်းရုံး ခေါ်ဆောင်သွားကြောင်း၊ ထိုသို့ ခေါ်ဆောင် သွားခံရသည့်အခါ မည်သို့ ဖြစ်ပျက် ကြုံတွေ့ရသည်တို့ ကို ပြည့်စုံတိကျစွာဖြင့် ပြောဆိုတိုင် ကြားပေးမည် ဆိုပါက လူကုန်ကူးခံ ရမည့်သူများကို အချိန်မီ ကယ်တင်နိုင်မည် ဖြစ်သကဲ့သို့ လူကုန်ကူးသူ များကိုလည်း လွတ်မြောက်မှု မရှိစေဘဲ ဥပဒေအရ အချိန်မီ ဖမ်းဆီး အရေး ယူနိုင်မည် ဖြစ်သည့် အတွက် တိကျ ခိုင်လုံသော သတင်း အချက်အလက် များအား ပြည့်စုံစွာ ပြောကြား၍ တိုင်ကြားရန် အထူးလို အပ်ကြောင်း ၄င်းကဆက်ပြောသည်။ ”သတင်း အတိအကျ ရအောင် မေးမြန်းပေမယ့် တချို့က မပြော နိုင်တာတွေ ရှိသလို၊ တချို့ကျ တော့လည်း မလုပ်ပေးချင်လို့ ရစ်နေတယ် ထင်ပြီး ဖုန်းချသွားတာမျိုး ကြုံရတယ်။ ကျွန်မတို့ဘက်က မေး မြန်းရတယ် ဆိုတာက တချို့ လူ ကုန်ကူးသူတွေဟာ လူကုန်ကူးမှု ကာကွယ်ရေး အဖွဲ့တွေကို သတင်း မှားတွေ ပေးပြီး တစ်ဖက် ကနေ လူကုန်ကူးမှုတွေ ကျူးလွန် သွားတာမျိုး မဖြစ်အောင်နဲ့ လူကုန်ကူးခံ ရသူတွေ ကို လူကုန်ကူးတဲ့ သူတွေက ဘယ် နေရာကနေ ဘယ်နေရာကို ခေါ် သွားလဲ ဆိုတာ သတင်း အတိအကျ ရရင် လမ်းကနေ အချိန်မီ ကယ်ဆယ် လို့ရနိုင်အောင် စစ်ဆေးမေး မြန်းရတာပါ” ဟု လူကုန်ကူးမှု ကာကွယ် တားဆီးရေး ဗဟိုမှ အဖွဲ့ဝင် ရဲအရာ ရှိကြီး တစ်ဦးက ပြော သည်။ ပြည်သူများ အနေဖြင့် အရေးပေါ် (Hot Line) ဖုန်းနံပါတ်များအား လူကုန်ကူးမှု ဖြစ်စဉ်များကို တိုင်ကြား သတင်း ပေးနိုင်ရုံမျှမက လူကုန်ကူးမှုနှင့် ပတ်သက်သော သတင်း အချက် အလက်များနှင့် သိရှိလိုသည် များကို အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ကြောင်း၊ ထိုသို့ မေး မြန်းရာတွင် ဖုန်းလက်ခံဖြေကြား သူမှ ရိုင်းပြစွာ ပြောဆို ဆက်ဆံခြင်း၊ တိုင်ကြားမှုအား လက် မခံခြင်းနှင့် ဆက်ဆံရေး မပြေ ပြစ်မှုများ ရှိပါက ဖုန်းလက်ခံ ဖြေကြားသည့် နေ့ရက်၊ အချိန် နှင့် ဆက်သွယ်သည့် ဖုန်းနံပါတ် တို့အား မှတ်သားကာ နေပြည် တော် လူကုန်ကူးမှု ကာကွယ် တားဆီးရေး ဗဟိုအဖွဲ့ ဖုန်း ဝ၆၇-၄၁၂၅၅၅ နှင့် ဝ၆၇-၄၁၂၆၆၆ တို့သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။

Read More...

လူကုန်ကူး ခံရသူများ၏ ၈၃ ရာခိုင်နှုန်း မှာ အသက် ၁၂ နှစ် မှ ၃၅ နှစ်ကြား အမျိုးသမီး များဖြစ်ပြီး ၂၀၁၁ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ထိမ်းမြားမှု ၈၉ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့

၂၀၁၁ ခုနှစ်အတွင်း လူကုန်ကူးမှု ၁၃၆ မှုဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူများ၏ ၈၃ ရာခိုင်နှုန်းမှာ အသက် ၁၂ နှစ်မှ အသက် ၃၅ နှစ်ကြား အမျိုးသမီးများဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ထိမ်းမြားစေမှု ၈၉ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ သိရပါသည်။ တရုတ်နိုင်ငံတွင် နိုင်ငံခြားမှ အမျိုးသမီးများကို အဓမ္မထိမ်းမြား လက်ထပ်ထားသော နိုင်ငံသားများကို တရားမ၀င်နိုင်ငံခြားသား လက် ခံမှုဖြင့်သာ အရေးယူလျက်ရှိနေ၍ တရုတ်နိုင်ငံဘက်မှ အမျိုးသမီးဝယ်လိုအားမှ မြင့်တက်နေဆဲဖြစ်သောကြောင့် မြန်မာအမျိုးသမီးများ တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ရန် လူကုန်ကူးမှုမှာ ထိုသို့ များပြားနေရ ခြင်းဖြစ်ကြောင်းလည်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။ ထိုသို့ အဓမ္မလက်ထပ်စေမှုများတွင် သမီးရည်းစားအဖြစ် ချစ်ကြိုက်ဟန်ဆောင်ကာ ယုံစားမိသော အမျိုးသမီးငယ်များကို ရောင်းစားခြင်း၊ စက်ရုံတွင် အလုပ်ရမည်ဟု လိမ်လည်စည်းရုံးကာ တရုတ်နိုင်ငံသားနှင့် အဓမ္မလက်ထပ်စေခြင်း စသည့်ဖြစ်စဉ်များ ပါဝင်ကြောင်းသိရသည်။ ၂၀၁၂ ခုနှစ် မေလက ရန်ကုန် မြို့ လှိုင်သာယာမြို့နယ်တွင် နေထိုင် သူ မ — အား မဇင်(ခ) မဇင်မာထွေးနှင့် မဇင်မာထွေး၏မိခင်ဖြစ်သူ ဒေါ်ချယ်ရီတို့က တရုတ်နိုင်ငံရွှေလီမြို့တွင် Fancy နားကပ်ပြုလုပ်သည့် အလုပ်လုပ်ကိုင်ရမည်ဟုဆိုကာ တရုတ်နိုင်ငံ ကျန်းဝေ့ရုံမြို့တွင် တရုတ်အမျိုးသားတစ်ဦးထံ ယွမ် ၄၁၀၀၀ ဖြင့် ရောင်းစားခံခဲ့ရပြီး၊ ထိုမှတစ်ဆင့် အခြားတရုတ်အမျိုးသားတစ်ဦးထံ ထပ်မံရောင်းစား၍ အဓမ္မ လက်ထပ်စေသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ၂၀၁၁ ခုနှစ် ဧပြီလကလည်း မိုင်းကိုင်မြို့နယ်နေ မ — အသက် (၂၀)နှစ်အား သီပေါမြို့နယ်နေ စိုးသူမှ လက်ထပ်ထိမ်းမြားမည်ဟု လူကြီးစုံရာနှင့် ပြောဆိုတောင်းရမ်းခေါ်ဆောင်သွားပြီး တစ်ရွာတည်းနေ စိုင်းထွန်းကျော်၊ ချစ်ထွေးတို့နှင့် ပူးပေါင်းကာ မူဆယ်မြို့မှ တစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ တရုတ် အမျိုးသားနှင့် အဓမ္မလက်ထပ်စေခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။ အလားတူ ၂၀၁၁ ခုနှစ် နိုဝင် ဘာလတွင် လားရှိုးမြို့နေ မ — ၏ သမီးဖြစ်သူ မ — အသက် ၁၉နှစ်အား စန်းသီ(ခ)အောင်လှိုင်ဝင်းဆိုသူက သမီးရည်းစားဟန် ဆောင်၍ တရုတ်နိုင်ငံရွှေလီမြို့သို့ ခေါ်ဆောင်သွားပြီး စန်းသီ(ခ) အောင်လှိုင်ဝင်း၏ မိခင်မှတစ်ဆင့် တရုတ်လူပွဲစားများနှင့် ဆက်သွယ်ကာ တရုတ်အမျိုးသားတစ်ဦးထံ ယွမ် ၁၅၀၀၀ ဖြင့် ရောင်းစားခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။ ၂၀၁၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများမှာ အဓမ္မထိမ်းမြားမှု ၈၉ မှု၊ ပြည့်တန်ဆာမှု ၂၉ မှု၊ အဓမ္မစေခိုင်းမှု ၁၄ မှု၊ အဓမ္မကိုယ်ဝန်ဆောင်စေမှု ၁ မှု၊ ကလေးသူငယ်လူကုန်ကူးမှု ၁ မှု၊ အဓမ္မ တောင်းရမ်းစေခိုင်းမှု ၁ မှုနှင့် ကြွေးမြီဖြင့် နှောင်ဖွဲ့ စေခိုင်းမှု ၁ မှု စုစုပေါင်း ၁၃၆ မှုတို့ ဖြစ်ကြောင်း သိရသည်။ ထိုသို့ လူကုန်ကူးမှုများမှာ တရုတ်နိုင်ငံသို့ ၆၉ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသို့ ၁၄ ရာခိုင်နှုန်းနှင့် ပြည်တွင်း၌ ၁၇ ရာခိုင်နှုန်းဖြစ်ပွား ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၌ လူကုန်ကူးမှု အများဆုံး ဖြစ်ပွားကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအထိ လူကုန်ကူးမှု အမှုပေါင်း ၁၅၄ မှုဖြစ်ပွားခဲ့ပြီး တရားခံ ၂၆၆ ဦးကို လူကုန်ကူးမှု တာဆီးကာကွယ်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်းလည်း သိရသည်။ ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ ၃၀၂၈၅ ဦးတို့ကို လမ်းခရီး၌ တားဆီး၍ မိဘထံ ပြန်လည်ပို့ဆောင်အပ်နှံခြင်း၊ လူမှောင်ခိုမှု ၁၁၀၂ မှုကို အမှုဖွင့်ပြီး တရားခံ ၂၇၄၄ ဦးကို အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Read More...

၅ နှစ်ကျော် ကာလအတွင်း လူကုန်ကူး ခံရသူ တစ်ထောင် ကျော်ကို မိဘရပ်ထံ ပြန်လည် ပေါင်းစည်း ပေးခဲ့

လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ရဲ့ ထုတ်ပြန်ချက် အရ ၅ နှစ်ကျော် ကာလ အတွင်းမှာ လူကုန်ကူး ခံရသူ တစ်ထောင် ကျော်ကို မိဘတွေထံကို ပြန်လည် ပေါင်းစည်းပေး နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီလို မိဘရပ်ထံ ပြန်လည် ပေါင်းစည်း ပေးရာမှာ တရုတ် နိုင်ငံမှ ၇၈၀ ဦး၊ ထိုင်းနိုင်ငံမှ ၄၈၃ ဦး၊ အင်ဒိုနီးရှား နိုင်ငံမှ ၁၆ ဦး၊ မလေးရှား နိုင်ငံမှ ၁၅ ဦး၊ တီမောလက်စတေ နိုင်ငံမှ ၁၀ ဦး၊ ဂျမေကာ နိုင်ငံမှ ၁ ဦး၊ စုစုပေါင်း ၁၃၀၅ ဦးကို လွှဲပြောင်း လက်ခံခဲ့တာ ဖြစ်ပြီး မိဘတွေထံ ပြန်လည် ပေါင်းစည်း ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု ဖြစ်စဉ်တွေကို လေ့လာရာမှာ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၆ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ ၂၀၁၁ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ အထိ အမှုပေါင်း ၇၃၁ မှု ဖော်ထုတ်ခဲ့ပြီး တရားခံပေါင်း ၂၀၄၃ ဦးကို အရေးယူ ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဖော်ထုတ် အရေးယူခဲ့တဲ့ အမှုတွေကနေ လူကုန်ကူး ခံရသူပေါင်း ၁၂၉၈ ဦးကို ကယ်တင် နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းကနေ လူကုန်ကူး ခံရသူတွေမှာ တရုတ်နိုင်ငံကို လူကုန်ကူး ခံရသူဟာ အများဆုံး ဖြစ်ပွားလျက် ရှိတယ်လို့ သိရပါတယ်။

Read More...

၅ နှစ်ကျော် ကာလအတွင်း လူကုန်ကူး ခံရသူ တစ်ထောင် ကျော်ကို မိဘရပ်ထံ ပြန်လည် ပေါင်းစည်း ပေးခဲ့

လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ရဲ့ ထုတ်ပြန်ချက် အရ ၅ နှစ်ကျော် ကာလ အတွင်းမှာ လူကုန်ကူး ခံရသူ တစ်ထောင် ကျော်ကို မိဘတွေထံကို ပြန်လည် ပေါင်းစည်းပေး နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီလို မိဘရပ်ထံ ပြန်လည် ပေါင်းစည်း ပေးရာမှာ တရုတ် နိုင်ငံမှ ၇၈၀ ဦး၊ ထိုင်းနိုင်ငံမှ ၄၈၃ ဦး၊ အင်ဒိုနီးရှား နိုင်ငံမှ ၁၆ ဦး၊ မလေးရှား နိုင်ငံမှ ၁၅ ဦး၊ တီမောလက်စတေ နိုင်ငံမှ ၁၀ ဦး၊ ဂျမေကာ နိုင်ငံမှ ၁ ဦး၊ စုစုပေါင်း ၁၃၀၅ ဦးကို လွှဲပြောင်း လက်ခံခဲ့တာ ဖြစ်ပြီး မိဘတွေထံ ပြန်လည် ပေါင်းစည်း ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု ဖြစ်စဉ်တွေကို လေ့လာရာမှာ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၆ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ ၂၀၁၁ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ အထိ အမှုပေါင်း ၇၃၁ မှု ဖော်ထုတ်ခဲ့ပြီး တရားခံပေါင်း ၂၀၄၃ ဦးကို အရေးယူ ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဖော်ထုတ် အရေးယူခဲ့တဲ့ အမှုတွေကနေ လူကုန်ကူး ခံရသူပေါင်း ၁၂၉၈ ဦးကို ကယ်တင် နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းကနေ လူကုန်ကူး ခံရသူတွေမှာ တရုတ်နိုင်ငံကို လူကုန်ကူး ခံရသူဟာ အများဆုံး ဖြစ်ပွားလျက် ရှိတယ်လို့ သိရပါတယ်။

Read More...

၅ နှစ်ကျော် ကာလအတွင်း လူကုန်ကူး ခံရသူ တစ်ထောင် ကျော်ကို မိဘရပ်ထံ ပြန်လည် ပေါင်းစည်း ပေးခဲ့

လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ရဲ့ ထုတ်ပြန်ချက် အရ ၅ နှစ်ကျော် ကာလ အတွင်းမှာ လူကုန်ကူး ခံရသူ တစ်ထောင် ကျော်ကို မိဘတွေထံကို ပြန်လည် ပေါင်းစည်းပေး နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီလို မိဘရပ်ထံ ပြန်လည် ပေါင်းစည်း ပေးရာမှာ တရုတ် နိုင်ငံမှ ၇၈၀ ဦး၊ ထိုင်းနိုင်ငံမှ ၄၈၃ ဦး၊ အင်ဒိုနီးရှား နိုင်ငံမှ ၁၆ ဦး၊ မလေးရှား နိုင်ငံမှ ၁၅ ဦး၊ တီမောလက်စတေ နိုင်ငံမှ ၁၀ ဦး၊ ဂျမေကာ နိုင်ငံမှ ၁ ဦး၊ စုစုပေါင်း ၁၃၀၅ ဦးကို လွှဲပြောင်း လက်ခံခဲ့တာ ဖြစ်ပြီး မိဘတွေထံ ပြန်လည် ပေါင်းစည်း ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု ဖြစ်စဉ်တွေကို လေ့လာရာမှာ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၆ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ ၂၀၁၁ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ အထိ အမှုပေါင်း ၇၃၁ မှု ဖော်ထုတ်ခဲ့ပြီး တရားခံပေါင်း ၂၀၄၃ ဦးကို အရေးယူ ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဖော်ထုတ် အရေးယူခဲ့တဲ့ အမှုတွေကနေ လူကုန်ကူး ခံရသူပေါင်း ၁၂၉၈ ဦးကို ကယ်တင် နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းကနေ လူကုန်ကူး ခံရသူတွေမှာ တရုတ်နိုင်ငံကို လူကုန်ကူး ခံရသူဟာ အများဆုံး ဖြစ်ပွားလျက် ရှိတယ်လို့ သိရပါတယ်။ Rest of your post

Read More...

ကလေး ကုန်ကူးတဲ့ သူတွေက အခြေအနေ ယိမ်းယိုင် နေတဲ့၊ ရပ်တည် ရန် ခက်ခဲ နေတဲ့ လူတန်းစားမှာ ရှိတဲ့ ကလေးကို Target ထားတာ

ဆင်ခြေဖုံးမြို့နယ် များရှိ အခြေ ခံပညာ ကျောင်းများတွင် လတ်တ လော အခြေအနေ၌ ကလေးများအား လိမ်လည် လှည့်ဖြား၍ သွေးဆောင် ခေါ် ယူမှုများဖြစ်ပွားလျက်ရှိ သည်ကို တွေ့ရသည်။ နိုင်ငံပိုင် သတင်းစာများ တွင်လည်း ကလေး ပျောက်ကြော်ငြာ များကိုလည်း နေ့စဉ် ရက်ဆက်တွေ့ ရသည်။ ကလေးများ ၏ ဘ၀အခြေ အနေ၊ ဖြစ်ပေါ် လျက်ရှိသောအခြေ အနေများ နှင့်ပတ်သက်၍ ကလေး ကာကွယ်ရေး အသိပညာပေးလုပ်ငန်း များ လုပ်ဆောင်လျက်ရှိသောRatna Mahal ပညာရေးအင်ဂျီအိုမှ ဦး ကျော်သန်းထွန်း နှင့်မြန်မာပို့စ်သတင်း ဂျာနယ်မှ တွေ့ဆုံမေးမြန်းခဲ့ပါသည်။ မြန်မာပို့စ် ။ ။ အစ်ကိုတို့ အင်ဂျီအိုအနေနဲ့ ကလေးတွေနဲ့ ပတ်သက်လုပ်ကိုင် နေတဲ့လုပ်ငန်း တွေအရ အခု လက်ရှိကလေး တွေရဲ့အခြေအနေ ကိုပြောပြပေးပါ။ ဦးကျော်သန်းထွန်း ။ ။ အခုကျွန် တော်တို့ ကျောင်းပုံစံ မျိုးဖွင့်လှစ်ထားတဲ့ နေရာ မှာရှိတဲ့ ကလေး ၃၀ ကိုကြည့် ပြီး သုံးသပ်ရမယ်ဆိုရင် အခြေခံလူတန်း စားတွေရဲ့ ဘ၀ မှာရှိတဲ့ကလေးတွေ အနေနဲ့က ဘ၀လုံခြုံမှု မရှိဘူး။ သူ တို့ရဲ့ ပညာရေး၊ အသက် မွေးမှုပညာ တွေမှာ ဆုံးခန်းတိုင် သင်ကြားခွင့်ဆို တာ မသေချာ ဘူး။ မိဘတွေအနေနဲ့ က အချိန်မရွေး ရောင်းစားနိုင်တယ်။ ရောင်းစား တယ်ဆိုတာက ကလေး ကုန်ကူး သလို ရောင်းစားတာကို ပြောတာ မဟုတ်ဘူး။ ပညာရေးကို ရေး တတ်ဖတ်တတ်တဲ့ အဆင့်လောက် နဲ့ပဲထားပြီး အလုပ် လုပ်ခိုင်းတာပေါ့။ ၀င်ငွေရှာခိုင်းတာပေါ့။ ကျောင်းမှာ ရှိတဲ့ ကလေးတစ်ယောက်ဆိုရင် စာ လည်းတော်တယ်။ ဒါပေမယ့် မိဘ ကမထား တော့ဘူး။ တစ်လကို နှစ် သောင်းခွဲနဲ့ အိမ်စေ လုပ်ရမယ်ဆိုပြီး ခိုင်းတာ၊ ကလေးအတွက်အလုပ်ရတော့ မိဘက ချက်ချင်းခြောက်လ စာယူ အိမ်စေလုပ်ခိုင်းတယ်။ အဲဒါ တွေ့ရ တယ်။ နောက်တစ်ခု က ရွှေပေါက္ကံ မြို့နယ်မှာလည်း ကလေးက လိမ္မာ တယ်။ စာတော်တယ်။ ဒါပေမယ့် ကလေး ကို ပညာဆက် မသင်ခိုင်း တော့ဘူး။ သူ့ရဲ့အုပ်ထိန်း သူနဲ့သွား ပြီး စကားပြောကြည့် တော့ သူတို့ရဲ့ စီးပွားရေး အခြေအနေက မကောင်းဘူး။ ဒီကလေးကို အလုပ် လုပ်ခိုင်းမှ စီးပွား ရေး အဆင်ပြေမယ့် သဘောမျိုးဖြစ် နေတယ်။ အားလုံးကို ပြန်ပြီးသုံးသပ် ကြည့်ရင် စီးပွားရေး အဓိကပုံစံမှာရှိ နေတယ်။ မြန်မာပို့စ် ။ ။ အခုအချိန်မှာ က အခြေခံ ပညာကျောင်းတွေမှာ က စည်းကမ်းချက်တွေ ထုတ်ပြန်ထား တာတွေရှိတယ်။ ကလေးပျောက် ဆုံးမှုဖြစ်ရပ်တွေ လည်း ရှိနေတော့လေ။ အဲဒီ အပေါ်မှာရော အစ်ကို့ အနေနဲ့ ဘယ်လိုမြင်လဲ။ ဦးကျော်သန်းထွန်း ။ ။ဟုတ်တယ်။ ကျောင်းတွေမှာ လည်း စည်းကမ်း ထုတ်ပြန်ထားတာတွေရှိတယ်။ က လေးဆို တာက ကိုင်တွယ်ပြောဆိုရ တဲ့နေရာမှာ အရမ်းကို သတိထားရ တယ်။ ဥပမာ အပြစ် တစ်ခုခုလုပ်ထား လို့ ဆူပူကြိမ်း မောင်းတဲ့နေရာမှာ ဘယ်လိုပုံစံ မျိုးဆုံးမမှာလဲ။ သူတို့ကို နွေးနွေး ထွေးထွေး နဲ့ ဆုံးမသင့်တယ်။ အခု လက်ရှိကျောင်းတော်တော်များ များမှာက ဆရာမတွေ အနေနဲ့အဲဒီ အပိုင်း တွေမှာ အားနည်း တယ်လို့ မြင်တယ်။ ကျွန်တော် လေ့လာကြည့် မိသ လောက်ဆိုရင် ကလေး တိုင်းမှာ က သူတို့ဖြစ်ချင်တဲ့ လုပ်ချင်တဲ့ကိစ္စ ကို စိတ်အား ထက်သန်စွာ လုပ်တယ်။ အဲဒီအချိန်မှာ မိဘနဲ့ ဆရာ၊ ဆရာမ ရဲ့ကိုင်တွယ်မှု က အရေးကြီးတယ်။ ဖိနှိပ်ပြီး လွန်ကဲတဲ့ချုပ်ချယ်မှုတွေ နဲ့ဆို ကလေးက စိတ်ညစ်တယ်။ ကျောင်းတက် နေတဲ့အရွယ်ဆိုကျောင်း မသွားချင် တော့ဘူး။ အိမ်ကနေ ကျောင်းကို မရောက်တော့ဘူး။ အဲဒီ ကမှ လူကုန်ကူး တဲ့သူတွေရဲ့လက်ထဲ ကို ရောက်လာပြီ ဆိုရင်တော့မလွယ် တော့ဘူး။ အဲဒီ အချိန်မှာ လူကုန်ကူး တဲ့သူတွေ အတွက်က လွယ်ကူတဲ့ အနေ အထားကို ဖြစ်လာတာပေါ့။ အလုပ်ရ မယ်ဆိုပြီး ခေါ်သွားတာမျိုး ဒါမှမဟုတ်ရင် ပညာ သင်ပေးမယ် ပြောတာတစ်မျိုး၊ အဲဒီလို တွေနဲ့စည်း ရုံးတယ်။ ကလေးဆိုတာ ကစိတ်ညစ် နေတဲ့အချိန်မှာ တစ်ခုခု လုပ်ဖို့အတွက် အရမ်း လွယ်ကူတယ်။ ဟိုတလော က ဆိုရင် လှိုင်သာယာမှာ ရှိတဲ့ကလေး တစ်ယောက်ပေါ့။ သူကဘောလုံး ကန်တာ ၀ါသနာပါတယ်။ အဲဒါကို လူကုန်ကူး တဲ့သူတစ်ယောက်က မင်း ကို ဘောလုံး ကလပ်မှာ မွေးထားမယ် ဆိုပြီး ညာခေါ် သွားတာ တွေရှိတယ်။ ဆိုလိုတာက ကလေးတွေ အနေနဲ့က အိမ်ရဲ့စီးပွားရေး အခြေအနေကို သိ တဲ့ အတွက်ကြောင့် မိဘ တွေကိုသ နားတယ်။ တစ်ဖက် တစ်လမ်းကစီး ပွား ရှာချင်တယ်။ အဲဒီ အခြေအနေ တွေက လူကုန်ကူး တဲ့သူတွေရဲ့လက် ထဲကို အလွယ်တကူ ရောက် သွားတာ များတယ်။ မိဘတွေ အနေနဲ့လည်း ကိုယ့်မှာရှိတဲ့ အပူကိုကလေးအတွက် ဖိအား တစ်ခုဖြစ်သွား တာမျိုး မဖြစ် အောင်လုပ်သင့်တယ်။ မြန်မာပို့စ် ။ ။ အဲဒါဆိုရင် ကလေး ပျောက် ဆုံးမှုဖြစ်တဲ့အနေအထား မှာက အခြေခံလူတန်း စားမှာ အဖြစ်များတယ်။ နောက်ပြီး လူကုန်ကူးတဲ့ သူတွေအနေနဲ့ လည်း အဓိကပစ်မှတ်လို့ ဆိုလို ချင်တာလား။ ဦးကျော်သန်းထွန်း ။ ။ ကျွန်တော် သိရ သလောက်က ကလေး ကုန်ကူးတဲ့ သူတွေက အခြေအနေ ယိမ်းယိုင်နေ တဲ့၊ရပ်တည်ရန် ခက်ခဲနေတဲ့ လူတန်း စားမှာ ရှိတဲ့ကလေးကို target ထား တာ။ အဲဒီလိုလူတွေ ကလေးတွေက ပစ်မလွဲဘူး။ သူတို့ခေါ်သွားတာ နဲ့ပါ သွားတာ။ အဲဒီလိုအဖြစ်အပျက်မျိုး တွေက ကလေး တွေကိုတင်မဟုတ် ဘူး။ လူကြီးတွေကိုလည်း ပစ်မှတ် ထားတာ။ မြန်မာပို့စ် ။ ။ အခုလိုမျိုး ကလေးကုန်ကူးခံ ရတဲ့အပေါ်မှာရော ဘယ်လို ပုံစံမျိုးနဲ့တားဆီးနိုင် လဲ၊ ဘယ်လို ကိုင်တွယ်ရင် အဆင်ပြေနိုင် မလဲ။ဦးကျော်သန်းထွန်း ။ ။ အဲဒီဖြစ်ရပ် တွေကို ကိုင်တွယ်လို့ရတဲ့နည်းက တစ်နည်း ပဲရှိတယ်။ ပထမတစ်ခုက လူကုန်ကူးတာ နဲ့ပတ်သက်ပြီး အသိ ပညာပေးမယ်။ နံပါတ်နှစ်က သူတို့ အတွက် အသက်မွေးဝမ်းကျောင်း လုပ် ငန်းအတွက် ရွေးချယ်နိုင်မှုများပြား အောင် တတ်နိုင် သလောက်ကူညီ ပေးမယ်။ နံပါတ်သုံး အချက်က ဒေ သဆိုင်ရာ အာဏာ ပိုင်တွေကျွန်တော် တို့လို အင်ဂျီအို တွေနဲ့ပူးပေါင်းလုပ် ဆောင်သင့် တယ်။ ဥပမာ မိဘပြည် သူတွေကို မင်းတို့ ဒါလုပ်ရင်ဥပဒေအ ရဒါတွေ ဖြစ်မယ်။ ကလေးသူငယ် အခွင့်အရေး တွေကိုချိုးဖောက်ခံရရင် ဘာဖြစ်တယ် ဆိုတာကို ပြောပြထား ရမယ်။ ကျွန်တော်တို့မြန်မာနိုင်ငံ က UNCRC မှာ လက်မှတ်ထိုးထား တဲ့နိုင်ငံ။ ကလေးတွေကို မတော် မတရား လုပ်ရင် ဥပဒေချိုးဖောက် တယ် ဆိုတာကို ပြောပြထားရမယ်။ မရမ်းကုန်း မှာဆိုရင် မိဘ တွေက က လေးကိုအလုပ်လုပ်ဖို့ တွန်းအားပေး ပါတယ်။ ဒါပေမယ့် သူ့ရဲ့အသက် အရွယ်အရ အလုပ်လုပ်ဖို့ မသင့်ဘူး။ ဒါပေမယ့် အထည်ချုပ် စက်ရုံတစ်ခု မှာ လခစား လုပ်ဖို့ သူတို့ကိုယ်တိုင် အလုပ် သွင်းတယ်။ အဲဒါမျိုး တွေပေါ့။ ဒါတွေက ဥပဒေ ကိုချိုးဖောက် တာပဲ။ မြန်မာပို့စ် ။ ။ ဆရာ၊ ဆရာမတွေရဲ့အပိုင်း မှာရော ဘယ်လိုပြုပြင်ပြောင်းလဲသင့်လဲ။ ဦးကျော်သန်းထွန်း ။ ။ ကျွန်တော် တို့လေ့လာတွေ့ရှိရသလောက်ပညာ ရေး လောကမှာ ရှိတဲ့ပုဂ္ဂိုလ် တော်တော် များများက တပည့်ကို မိမိရဲ့သားသမီး တစ်ဦး လိုမဆက်ဆံကြ တာများတယ်။ ကလေးတွေ အတွက် တစ်ရာရာခိုင် နှုန်းအပြည့် အ၀မ ပေးဆပ်နိုင်ကြဘူး။ ကျွန်တော်တို့က ဘကကျောင်းမှာ အင်္ဂ လိပ်စာ နဲ့သင်္ချာပညာ ဒါနသင်တယ်။ အဲဒါကို ဆရာမတွေက မတက်ခိုင်း ဘူး။ ဆူပူကြိမ်းမောင်းတော့ ကလေး ကကြောက်ပြီး မလာရဲ တော့ဘူး။ ဆရာ / ဆရာမတွေအနေနဲ့ကလည်း သင်ကြားတဲ့အပိုင်းမှာ ပြုပြင်ပြောင်း လဲရေးတွေ လုပ်သင့်တယ်။ မြန်မာပို့စ် ။ ။ အစိုးရပိုင်းအနေနဲ့ကရော ကလေးလူကုန်ကူးမှုအတွက်ကို ဘယ်လိုလုပ် သင့်လဲ၊ အစိုးရသစ်လက်ထက်မှာရော အဲဒီအ ပိုင်းမှာပြောင်းလဲမှုတွေကိုတွေ့ရလား။ ဦးကျော်သန်းထွန်း ။ ။ အခုပညာ ပေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အနေ အထားမှာ တော့တစ်နိုင်ငံလုံးအနေ အထားကို မလုပ်နိုင်သေးဘူး။ တတ် နိုင်သမျှ လုပ်သင့်တယ်။ ပညာပေး လုပ်ငန်း တွေကို လုပ်ကိုင်တဲ့နေရာ မှာ တခြားအဖွဲ့အစည်းတွေဖြစ်တဲ့ အမျိုး သမီးရေးရာအဖွဲ့တွေလည်းရှိတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံး ကို မလွှမ်းခြုံ နိုင်သေးဘူး။ အစိုးရ သစ်လက်ထက် မှာ ပြုပြင် ပြောင်းလဲ မှုတွေကိုတော့ တွေ့ရတယ်။ ဒါပေမယ့် ကျွန်တော် တို့အင်ဂျီအို တွေအတွက်က အောက် ခြေအဆင့်မှာက အရင်ပုံစံ အတိုင်း ပဲရှိသေးတယ်။ ပညာပေး လုပ်ငန်း တွေလုပ်ပြီးတဲ့ အချိန်မှာလည်း လူထု ကို စောင့်ကြည့် ရမယ်။ သူတို့ တကယ် ရော ကလေးတွေအပေါ်မှာ ဂရုစိုက် မှုတွေရှိရဲ့လား။ ပြန်ပြီးဆန်းစစ်ရ မယ်။ အင်ဂျီအို တွေက ဒါတွေလုပ် မယ်ဆိုရင် သိပ်မကြည်တဲ့ အနေအ ထားတွေရှိတယ်။ ကျွန်တော်တို့အ သင်းကို ၂၀၀၉ မှာ စဖွဲ့တယ်။ အရင် က ပိုမိုလွယ်ကူ အောင်ဆိုပြီးဖွဲ့ဖြစ် တာ။ စလုပ်တာက ပညာရေး ပိုင်းမှာ စလုပ်ပေမယ့် ကလေးတွေမှာက မလုံ ခြုံတဲ့ အပိုင်းတွေကိုတွေ့လာ ရတော့ ကလေး ကုန်ကူးမှုနဲ့ပတ်သက်ပြီး ပ ညာပေး လုပ်ငန်းတွေကို ဆက်လုပ် ဖြစ်သွားတာ။ By Myanmar Post

Read More...

၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ် ဇူလိုင်အထိ လူကုန်ကူးမှုပေါင်း ၇၀၉ မှု ဖြစ်၊ လူကုန်ကူးခြင်းခံရသူများတွင် အမျိုးသမီး များသည် အများဆုံး ဖြစ်

၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်၊ ဇူလိုင် အထိ လူကုန်ကူးမှုပေါင်း ၇၀၉ မှုဖြစ်ခဲ့ရာ လူကုန်ကူးသူများနှင့်လူ ကုန်ကူးခြင်း ခံရသူများမှာ အမျိုးသ မီးများသည် အများဆုံးဖြစ်ကြောင်း ယခုနှစ်နိုဝင်ဘာ ၁၂ ရက်က နေ ပြည်တော်မြို့ပေါ် ရပ်ကွက်ကျေးရွာ များ၌ကျင်းပ ပြုလုပ် သည့် မှုခင်းပိုင်း ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ များ၌ တာဝန်ရှိသူများ၏ ရှင်းလင်း ပြောကြားချက်အရ သိရသည်။ လူကုန် ကူးမှုများဖြစ်ခဲ့သည့်အ မှုပေါင်း ၇၀၉ မှုတွင် တရားခံ ၁,၉၈၀ ဦးရှိရာ အမျိုးသား ၇၈၉ ဦးနှင့် အ မျိုးသမီး ၁၁၉ ဦးရှိသည်။ လူကုန် ကူးခြင်းခံရသူ ၁,၅၇၂ ဦးရှိခဲ့ရာတွင် အမျိုးသား ၂၃၇ ဦးနှင့်အမျိုးသမီး ၁,၃၃၄ ဦးဖြစ်သည်။ တိုင်းဒေသကြီး များနှင့် ပြည်နယ်ဒေသကြီးများတွင် ဖြစ်ပွား ခဲ့သည့်လူကုန်ကူးမှု များမှာ- ရှမ်းပြည်(မြောက်ပိုင်း) ၂၈ မှု၊ မန္တလေးတိုင်း ဒေသကြီး ၁၅ မှု၊ ကချင်ပြည်နယ် ၁၁ မှု၊ ရန်ကုန်တိုင်း ဒေသကြီး ၁၁ မှု၊ ကရင်ပြည်နယ် လေးမှု၊ မွန်ပြည်နယ် သုံးမှု၊ ရှမ်းပြည် (တောင်ပိုင်း) နှစ်မှု၊ စစ်ကိုင်းတိုင်း ဒေ သကြီး တစ်မှု၊ ပဲခူး(အနောက်) တစ် မှု၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တစ်မှု တို့ဖြစ်သည်။ ယခုကဲ့သို့ လူကုန်ကူးမှု များဖြစ်စေသော အကြောင်းအရင်း များတွင်- ၀င်ငွေ နည်းပါးခြင်း၊ အလုပ်အ ကိုင်ရှားပါးခြင်း၊ ပညာရေး နိမ့်ပါးခြင်း၊ သတင်းမှန်မသိရှိခြင်း၊ ယုံလွယ်ခြင်း၊ မိသားစု ထောက်ပံ့ရန်လိုခြင်း၊ စူးစမ်း စမ်းသပ် လိုခြင်း၊ မိသားစုပြဿနာရှိ ခြင်း၊ အကြွေးတင်ခြင်း တို့ကြောင့် ဖြစ်ပြီး ဆွဲဆောင် အားဖြစ်သည့် ၀င် ငွေပိုမိုရရှိခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းကောင်းခြင်း၊ သူတစ်ပါး ကို အားကျခြင်းစသည့် အချက်များကြောင့် လူကုန်ကူးခြင်းခံနေရကြောင်း သိ ရသည်။ ယခုအခါ အရွယ်ရောက်ပြီး သူများအပြင် အရွယ်မရောက်သေး သည့်ကလေးများပျောက်ဆုံးလျက် ရှိရာ ယခုနှစ် အောက်တိုဘာ ၂၄ ရက်နှင့် ၂၅ ရက်တွင် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်တွင် ၁၅ နှစ် အရွယ်ရှိ ယောက်ျားလေး တစ်ဦး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ မင်္ဂ လာ တောင်ညွန့်မြို့နယ်နေ အသက် ၁၅ နှစ် အရွယ်ရှိ အိမ်အကူ အမျိုးသ မီးတစ်ဦး၊ ဒဂုံဆိပ်ကမ်းမြို့နယ်နေ အသက် ၁၃ နှစ်ရှိ ရှစ်တန်းကျောင်း သူတစ်ဦး၊ ဒဂုံဆိပ်ကမ်းမြို့နယ်နေ အသက် ၁၃ နှစ်အရွယ်ရှိမိန်းက လေးတစ်ဦး တို့သည့် နှစ်ရက်အတွင်း ပျောက်ဆုံး ခဲ့သဖြင့် သက်ဆိုင်ရာ ရဲစခန်းများမှ အမှုဖွင့် စုံစမ်း လျက်ရှိ ကြောင်းနှင့် ထိုကဲ့သို့ လူကုန်ကူးနေ သည့်တစ်ဦးတစ်ယောက် သို့မဟုတ် အစုအဖွဲ့တစ်စုအား တာဝန်ရှိ သူများ အပြင် ရပ်မိ ရပ်ဖများနှင့်မိသားစုဝင် များက မျက်ခြေမပြတ်စောင့်ကြည့် သတင်းပေး၍ ထိရောက်စွာ အရေး ယူမှုများပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

Read More...

Sunday 14 October 2012

အသက် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓ္ဓမပြုကျင့်ခဲ့သူကို စစ်ဆေးလျက်ရှိ

အသက် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့သူကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းသတင်းရရှိသည်။ အောက်တိုဘာလ ၁၁ ရက်နေတွင် အဓမ္မပြုကျင့်ခံရသည့် အသက် ရှစ်နှစ်အရွယ် မိန်းကလေး၏ မိခင်ဖြစ်သူမှာ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်ဆင်းနေသည့်အတွက် ဗိုလ်ချုပ်ကျေးရွာ သန်လျင်မြို့နယ်ရှိ နေအိမ်၌ သမီးဖြစ်သူကို တစ်ဦးတည်းထားခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ကျောက်တန်းမြို့နယ်ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေစဉ် သမီးဖြစ်သူမှာ နေအိမ်မှရွာတောင်ပိုင်းရှိ ဘုန်းကြီးကျောင်းသို့ သွားရောက်ရာတွင် လေးအိမ်ကျော်အရောက်တွင်နေထိုင်သူ အသက် ၄၃ အရွယ်ရှိ အမျိုးသားတစ်ဦးက အသက်ရှစ်နှစ်အရွယ် သမီးဖြစ်သူကို ခေါ်ပြီး ၎င်း၏နေအိမ် အခန်းအတွင်း၌ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရှိရသည်။ ယင်းကဲ့သို့ ပြုကျင့်ချိန်တွင် နေအိမ်ရှေ့မှ အဒေါ်ဖြစ်သူက လှမ်းခေါ်သံကြား ခဲ့သဖြင့် ပြစ်မှုကျူးလွန်သူမှာ ၎င်း၏နေအိမ်ပေါ်မှ ဆင်းပြေးသွားခဲ့ကြောင်း သတင်းရရှိသည်။ ပြစ်မှုကျူးလွန်သူကို သန်လျင် ရဲစခန်း(ပ)၁၂၈၆/၂၀၁၂၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။ By Eleven Media Group

Read More...

Friday 12 October 2012

အင်တာနက်ပေါ်မှ အနိုင်ကျင့်မှု၏ နောက်ဆက်တွဲ ရင်နင့်ဖွယ်ဖြစ်ရပ်


အင်တာနက်ပေါ်မှ အနိုင်ကျင့် နှိပ်စက်ကလူ ပြုမှုများကြောင့် အသက်ကို စတေးခဲ့ရသည့် ရင်နင့် သနားစရာ မိန်းကလေး တစ်ဦး၏ ဖြစ်ရပ်ကို The Sun သတင်းဌာနက ဖော်ပြခဲ့သည်။ အသက်(၁၅)နှစ်သာ ရှိသေးသော အမန်ဒါ မိုက်ချယ်လ်တော့ဒ်သည် ဗန်ကူးဗားရှိ သူမ၏ နေအိမ်တွင် ဗုဒ္ဓဟူးနေ့က သေဆုံးနေသည်ကို တွေ့ရသည်။ အင်တာနက်ပေါ်မှ အနိုင်ကျင့် နှိပ်စက်ကလူ ပြုမှုများကြောင့် အသက်ကို စတေးခဲ့ရသည့် ရင်နင့် သနားစရာ မိန်းကလေး တစ်ဦး၏ ဖြစ်ရပ်ကို The Sun သတင်းဌာနက ဖော်ပြခဲ့သည်။ အသက်(၁၅)နှစ်သာ ရှိသေးသော အမန်ဒါ မိုက်ချယ်လ်တော့ဒ်သည် ဗန်ကူးဗားရှိ သူမ၏ နေအိမ်တွင် ဗုဒ္ဓဟူးနေ့က သေဆုံးနေသည်ကို တွေ့ရသည်။ ရဲများက အမန်ဒါသည် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သွားခြင်းဟု သတ်မှတ်ခဲ့ပြီး သူမသည် အင်တာနက်ပေါ်မှ အနိုင်ကျင့် စော်ကားမှုများကို မခံမရပ်နိုင်သည့်အဆုံး ယခုလမ်းကို ရွေးသွားခြင်းဟု ကောက်ချက်ချခဲ့သည်။ အမန်ဒါသည် စက်တင်ဘာ (၇)ရက်နေ့ ကတည်းက အဖြူအမည်း ဗီဒီယိုဖိုင် တစ်ခုကို အင်တာနက်တွင် လွှင့်တင်ကာ သူမ၏ စိုးရိမ်ထိတ်လန့်နေရသော ဘဝကို ရင်ဖွင့်ခဲ့ဖူးသည်။ ထိုဗီဒီယိုထဲတွင် စကားလုံးဝ မပြောသော အမန်ဒါသည် ကတ်ပြားများဖြင့် စာရေးကာ သူမ၏ သောကကို ဖွင့်ဟခဲ့သည်။ နောက်ကြောင်းပြန် စုံစမ်းမှုများအရ အထီးကျန် ပျင်းရိမှုကြောင့် Chat Roomများတွင် ဝင်ရောက် စကားပြောရင်း အမန်ဒါနှင့် လူတစ်ဦး တွေ့ဆုံခဲ့သည်။ ထိုသူက ပတ်ချွဲနှပ်ချွဲဖြင့် အမန်ဒါအား အပေါ်ပိုင်း ဗလာကျင်း ကိုယ်ဟန်ပြရန် တောင်းဆိုခဲ့သည်။ ငယ်ရွယ်နုနယ်သေးသော မိန်းကလေးသည် ယင်းကို အယုံလွယ်ကာ တစ်ကြိမ် လိုက်လျှောမိသွားခဲ့သည်။ ယင်းတစ်ကြိမ်သည်ပင် သူမဘဝအတွက် ဆိုးရွားသော သက်ရောက်မှုများ ဖြစ်ပေါ်လာရန် လုံလောက်သွားစေခဲ့သည်။ နောက်တစ်နှစ်မျှ အကြာတွင် ထိုသူက အမန်ဒါအား Facebookမှ ဆက်သွယ်လာကာ အလားတူ ပြုလုပ်ပြရန် တောင်းဆိုခဲ့သည်။ အမန်ဒါက ငြင်းဆန်ချိန်တွင် ပထမတစ်ကြိမ်က သူမ၏ ပုံရိပ်များကို အမန်ဒါ၏ မိတ်ဆွေများ၊ အတန်းဖော်များ၊ ဆွေမျိုးများထံသို့ ယုတ်ယုတ်မာမာ ဖြန့်ဝေပစ်ခဲ့သည်။ "ကျွန်မ ဓာတ်ပုံကို ဘယ်တော့မှ ပြန်မရတော့ဘူးလေ"ဟု ရေးထားသော ကတ်ပြားတစ်ချပ်ကို အမန်ဒါက သူမလွှင့်တင်ခဲ့သော ဗီဒီယိုတွင် ကိုင်ဆောင် ပြသခဲ့သည်။ မကြာမီမှာပင် သူမသည် ကျောင်းအသစ်တွင် ဆယ်ကျော်သက် တစ်စုက ဝိုင်းဝန်းရိုက်နှက်ပြီး ယင်းမြင်ကွင်းကို ဗီဒီယိုရိုက်ယူသည့် အခြေအနေနှင့်လည်း ကြုံခဲ့ရပြန်သည်။ ဆိုးရွားသော၊ အထင်သေး စက်ဆုပ်ခံရသော အခြေအနေများစွာကို ကြုံလာရပြီးနောက် အမန်ဒါသည် သူမ၏ ဘဝကို အစွန်းချွတ်ဆေး တစ်ပုလင်း သောက်သုံးခြင်းဖြင့် အဆုံးသတ်ရန် ရွေးချယ်ခဲ့သည်။ သို့သော်လည်း သူမ မသေခဲ့ချေ။ ဆေးရုံပေါ်တွင် သူမ သက်သာလာချိန်တွင် အင်တာနက်ပေါ်မှ ဖိစီးအနိုင်ကျင့်သူများက အခြားအစွန်းချွတ်ဆေး ပုလင်းများ၏ ဓာတ်ပုံကို လွှင့်တင်ကာ "တကယ်တော့ သူက တခြား ဆေးတစ်မျိုးကို သုံးသင့်ခဲ့တာပါ။ နောက်တစ်ခါဆို ဒီကောင်မ သေစေချင်တယ်။ ဒါက ရူးတယ်တော့ မဟုတ်ဘူးလို့ ပြောရမလား"စသဖြင့် စာများလည်း ရေးသားခဲ့သည်။ တစ်ချိန်က Cheerleader တစ်ဦး ဖြစ်ခဲ့သည့် မိန်းမလှလေးက "ကျွန်မ ဒီမှာ ဆက်ရှိနေသင့်သလား။ ကျွန်မအတွက် ဘယ်သူမှ မရှိဘူး။ ကျွန်မ တစ်ယောက်ယောက်ကို လိုအပ်နေပါတယ်"ဟူသော စာတန်းပါ ကတ်ပြားကို My Story: Struggling, bullying, suicide and self-harmဆိုသော အမည် တပ်ထားသည့် သူမ၏ ဗီဒီယိုတွင် ပြသခဲ့သည်။ ဗုဒ္ဓဟူးနေ့ကမူ သူမ၏ ရုပ်အလောင်းကို ရဲများက နေအိမ်ထဲတွင် ကြေကွဲဖွယ်ရာ ရှာဖွေ တွေ့ရှိခဲ့သည်။ သူမသည် မသေဆုံးမီ အနိုင်ကျင့်သူများအား လူအများက ဆန့်ကျင်ရန်နှင့် သားကောင်များဘက်မှ ရပ်တည်ပေးပါရန် ပန်ကြားသော Slide Presentation တစ်ခုကို ပြုလုပ်ထားခဲ့သေးသည်။ ဗြိတိသျှ ကိုလံဘီယာဒေသ အုပ်ချုပ်ရေးမှူး ခရစ်ဆီကလာ့ခ်က သူမ၏ ကြေကွဲမှုကို အမန်ဒါ၏ မိသားစုအတွက် စာနာမျှဝေသည့် အနေဖြင့် ဗီဒီယိုတစ်ခုကို လွှင့်တင်ခဲ့သည်။ "အနိုင်ကျင့်တယ် ဆိုတာ ဘယ်သူ့အတွက်မှ မဖြစ်သင့်ပါဘူး။ ဘယ်သူနဲ့မှ မထိုက်တန်ပါဘူး။ ဒါဟာ မှန်ကန်စွာ ကျင့်သုံးရမယ့် အမူအကျင့်လည်း မဟုတ်ဘူး။ အနိုင်ကျင့် ဖိနှိပ်မှုတွေကို ရပ်တန့်ရပါမယ်"ဟု သူမက ဆိုသည်။ ယခုအခါ Facebookပေါ်တွင် Rest in paradise Amanda Michelle Toddဆိုသော အမှတ်တရ Pageလေး တစ်ခုကို ဖန်တီးထားပြီး လူပေါင်း (၂၈၀၀၀)မျှ Likeထားပြီး ဖြစ်သည်။ အမန်ဒါ၏ မိခင် ကာရိုးလ်က သူမ၏ သမီးဖြစ်သူ နောက်ဆုံး ဖန်တီးခဲ့သည့် ဗီဒီယိုလေးသည် အခြားသော လူငယ်များအတွက် အလားတူ ဖြစ်ရပ်ဆိုးများမှ ရှောင်လွှဲနိုင်ရန် ဆင်ခြင်စရာ သင်ခန်းစာ တစ်ခု ဖြစ်စေလိုကြောင်း ဝမ်းနည်းပက်လက် ပြောကြားခဲ့သည်။ "ဒီဗီဒီယိုကို မျှဝေသင့်တယ်လို့ ကျွန်မ ထင်ပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကိရိယာ တစ်ခု အနေနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ ဒါကို ကျွန်မရဲ့ သမီးကလည်း လိုလားပါလိမ့်မယ်"ဟု ကာရိုးလ်က ကြေကွဲစွာ ပြောဆိုသွားခဲ့သည်။ Planet new

Read More...

စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိနေသည့် ဆယ်ကျော်သက် ပညာရေး လှုပ်ရှား သူ မိန်းကလေး ကို တာလီဘန် က ထပ်မံ သတ်ဖြတ် အုံးမည် ဟု ခြိမ်းခြောက်


အနောက်တိုင်း ယဉ်ကျေးမှု ၏ ပြရုပ် သဖွယ် ဒေသတွင်း ပြုမူနေသော ကြောင့် ပစ်သတ်ရသည် ဟု တာလီဘန် အဖွဲ့  က ပြောကြားထားသည့် အသက် ၁၄ နှစ် အရွယ် ရှိ ပညာရေး အခွင့် အရေး လှုပ်ရှား သူ ပါကစ္စတန် အမျိုး သမီး ငယ် မာလလာ ယိုဆာဇီ ကို ထပ်မံ လုပ်ကြံ သတ် ဖြတ် ရန် ပါကစ္စတန် အခြေစိုက် တာလီဘန် အဖွဲ့  က သတ် ဖြတ် ရန် ထပ်မံ ခြိမ်းခြောက် ထား သည် ဟု နယူးယောက် တိုင်း သတင်းစာ ၏ အင်တာနက် စာ မျက် နှာ တွင် ဖော်ပြထား သည်။ လက်နက် ကိုင် အစောင့် အကြပ် များ ထူထပ် စွာ ချထား သည့် ရ၀ါပင်ဒီ ရှိ ဆေးရုံ တွင် အောက် တိုဘာလ ၉ ရက်နေ့ က ရရှိခဲ့ သည့် သေနတ် ဒဏ်ရာ ကြောင့် စိုးရိမ် ဖွယ်ရာ အခြေအနေ့ အဖြစ် ဆေးကုသခံ နေရသည့် မာလလာ ကို ပါကစ္စတန် တာလီဘန် အဖွဲ့  ထပ်မံ သတ် ဖြတ် မည် ဟု ခြိမ်းခြောက် ခဲ့ ခြင်း ဖြစ်သည်။ ခိုင်ဘာ တောင်ကြား လမ်း နှင့် ဆက်နေသည့် ပါကစ္စတန် အနောက် မြောက် ရှိ ဆွတ် ဗယ်လီ တောင် ကြား ဒေသ တွင် နေ ထိုင်သည့် မာလလာ သည် အသက် ၁၁ နှစ် အရွယ် ကတည်း က ပညာရေး လွတ်လပ် မှု လှုပ်ရှား တက်ကြွ မှု များ တွင် ဦးဆောင်ခဲ့ သည့် ဆယ်ကျော်သက် ပညာရေး လှုပ်ရှား တက်ကြွ သူ ဖြစ်သည်။ ပါကစ္စတန် ၀န်ကြီး ချုပ် ရာဇာပါဖက်(ဇ) အဇတ်(ဖ) က မာလလာ ၏ မိဘ များ ကို ယမန်နေ့  က တွေ့ ဆုံ အားပေး မှု ပြု ခဲ့ သည်။ ဆယ်ကျော် ပညာရေး တက်ကြွ လှုပ်ရှား သူ မာလလာ သည် အသက် ၁၁ နှစ် အရွယ် ကတည်း က လျှို့  ၀ှက် နာမည် သုံး ပြီး ပါကစ္စတန် မိန်းကလေး များ ပညာရေး အခွင့် အရေး အတွက်ဘလောက်စတင် ရေးသား ခဲ့ ပြီး BBC စသည့် အင်တာနက် သတင်းစာမျက် နှာ များ တွင် ပညာရေး လွတ် လပ်ခွင့် နှင့် အမျိုး သမီး များ ပညာရေး အကြောင်း ရေး သား ခဲ့ ၍ တာလီဘန် အဖွဲ့  က သူ့  ကို အညိုးထား သည်။ အောက်တိုဘာလ ၉ ရက်နေ့ တွင် ကျောင်းဘတ်(စ) ကား ဖြင့် အိမ် ပြန်လာသည့် မာလလာ ကို မျက် နှာ ဖုံး စွပ်ထား သည့် အစွန်းရောက် သေနတ် သမား တစ်ဦး က ဘတ်(စ)ကား ကို တား ကာ မင်းတို့  ထဲ မှာ မာလလာ ဆိုတာ ဘယ်သူ လဲ ဟု မေးမြန်း ပြီး နောက် ပစ်ခတ် ခဲ့ ခြင်း ဖြစ်သည်။ မာလလာ ကို အကြမ်းဖက် သမားများ လုပ်ကြံ မှု သည် ပါကစ္စတန် နိုင်ငံ တွင် အစွန်း ရောက် ၀ါဒ တကျော့ ပြန် ခေါင်းထောင် လာခြင်း ၏ အချက် ပေး ခေါင်းလောင်းသံ ပင် ဖြစ်သည် ဟု ပါကစ္စတန် နိုင်ငံ ခြား ရေး ၀န်ကြီး က သုံးသပ်ထား သည်။ မာလလာ ကို လုပ်ကြံ သတ်ဖြတ်မှု အတွက် အမေရိကန် နိုင်ငံ ခြား ရေးဝန်ကြီးဟီလာရီ ကလင်တန် ၊ ကုလ အထွေထွေ အတွင်း ရေး မှုးချုပ် ဘန်ကီမွန်း နှင့် အဆိုတော် မက်ဒေါနား တို့  ရှုံ့ ချထားသည်။ မာလလာ သည် အနောက်တိုင်း လိုလား သူ တစ်ဦး ဖြစ်ပြီး ပါကစ္စတန် တာလီဘန် ၏ အမျိုး သမီးများ ပညာ သင်ကြား ခွင့် မရှိ ဆိုသည့် အယူအဆ ကို ဆန့် ကျင် သူ တစ်ဦး ဖြစ်ကာ ၊ အမေရိကန် သမ္မတ သည် သူမ ၏ စံပြ ပုဂ္ဂိုလ် ဆို သောကြောင့် သတ်ရသည် ဟု တာလီဘန် ကို တို့  က ဆိုသည်။ သောကြာနေ့  ညက နိုင်ငံ တ၀ှမ်း ရှိ ပါကစ္စတန် အမျိုး သမီးများ မှာ မာလလာ ယိုဆာဇီ ကျန်းမားစေရန် ဆုတောင်းမှု ပြု ခဲ့ ကြသည်။ သူမ ၏ သေနတ် ဒဏ်ရာ အခြေအနေသည် ခွဲ စိတ် ကုသ ပြီး နောက် စိုးရိမ် ဖွယ်ရာ ပင် ရှိသေး သည် ဟု ဆရာဝန် က ပြောသည်။ မာလလာ ကို ပစ်ခတ်မှု တွင် ပါဝင်သည် ဟု ယူဆ ရသူ နှစ် ယောက် နှင့် အခြား စစ်သွေး ကြွ များ ကို ရဲ က ဖမ်းဆီးထား သည်။

Read More...

စကားပြန်နှင့်၎င်း၏မိတ်ဆွေဖြစ်သူက တရုတ်နိုင်ငံသားကိုသတ်ပြီး ဘဏ်စာအုပ်ကိုခိုးယူ


 ပြစ်မှုကျူးလွန်သူနှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူတွေ့ရစဉ် စကားပြန်နှင့်၎င်း၏မိတ်ဆွေဖြစ်သူက တရုတ်နိုင်ငံသား မစ္စတာလောင်ရှဲမေစိမ်း အသက်၅၀နှစ် နေထိုင်သည့်အခန်းအတွင်းဝင်ရောက်ပြီးသတ်ကာ ဘဏ်စာအုပ်ခိုးယူခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ ဖြစ်စဉ်ကိုအောက်တိုဘာလ ၁၀ရက်နေ့နံနက် ၁ နာရီအချိန်တွင် တရုတ်နိုင်ငံသားနေထိုင်သည့် န၀ဒေးဥယျာဉ်အိမ်ရာ လှိုင်သာယာမြို့နယ်တွင်ဖြစ်ပွားခဲ့ပြီး ကျူးလွန်ခဲ့သူနှစ်ဦးကို အောက်တိုဘာလ ၁၁ ရက်နေ့ညပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ ယင်းကဲ့သို့ကျူးလွန်မှုတွင်ပါဝင်သည့် တရုတ်စကားပြန် မယဉ်ယဉ်မေမှာ သေဆုံးသွားသူ တရုတ်နိုင်ငံသား၏ စကားပြန်အဖြစ်လုပ်ခဲ့သူဖြစ်ပြီးလွန်ခဲ့သောနှစ်လခန့်မှ အလုပ် ထုတ်ခံရသူဖြစ်ကြောင်း သိရှိရသည်။ သေဆုံးသွားခဲ့သည့် တရုတ်နိုင်ငံသားက စကားပြန်ဖြစ်သူမယဉ်ယဉ်မေနှင့် မန်နေဂျာဖြစ်သူနှစ်ဦးတို့ကို လုပ်ငန်းလျင်မြန်စွာလုပ် ကိုင်စေရန်အတွက် ၄င်းတို့၏နာမည် များဖြင့် ဘဏ်စာအုပ်များလုပ်ပေးထားကြောင်း သိရသည်။ လွန်ခဲ့သောနှစ်လခန့်က စကားပြန်ဖြစ်သူမှာရည်းစားထားသည့်ကိစ္စနှင့်စပ်လျဉ်းပြီး သေဆုံးသွားခဲ့သည့်တရုတ်နိုင်ငံသားနှင့် စကားများခဲ့သဖြင့် အလုပ်မှထုတ်ပယ်ခံခဲ့ရကြောင်း၊ စကားပြန်ဖြစ်သူကအလုပ်မရှိတော့သဖြင့် ၄င်း၏အမျိုးသားသူငယ်ချင်းနှင့်အတူ တရုတ်အမျိုးသားနေထိုင်သည့်နေအိမ်အတွင်းသို့ဝင်ရောက်ပြီး ဘဏ်စာအုပ်ရှာဖွေခဲ့ရာ မတွေ့ရှိခဲ့သဖြင့် အိပ်နေသည့်တရုတ်နိုင်ငံသားအခန်းတံခါးဖွင့်ပြီးရှာဖွေခဲ့ရာ တရုတ်နိုင်ငံသားနိုးသွားခဲ့ကြောင်း သိရသည်။ ယင်းအချိန်တွင် တရုတ်နိုင်ငံသားနိုးသွားခဲ့သည့်အတွက် စကားပြန်နှင့်အတူပါရှိသူအမျိုးသားက တရုတ်နိုင်ငံသားကိုအသင့်ပါလာသော သစ်သားတုတ်ဖြင့်ရိုက်နှက်ပြီး ပါးစပ်အားစောင်ဖြင့်စို့ကာ ခေါင်းအုံဖြင့်ဖိသတ်ခဲ့ကြောင်း သိရှိရသည်။ ထိုနောက်စကားပြန်ဖြစ်သူကအဆိုပါအခန်းအတွင်းမှ ဘဏ်စာအုပ်ကိုယူကာက ကမ္ဘောဇဘဏ်(ဘုရင့်နော်ဘဏ်ခွဲ) မှ ငွေကျပ်သိန်း၁၀၀ ထုတ်ယူခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ပြစ်မှုကျူးလွန်သူဝင်းကိုအား လှိုင်သာယာမြို့်နယ်နှင့်စကားပြန်ဖြစ်သူ မယဉ်ယဉ်မေကို ၄င်း၏ညီမဖြစ်သူနေထိုင်သည့် မရမ်းကုန်မြို့နယ်တွင် အောက်တိုဘာလ ၁၁ ရက်နေ့ည ၁၁နာရီဝန်းကျင်တွင်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ သေဆုံးသွားသည့်တရုတ်နိုင်ငံသား မစ္စတာလောင်ရှဲမေစိမ်းက အခင်းဖြစ်သည့်တိုက်ခန်းတွင် Kan Star ကုမ္ပဏီဖွင့်လှစ်ကာ ရေမြှပ်နှင့် ရေလှိုင်းဆေးထိုင်ခင်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။ အဆိုပါဖြစ်စဉ်ကို လှိုင်သာယာရဲစခန်း (ပ)၁၀၆၃/၂၀၁၂၊ပုဒ် မ ၃၀၂ ဖြင့်အမှုဖွင့်ပြီး အမှုစစ်မှ စစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။ Eleven Media Group

Read More...

ရဲတပ်ဖွဲ့ဝင်များ၏ လူမဆန်စွာရိုက်နှက်မှုကြောင့် ကလေးငယ်တစ်ဦး ဆေးရုံတင်ရ


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့ (၄)ရပ်ကွက်ရှိ အသက်(၁၄)နှစ်အရွယ် မောင်မင်းထက်အောင်အား ရဲတပ်ဖွဲ့ဝင် များကလူမဆန်စွာရိုက်နှက်စစ်ဆေးခဲ့ သည့်အတွက် အောက်တို့ဘာလ(၁၀)ရက်နေ့တွင် ပဲခူးမြို့ အထွေ ထွေပြည်သူ့ဆေးရုံကြီးသို့ တင်ထားရကြောင်းသိရှိရသည်။ မောင်မင်းထက်အောင်သည် မိခင်ဖြစ်သူနှင့်အတူနေထိုင်းပြီး ပဲခူးမြို့ မဟာမြိုင်လမ်းရှိ အဆွေတော် ကား/ဆိုင်ကယ် ရေဆေးဆီထိုး အလုပ်ရုံတွင်အလုပ်လုပ်နေသော ကလေးငယ်တစ်ဦးဖြစ်ပါသည်။ အောက်တိုဘာလ(၉)ရက်နေ့ည(၁၀)နာရီခန့်တွင် မောင်မင်းထက်အောင်အား ငွေကျပ်(၄၀၀၀၀၀)သိန်း ခိုးယူကြောင်း အလုပ်ရှင်၏ စွတ်စွဲချက်ဖြင့် ပဲခူးမြို့၊ အမှတ်(၃)ရဲစခန်းမှ တာဝန်ကျ ရဲအရာရှီတစ်ဦးနှင့် ရဲတပ် ဖွဲ့(၂)ဦးတို့မှ လူမဆန်စွာရိုက်နှက်စစ်ခဲ့တာဖြစ်ပါတယ်။ ငယ်ရွယ်သော ကလေးငယ်တစ်ဦးအား ည(၁၂)နာရီမှ နံနက်(မိုးလင်း)သည့် အထိ နည်းမျိုးစုံဖြင့် ရိုက်နှက်စစ်ဆေးခဲ့ရာကလေးငယ်မှာ လမ်းမလျှောက်နိုင်သည့် အခြေအနေသို့ဆိုဒ်ရောက်ခဲ့ရပါသည်။ ပျောက်ဆုံးသွားသော ငွေကျပ်(၄၀၀၀၀၀)သိန်းကို မောင်မင်းထက်အောင်မှ ခိုးယူခဲ့ခြင်းမဟုတ်ပါ။အလုပ်ရှင်မှအထားမှားပြီးအမှုဖွင့်စွတ်စွဲခဲ့ခြင်းသာဖြစ် သည့်အတွက် အောက်တိုဘာလ(၁၀)ရက်နေ့တွင် အမှုပြန်ပိတ်လိုက်ကြောင်း သိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မောင်မင်းထက်အောင်အား ဆေးရုံတွင် သွားရောက်မေးမြန်းခဲ့ရာ “ သားသူတို့ပြောသလို ပိုက်ဆံခိုးခဲ့တာ မဟုတ်ပါဘူး၊ အဲဒီမှာအလုပ်လုပ်တာ (၁)လပဲရှီသေးတယ်။ လုပ်ရှင်နာမည်တွေတောင် ယခု အချိန်ထိမသိသေးဘူး၊ နံနက်(၈)နာရီခွဲအလုပ်ဝင်တယ်။ ညနေ(၅)နာရီ အိမ်ပြန်တယ်။ အဲဒါပုံမှန်ပဲ။ ညကျတော့ သားဆီကို အလုပ်ရှင်လိုက်လာတယ်။ သားကဘာဖြစ် လို့လည်းမေးတော့ မင်းလုပ်တာမင်းသိမှာပေါ့ဆိုပြီး ရဲစခန်းကိုခေါ်သွားတယ်။ ရဲစခန်းရောက်တဲ့အခါ တာဝန်ကျအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်(၂)ဦးမှ ရိုက်နှက်စစ်ဆေးတယ်။ လက်ကိုလက်ထိပ့်ခက်၊ ခြေထောက်ကိုဆင်းခိုင်း၊ နံပါတ်တုတ်နဲ့ လှိမ့်တယ်။ လူတကိုယ်လုံးတတ်နင်းပြီး လှိမ့်တာ။ ကျောကုန်းနဲ့ နံရိုးတွေကို နံပါတ်တုတ်နဲ့ရိုက်တယ်။ သားလည်းမခံနိုင်လို့ အကျယ်ကြီးအော်ငိုတယ်။ ရဲတွေက သားပါးစပ်ထဲကို အ၀တ်စုပ်ထိုးထဲ့တယ်။ လည်ချောင်းထဲအထိရောက်တယ် သားအသက်ရှုတောင်မ၀ဘူး။ သူတို့သားကိုစစ်တာ ည(၁၂)နာရီလောက်ကနေ နံနက် (မိုးလင်း)တဲ့အထိ စစ်တယ်။ နောက်နေ့ နေ့လည်(၂)နာရီမှာ အမေသားကို လာခေါ်တော့ သားလမ်းမလျှောက်နိုင်တော့ဘူး။ ဆိုက္ကားနှင့်အိမ်ကိုပြန်လိုက် သွားရတယ်။ အိမ်ရောက်တော့ သားမသက်သာလို့ ဆေးရုံတက်ရသည့်အဖြစ်မျိုး ရောက်ရှိခဲ့ရပါသည်” ဟု ပြောကြားပါသည်။ သားဖြစ်သူ မောင်မင်းထက်အောင်အား လူမဆန်စွာရိုက်နှက်ခဲ့သည့် ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်(၂)ဦးအား ထိရောက်စွာ အရေးယူပေးရန်အောက်တိုဘာလ(၁၁)ရက်နေ့တွင် ဖခင်ဖြစ်သူ ဦးလှမင်းမှ ပဲခူးတိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ တိုင်စာပေး ပို့ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။ ကိုရှင်။။ ရေးသားသည်။ Shwe Myanmar

Read More...

Thursday 11 October 2012

ဘာကြောင့် အမျိုးသမီးတွေက အမျိုးသားတွေထက် အသက်ပိုရှည် ရသလဲ

လူတွေရဲ့ အသက်ရှည်နှုန်းက တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူညီဘဲ ကွဲပြားခြားနား နေပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံမှာ နေထိုင်သူတွေဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေထက်ပိုပြီး အသက်ရှည်ကြပါတယ်။ ဒါပေမဲ့ နိုင်ငံတိုင်းမှာ တူညီတဲ့အချက် တစ်ချက်ကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အသက်ပိုရှည်တယ် ဆိုတာပါပဲ။ အမျိုးသမီးတွေ အသက်ပိုရှည်ရခြင်းရဲ့ အကြောင်းရင်းတွေကို ပြောမယ်ဆိုရင် ပြောစရာတွေ အများကြီးပါပဲ။ အဲဒါကိုမှ ခြုံငုံပြီး ပြောရမယ်ဆိုရင် အဓိက အကြောင်းရင်း သုံးချက်ရှိပါတယ်။ တစ်စတစ်စ ပြောင်းလဲလာတဲ့ ဆင့်ကဲဖြစ်စဉ်၊ အပြုအမူနဲ့ ခန္ဓာကိုယ် ဇီဝဗေဒစတဲ့ အချက် သုံးချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဆင့်ကဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင် အမျိုးသမီးတွေဟာ သူတို့ရဲ့ ကလေးတွေကို ပြုစုပျိုးထောင်ဖို့အတွက် အသက်ရှင် နေထိုင်ဖို့ အကူအညီ ရရှိနေပေမယ့် အမျိုးသားတွေကတော့ ရုန်းကန်လှုပ်ရှား နေရပါတယ်။ အပြုအမူအရ ပြောရမယ်ဆိုရင် ဆယ်ကျော်သက် လူပျိုဖော်ဝင်စကနေ အသက် ၂၀ ကျော်အရွယ် အတွင်းမှာ အမျိုးသားတွေရဲ့ သေဆုံးနှုန်းဟာ အမျိုးသမီးတွေထက် သုံးဆပိုများတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအရွယ်တွေဟာ စွန့်စားရတာတွေကို နှစ်သက်ပြီး မဆင်မခြင်ဘဲ ပြုလုပ်ရတာတွေ၊ စိတ်လိုက်မာန်ပါ ပြုလုပ်တာတွေ များတာကြောင့် သေဆုံးနှုန်းများတာပဲ ဖြစ်ပါတယ်။ ဒီထက်ပိုကြီးတဲ့ အရွယ်တွေမှာလည်း အမျိုးသားတွေမှာ အပြုအမူကြောင့် သေဆုံးမှုတွေ များနေတာကို တွေ့ရပါတယ်။ ဆေးလိပ်၊ အရက်ကြောင့် ဖြစ်တဲ့ဝေဒနာ၊ ရောဂါတွေနဲ့ သေဆုံးမှုတွေကလည်း အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ နောက်ဆုံးအချက်ဖြစ်တဲ့ ဇီဝဗေဒအရ သဘာဝကိုက အမျိုးသမီးတွေကို အမျိုးသားတွေထက် အသက်ပိုရှည်စေကြောင်း တွေ့ရပါတယ်။ နှလုံးရောဂါဟာ အမျိုးသားတွေမှာ ပိုအဖြစ်များပြီး ဒီရောဂါက အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ သေဆုံးနှုန်းကို ကွဲပြားစေခဲ့တာပဲ ဖြစ်ပါတယ်။ ဒေါက်တာနုမြတ်

Read More...

Wednesday 10 October 2012

ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ကျော်ဇော ကွယ်လွန်


 ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော (အသက် ၉၃ နှစ်) သည် ယနေ့နံက် အစောပိုင်းက တရုတ်နိုင်ငံ ကူမင်းမြို့ ဆေးရုံတရုံတွင် ကွယ်လွန်သွားကြောင်း သမီး ဖြစ်သူ ဒေါက်တာ လှကျော်ဇောက ပြောသည်။ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင် ခဲ့သည့် ဗိုလ်မှူးချုပ် ကျော်ဇောသည် ၁၉၇၆ ခုနှစ် ခန့်က ရန်ကုန်မြို့ စမ်းချောင်းနေအိမ်မှ ဗမာပြည် ကွန်မြူနစ်ပါတီ အခြေစိုက် ရာ တရုတ်-မြန်မာ နယ်စပ်သို့ ထွက်ခွာခဲ့ပြီး တရုတ် နိုင်ငံ၌ နိုင်ငံရေး ခိုလှုံနေသူဖြစ်သည်။ ၎င်း၌ သားသမီး ၄ ဦးရှိရာ ကွယ်လွန်ချိန်တွင် ဦးအောင်ကျော်ဇော၊ ဒေါ်လှကျော်ဇော၊ ဒေါ်စန်းကျော်ဇော သားသမီး သုံးဦး သက်ရှိထင်ရှား ကျန်ရစ်ကြောင်း သိရသည်။ သားတဦး ဖြစ်သည့် ဦးကျော်ဇောဦးမှာ ကွယ်လွန်ခဲ့ပြီး ဖြစ်သည်။ Rest of your post

Read More...

ထိုင်းရောက် မြန်မာများနဲ့လူကုန်ကူးမှု


သန်းထိုက်ဦး


 ထိုင်းနိုင်ငံရောက် မြန်မာပြည်သားတချို့ဟာ မျှော်လင့်မထားတဲ့ အခက်အခဲတွေနဲ့ တွေ့ကြုံနေရပါတယ်။ ထိုင်းနိုင်ငံ တောင်ပိုင်း ချွန်ဘူရီမြို့နယ် လှေဆိပ်တခုမှာ ရောင်းစားခံရတော့မယ့် မြန်မာနိုင်ငံသား ၉ ယောက်ကို မကြာသေးခင် ရက်ပိုင်းက ကယ်တင်ခဲ့ပါတယ် လို့ http://www.dailynews.co.th/crime/159163 မှာ ရေးထားပါတယ်။ ဒီလ ၅ ရက်နေ့မှာ ကယ်လိုက်တာလို့ ဆိုပါတယ်။ “မြန်မာနိုင်ငံသား ၉ ယောက်ကို အတင်း အဓမ္မ အလုပ် လုပ်ခိုင်းပြီးတော့ ပိုက်ဆံ မပေးဘူး၊ နောက်ပြီးတော့ ထွက်ပြေးဖို့ ကြိုးစားမယ် ဆိုရင်လည်း နှိပ်စက်ခံရမယ်၊ ထမင်း မကျွေးဘူး ဆိုပြီးတော့ ခြိမ်းချောက်တာတွေ ရှိတယ်” လို့ ထိုင်းသတင်းမှာ ရေးထား ပါ တယ်။ သတင်းတွေ အရ ဆိုရင် လှေဆိပ်မှာ အရောင်းစားခံရသူတွေအထဲမှာ အသက် မပြည့်တဲ့ သူတွေ ပါတယ်၊ အများစုကတော့ အသက်၂၀ ကျော် အရွယ်တွေ ဖြစ်ကြတယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေ ဖြစ်ပါတယ် တဲ့။ ဒါနဲ့ဆက်စပ်ပြီးတော့ လူကုန်ကူးမှု ကျူးလွန်တယ်လို့ ယူဆရတဲ့ ထိုင်းနိုင်ငံသား ၂ ယောက်၊ လာအို နိုင်ငံသား ၁ ယောက် တို့ကို ဖမ်းလိုက်တယ်လို့ သတင်းက ဆိုပါတယ်။ အဖမ်းခံရတဲ့ လူတွေဟာ အသက် ၃၅ နဲ့ ၃၉ အရွယ်တွေ ဖြစ်ကြတယ်၊ လူကုန်ကူးမှု၊ တရားမ၀င် အလုပ်သမား လက်ခံမှုတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လ ၁၃ ရက်နေ့ကလည်း အဲဒီမြိ့နယ်မှာရှိတဲ့ အချောင် လှေဆိပ်မှာ ရောင်းစားခံထားရသူ မြန်မာ နိုင်ငံသား ၂၂ ယောက်ကိုလည်း ထိုင်းအာဏာပိုင်တွေက ကယ်တင်ခဲ့ပါသေးတယ်။ ထိုင်းအလုပ်ရှင်တွေထံမှာ အဲဒီလို ရောင်းစားတာတွေက မြန်မာပြည်သားတွေ အချင်းချင်းကြားထဲမှာလည်း ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မြန်မာပြည်သားတွေကတော့ ပွဲစားတွေကို အားကိုးပြီးတော့ ထိုင်းနိုင်ငံထဲ အဖမ်းအဆီး အစစ်အဆေးတွေ ရှိနေတဲ့ကြားက နေ့စဉ် နည်းမျိုးစုံနဲ့ ၀င်ရောက် အလုပ်အကိုင် ရှာဖွေနေကြဆဲပါပဲ။

Read More...

ထိုင်း-မြန်မာနယ်စပ် တက္ကသိုလ်သင်တန်းကျောင်းသားများ မြန်မာအစိုးရ စာစစ်ဌာနတွင် ဖြေဆိုခွင့်ပြု

ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများအား တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မြန်မာနိုင်ငံအစိုးရ စာစစ်ဌာနတွင် ယခုနှစ်မှ စတင်၍ ဖြေဆိုခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ပြောသည်။----
 သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ  
Rest of your post

Read More...

အရွယ်မရောက်သေးသော ၉နှစ်အမျိုးသမီးငယ်တဦး အားဓမ္မပြုကျင့်ခံရ


ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် အရွယ်မရောက် သည့် ၉နှစ်အရွယ်အမျိုးသမီးငယ် တဦး အား အားဓမ္မပြုကျင့် သူ ၂ဦးကို ယမန်နေ့က ရဲကဖမ်းဆီး ထိန်းသိမ်း လိုက်သည်ဟု နိုင်ငံပိုင် သတင်း တွင်ဖေါ်ပြသည်။ မုဒိမ်းမှုဖြင့် ဖမ်းခံထားသူ ၂ဦးမှာ ၇တန်းကျောင်းသား (Ruhul Amin)နှင့် ဆိုင်ရောင်းနေသူလူငယ် တဦးတို့ဖြစ်သည်ဟု ဆိုသည်။ “အောက်တိုဘာ ၇ရက်နေ့ တနင်္ဂနွေနေ့ ညနေ ၈နာရီမှာ အိမ်ပြင်ကိုထွက်တဲ့ အချိန်မှာ ဒီလူငယ်၂ဦး က အနီးအနား ခြုံပုတ်တခုသို့ ဆွဲငင်သွားပြီး မုဒိမ်းပြုကျင့်ခဲ့တာ ဖြစ်ပါတယ်” ဘာဒါရဲဌာနမှ AK Azad, sub-inspector ကဆိုသည်။ သူမ အိမ်ကိုရောက်သည့်အခါ မုဒိမ်ပြုကျင့်ခံရကြောင်း မိသားစုအား အသိပေး၍ ရဲဌာနသို့ သွား ရောက်အသိ ပေးခြင်းဖြစ်သည်။ မုဒိမ်းပြု ကျင့်ခံရ၍ အခြေအနေ ဆိုးဝါးခဲ့သော အဆိုပါ မိန်းကလေးငယ်ကို ယခုအခါ Centre at Dhaka Medical College Hospital၌ ဆေးကုသမှု ခံယူနေ သည်ဟု ဆိုသည်။ မုဒိမ်မှုနှင့် ပတ်သက်၍ ရဲဌာနမှ ဖမ်းဆီးထားသော လူငယ် ၂ဦးအား ပြုကျင့်ခံရသည့် မိန်းကလေး မိသားစုဘက်မှ အမှုဖွင့်ထားသည်ဟု ဆိုသည်။ ဖမ်းဆီးခံ ထားရသော လူငယ် ၂ဦးဘက်မှ အဆိုပါ မှုခင်းကိစ္စနှင့် ပတ်သက်၍ ပါဝင်မှုမရှိကြောင်း ငြင်းဆိုခဲ့သည်ဟု ဆိုသည်။ ရွှေမြန်မာမီဒီယာဂရု

Read More...

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ မြန်မာနိုင်ငံထဲသို့ ပြန်လည်ဝင်ရောက် လုပ်ကိုင်မှုများပြားလာ


ထိုင်းနိုင်ငံတွင်လုပ်အားခနည်းပါးလာမှုနဲ့ လူနေမှုအသုံးစရိတ် မြင့်မားလာခြင်းကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ မိမိနိုင်ငံမှ စက်ရုံများသို့ ပြန်လည်သွားရောက် လုပ်ကိုင်မှု များပြားလာကြောင်း သိရှိရသည်။ မြန်မာနိုင်ငံအတွင်း ပုဂ္ဂလိက စက်ရုံများတွင် လုပ်အားခ တစ်လကို ကျပ်ငွေ ၈၀၀၀၀မှ ၁၀၀၀၀၀အထိရရှိခြင်းနှင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နှင့် ပတ်ဝန်းကျင်မြို့များတွင် လုပ်အားခ တစ်လကို ဘတ်ငွေ ၃၀၀၀မှ ၄၀၀၀အထိ ရရှိရန် အလွန်ခက်ခဲသောကြောင့် ရွှေပြောင်းအလုပ်သမားများအနေဖြင့် မိမိနိုင်ငံတွင်သာ ပြန်လည်အလုပ်လုပ်ကိုင်ရန် သွားရောက်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ "အလုပ်သမားတွေက ပဲခူးနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပုဂ္ဂလိကပိုင် စက်ရုံတွေ အလုပ်လုပ်ဖို့ ပြန်ကြတာများတယ်၊ တစ်ချို့ကျတော့လည်း မြန်မာနိုင်ငံရဲ့အခြေအနေကို အသေချာမသိလို့ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ဖို့ထွက်လာကြတဲ့သူတွေရှိပါတယ်။ ထိုင်းနိုင်ငံမှာ အရင်ကတည်းက အလုပ်လုပ်ကိုင်နေတဲ့သူတွေကျတော့ ထိုင်းမှာရတဲ့လစာနဲ့ မြန်မာမှာရတဲ့လစာ သိပ်မကွာတော့ ပြန်သွားကြတာတွေများပါတယ်"ဟု မြန်မာရွေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသူ ကိုမိုးကြိုးက ပြောသည်။ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်၍ ရရှိသော လုပ်အားခနှင့် ထိုင်းနိုင်ငံအတွင်း စားဝတ်နေရေး၊ လုံခြုံရေးနှင့် တရားဝင် ယာယီအလုပ်သမားပါ့စ်ပို့များ၏ ကုန်ကျစရိတ်များကို မကာမိသည့်အတွက် ယခုကဲ့သို့ မြန်မာပြည်တွင်း ပြန်လည်ဝင်ရောက်ကြရခြင်းဖြစ်ကြောင်း သိရှိရသည်။ ယခုအခါ ထိုင်းနိုင်ငံအတွင်းမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ပဲခူး၊ ရန်ကုန်ရှိ စက်ရုံများနှင့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းများသို့သွားရောက် အလုပ်လုပ်ကိုင်သူများရှိကြောင်း သိရှိရသည်။ "အခုထားဝယ်ရေနက်ဆိပ်ကမ်းမှာဆိုရင် နေ့စားခ တစ်နေ့ကို ဘတ်ငွေ ၃၀၀ရတယ်၊ ဒါပေမယ့် တစ်ချို့ကျတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ကို ယုံကြည်မှုမရှိကြတဲ့အတွက် သွားပြီးမလုပ်ကြတာတွေလည်းရှိတယ်၊ ထိုင်းငံထဲမှာဆိုတော့ နိုင်ငံရပ်ခြားမှာ သွားပြီးအလုပ်လုပ်ရမယ်ဆိုတော့ ထိုင်းနိုင်ငံရဲ့အခြေအနေကိုမသိဘဲ လာရောက်လုပ်ကိုင်ကြတာတွေလည်းရှိတယ်။ ပြီးတော့ ထားဝယ်ရေနက် ဆိပ်ကမ်းမှာက ထိုင်းနိုင်ငံလောက် အလုပ်သမားကျန်းမာရေးစောင့်ရှောက်မှုတွေ မကောင်းဘူးလို့ ကျနော်တို့သိရှိရပါတယ်"ဟု ကိုမိုးကြိုးမှ ဆက်ပြောသည်။ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများနှင့်ပက်သက်၍ ဥပဒေများမှာ အလွန်တရာမှ တင်းကျပ်ပြီး၊ အလုပ်သမားများ၏အခွင့်အရေးထက် ထိုင်းနိုင်ငံသား အလုပ်ရှင်များ၏ အခွင့်အရေးမှာ ပိုမိုများပြားကြောင်း သိရှိရသည်။ By Arakan Times

Read More...

Tuesday 9 October 2012

ကလေးတစ်ယောက် သိန်း(၃၀)ပေးမည့် တရုတ်အမျိုးသားများ

မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသားများက ကလေးတစ်ယောက်မွေးဖွားပေးလျှင် သိန်း သုံးဆယ် ပေးမည်ဟု လိင်ပိုင်းဆိုင်ရာ လူကုန်ကူးရန် စည်းရုံးမှုများ ခေတ်စားလာကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့က သိရှိရသည်။ “ကလေးတစ်ယောက် မွေးပေးရမယ်။ တရုတ် အမျိုးသားနဲ့ လက်ထပ်ရမယ်။ သိန်းသုံးဆယ် ရမယ်။ပြန်လာ ရမယ်ဆိုပြီး သဘောတူညီချက် ယူပြီးလုပ်တာ အများကြီးပဲ” ဟု လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးအဖွဲ့မှ ဒုတိယရဲမှူးကြီး ညွန့်လှိုင်က ပြောသည်။ ယင်းလူကုန်ကူးမှုကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံမှ အဆင့်မြင့် အရာရှိများနှင့် တရုတ်သမ္မတ နိုင်ငံမှအဆင့်မြင့် အရာရှိများ အောက်တိုဘာလအတွင်းတွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးအဖွဲ့မှ သိရှိရသည်။ ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာလ (၂၇) ရက်နေ့ကလည်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ အဖွဲ့ များက ရန်ကုန်မြို့ ပန်ဒါဟိုတယ်တွင် လူကုန်ကူးမှု ဥပဒေများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲများလည်း ပြုလုပ်ခဲ့သည်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံရှိ အမျိုးသားဦးရေနှင့် အမျိုးသမီးဦးရေကွာဟမှုကြောင့် မြန်မာနိုင်ငံမှ အမျိုးသမီးများသည် ဈေးကွက် တစ်ခုသဖွယ်ဖြစ်လာပြီး တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ လူကုန်ကူးမှု များတွင်တရုတ်အမျိုးသားများ အတွက် မြန်မာ အမျိုးသမီးများကို အဓမ္မ ထိမ်းမြားစေခြင်းမှာ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိရှိကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့များက သိရှိရသည်။ လက်ရှိတွင် တရုတ်နိုင်ငံ၏ အမျိုးသမီးလိုအက်ချက်ဦးရေမှာ သန်း ၂၀၀ လောက်ရှိနေကြောင်း ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ ဒေါ်လှလှစိုးက ဆိုသည်။ ယင်းသို့ လူကုန်ကူးမှုများမဖြစ်စေရန် မန္တလေး၊ လားရှိုး၊ မူဆယ် နယ်စပ်ဒေသတို့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လိုက်လံတားဆီးလျှက်ရှိကြောင်း ဒုရဲမှူးကြီး ညွှန့်လှိုင်က ဆိုသည်။ မြန်မာနိုင်ငံမှ အမျိုးသမီးများ လူကုန်ကူးရောင်းစားခံရမှု အများဆုံးနိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး ၎င်း နိုင်ငံတွင် လူကုန်ကူးမှု ၈၄ ရာခိုင်နှုန်းရှိကြောင်း၊ လူကုန်ကူးခံရမှုအမျိုးအစားများတွင် အဓမ္မထိမ်းမြား ခြင်းမှာ (၆၀) ရာခိုင်နှုန်း ရှိကြောင်း မြန်မာအစိုးရကဘက်က တရားဝင်ထုတ်ပြန်ထားသည်။ By MyitMakha Media Group

Read More...

နေ့ လည်ကျောင်းဆင်း ထမင်းစားနားချိန်တွင် ချောင်းဦးရွာမူလတန်းကျောင်း မီးလောင်ခံရ


 အောက်တိုဘာ ၂ရက်နေ့ က နေ့ လည်ပိုင်းထမင်းစားကျောင်းဆင်း ချိန်တွင် စစ်ကိုင်းမြို့ နယ်၊ မယ်ဇလီ ချောင်း အုပ်စု၊ ချောင်းဦးကျေးရွာ အခြေခံပညာမူလတန်း ကျောင်းမှာ နေ့ ၁၂နာရီ ၂ဝ အချိန်က မီးလောင်ခံ ရကြောင်း သိရသည်။ ယင်း မီးလောင် မှုမှာ ၄၅မိနစ်ခန့်ကြာမြင့်ပြီး အဆောက် အဦး တစ်ခုလုံး မီးလောင် ကျွမ်း ခံရပြီးမှ မီးငြိမ်းသွားခြင်း ဖြစ်သည်။ မီးလောင်ခံရသော အဆောက်အဦး မှာ အလျား ၄၅ပေ၊ အနံ ၁၈ပေအရွယ်ရှိ သွပ်မိုး၊ ထရံကာအဆောက် အဦး ဖြစ်သည်။ ''မီးလောင်တာက ဆရာမတွေရော၊ ကျောင်းသား၊ ကျောင်းသူတွေမရှိချိန်မှာ လောင်တာ။ မီးလောင်ချိန်မှာ အနားမကပ်နိုင်လို့ မငြိမ်းသတ်နိုင်ဘဲဖြစ်ရတယ်။ ဒီကျောင်းကို ၁၉၈၈ ကဆောက်လုပ်ခဲ့တာပါ။ အစက ဝါးကပ်မိုး၊ ထရံကာပါ။ ကျောင်း အုပ်ဆရာမ ကြီး ဒေါ်ဌေးဌေးဆင့် လက်ထက်မှာ သွပ်မိုးဖြစ်လာတာပါ။ စာသင်ဆောင်တစ်ခုလုံး အလောင်ခံရသလို ထိုင်ခုံ ၁ရလုံး၊ ဗီရိုတွေနဲ့ ကလေးတွေရဲ့ လွယ်အိတ် ၁၄လုံးလည်း မီးလောင်တဲ့အထဲ ပါသွား ပါတယ်။''ဟု ချောင်း ဦး ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးကျော်လေးကပြောသည်။ ချောင်းဦးကျေးရွာမှာ စစ်ကိုင်းမြို့နှင့် ၁၇ မိုင်ခန့်အကွာတွင်ရှိပြီး ဧရာဝတီမြစ် ကမ်းနံဘေးရှိ ရွာဖြစ်သည်။ အိမ်ခြေ ၅ဝရှိပြီး အ.မ.ကကျောင်းတွင် ကျောင်းအုပ်ဆရာမတစ်ဦး၊ လက်ထောက် ဆရာမတစ်ဦး တို့က ကျောင်းသား၊ ကျောင်းသူ ၃၁ ဦးတို့  အား စာသင်ကြားပေး လျက်ရှိသည်။ မီးလောင်ကျွမ်းမှု ကိစ္စနှင့်ပတ်သတ်၍ စစ်ကိုင်းမြို့ နယ်၊ မင်းကွန်းရဲစခန်းမှ လူမရှိချိန်တွင် လောင်ကျွမ်းခြင်း ဖြစ်သဖြင့် မသင်္ကာသူ မယ်ဇလီချောင်းကျေးရွာမှ လူတစ်ဦးကို ခေါ်ယူ စစ် ဆေး မေးမြန်း လျက်ရှိကြောင်း သိရသည်။ 'ကျောင်းအုပ် ဆရာမကြီး ဒေါ်ချောစုလှိုင်ဆိုရင် ကျောင်းမီးလောင်ခံရလို့ ငိုရှာတယ်။ ရွာကအိမ်ခြေနည်းတဲ့ရွာဖြစ်တာတကြောင်း၊လက်လုပ်လက်စားဆင်းရဲသားတွေ နေတဲ့ရွာဖြစ်တာ ကြောင့် ကျောင်းသစ်ဆောက်ဖို့ မလွယ်ပါဘူး။ အောက် တိုဘာ ၄ရက်နေ့က အလှူခံရတဲ့ငွေရယ်၊ လာရောက်လှူဒါန်း တဲ့ငွေရယ်ပေါင်းပြီး ၄ခန်း၊ ၂ခန်းယာယီကျောင်းဆောင်လေး ဆောက်ထား ပါတယ်။ အခြေအနေပေးမယ်ဆိုရင် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ် မှာပါ။ စာသင်ခုံ နဲ့ ထိုင်ခုံတွေ လည်း မယ်ဇလီချောင်းနဲ့ ချောင်းဦးရွာကလှူလို့ ထိုက်သင့် သလောက် ရပြီးပါပြီ။''ဟု မယ်ဇလီချောင်း ကျေးရွာမှ ရာအိမ်မှူးဦးဆွေ ကပြောသည်။ By Yangon Media Group

Read More...

Monday 8 October 2012

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းပြောင်းရွှေ့ခံ ရွာသားတွေ ရဲ တိုင်ချက်ဖွင့်

နေ့လည် ၁နာရီကျော်ကစပြီး လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် ပြောင်းရွှေ့ ခံရတဲ့ ကျေးရွာတွေ လယ်မြေသိမ်း ခံထားရတဲ့ ကျေးရွာတွေက ဒေသခံအင်အား ၂၀၀၀ကျော်ဟာ ဆားလင်းကြီး မြို့နယ် ရဲစခန်းကို လာရောက်အမူဖွင်ခဲ့တာပါ။ ဆည်တဲရွာက ရွာသူ မရီဝင်း ပြောပြတာက “တရုတ်ဝမ်ပေါင်ကုမ္မဏီနဲ့ မြန်မာဦးပိုင်လီမိတက်တို့က ကျေးရွာသူ ကျေးရွာသားများရဲ့ လယ်ပေါ်ကို ရေစာတွေပုံခြင်း၊ အဆောက်အဦးများကို ဆောက်ခြင်း၊ အဲ့တာတွေကို လယ်သမားများ သွားရောက်တားတဲ့ အခါကျတော့ ဆဲရေးခြင်း၊ မဖွယ်မရာပြုခြင်းတို့ကို အဲ့တာက တချက်၊ တရားစွဲတာ။ နောက်ပြီးကျတော့ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်၊ မြန်မာကုမ္မဏီ ဦးပိုင်တာဝန်ခံ ဦးမြင့်အောင် ခိုင်းစေချက်အရ ဘာမှမသိတဲ့ ဆည်တဲ၊ ဝက်မှေး၊ ကန်တော၊ ဇီးတောရွာတွေကို ၁၄၄ ပုဒ်မချထားတာ တချက်၊ နောက်တချက်ကျတော့ မြန်မာ့ဦးပိုင်ကုမ္ပဏီလီမိတက်မှ ဦးမြင့်အောင်၊ ဦးကျော်သက်မိုး၊ ဦးအောင်ကျော်ကျော်တို့က မိမိလယ်ယာမြေတွေထဲကို မတရားကျူးကျော်သိမ်းပိုက်တာကို အထက်ပါသုံးဦးကို တရားစွဲဆိုခြင်း၊ အဲ့သုံးချက်ပါ အမ။ ရဲစခန်းကတော့ သိပ်အထူးအထွေတော့ မပြောဘူး။ သူတို့က ဒီတိုင်တန်းချက်ကို လက်ခံလိုက်တယ်လို့ပဲ ပြောတယ်။ သူတို့ တိုင်တန်းချက်ကို လက်ခံသည်၊ လက်မခံသည် အဖြေကို မနက်ဖြန် ညနေ လေးနာရီမှာ ဖြေမယ်လို့ ပြောပါတယ်။” ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ပတ်သတ်ပြီး လက်ပန်းတောင်အရေး လုပ်ဆောင်နေသူ ကျောင်သားခေါင်းဆောင် ကိုဟန်ဝင်းအောင်က အခုလိုပြောပါတယ်။ “ စက်တင်ဘာလ ၂၈ရက်နေ့က နိုင်ငံတော်သမ္မတကြီးက သတင်းမီဒီယာတွေနဲ့ပြောတဲ့အခါမှာ ဒီရွာတွေ မရွှေ့ပြောင်းချင်ရင်လည်း မရွှေ့ပြောင်းဖို့နဲ့ နေရာတွေသတ်မှတ်ပြီး နေပါစေဆိုပြီး သူညွန်ကြားခဲ့ပါတယ် ပြောတယ်။ အဲ့သလို ညွန်ကြားချက် ရှိပါရက်နဲ့ ဆားလင်းကြီးမြို့နယ်ဦးဇော်မိုးအောင်က ပုဒ်မ ၁၄၄ကို သူ တာဝန်ခံ ထုတ်ပြန်တယ်။ ၈လပိုင်း ၂၀ရက်နေ့က ဦးပိုင်ကနေပြီးတော့ ဒီရွာတွေကို မဖြစ်မနေ ရွှေ့ပြောင်းရမယ် လို့ ပြောတဲ့အတွက် ဒါဟာ တကယ့်ကို ပြည်ထောင်စု အစိုးရ ရဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ အမိန့်ကို ဖီဆန်ပြီးတော့ အာဏာ အလွဲသုံးစား လုပ်ပြီးတော့ ကျေးရွာတွေကို ပုဒ်မ ၁၄၄ ထုတ်ပြန်တယ်။ စာတွေဝေတယ်။ ရွာသားတွေက ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးကို အမှုဖွင့်တာပါ။" လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကို ရပ်တန့်စေချင်တာကတော့ ရှေ့ကလုပ်ခဲ့တဲ့ စံပယ်တောင် ကြေးစင်တောင် စီမံကိန်းတွေရဲ့ အကျိုးဆက်တွေကြောင့်ဆိုပြီး ဒေသခံတွေက ဆိုပါတယ်။ “ကျမတို့ ဆန္ဒကတော့ လက်ပန်းတောင် ကြေးနီတောင် စီမံကိန်းကြီး ချက်ခြင်းရပ်ပေးဖို့ပဲ။ သူတို့ကတော့ ဒီလက်ပန်းတောင် ကြေးနီစီမံကိန်းကြီး ရပ်မပေးဘူးဆိုရင်တော့ ကျမတို့ကလည်း ရပ်ဆိုင်းတဲ့အချိန်အထိ ဆန္ဒ ဖော်ထုတ်ပြရမှာပဲ သူတို့ကို။ အခုလောလောဆယ်ကတော့ ကျမတို့က ကြေးနီတောင်နဲ့ စံပါယ်တောင်ကို ကြည့်ပြီးတော့လေ ဒီလက်ပန်းတောင်ကြီးကို ဘယ်နည်းနဲ့မှကို မလုပ်စေချင်ပါဘူး။ ချက်ခြင်းကိုပဲ ရပ်ဆိုင်းစေချင်ပါတယ်။ တကယ်လို့များ အမတို့ဖြစ်နိုင်လို့ရှိရင် ဒီကြေးစင်တောင်ရယ် စံပါယ်တောင်ရယ်ကို လာပြီးတော့ စုံစမ်းစေချင်ပါတယ်။ လေတင်နဲ့လေအောက်ကို မနေနိုင်ပါဘူး။ အက်ဆစ်အနံ့တွေက ပြန့်နေလို့ပါ။ စပါယ်တောင်၊ ကြေးနီတောင် နားနေတဲ့ ရွာနားနီးချင်းတွေဆို တော်တော်လေးကို ကျန်းမာရေး ထိခိုက်နေပါတယ်။ အခုကင်ဆာရောဂါဖြစ်နေတယ်။ သေတဲ့သူလည်း ၁၅ဦးလောက်တော့ ရှိသွားပြီ။ အခုလောလောဆယ် ကလေးတွေလည်း အကြောတွေ မသန်မစွမ်းတာတွေ တချို့လည်း အောက်ပိုင်းသေးပြီး ခေါင်းကြီးတာတွေ ဒါမျိုးတွေလည်း ဖြစ်နေပါတယ်။” မြန်မာနိုင်ငံ ၀ိဇ္ဇာသိပံ္ပတက္ကသိုလ်ကျောင်းသားများကွန်ယက်က ဒုတိယတာဝန်ခံ ကိုသော်ဇင် ကတော့ ဒေသခံတွေ ကို အကူအညီပေးခဲ့ပြီး ရဲစခန်းထိ လိုက်ပါ သွားရောက်ခဲ့ပါတယ်။ ရဲစခန်းရှေ့မှာ ညနေထိ ရွာပေါင်း ၁၄ ရွာက လူအင်အား ၂၀၀၀ကျော် လာရောက်နေပြီး ဆက်လက်လာနေဆဲဖြစ်တယ်လို့ဆိုပါတယ်။ “ဟုတ်ကဲ့။ အခု ရဲစခန်းရှေ့မှာတော့ လူနှစ်ထောင် ကျော်လောက် ရှိတယ်ခင်ဗျ။ လူနှစ်ထောင် ကျော်ကျော် လောက်က အခုကျနော်တို့ တရွာချင်း တရွာချင်းအလိုက်၊ တရားစွဲဆိုမှုတွေ ပြုလုပ်နေတယ်။ လက်မှတ်တွေ ထိုးတယ်။ ဒီအမှုဆက်ဖွင့်တယ်ပေါ့။ အမှုဆက်ဖွင့်တဲ့အခါကျတော့ တိုင်ကြားစာကိုတော့ လက်ခံပါတယ်။ လောလောဆယ် အမှုအားဖြင့် ကျနော် ဖွင့်ပေးလို့ရမရ ဆိုတာတော့ ကျနော်ပြန်ပြီးတော့ တိုင်ပင်ရဦးမယ်။ ပြန်ကြည့်ရဦးမယ်ပေါ့။ ပြန်ကြည့်ရဦးမယ်ဆိုတာက မနက်ဖြန်ကို လေးနာရီပြန်ချိန်းထားတယ်။ ဘယ်အမှု၊ ဘယ်အမှုကတော့ စွဲလို့ရတယ်။ ဘယ်အမှု၊ ဘယ်အမှုကတော့ စွဲလို့မရဘူး။ လူတအုပ်လုံးကြီးကိုတော့ လက်မခံဘူး။ တရွာကို ငါးယောက်လောက်ပဲ အမှုလက်ခံတယ်။ တရွာကို ငါးယောက်လောက်ဆိုတာကလည်း တရွာချင်း၊ တရွာချင်း လက်ခံတာပါ။ ၁၄ရွာရှိသွားပြီ။ လာနေတဲ့သူတွေလည်း ရှိသေးတယ်ခင်ဗျ။” လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းကိုတရုတ်ကုမ္မဏီဖြစ်တဲ့ မြန်မာဝမ်ပေါင်ကုမ္မဏ်ီနဲ့ မြန်မာ စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမီတက်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီစီမံကိန်း ကနေ ဒေသခံ လယ်မြေဧက ၇၈၀၀ ကျော် သိမ်းယူခဲ့ပြီး ရွာပေါင်း၎ရွာကို ဖယ်ရှားခိုင်း ခဲ့တာ ဖြစ်ပါတယ်။ မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီ ကတော့ ဒီစီမံကိန်းကို ရပ်တန့်မှာမဟုတ်ဘူး ဆိုပြီး မကြာသေးခင်ကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။ By VOA

Read More...

ကျေးရွာ အုပ်ချုပ်ရေးမှူး သားက ရေတပ်သားလို အယောင်ဆောင်ပြီး အရပ်သားတစ်ဦးကို ဖမ်းဆီး နှိပ်စက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျေးရွာ တစ်ခုမှ အုပ်ချုပ်ရေးမှူး သားတစ်ဦးသည် သူ၏ အပေါင်းအဖေါ် (၉) ဦးနှင့် အတူ ရေတပ်သားဟန်ဆောင်ပြီး အရပ်သား တစ်ဦးကို ဖမ်းဆီးကာ ပြင်းပြင်းထန်ထန် နှိပ်စက် ညှဉ်းပမ်းခဲ့သည်ဟု သတင်း ရရှိသည်။ ဖမ်းဆီးနှိပ်စက်ခံရသူမှာ အမ်းမြို့ တပ်တောင် ရွာမှ ဦးမောင်ခိုင်စိုး ဖြစ်ပြီး သူ့အား ကျောက်ဖြူမြို့နယ် ငသန့်သာကျွန်းတွင် ပိုက်ချနေစဉ် ဖမ်းဆီးခေါ်ဆောင် နှိပ်စက်ခံရခြင်း ဖြစ်ကြောင်း နိရဉ္စရာမှ ဆက်သွယ် မေးမြန်းစဉ် ဖုံးထဲမှ တဆင့် ဖြေကြားခဲ့သည်။ “ ကျွန်တော်ကို ဖမ်းဆီးနှိပ်စက်တာပါ။ သူတို့ထဲက လူနှစ်ယောက်က ရေတပ်က ဆရာကြီးတွေဆိုပြီး ကျွန်တော်ကို စစ်ဆေး မေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်ယူသွားပါတယ်။ စက်လှေပေါ်ကို ရောက်တာနဲ့ ကျွန်တော်ကို ချည်နှောင်ပြီး အသားကုန် နှိပ်စက်ပါတယ်။ လည်ပင်းပေါ်ကို ဓါးတင်ပြီလည်း လိုတဲ့ဆုကို တောင်း၊ ဒီနေ့ဟာ ခင်ဗျားရဲ့ နောက်ဆုံးနေ့လို့ ပြောပါတယ်။ ကျွန်တော်ကတော့ ငါသေသွားရင် ဥပဒေက ရှင်းပေးလိမ့်မယ်လို့ ပြန်ပြောပါတယ်။ စက်လှေနဲ့ ကျွန်တော်ကို အသိုင်းကြီး ကျေးရွာကို ခေါ်သွားခဲ့ပါတယ်။ ကျွန်တော်ကို ညနေ ၈ နာရီမှာ ဖမ်းခေါ်ခံခဲ့ရတာ ဖြစ်ပါတယ်” ဟု ဦးမောင်ခိုင်စိုးက ပြောသည်။ သူတို့က ဘာကြောင့်ခုလို နှိပ်စက်ရပါသလဲဟု မေးမြန်းရာ ဦးမောင်ခိုင်စိုးက ယခုလို ဆက်ပြောသည်။ “ ကျွန်တော်က သူတို့ကို ငွေမလှူဘဲ အသိုင်းကြီးရွာ ဘုရားဂေါပကကို ငွေလှူတဲ့ အတွက် ဖြစ်ပါတယ်။ ကျွန်တော်က မော်လာပိုက်ချတိုင်း အသိုင်းကြီးရွာ ဂေါပကို ငွေ ၅၀၀၀ စီ လှူပါတယ်။ အဲဒါကို သူတို့ကို မလှူရကောင်းလားဆိုပြီး ဖမ်းဆီးပြီး နှိပ်စက်တာ ဖြစ်ပါတယ်။ တစ်ခြား သူတို့နဲ့ ဘာပြဿနာမှ မရှိပါ” ဟု ဆိုသည်။ ရေတပ်သား အယောင်ဆောင်ပြီး ဖမ်းဆီးနှိပ်စက်သူမှာ ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး သားဖြစ်ကြောင်း သူက ပြောသည်။ “ သူတို့က အသိုင်းကြီးရွာကို ခေါ်ယူသွားပြီး ကျွန်တော် မျက်နာကို လက်သီးတွေနဲ့ထိုး၊ ခြေထောက်တွေနဲ့ကန် အဲသလို လုပ်နေစဉ်မှာ မမြင်နိုင်တဲ့ ဘုရား ဂေါပကကနေ ဒီငွေဟာ မင်းတို့နဲ့ မဆိုင်ဘူး။ ငါတို့ ဘုရားဂေါပကို လှူတာသာ ဖြစ်တယ်လို့ ၀င်ပြောတဲ့ အတွက် သူ့ကိုလည်း ၀ိုင်းပြီး လက်သီးတွေနဲ့ ထိုးတဲ့အတွက် ဒဏ်ရာရပြီး ဆေးရုံပို့လိုက်ရပါတယ်” ဟု သူက ဆက်ပြောသည်။ ယခုကဲ့သို့ ဖမ်းဆီးနှိပ်စက်ခြင်းမှာ တစ်ခြားအကြောင်းအရာ မရှိဘဲ သူတို့အား ငွေမလှူသဖြင့် အာဏာပြ နိုင်ထက် စီးနှင်း ပြုလုပ်ခြင်း ဖြစ်ကြောင်း သူက ပြောသည်။ ဦးမောင်ခိုင်စိုးအား အသိုင်းကြီးကျေးရွာမှ တဆင့် ဇင်ကျွန်းကျေးရွာရှိ အုပ်ချုပ်ရေးမှူး အိမ်သို့ စက်လှေဖြင့် ဆက်လက် ခေါ်ယူလာခဲ့ကြောင်း၊ ရွာကို စက်တင်္ဘာလ ၃၀ ရက်နေ့ နံနက် အာရုံတက်ချိန် ၂ နာရီမှာ ရောက်ရှိကြောင်း၊ ဇင်ကျွန်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှာ အိမ်တွင် မရှိဘဲ ဇနီးသာ ရှိနေသဖြင့် ဇနီးဖြစ်သူ နှင့် နောက်ထပ် အုပ်ချုပ်ရေးအဖွဲ့ဝင် လူကြီးနှစ်ဦးမှ အမူမလုပ်ကြောင်း၊ ကျေအေးကြောင်း လက်မှတ် ရေးထိုး ပေးလိုက်ပြီးမှ ဦးမောင်ခိုင်စိုးကို လွှတ်ပေးလိုက်သည်ဟု ဆိုသည်။ “ ကျွန်တော်လည်း လက်မှတ်ရေးထိုးခိုင်းပါတယ်။ ကျွန်တော်လည်း စကားထပ်မများချင်တာနဲ့ လက်မှတ်ရေးထိုးပေးလိုက်ပါတယ်။ အခု ရပ်ရွာက လူကြီးတွေရဲ့ အကူအညီနဲ့ ပြည်နယ် အစိုးရ အပါအ၀င် နိုင်ငံရေး ပါတီတွေကို တိုင်ကြားထားလိုက်ပါပြီ” ဟု ဦးမောင်ခိုင်စိုးက ပြောသည်။ နောက်ဆုံး ရရှိသော သတင်းအရ အသိုင်းကြီးကျေးရွာမှ အရိုက်ခံရပြီး ဆေးရုံတင်ခဲ့ရသူ ဘုရားဂေါပ လူကြီး သားမှ တရားစွဲဆိုမည် ဖြစ်သဖြင့် သက်သေ အဖြစ် လိုက်ပါ ဆောင်ရွက်ပေးရန် ဦးမောင်ခိုင်စိုးကို ယမန်နေ့က ဖုံးဆက် အကြောင်းကြားလာသည်ဟု ကျေးရွာ လူကြီး တစ်ဦးကလည်း နိရဉ္စရာသို့ ပြောပြသည်။ By Narinjara

Read More...

မြစ်ကြီးနားမြို့တွင် အုပ်စုဖွဲ့သားမယား ပြုကျင့်သူများအား ဖမ်းဆီးရမိ

၁။ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃ ရက် ည ၉ နာရီ ၅ မိနစ်တွင် မြစ်ကြီးနားမြို့၊ ကြာရာပတ္တီး (ဘီ) နယ်မြေ၊ တပ်ကုန်း ရပ်ကွက်၊ ဦးချစ်ဆွေ၏ ရာဘာခြံဝင်း အတွင်းရှိ နေအိမ်တွင် နေထိုင်သော ဒေါ်----- (၄၀)နှစ် (ဘ) ဦးဖုန်းငို၊ ရာဘာခြံ အလုပ်သမသည် သား(၂)ဦး၊ အမီး(၃) ဦးတို့ နှင့် အတူ အိပ်ပျော်နေစဉ် နေအိမ်ပေါ်သို့ လူတက်လာသံကြား၍ လန့်နိုးပြီး ကြည့်ရှုရာ နေအိမ်ပေါ်၌ အမည် မသိလူ (၁) ဦး၊ နေအိမ် အနောက်ဘက်တွင် အမည်မသိ လူ(၂)ဦး၊ နေအိမ် အရှေ့ဘက် ထိုင်ခုံတွင် မျက်နှာအား ပုဆိုးစည်း ထားသော လူ(၁)ဦး၊ ရာဘာခြံ အပြင်ဘက်တွင် အမည်မသိ လူ (၂) ဦး၊ ပေါင်း (၆) ဦးအား ဓားကိုယ်စီ ကိုင်ဆောင် ထားသည်ကို တွေ့ရှိခဲ့ပြီး လူ (၃) ဦးမှာ ဒေါ်------နှင့် သမီးအကြီး ဖြစ်သူ ------- (၁၄)နှစ်၊ (ဘ) ဦးသန်းလွင်၊ ရာဘာခြံ အလုပ်သမ (၂) ဦးတို့ အား ဒေါ်------၏ နေအိမ် အနောက်ဘက်တွင် ရှိသော ဒေါ်------- (၃၀) နှစ် (ဘ) ဦးတင်ထွန်း၊ ရာဘာခြံ အလုပ်သမ၏ နေအိမ်သို့ ခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။ ၂။ ဒေါ်-------၏ နေအိမ်သို့ ရောက်ရှိသောအခါ နေအိမ် အတွင်း ခင်ပွန်းဖြစ်သူ ဦးချစ်ဝေ၊ ကလေးငယ် (၂) ဦးနှင့် အိပ်ပျော်နေစဉ် အဆိုပါ လူ(၃)ဦးမှ တံခါးအား တွန်းဖွင့်ပြီး “အိမ်ရှင် တို့ ထကြထကြ” ဟု အော်နှိုးခဲ့ သဖြင့် ဦးချစ်ဝေမှ သောင်းကျန်းသူအဖွဲ့ဟု ထင်မှတ်ကာ ထွက်ပြေး သွားခဲ့ပြီး ဒေါ်------နှင့် ဒေါ်------တို့ သားအမိအား ”ပိုက်ဆံပေး ရင်ပေး၊ မပေးရင် လူခေါ်သွားမည်” ဟု ပြောဆိုသဖြင့် ဒေါ်-----မှ ပိုက်ဆံ ချေးပေးမည်ဟု ပြောပြီး ခြံအပြင်သို့ ထွက်ခွာသွားခဲ့ရာ လူ(၁)ဦးမှ ဒေါ်----၏ နောက် လိုက်သွား ခဲ့ကြောင်း၊ ကျန်လူ (၂)ဦး အနက် (၁)ဦးမှ ဒေါ်------အား ခဏလိုက်ခဲ့ဦး ဟုပြောကာ ရာဘာခြံ အပြင်ဘက်သို့ ခေါ်ဆောင်သွား ခဲ့ပြီး ခြံဝတွင် သားမယား အဖြစ် (၁)ကြိမ် ပြုကျင့်၍ ၎င်းလူနှင့် ရာဘာခြံ အပြင်ဘက်တွင် စောင့်နေသူ (၂)ဦးတို့မှ ပေ ၁၀၀ ခန့် ဝေးသော လမ်းကြား တစ်ခုသို့ ခေါ်ဆောင် သွားခဲ့ပြီး ပထမ ပြုကျင့်သူနှင့် ရာဘာခြံ အပြင်ဘက်တွင် စောင့်နေသူ (၂)ဦး အနက် (၁)ဦး တို့မှ သားမယားအဖြစ် တစ်ကြိမ်စီ ပြုကျင့်ကာ ကျန် လူတစ်ဦးမှ ရာဘာခြံနှင့် (၂) ဖာလုံခန့် ဝေးသော လယ်တဲ တစ်ခုသို့ ခေါ်ဆောင် သွားခဲ့ပြီး သားမယား အဖြစ် (၁) ကြိမ် ပြုကျင့်ခဲ့ကြောင်း သိရှိရသည်။ ၃။ ဒေါ်-----မှ နေအိမ်သို့ ပြန်ရောက်လာစဉ် ၎င်း၏ နောက်လိုက်လာသူ (၁) ဦးနှင့် ဒေါ်------ ၏ နေအိမ်တွင် ကျန်ရှိနေသူ (၁)ဦး တို့မှ မ------- အား ရာဘာခြံ၏ တောင်ဘက် (၁) ဖာလုံခန့် အကွာ လမ်းဘေး သစ်ပင်အောက် နေရာသို့ ခေါ်ဆောင် သွားခဲ့ပြီး ၎င်းတို့ (၂)ဦးမှ မ-------၀တ်ဆင် ထားသော ဘောင်းဘီရှည်အား ခ္မျတ်၍ သားမယား အဖြစ် (၁) ကြိမ်စီ ပြုကျင့်ခဲ့ကြောင်း သိရှိရသည်။ ၄။ အထက်ပါ အမှုနှင့် ပတ်သက်၍ အမည်မသိ တရားခံ (၆) ဦးအား ဖမ်းဆီးရ မိရေး အတွက် သတင်းရယူ စုံစမ်းခဲ့ရာ အောက်တိုဘာ ၄ ရက် ညနေ ၃ နာရီ အချိန်တွင် မသင်္ကာဖွယ် တရာခံ ခေါဇုန်း (၁၉)နှစ် (ဘ) ဦးတိခေါ၊ ရာဘာခြံ လုပ်သား၊ အမှတ် (၃။၂၁၄)၊ တြာရာပတ္တီး (ဘီ) နယ်မြေ၊ တပ်ကုန်း ရပ်ကွက်၊ မြစ်ကြီးနားမြို့ နေသူအား ဖမ်းဆီး ရမိခဲ့ပြီး အမှတ် (၁) ရဲစခန်းသို့ ခေါ်ယူ စစ်ဆေးခဲ့ရာ ၎င်း၏ အစ်မဖြစ်သူ မယောဆွေနှင့် အခင်းဖြစ် ရာဘာခြံဝင်း အတွင်း နေထိုင်သူ ကိုသူ (ခ) ကျော်မင်းသူ၏ တို့ ချစ်ကြိုက် နေကြောင်း သိရှိရသဖြင့် သဘော မတူ၍ အပေါင်းအပါ (၇) ဦးအား ခေါ်ဆောင်ကာ ကိုသူ(ခ) ကျော်မင်းသူအား ထိုးကြိတ်ရန် ရည်ရွယ်ချက်ဖြင့် ရာဘာခြံဝင်းသို့ သွားရောက်ခဲ့ရာမှ ပြစ်မှုများ ကျူးလွန် ခဲ့ကြောင်းနှင့် ပြစ်မှု ကျူးလွန်ရာတွင် ၎င်းနှင့် အတူ အောက်ပါ (၇) ဦး ပါဝင်ကြောင်း သိရှိရသည်။ (က) မာနော်(ခ) ထွယ်နန်လီအောင် (၁၈)နှစ်၊ (ဘ) ဦးထွယ်ဆိုင်၊ တောင်သူ၊ ရာဒါကောင်း (အေ) နယ်မြေ၊ တပ်ကုန်း ရပ်ကွက်၊ မြစ်ကြီးနားမြို့။ ( ခ) တူးခေါန်(၃၅)နှစ်၊ (ဘ)ဦးဇော်ရိန်၊ တောင်သူ၊ ရာဒါကောင်း (အေ) နယ်မြေ၊ တပ်ကုန်း ရပ်ကွက်၊ မြစ်ကြီးနားမြို့။ ( ဂ) ဇုန်းတိန့် (၂၀) နှစ်၊ (ဘ) ဦးခေါဇုန်း၊ (အလုပ်အကိုင်၊ နေရပ် စိစစ်ဆဲ)။ (ဃ) ဘွမ်ဆောင်(၂၀) နှစ်၊ (အဘအမည်၊ အလုပ်အကိုင်၊ နေရပ် စိစစ်ဆဲ)။ ( င) ယောဘွမ် (၂၀) နှစ်၊ (အဘအမည်၊ အလုပ်အကိုင်၊ နေရပ် စိစစ်ဆဲ)။ ( စ) ဘွမ်ယိန်း (၂၀) နှစ်၊ (ဘ) ဥိီးဘောမ်ယိန်း၊ (အလုပ်အကိုင်၊ နေရပ် စိစစ်ဆဲ)။ (ဆ) ဘွမ်ချန်း (၂၀) နှစ်၊ (အဘအမည်၊ အလုပ်အကိုင်၊နေရပ် စိစစ်ဆဲ)။ ၅။ စစ်ဆေး ဖော်ထုတ် ရရှိသော တရားခံများအား သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များနှင့် ပူးပေါင်းစုံစမ်း ဖမ်းဆီး ဆောင်ရွက်လျက်ရှိရာ ညနေ ၇ နာရီအချိန်တွင် ထူးခေါန်နှင့် ဓာနော်(ခ) ထွယ်နန်လီအောင်တို့ (၂)ဦးအား ထပ်မံ ဖမ်းဆီးရ မိခဲ့ပြီး ကျန်တရားခံများ ဖမ်းဆီး ရမိရေး ဆက်လက် စုံစမ်းလျက် ရှိကြောင်း သတင်း ရရှိပါသည်။ By -မြ၀တီသတင်း

Read More...

၁၂ တန်း ပညာရေး


 မြန်မာနိုင်ငံကြီးရဲ့ ပညာရေးအဆင့်အတန်း မြှင့်လာသလား မမြှင့်လာ သလားတော့မသိဘူး၊ လက်ရှိ အထက်တန်းပညာရေးကိုတော့ နိုင်ငံတကာ အဆင့်အတန်းမီဖို့လာမယ့် ၂၀၁၄-၂၀၁၅ ခုနှစ်မှာ စတင်ပြီး ၁၂ တန်း အထိ တိုးချဲ့တော့မယ်လို့ ပညာရေး ဒုဝန်ကြီး ဦးအေးကြူကတော့ ပြောလိုက်ပါပြီ။ ဒီသတင်း ဖေ့ဘုတ်မှာ ပါလာလေတော့ ထုံးစံအတိုင်း ဖေ့ဘုတ် ပရိသတ် များရဲ့ အတွေး အမြင်တွေ ထင်မြင်သုံးသပ်ချက်တွေက ပလူတွေပျံနေတော့ တာပါ။ နည်းလမ်းမကျတဲ့ အောက်ခြေပညာရေးစနစ်ကို မပြောင်းလဲခင် ဒီလို နိုင်ငံတကာတန်းဝင်အောင် လုပ်တာတော့ ဟုတ်ပါရဲ့၊ မြို့ကြီး ပြကြီး မှာတောင် ကျောင်းနေကလေးအရွယ်တနှစ်တတန်း ကျောင်းမှန်မှန် တက်နိုင်ဖို့ ရုန်းကန်နေရတဲ့ မိသားစုတွေအတွက် ပညာသင်နှစ် တနှစ် ထပ်တိုးပြီး ကျောင်းလခအတွက် တနှစ်ပိုရှာရတောမယ့် ကိန်းဆိုက် လာပြီပေါ့။ ပညာရေး စနစ် ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ပညာရေးဆိုင်ရာပါရဂူဘွဲ့ရ ဒေါက်တာသိန်းလွင်က ဘယ်လိုယူဆပါသလဲ။ “ပညာရေး ပြုပြင်ပြောင်းလဲတယ် ဆိုရင် အခြေခံက စပြောင်းဖို့ လိုတယ်။ အချက်အလက်ကလေး ပြောင်းရုံနဲ့ ပညာရေး ပြောင်းတယ်လို့ မပြောနိုင်ဘူး။ ၁၁ တန်းကနေ ၁၂ တန်းပြောင်းတယ်ဆိုတာ ကျောင်းရဲ့ ဖွဲ့စည်းပုံ စနစ်ပြောင်းတာလေ။ ဒါ မတိုင်ခင်မှာကို ပညာရေးစနစ် ပြောင်းဖို့ လိုတယ်” လို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Thinking Classroom Foundation ရဲ့ တာဝန်ခံ ဒေါက်တာသိန်းလွင်က ဧရာဝတီကို ပြောပါတယ်။ “အခု ကျနော်တို့နိုင်ငံရဲ့ ပညာရေးစနစ်က နဂို စစ်အစိုးရ အုပ်ချုပ်ရေး အောက်မှာလုပ်ထားတဲ့ ဗဟိုချုပ်ကိုင်တဲ့ ပညာရေးဖြစ်နေတယ်။ ဒီလို ဗဟိုချုပ်ကိုင်ထားတဲ့ ပညာရေးအောက်မှာ ပြင်တာတော့ မသင့်တော်ဘူး။ အဲ့တော့ ဗဟိုချုပ်ကိုင်မှုကို လျှော့ချလိုက်ပြီးတော့ ကျောင်းတွေ တက္ကသိုလ်တွေက စီမံခန့်ခွဲခွင့်ရှိတဲ့ ပညာရေးမျိုးဖြစ်ဖို့လိုတယ်” လို့ သူက ဆိုပါတယ်။ အခြေခံစနစ်လို့ ဆိုရာမှာလည်း လူတယောက်ဟာ ကျောင်းစနေတဲ့အရွယ် ၅ နှစ်ကနေ အသက် ၁၈ နှစ်အထိ သင်ရမယ့် အခြေခံပညာရေးဟာ အစိုးရတရပ်တည်းက ပြဋ္ဌာန်းထားတဲ့ ပညာရေးမျိုး မဖြစ်သင့်ဘဲ အားလုံးပါဝင်တဲ့ ပညာရေးမျိုးဖြစ်သင့်တယ်လို့ ဆက်ပြောပါတယ်။ “ပညာရေးက သက်ဆိုင်ရာ ယဉ်ကျေးမှုတွေ ဒေသဆိုင်ရာ တန်ဖိုးတွေ၊ ကိုးကွယ်ယုံကြည်မှုတွေပါတယ်။ အဲ့ဒီအတွက် အားလုံးနဲ့သက်ဆိုင်တဲ့ ပညာရေးဖြစ်ဖို့ လိုတယ်။ အုပ်ချုပ်တဲ့ အစိုးရကပဲ သူ့သဘောနဲ့သူ လုပ်ထားတဲ့ ပညာရေးကို ဟိုနားပြောင်း ဒီနားပြောင်းဆိုရင် ကျနော်တို့ ပညာရေးက မအောင်မြင်ဘူး။ အဲ့ဒီတော့ အားလုံးပါဝင်တဲ့ ပညာရေးကို ပြောင်းဖို့ လိုတယ်။ အားလုံးနဲ့သက်ဆိုင်တဲ့ ပညာရေး ဖြစ်ဖို့လိုတယ်။ တိုင်းရင်းသားတွေကော ယဉ်ကျေးမှုအဖွဲ့တွေကော ပညာရေး တန်ဖိုးထားမှု အမျိုးမျိုး ရှိတဲ့သူတွေကော စီးပွားရေး ပညာရှင်တွေကော အားလုံး ပါဝင်တဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ လိုတယ်” လို့ ဆိုပါတယ်။ ဒီလို ပြောင်းလဲသင့်တဲ့ အရာတွေထဲမှာ အခြေခံပညာရေးစနစ်တွေလည်း ပါဝင်သလို ကျောင်းဆရာ၊ ဆရာမများရဲ့ သင်ကြားပြသပေးမှု၊ ကိုယ်ပိုင် အရည်အချင်း စသည်တို့လည်း အများကြီး ပြုပြင်ပြောင်းလဲဖို့ လိုတယ်လို့ မစပ်စုမြင်မိပါတယ်။ စစ်အစိုးရလက်ထက် အစစအရာ ချွတ်ခြုံကျ ပျက်ယွင်းလာခဲ့တဲ့ ပညာရေးရေစီးကြောင်းနဲ့အတူ မျောပါလာခဲ့ပြီး လက်ရှိမှာ ဆရာ၊ ဆရာမတွေအဖြစ် တာဝန် ထမ်းဆောင်လာတဲ့အခါမှာ မပြည့်ဝတဲ့ ၀မ်းစာတွေနဲ့ မျိုးဆက်သစ် လူငယ်တွေအပေါ် ပြန်လည် လက်ဆင့် ကမ်းတဲ့နေရာမှာ လိုအပ်ချက်တွေနဲ့အတူ ရတဲ့လစာနဲ့ မလောက်ငတဲ့ ၀မ်းရေးအတွက် အရင်ကလို တပည့်တွေအပေါ် ဆရာတွေ ထားအပ်တဲ့ ၀ါသနာ၊ စေတနာ၊ အနစ်နာဆိုတဲ့အရာတွေလည်း ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တာပါ။ ၀န်ထမ်းလစာနဲ့ မလောက်ငတော့ အပြင်ဝင်ငွေရဖို့အတွက် ကျုရှင်သင်ကြ ရတယ်။ ကိုယ့်ကျုရှင်မှာ မတက်တဲ့ ကျောင်းသားတွေအပေါ် ပညာရှိနည်းနဲ့ ပညာပြလေတော့ က၊ ခ သင်ရတဲ့ သူငယ်တန်းကျောင်းသားက အစ ဆယ်တန်းကျောင်းသားအထိ ကျုရှင်နဲ့ မလွတ်ရတော့ပါဘူး။ ဒါက တတ်နိုင်တဲ့ ကျောင်းသားအတွက်အဆင်ပြေပေမယ့် ကျောင်းတောင် အနိုင်နိုင်ထားနေရတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ ကျောင်းသား ကလေးတွေအတွက်တော့ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်နိုင်ဖို့ မလွယ်ကူတဲ့ အခြေအနေပါ။ “မြန်မာစာနဲ့ကျောင်းပြီးတဲ့သူက ကျုရှင်သင်ချင်တော့ ကျောင်းအုပ်တွေ ပညာရေးဌာနမှူးတွေကိုကပ်ပြီး အင်္ဂလိပ်ဘာသာကို ယူထားတယ်။ ကလေးတွေကို ပြန်သင်တဲ့အခါ အသံထွက်တွေမှား စာလုံးပေါင်းတွေမှား တာတောင် မသိတော့ အိမ်က မိဘတွေက ပြန်သင်ပေးရပါတယ်” လို့ ရန်ကင်းမြို့နယ်က နှစ်တန်းကျောင်းသားတယောက်ရဲ့ မိခင်ဒေါ်သူဇာက ဧရာဝတီကို ပြောပါတယ်။ ဒါဟာလည်း ၀န်ထမ်းပိုင်းတွေရဲ့ အခြေခံလစာကြောင့် ဖြစ်လာတဲ့ ပြဿနာလို့ ဆိုရမှာပါ။ “ဖြစ်ချင်သလိုဖြစ်နေတဲ့ ပညာရေးမှာ ဟိုနားနည်းနည်း ဒီနားနည်းနည်း လျှောက်ပြင်လို့ မရဘူး၊ တစုံလုံးပြင်မှ ရမယ်။ ဒီမိုကရေစီ နည်းကျတဲ့ ပညာရေးကို အရင်ပြောင်း၊ နောက်တဆင့်အနေနဲ့ ဆရာတွေကို လုံလောက်တဲ့သင်တန်းတွေ ပေးရမယ်။ လုံလောက်တဲ့လစာပေးဖို့လိုမယ်။ အခုက လုံလောက်တဲ့ လစာလည်းမပေးဘူး။ စနစ်က စာမေးပွဲစနစ်ဖြစ် နေတယ်။ ဒါကြောင့် ဆရာတွေက ကျူရှင်ပြနေရတယ်၊ ဒါကို ကျနော်တို့ အပြစ်တင်လို့မရဘူး။ အပြစ်တင်ရမှာက စနစ်ပဲ။ စနစ်ကို စပြောင်းပြီးတော့မှ ကျန်တဲ့အသေးစိတ်ကို နောက်မှ လိုက်ပြောင်းဖို့ လိုတယ်” လို့ ဒေါက်တာ သိန်းလွင်က သုံးသပ်ပါတယ်။ ကဲ ...မစပ်စုတို့ တိုင်းပြည်ကြီးလည်း အစစအရာရာ ပြောင်းလဲဖို့ အားသွန် ခွန်စိုက် လုပ်ဆောင်နေပြီဆိုတော့ တိုင်းပြည်ရဲ့ အဓိက အနာဂတ်ဖြစ်တဲ့ ပညာရေးစနစ်ကြီးဟာလည်း ဒီအပြောင်းအလဲထဲ နည်းလမ်း မှန်ကန်စွာ ပါကောင်းပါနိုင်ပါရဲ့ ဆိုတာ သမ္မတနဲ့တကွ သက်ဆိုင်ရာ လူကြီးမင်းများ သိအောင် ပြောလိုက်ချင်ပါတော့တယ်..။ By Irrawaddy

Read More...

ထားဝယ်ဒေသတွင် ထိုင်းနိုင်ငံမှ တရားမ၀င် ဆိုင်ကယ်များကို အစိုးရတပ် ဖမ်းဆီးနေ


တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲ သပြုချောင်းရွာမှ စ၍အာရှလမ်းမကြီးတစ်လျှောက်တွင် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ ထိုင်းနိုင်ငံဘက်ခြမ်းမှ တရားမ၀င် ခိုးဝင်လာသော ဆိုင်ကယ်များကို နယ်မြေခံ အစိုးရစစ်တပ်များက ဖမ်းဆီးအ ရေးယူလျက်ရှိသည်။ ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံအတွင်းရှိ ကန်ချနပူရီခရိုင်တွင် ဆိုင်ကယ်ပျောက်ဆုံးမှု များပြားလာသဖြင့် ထိုင်းအာဏာပိုင်များ ၏ အကူအညီတောင်းခံမှုကြောင့် ထိုသို့ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု ထိုင်းစစ်တပ်နှင့် နီးစပ်သူတစ်ဦးက ကေ အိုင်စီသို့ ပြောသည်။ ၎င်းက “အရင်က တရားဝင်ရော၊ တရားမ၀င်ရော အကုန်ရတယ်။ အခုနောက်ပိုင်း မရတော့ဘူး။ လမ်းတွေပိတ်ပြီးတော့ ဖမ်း တာ။ ပိုက်ဆံပေးလည်း မရတော့ဘူး။ ဆိုင်ကယ်လည်း အ၀င်မခံတော့ဘူး”ဟု ပြောဆိုသည်။ လက်ရှိ ဆိုင်ကယ်ဖမ်းဆီးသည့် ထိုဒေသမှာ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) လှုပ်ရှားရာ နယ်မြေဖြစ်ပြီး လွန် ခဲ့သည့် သီတင်းတစ်ပတ်ခန့်က ထိုင်းမှ မြန်မာဘက်သို့ ၀င်ရောက်လာသော ဆိုင်ကယ်ခိုးဂိုဏ်းသား ၃ဦးကို ဆိုင်ကယ် ၅စီးနှင့် အတူ KNU တပ်ဖွဲ့ဝင်များက ဖမ်းဆီးရရှိပြီး ထိုင်းအာဏာပိုင်များထံသို့ လွှဲပြောင်းပေးခဲ့သည်။ ယခင်က တရားမ၀င် ဆိုင်ကယ်များနှင့် ခိုးရာပါ ဆိုင်ကယ်များကို လမ်းတစ်လျှောက် အစိုးရစစ်တပ်များ ဖြစ်ကြသော ရှေ့တန်း အမှတ်-၂ နည်းဗျုဟာမှူး ဗိုလ်မှူးကြီးဇော်လွင်ဌေးမှ ဆင်ဖြူတိုင်ရွာတွင်လည်းကောင်း၊ ရှေ့တန်း ခမရ(၅၉၅) တပ်ရင်းမှူး ဗိုလ်မှူး အောင်ကျော်နှင့် ဗိုလ်ကြီးသန့်ဇင်ဦးတို့မှ အိုင်ဝိုင်းစခန်းတွင် ဂိတ်များဖွင့်၍ ကောက်ခံခဲ့သည်။ အဆိုပါဂိတ်များမှာ တရားဝင်ဂိတ်များ ထားရှိခြင်းမျိုး မဟုတ်ဘဲ အလျဉ်းသင့်သလို ဆိုင်ကယ်တစ်စီးကို အမျိုးအစားအလိုက် ဘတ်ငွေ ၅၀၀မှ ၁၀၀၀အထိ တောင်းခံပြီး ပြန်လွှတ်ပေးလေ့ရှိရာမှ တရားမ၀င်ဆိုင်ကယ် များပြားလာခြင်းဖြစ်သည်ဟု ဒေသခံ များက ပြောသည်။ ဒေသခံတစ်ဦးက “အခု ဒီနယ်မှာရှိတဲ့ ဆိုင်ကယ်အားလုံးလိုလိုက တရားမ၀င်တဲ့နည်းနဲ့ ၀င်ရောက်လာ ချည်းပါပဲ။ အရင်က ပိုက် ဆံပေးပြီးတော့ သယ်လို့ရတယ်။ အဲဒီလို လွှတ်ပေးတာများတော့ ပြဿနာက တဖြည်းဖြည်း ကြီးလာတဲ့အခါကျတော့ ပြန်ပြီး တင်းကြပ်တဲ့သဘော ဖြစ်မယ်”ဟု ပြောသည်။ ယခုမတိုင်မီကာလ၌ ထိုင်းဘက်ခြမ်းမှ ဆိုင်ကယ်များကို ၀ယ်ယူရန် ပြည်တွင်းရှိ ၀ယ်ယူသူများက လူကယ်ရီများကို ဘတ်ငွေ ၄၀၀၀မှ ၅၀၀၀ခန့် ငှားရမ်း၍ တရားမ၀င် သယ်ဆောင်စေခဲ့သည်ဟု သိရသည်။ တရားမ၀င် ဆိုင်ကယ် အရေအတွက် များပြားလာသည့် ယင်းဒေသတွင် ယခင်က အရေးယူဆောင်ရွက်ခြင်း မရှိသည့်အပြင် နယ်မြေတည်ငြိမ်မှု မရှိခဲ့ခြင်းတို့ကြောင့် ယခုအချိန်ထိ တရားဝင်ဆိုင်ကယ်များကို လိုင်စင်များ ထုတ်ပေးနိုင်ခြင်း မရှိသေး ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။ ကေအိုင်စီ

Read More...