Wednesday 17 October 2012

၅ နှစ်ကျော် ကာလအတွင်း လူကုန်ကူး ခံရသူ တစ်ထောင် ကျော်ကို မိဘရပ်ထံ ပြန်လည် ပေါင်းစည်း ပေးခဲ့

လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ရဲ့ ထုတ်ပြန်ချက် အရ ၅ နှစ်ကျော် ကာလ အတွင်းမှာ လူကုန်ကူး ခံရသူ တစ်ထောင် ကျော်ကို မိဘတွေထံကို ပြန်လည် ပေါင်းစည်းပေး နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီလို မိဘရပ်ထံ ပြန်လည် ပေါင်းစည်း ပေးရာမှာ တရုတ် နိုင်ငံမှ ၇၈၀ ဦး၊ ထိုင်းနိုင်ငံမှ ၄၈၃ ဦး၊ အင်ဒိုနီးရှား နိုင်ငံမှ ၁၆ ဦး၊ မလေးရှား နိုင်ငံမှ ၁၅ ဦး၊ တီမောလက်စတေ နိုင်ငံမှ ၁၀ ဦး၊ ဂျမေကာ နိုင်ငံမှ ၁ ဦး၊ စုစုပေါင်း ၁၃၀၅ ဦးကို လွှဲပြောင်း လက်ခံခဲ့တာ ဖြစ်ပြီး မိဘတွေထံ ပြန်လည် ပေါင်းစည်း ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု ဖြစ်စဉ်တွေကို လေ့လာရာမှာ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၆ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ ၂၀၁၁ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ အထိ အမှုပေါင်း ၇၃၁ မှု ဖော်ထုတ်ခဲ့ပြီး တရားခံပေါင်း ၂၀၄၃ ဦးကို အရေးယူ ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဖော်ထုတ် အရေးယူခဲ့တဲ့ အမှုတွေကနေ လူကုန်ကူး ခံရသူပေါင်း ၁၂၉၈ ဦးကို ကယ်တင် နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းကနေ လူကုန်ကူး ခံရသူတွေမှာ တရုတ်နိုင်ငံကို လူကုန်ကူး ခံရသူဟာ အများဆုံး ဖြစ်ပွားလျက် ရှိတယ်လို့ သိရပါတယ်။ Rest of your post

0 comments: