
ရွှေ့ပြောင်းလုပ်သားပျံ့နှံ့မှုကို အစဉ်အလာတရပ်ပမာ ပြုမူလုပ်ဆောင်လာခြင်း
မိသားစုကိုအကောင်းဆုံးနည်းလမ်းဖြင့် ထောက်ပံ့ပေးနိုင်ဖို့အရေးနှင့် ဘဏ္ဍာရေးဂယက်မထပဲ မူလရှိ ရင်းစွဲတည်ငြိမ်မှုအနေအထားတရပ်အဖြစ် ရှိနေဖို့ဆိုသည့်အကြောင်းခြင်းရာတွေသာ နိုင်ငံတကာသို့ ပျံ့ နှံ့ရောက်ရှိသွားသည့် ဖိလစ်ပိုင်လုပ်သားတွေရဲ့ အသိစိတ်ထဲမှာ ကိန်းအောင်းခိုဝပ်နေတယ်လို့ ဆိုရလိမ့် မယ်နဲ့တူတယ်။ ကုန်လွန်ခဲ့သော ဆယ်စုနှစ်များကာလအတွင်းတုန်းကတော့ ရွှေ့ပြောင်းလုပ်သားတွေ ဟာ နိုင်ငံခြားဒီဇိုင်းနာတွေရဲ့ အကောင်းဆုံးသော တံဆိပ်ပါရှိသည့် အ၀တ်အထည်ကို ဆင်မြန်းဝတ် ဆင်ပြီးသကာလ တိုင်းတပါးမှထုတ်လုပ်သော ကုန်စည်ပစ္စည်းတွေကို သေတ္တာကြီးအတွင်း ထည့်သယ် ဆောင်လာခြင်း၊ နိုင်ငံတွင်းချွတ်ခြုံကျ ဆင်းရဲမွဲ တေမှုဆိုသည့် ကူးစက်ရောဂါကြောင့် မြောက်မြားစွာ သော အဿပြာငွေကြေးကို လက်ဝယ်ပိုက်ကိုင်ဆောင်ပြီး မွေးရပ်ဌာနေကို ပြန်ရောက်လာတတ်ကြ တယ်။
ရွှေ့ပြောင်းလုပ်သား (သို့) balikbayans (ရပ်ဝေးရောက် ဖိလစ်ပိုင်လူမျိုး) တွေ ဌာနေပြန်ရောက်လာ တာနဲ့ အင်္ဂလန်၊ ကာတာ၊ အမေရိကန်၊ ဟောင်ကောင် (သို့) သြစတေးလျ အစရှိတဲ့တိုင်းတပါးရပ်ဝေး အတွေ့အကြုံတွေကို စီကာပတ်ကုံးပြီး မွေးရပ်မြေအခြေချ နေထိုင်သူတွေကို ရင်ဖွင့်ထုတ်ဖော်ပြောဆို တော့ပါရော။ ဆွေမျိုးသားချင်းနဲ့ အိမ်နီးနားချင်းတွေကို သူတို့ရဲ့ ပိုင်ဆိုင်မှုဓနအင်အားနှင့် လက်ရှိလူမှု အဆင့်အတန်းသရုပ်ပါ ပြောင်းလဲသွားသည့် နောက်ဆက်တွဲဖြစ်ရပ်တွေအပြင် ၀န်းကျင်သစ်အတွေ့ အကြုံတွေနဲ့ ညှို့ယူဖမ်းစားသိမ်းသွင်းထားလိုက်ကြတယ်။ တိုင်းတပါးရပ်ခြားမှာ အလုပ်အကိုင်သွားရှာ ဖို့ရာအတွက် ရွှေ့ပြောင်းလုပ်သားအရေအတွက် နှုန်းထားတိုးမြှင့်လာရခြင်း နောက်ဆက်တွဲအကြောင်း တရားကို ရိုးရှင်းစွာပြောရရင်တော့ မိခင်ဌာနေပြန်လာ၊ လက်ဆောင်တွေသယ်လာပြီးတော့ ဖြစ်နိုင်ချေ လုပ်ဇာတ်လေးအနည်းအကျဉ်းခင်းပြ၊ ဒါဟာဖိလစ်ပိုင် ရွှေ့ပြောင်းလုပ်သားတွေရဲ့ အစဉ်အလာထုံးတမ်း ဓလေ့လို့ပဲ ဆိုရမယ်နဲ့တူတယ်။
ညီရင်းအစ်ကို သားချင်းမောင်နှမ၊ တ၀မ်းကွဲဆွေမျိုးနဲ့ တူ၊ တူမတွေရဲ့အမြင်မှာတော့ သူတို့လက်ဝယ်ပိုင် ဆိုင်ထားတဲ့ ဓနငွေကြေး ပိုင်းဆိုင်ရာ အထိုက်အလျောက်အောင်မြင်မှုရဲ့ ဗဟိုချက်မဟာ တိုင်းတပါးရပ် ဝေးဆိုတဲ့ ကျဉ်းမြောင်းသည့်အယူအဆကြောင့် ဌာနေပြန်ရွှေ့ပြောင်းလုပ်သားတွေဟာ တကယ်တမ်း ပြောဆိုရရင် ကမ္ဘာတ၀ှမ်းသို့ ရွှေ့ပြောင်းလုပ်သားဦးရေ ပျံ့နှံ့အောင်အဓိကလှုံ့ဆော် သူတွေဖြစ်နေ တယ်။ ကျနော်တို့ တွေ့မြင်မိသလောက်တော့ ဖိလစ်ပိုင်နိုင်ငံရဲ့ စီးပွားရေးဟာ အမြဲဆိုသလောက်နီးပါး ချွတ်ခြုံကျယို ယွင်းနေတော့ သူတို့ရဲ့ရွေးချယ်မှုတွေ မမှားဘူးလို့တောင် ဆိုရမယ်နဲ့တူတယ်။
အစဉ်အလာအလေ့အထ သဘောကိုယ်ထည်အရကို တိုင်းတပါးရပ်ဝေးသို့ ကျား/မ လူငယ်လူရွယ်အား လုံးရဲ့ အတွေးစိတ်ကူးမှာ ရွှေ့ပြောင်းလုပ်ကိုင်ဖို့ရာ တွန်းအားပေးသလို ဖြစ်နေသည့်အတွက်ကြောင့် လူ မှောင်ခိုကုန်ကူးသန်းရောင်းဝယ်သူတွေအတွက် ပိုမိုအဆင် ပြေချော့မွေ့လွယ်ကူသွားစေတာပေါ့။ အ စောပိုင်းကာလ ဖော်ပြချက်တွေမှာ ထည့်သွင်းပါရှိသည့်အတိုင်း လုံလောက်သော ဓနငွေ ကြေးပြည့်စုံ ခြင်း အလျဉ်းမရှိရင် အဆင့်မြင့်ပညာဆက်လက်ဆည်းပူးနိုင်ဖို့ရာ အခွင့်အလမ်းအလွန်တရာမှကို ဝေး ကွာလှသည့်အတွက် စုစည်းမှုအားလုံးရဲ့လားရာဆုံချက်ဟာ တိုင်းတပါးရပ်ခြားသို့ အလုပ်အကိုင် သွား ရောက်ရှာဖွေလုပ်ကိုင်ရေးဆိုတာ ဖြစ်လာရတော့တာပဲ။
ကျေးလက်ဒေသနေ မိန်းကလေးတွေကို မြို့ကြီးပြကြီးမှာ (သို့) တိုင်းတပါးရပ်ခြားမှာ စားပွဲထိုးအလုပ် (သို့) စားသောက်ဆိုင်တွင်းဖျော် ဖြေသီဆိုရသည့်အလုပ် စသည့်အလုပ်အကိုင်အခွင့်အလမ်း တွေပေး မယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ လူမှောင်ခိုကုန်ကူးသန်းရောင်းဝယ်သူတွေဟာ ဒီအားနည်းချက်ကိုဆုပ် ကိုင်ပြီး မြှူဆွယ်သိမ်းသွင်းခြင်းအလုပ်ကို စတင်အကောင်အထည်ဖော်ခြင်း ဖြစ်တယ်။ အမျိုးသား တွေ ကို ကမ်းလှမ်းရာမှာတော့ စက်ရုံ (သို့) စိုက်ပျိုးရေးလုပ်ငန်းခွင်တွေမှာ ကောင်းမွန်သည့် အလုပ်အကိုင် ရနိုင်ကြောင်း၊ မိသားစုကို ပြန်လည်ကြည့်ရှုစောင့်ရှောက်ဖို့ရာအတွက် လုံလောက်သည့် ငွေကြေးအ တိုင်းအတာ ရရှိနိုင်ကြောင်း ကတိက၀တ်တွေပေးမြူဆွယ်ပြီး တကယ့်လက်တွေ့ဖြစ်ရပ်မှာတော့ အ တင်းအကျပ်ဖိအားပေးခိုင်းစေ၍ ပြည့်တန်ဆာအဖြစ်သို့သွတ်သွင်းခြင်း၊ အိမ်တွင်းအမှုကိစ္စရပ်တွေကို ကျေးကျွန်သဖွယ်ပြုမူခိုင်းစေခြင်း၊ အဓမ္မလုပ်အားပေးခိုင်းစေခြင်း (သို့) အခြားသောအလွဲသုံးစား ခေါင်း ပုံဖြတ်ခြင်း အစရှိသည့် ဆိုးရွားဖွယ်ဖြစ်ရပ်တွေသာ ရင်ဆိုင်ကြုံတွေ့ကြရတယ်။
နိုင်ငံတကာသို့ ရွှေ့ပြောင်းလုပ်သားပျံ့နှံ့ရခြင်း၏ အဓိကလက်သည်တရားခံဟာ ဆင်းရဲမွဲတေမှုဆိုသည့် ရင်းခံအကြောင်းတရားသာဖြစ်ပြီး ပညာရေနိမ့်ကျသည့် ကျား/မနှင့် လူငယ်လူရွယ်တွေဟာ တိုင်းတပါး ရပ်ခြားသို့စွန့်စားသွားရောက် အသက်မွေးဝမ်းကြောင်း ပြုလိုကြတာကလည်း သက်ဝင်ယုံကြည်လာခြင်း နှင့် အရပ်တပါးမှလွှဲပြောင်းသည့် ဓနအင်အားစုနှင့် ပြည်တော်ပြန်တွေရဲ့ လုပ်ကြံဖန်တီးထားသည့် လုပ် ဇာတ်တွေကိုကြားရဖန်များလာ၍ သက်ဝင်ယုံကြည်လာရခြင်းကြောင့်ဖြစ်တယ်။
စီးပွားရေးဆိုင်ရာ မပြေလည်မှုရင်းခံအကြောင်းတရား
၂၀၀၃ ခုနှစ်အတွင်း တိုင်းပြည်ရဲ့ပို့ကုန် ၂၀.၆% သွင်းကုန် ၁၉.၄%နှင့်ညီမျှသည့် အမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံဟာ တိုင်းတပါးရပ်ဝေးမှ လွှဲပြောင်းပေးပို့သည့်အတွက် ဖိလစ်ပိုင်စီးပွားရေးရဲ့ အဓိကအ ခန်းကဏ္ဍနေရာမှာ တည်ရှိနေခြင်း၊ နိုင်ငံခြားငွေဖြင့် လွှဲပြောင်းပေးပို့လာသည့်အတွက် ခွဲဝေသုံးစွဲမှုအ ပေါ်မူတည်ပြီး တိုင်းပြည်စီးပွားရေး သန်စွမ်းအားကောင်းလာနိုင်သလို ပြည်တွင်းအလုပ်အကိုင် အခွင့်အ လမ်းနှင့် စက်ရုံ၊ အလုပ်ရုံတွေကိုလည်း တိုးမြှင့်တည်ဆောက်လာနိုင်သည့်အတွက် အခရာကျအရေးပါ သည့်အပြင် လူမှောင် ခိုကုန်ကူးသန်းရောင်းဝယ်မှု လုပ်ငန်းကိုလည်း တွန်းအားပေးနေသလို ဖြစ်လာ တယ်။
လူမှောင်ခိုကုန်ကူးသန်းရောင်းဝယ်မှု အမြစ်တွယ်ရစ်ကျန်နေရခြင်းက ဖိလစ်ပိုင်နိုင်ငံရဲ့ ဆင်းရဲမွဲတေ ချွတ်ခြုံကျမှုနဲ့ များပြားကြီးမားလှတဲ့ လူအားလုံးရဲ့စိတ်ကူးအတွေးထဲမှာ တိုင်းတပါးရပ်ခြားသွားရောက် လုပ်ကိုင်ရင်ဖြင့် နိုင်ငံခြားငွေရရှိနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်၊ ဌာနေပြန် ရွှေ့ပြောင်းလုပ်သားတွေ သယ် ဆောင်လာတဲ့ များပြားလှသည့်ဓနငွေကြေးဟာ တိုင်းပြည်တွင်းတစုံတရာသော ဖွံ့ဖြိုးမှုကိုအထောက်အ ကူပြုခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ခြင်း၊ လူနေမှုအဆင့်အတန်းမြင့်မားလာခြင်း၊ ဆင်းရဲမှုနှုန်းထား လျော့ပါးသွားခြင်းအစရှိသည့် လစ်ဟာမှုကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ခြင်းအပေါ် အခွင့်ကောင်းယူ၍ လူမှောင်ခိုကုန်ကူးသူတွေ တစခန်းထ အမြစ်တွယ်လာခြင်း ဖြစ်တယ်။ တကယ်လို့ များ လွှဲပြောင်းပေးပို့ငွေတွေကြောင့်သာ ဒေသတွင်းစီးပွားရေတိုးတက်မြင့်မားလာအောင် စွမ်းဆောင်ပြီး အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ခြင်းနှင့် လုပ်အားခတွေမြင့်တက်ပေးနိုင်ပြီဆိုရင် ဖိလစ်ပိုင် နိုင်ငံရဲ့ နယ်စပ်မျဉ်းတလျှောက် ယနေ့ခေတ်ခါသမယ ကျေးကျွန်ကုန်ကူးသန်းရောင်းဝယ်မှု လမ်း ကြောင်းကို အမြစ်ဖြတ်နိုင်ဖို့ရာ အားထုတ်ကြိုးပမ်းလုပ်ဆောင်ရမှာ ဖြစ်တယ်။
လက်ရှိကာလ အနေအထားတရပ်မှာတော့ လူကုန်ကူးသန်းရောင်းဝယ်မှုကို အောက်ခြေကနေ အမြစ် ဖြတ်ရှင်းလင်းဖို့ရာ ကြိုးစားအားထုတ်နေကြလေရဲ့။ ပမာအနေနဲ့ပြရမယ်ဆိုရင်တော့ ကျေးကျွန်ဘ၀ သားရဲတွင်းဆင်းသက်ခဲ့ရသူတွေကို အစိုးရစီမံချက်တွေဖြင့် ကယ်ဆယ်ခြင်း (သို့) အစိုးရမဟုတ်သော အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့အကူညီပေးမှုဖြင့် ယာယီစတည်းချနားခိုဖို့ရာအတွက် စီစဉ်ဆောင်ရွက် ပေးခြင်းနှင့် တိုင်ပင်နှီးနှောအကြံဥာဏ်ပေး ဆွေးနွေးမှုတွေပြုလုပ်ခြင်း (သို့) တရားဥပဒေထုံးတမ်း အ စဉ်အလာအတိုင်း လူမှောင်ခိုကုန်ကူးသူတွေကို စီရင်ဆုံးဖြတ်ဖို့ကိုဆိုလိုခြင်းဖြစ်တယ်။ သားကောင်ဘ၀ သက်ဆင်းကျရောက်သူတွေကို ပြန်လည်ထူထောင်ဖို့ရာအတွက် ကမ်းလှမ်းကြိုဆိုခြင်းနှင့် လူ့အဖွဲ့အ စည်းအတွင်း သဟဇာတဖြစ်ဖို့ရာအတွက် ထောက်ပံ့ကူညီမှုတွေလုပ်ဆောင်ခြင်းဖြင့် ဒီတုန့်ပြန် လုပ် ဆောင်ချက်တွေကို ဆန်းစစ်အကဲဖြတ်ရမှာဖြစ်တယ်။ လူမှောင်ခိုကုန်ကူးသန်းရောင်းဝယ်မှုကို တိုက် ဖျက်ရာဝယ် ဘက်ပေါင်း စုံမှ ချဉ်းကပ်ဖြေရှင်းအဖြေရှာရမှာ ဖြစ်တယ်။ ပြဿနာရပ်မှုခင်းမပေါ် ပေါက် ခင်ကတည်းက လူကုန်ကူးသန်းရောင်းဝယ်မှုနှင့် သက်ဆိုင်သည့် ဖြစ်နိုင်ချေလှုပ်ရှားပြုမူဆောင်ရွက် ချက်တွေကို ရှင်းလင်းတင်ပြပြောဆိုထားရမှာ ဖြစ်တယ်။
ကြိုတင်ကာကွယ်ရေးနှင့်သက်ဆိုင်သည့် စီမံချက်တွေမှာဖြင့် များစွာလှသော လူဦးရေထုကြီးကို လူ မှောင်ခို ကုန်ကူးသန်းရောင်းဝယ်မှုအန္တရာယ်နှင့် ဆက်နွယ်သည့် သတင်းအချက်အလက်တွေ ပြည့်စုံ လုံလောက်စွာဖြင့် ရှင်းလင်းတင်ပြထားနိုင်မှသာလျင် တန်ပြန်ကူညီနိုင်မှာဖြစ်သော်ငြား ချွတ်ခြုံကျနေ သည့် စီးပွားရေးနှင့်ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် ရွှေ့ပြောင်းလုပ်သားတွေကို ဖျောင်းဖျနားချခြင်း ငှာတော့ မစွမ်းသာဘူးလို့ဆိုရမှာပဲ။ ဒီအန္တရာယ်စက်ကွင်းထဲကျရောက်ခဲ့သည့် အမျိုးသား၊ အမျိုးသမီး တွေအနေဖြင့် အလေးထားဂရုစိုက်တယ်ဆိုရင်တောင်မှ သူတို့ရဲ့မိသားစုကို ဘဏ္ဍာရေးအရ ထောက်ပံ့ ကူညီဖို့ရာလိုအပ်သည့်အတွက် သဘောထားပြောင်းလဲဖို့ကတော့ မလွယ်ဘူးလို့ဆိုရမှာပဲ။ ကောင်းမွန် ပြည့်စုံတဲ့ ဘ၀တွေမှာရှင်သန်ရပ်တည်ချင်တဲ့ သူတို့ရဲ့စိတ်ကူးကိုပြောင်းလဲခြင်းငှာ မစွမ်းဆောင်နိုင်ဘူး။ ကြိုတင်ကာကွယ်ဖို့ရာအတွက် သတင်းအချက်အလက်တွေထက်စာရင် မရှိမဖြစ်လိုအပ်ချက်က ကျနော် တို့ ဘ၀အတွက်ပိုအရေးပါတယ်လို့ ဆိုရမှာပဲ။
ဆက်ရန်…
Reference: The Human Trafficking Project
International Labor Migration & Human Trafficking
Monday, August 06, 2007
Sources: Labor Mobility and East Asian Integration
Siow Yue CHIA
Singapore Institute of International Affairs
Asian Economics Policy Review (2006) 1, 349-367
The Economics Impacts of International Migration: A Case Study on the Phillippines
Tereso Tulla, Jr., Michael Angelo Cortez, Edward See
Center for Business and Economics Research and Development
De La Salle University-Manila, Philippines
Thursday, 26 November 2009
ကမ္ဘာတ၀ှမ်း ပျံ့နှံ့လာသော ရွှေ့ပြောင်းလုပ်သားနှင့် လူကုန်ကူးသန်းရောင်းဝယ်မှု ၂
Posted by ဈန် at 17:31 0 comments
Labels: Human Trafficking
Saturday, 21 November 2009
ကမ္ဘာတဝှမ်း ပျံ့နှံ့လာသော ရွှေ့ပြောင်းလုပ်သားနှင့် လူကုန်ကူးသန်းရောင်းဝယ်မှု
ယနေ့ခေတ်ခါသမယရဲ့ ကျွန်ရောင်းကျွန်ဝယ်ပြုခြင်းလို့ သတ်မှတ်ခေါ်ဆိုရမယ့် လူကုန်ကူးသန်းရောင်း ဝယ်မှုပြုခြင်းနဲ့ သက်ဆိုင်အကျုံး ဝင်သည့်အရာတွေထဲမှာ လူသစ်စုဆောင်းခြင်း၊ တရားဥပဒေမှအလိုရှိ ၍ ဝရမ်းထုတ်ထားသူအား လက်ခံထားခြင်း၊ အရပ်တပါးသို့ အဓမ္မပြောင်းရွှေ့ပို့ဆောင်စေခြင်း၊ ယာယီ ခေါ်ဆောင် ထိန်းသိမ်းထားခြင်း (သို့) အလုပ်အင်အားစုအတွက် လိုအပ်မည့်ဝန်ဆောင်မှု ဒါမှမဟုတ် ကာယစွမ်းအားစိုက်ထုတ်ရသော လုပ်ငန်းစုအတွက် လူပုဂ္ဂိုလ်အားခိုင်းစေအသုံးပြုခြင်း၊ လိမ်လည်လှည့် ဖြားခေါ်ဆောင်ခြင်း (သို့) အတင်းကျပ်ခိုင်းစေခြင်း (စိတ်ဆန္ဒမပါပဲ တစုံတရာသော ပြဋ္ဌာန်းသတ်မှတ် ချက်ကို ဗန်းပြရှေ့တန်းတင်၍ ကျေးကျွန်သဖွယ်ပြုမူခိုင်းစေခြင်း)၊ လိင်ပိုင်းဆိုင်ရာအရ မတရားနိုင့်ထက် စီးနင်းပြုမူကျင့်ကြံခံရခြင်း၊ ဝင်ငွေနှင့်လုပ်အား အချိုးမညီမျှခြင်း၊ ကြွေးမြီကြောင့် အခိုင်းအစေဘဝကျ ရောက်ခြင်း၊ ကျေးကျွန်ဘဝကျရောက်ခြင်း (သို့) အခြားသော မတရားသဖြင့်ပြုမူလုပ်ဆောင်ခိုင်း စေ ခြင်းတွေ ပါဝင်သက်ဆိုင်မှုရှိတယ်။
လူကုန်ကူးမှုနှင့်သက်ဆိုင်သော အကြောင်းချင်းရာတွေထဲမှာဖြင့် ပြည့်တန်ဆာအဖြစ် အတင်းအကျပ် ဆွဲဆောင်သိမ်းသွင်းခြင်း၊ အဓမ္မလုပ်အားပေးခိုင်းစေခြင်း (စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်အားနှင့် မမျှတ သော ဝင်ငွေ၊ အစားအသောက်တို့ကိုသာ ပေးကမ်းကျွေးမွေးခြင်း)၊ အိမ်တွင်းအမှုကိစ္စအရပ်ရပ်ကို ကျေး ကျွန်သဖွယ်ခိုင်းစေခြင်း၊ အတင်းအကျပ် စစ်မှုထမ်းဖို့ရာဆင့်ခေါ်ခြင်း၊ ခန္ဓာကိုယ်အစိတ် အပိုင်းအား ရောင်းချခြင်းနှင့် ဓနငွေကြေးရရှိဖို့ရာအတွက် တရားမဝင်ထိန်းသိမ်းမွေးစားခြင်း အစရှိသည့် အကြောင်း ချင်းရပ်တွေဟာဖြင့် တနွယ်ငင်တံစဉ်ပါဆိုသလို ဆက်စပ်ပတ်သက်နေကြတယ်။
အမေရိကန် အစိုးရဌာနအဆိုအရ ကမ္ဘာတဝှမ်းမှာရှိတဲ့ လူဦးရေ ၈ဝဝ,ဝဝဝ ဝန်းကျင်ဟာ နှစ်စဉ်ဆိုသလို လူကုန်ကူးသန်းရောင်းဝယ်ခြင်းခံရ၍ ပြည့်တန်ဆာဘဝသို့သက်ဆင်းရခြင်း၊ အဓမ္မလုပ်အားပေး ခိုင်းစေ ခံရခြင်းနှင့် အခြားသော အသွင်သဏ္ဌာန်ပေါင်းစုံတို့ဖြင့် သားကောင်ဘဝကိုကျရောက်ခဲ့ကြရရှာတယ်။ ဒီဖော်ပြပါ ပမာဏအရေအတွက်ဟာဖြင့်ရင် နယ်စပ်မျဉ်းတလျှောက် လူကုန်ကူးသန်း ရောင်းဝယ်ခံရ သူ တွေရဲ့ စာရင်းပါခြင်းအလျဉ်းမရှိသေးဘူး။ အမေရိကန်ပြည်ထောင်စုမှာတော့ နှစ်စဉ်နှစ်တိုင်းလို လူကုန် ကူးသန်း ရောင်းဝယ်သူတွေရဲ့ သားကောင်လက်တွင်း ဆင်းသက်ခဲ့ရသူပေါင်းဟာ ခန့်မှန်းချေအားဖြင့် ဆိုရသော် ၁၇,ဝဝဝ ဝန်းကျင်နီးပါးရှိတယ်လို့ ဆိုရလိမ့်မယ်။ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက် ဆက်နွယ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းရဲ့ မှန်းဆချက်အရဆိုရင် အာရှ တိုက်ရပ်ဝန်းထဲမှ အမျိုးသမီးနှင့် ကလေး ၂ဝဝ,ဝဝဝ မှ ၂၅ဝ,ဝဝဝ အထိဟာ နှစ်တိုင်းလိုလို လူကုန်ကူးသူတွေရဲ့ ထောင်ချောက်အတွင်း သို့ပိတ်မိပြီး သားကောင်ဖြစ်ကြရရှာတယ်။ ယနေ့ မျက်မှောက်ခေတ်ခါသမယမှာကို တွက်ချက်မှန်းဆ မှုအရ အတ္တလန္တိတ်ကိုကျော်ဖြတ်ပြီး ကျွန်ရောင်းကျွန်ဝယ်ပြုခံနေတာဖြင့်ရင် လူဦးရေပေါင်း ၂၇ သန်း ကျော် ရှိကောင်းရှိနိုင်လိမ့်မယ်။
လူကုန်ကူးခြင်းအမှုကို ဖြစ်ပေါ်စေသည့် အခြေခံအကြောင်းတရားက ချွတ်ခြုံကျဆင်းရဲခြင်း၊ ပညာရည် နိမ့်ကျအားနည်းခြင်း၊ အလုပ်လက်မဲ့ဦးရေများပြားခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့ရာအတွက် စွမ်းဆောင်ရည်မပြည့်မှီခြင်း၊ ရွှေ့ပြောင်းလုပ်သားဦးရေထဲမှာ အမျိုးသမီးဦးရေအများဆုံးပါရှိခြင်း၊ ဂိုဏ်း ဂဏအစုအဖွဲ့ဖြင့် ရာဇဝတ်မှုကိုဖောက်ဖျက်ကျူးလွန်ခြင်း၊ အစိုးရယန္တရားကိုယ်ထည်အတွင်း လာဘ်ပေး လာဘ်ယူမှုကြောင့် အကျင့်ပျက်ခြစားခြင်းနှင့် လူ့အဖွဲ့အစည်းအတွင်းရှိ သက်ဆိုင်ရာနယ်ပယ်အလိုက် စောင့်ကြပ်ကြည့်ရှုမှုအပိုင်းမှာ အားနည်းချို့ယွင်းသည့်အတွက်ကြောင့်သာ ဒီလိုစိတ်မချမ်းမြေ့ဖွယ်ရာ အဖြစ်အပျက်တွေ အမြစ်တွယ်တည်ရှိနေတာဖြစ်တယ်။

ကမ္ဘာတဝှမ်းသို့ ရွှေ့ပြောင်းလုပ်သား ပျံ့နှံ့ဆက်စပ်မှု
မျက်မှောက်ကာလ ဖိလစ်ပိုင် စီးပွားရေးဟာဖြင့် လူမှုအရင်း (သို့) ရွှေ့ပြောင်းလုပ်သားတွေရဲ့ အပေါ်မှာ အတော်လေးကို မှီခိုအားကိုးသမှုပြုနေရသည့် ရင်းခံအကြောင်းတရားဟာ ဝင်ငွေ (သို့) မွေးဖွားရာ အ ရပ်ဒေသနှင့် အလှမ်းကွာဝေးသောအရပ်တပါးမှ လွှဲပြောင်းသော ဓနအင်အားစုကနေတဆင့် မိုက်ကရို (အသေးစား စီးပွားရေး လုပ်ငန်းဆောင်တာများ) နှင့် မက်ကရို (တိုင်းနိုင်ငံတရပ်လုံး ကိုယ်စားပြုသော စီးပွားရေးနှင့်သက်ဆိုင်သည့် လုပ်ငန်းဆောင်တာများ) စီးပွားရေးမှရရှိဖြစ်ထွန်းသည့် အကျိုးအမြတ်ရ လဒ်များနှင့် ဌာနေမိသားစု၏ လိုအပ်ချက်တွေဖြစ်သော ပညာရေး၊ ကျန်းမာရေးနှင့် အိမ်တွင်းအသုံးစ ရိတ်တွေကို ထောက်ပံ့ပေးပို့နေသော်ငြားလည်း များပြားလှသည့် လူဦးရေကြောင့် ဝင်ငွေခွဲဝေဖြန့်ဖြူး ရာဝယ် အချိုးအစားညီမျှမှုမရှိတာနဲ့ တွေ့ကြုံရင်ဆိုင်နေရတယ်။
ယေဘုယျအားဖြင့်ဆိုရသော် ဖိလစ်ပိုင်နိုင်ငံမှာ အဆင့်မြင့်ပညာရပ်ကို သင်ကြားပို့ချသည့်ကျောင်း အများစုဟာ ပုဂ္ဂလိပိုင် (ဖိလစ်ပိုင် နိုင်ငံမှာရှိတဲ့ ၈ဝ% နီးပါးဝန်းကျင်ရှိသော ကျောင်းသားအများစုဟာ အဆင့်မြင်ပညာရပ်ကို ပုဂ္ဂလိကပိုင်ကျောင်းတွေမှာသာ တက်ရောက်တင်ကြားလေ့လာကြတယ်။) ကျောင်းတွေဖြစ်တဲ့အတွက် ငွေကြေးအင်အားအတော်လေးကို စိုက်ထုတ်သုံးစွဲရခြင်း၊ အကြောင်း ရင်း ကလည်း အဆင့်မြင့်ပညာတတ်မြောက်ထားမှသာလျင် တိုင်းတပါးရပ်ဝေးမှာ အလုပ်အကိုင်ရှာဖွေရာ ဝယ် အခရာကျအရေးပါ သည့်အတွက် အကြမ်းဖျင်းအားဖြင့်ပြောဆိုရသော် ရွှေ့ပြောင်းလုပ်သားတွေရဲ့ အရပ်တပါးမှလွှဲပြောင်းသော ဓနအင်အားစုတွေကနေ အကျိုးအမြတ်ရလဒ်တွေဖြစ်ထွန်းလာတယ်လို့ ဆိုရမှာပဲ။ မိသားစုအတော်များများဟာ လွှဲပြောင်းငွေလက်ခံယူရတယ်ဆိုတာကလည်း ယေဘုယျအား ဖြင့်တော့ ဆင်းရဲနွမ်းပါးခြင်းမရှိတာကိုဆိုလိုခြင်းဖြစ်ပြီး ဆင်းရဲချမ်းသာ ဝင်ငွေကွာဟမှုနှုန်းထားဟာ အ တော့်ကိုမြင့်မား မှုရှိတယ်လို့ဆိုရလိမ့်မယ်။ ရွှေ့ပြောင်းလုပ်သားတွေကြောင့် ဆင်းရဲမှုနှုန်းထားလျော့ပါး သွားပေမယ့် ကြွင်းကျန်နေရစ်မှုတွေကိုတော့ ပြသဖို့ရာအတွက် ခိုင်လုံတဲ့အထောက်အထားတွေ မရှိဘူး လို့ဆိုရမှာပဲ။
ရွှေ့ပြောင်းလုပ်သားနှင့် လူကုန်ကူးသန်းရောင်းဝယ်မှုဟာ ထပ်တူညီမျှမှုမရှိသော်ငြား တချို့သောအ ကြောင်းချင်းရာ အချက်အလက်တွေမှာတော့ အတော်လေးကိုကိုက်ညီနေတယ်လို့ ဆိုရမယ်နဲ့တူတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ အနေအထားကိုကြည့်မယ်ဆိုရင် ပညာမတတ်မှုနှုန်းထား မြင့်မားလာခြင်းကြောင့် စီး ပွားရေးဆိုင်ရာကဏ္ဍတွေမှာ ချွတ်ခြုံကျအားနည်းယိုးယွင်းလာပြီး လူကုန်ကူးသန်းရောင်း ဝယ်မှုလုပ်ငန်း အမြစ်တွယ် ကျန်ရစ်နေစေဖို့ရာ ပျိုးထောင်ပေးထားသလိုဖြစ်နေခြင်း၊ ရွှေ့ပြောင်းလုပ်သားဖြစ်စဉ်ထဲ စီး မျောလိုက်ပါသွားခင်းရဲ့ နောက်ဆက်တွဲအကျိုးဖြစ်ထွန်းမှုလို့ဆိုရမယ့် တိုင်းတပါးရပ်ဝေး လုပ်ငန်းခွင် တွင်း ဝင်ရောက်လုပ်ကိုင်နေကြသူတွေ လွှဲပြောင်းပို့ဆောင်လိုက်သော ဘဏ္ဍာငွေမှစီးပွားရေးပါဝါကို ခုတ်မောင်းလည်ပတ်စေဖို့ရာ လောင်စာဆီဖြည့်တင်းပေးသည့် အင်အားစုတရပ်အ ဖြစ်ပြောင်းလဲဖော် ဆောင်နေရသည့်အတွက် အလုပ်လက်မဲ့ဦးရေနှင့် အလုပ်အကိုင်အခွင့်အလမ်းရဖို့ရာအတွက် စွမ်း ဆောင်ရည်မပြည့်မှီခြင်း အစရှိသည့်ပြဿနာရပ်တွေဟာ ယှဉ်လျက်ဆိုသလိုဒွန်တွဲထွက်ပေါ်လာပါရော။
စီးပွားရေးကဏ္ဍ အားနည်းချို့ယွင်းနေစဉ် များပြားကြီးမားလှသော လူဦးရေကြောင့် ဘဏ္ဍာရေးပိုင်းဆိုင် ရာ အားနည်းယို့ယွင်းချက်နှင့် လူမဆန်ခေါင်းပုံဖြတ်သည့်လုပ်ရပ်မှ အကျိုးစီးပွားအခွင့်အလမ်း ရနိုင်ချေ ဖြစ်ရပ်တွေဟာ လူကုန်ကူးမှုကနေမွေးထုတ်လိုက်တဲ့ အခြင်းအရာနှစ်ရပ်လို့ဆိုရလိမ့်မယ်နဲ့တူတယ်။ ရွှေ့ပြောင်းလုပ်သားတွေနှင့် လူကုန်ကူးသန်းရောင်းဝယ်သူတွေရဲ့ သားကောင်ဘဝကျရောက် သူအများ စုဟာ နိမ့်ကျသည့် လုပ်အားခနှင့် အလုပ်လက်မဲ့ဆိုတဲ့ ဘဝကနေလွတ်မြောက်ချင်ကြတာကတော့ တထပ်တည်းလို့ ဆိုရမှာပဲနဲ့တူတယ်။ အဆုံးသတ်မှာတော့ လူကုန်ကူးသန်းရောင်းဝယ်သူတွေရဲ့ သား ကောင်ဘဝမကျရောက်ခဲ့ရသည့်တိုင် မတရားပြုမူကျင့်ကြံခြင်းခံရသော သူတို့စိတ်ကူးမျှော်လင့်ထား သည့် ရွှေ့ပြောင်းလုပ်သားဘဝတော့ ကျရောက်ခဲ့ကြရတာပါပဲ။
ဆက်ရန်…
Reference: The Human Trafficking Project
International Labor Migration and Human Trafficking
Monday, August 06, 2007
http://traffickingproject.blogspot.com/2007/08/international-labor-migration-human.html
မန်ဇူး(ဘာသာပြန်သည်)
http://naytthit.com မှ ...
Posted by SAW at 06:30 0 comments
Labels: Human Trafficking
Saturday, 14 November 2009
အကင်းမသေ ကြွင်းကျန်ရစ်နေသည့် လူကုန်ကူးသန်းရောင်ဝယ်မှု
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်း မိန့်ခွန်း ကောက်နှုတ်ချက်နဲ့ သားကောင်ဘဝ သက်ဆင်းခဲ့ရ သူတွေရဲ့ သက်သေ ထွက်ဆိုချက်တွေပါ ရုပ်သံ
အီရတ်နိုင်ငံမှာ စစ်ကျွံနေတဲ့ အမေရိကန် လေတပ်အခြေစိုက် စစ်စခန်းမှာ အလုပ်အကိုင် အခွင့်လမ်း တွေရမယ်ဆိုတဲ့ တွေးတောဆုံးဖြတ်ချက်နဲ့ ခရီးနှင်လာတဲ့ နီပေါနိုင်ငံမှ ရင်သွေးငယ်နှစ်ဦးရဲ့ အိမ် ထောင်ဦးစီး ဖခင်၊ လက်နက်ကိုင် ရမ်းကားသူတွေရဲ့ လူသားဒိုင်း အဖြစ်နဲ့ရော လိင်ကျေးကျွန်အဖြစ်နဲ့ ပါ ရှစ်နှစ်ကြာနီးပါး ပြန်ပေးဆွဲခံခဲ့ရသည့် ယူဂန်ဒါမှ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတဦးနှင့် နယူး ယောက်မြို့ဆိုတဲ့ စွဲမက်ဖွယ်မက်လုံး ဒါ့အပြင် ချစ်သူရဲ့ မာယာကျော့ကွင်းထဲမှ ရုန်းထွက်ဖို့ကြိုးစား ရင်း အဆုံးသတ်မှာတော့ ကိုယ်ချစ်ရသူရဲ့ မျက်နှာလွဲခဲပစ် ရောင်းစားခြင်းကြောင့် ဆောင်ကြာမြိုင် ရောက်သွားရတဲ့ ဗင်နီဇွဲလားမှ အမျိုးသမီးငယ်၊ လားရာမတူတဲ့ အရပ်ဒေသကနေ ဆုံချက်တခုမှာ သားကောင်ဘဝလာကျရောက်ပြီး ဒီလိုရင်နင့်ဖွယ်ဖြစ်ရပ်ဆိုးတွေနဲ့ ကြုံဆုံခဲ့ကြရသူတွေရဲ့ဖြစ်ကြောင်း ကုန် စင်တွေကြောင့် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးများရုံးမှ နာဗီးပီလေး ကြာသပတေးနေ့မှာ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ အာရုံခံစား စောင့်ကြည့်နေကြမယ့်အစား ရေတွက် ခြင်းငှာမစွမ်းသာတဲ့ ကမ္ဘာ့နေရာ အနှံ့အပြားတဝိုက် အကျိုးအမြတ် တခုတည်းအတွက် လူစိတ်ကင်းမဲ့ သော အလွဲသုံးစား ခေါင်းပုံဖြတ်လုပ်ရပ်တွေ ပပျောက်ဖို့ရာအတွက် အကြံပြုချက်တွေ ရယူပြီး ကမ္ဘာ တဝှမ်း ကျရောက်နေတဲ့ ဘေးအန္တရာယ်ကပ်ဆိုးကြီးမှ လွတ်မြောက်နိုင်ဖို့ရာ နိုင်ငံတကာမိသားစု အကူ အညီကို ဘယ်ပုံနည်းလမ်းနဲ့ရယူပြီး ချက်ချင်းလက်ငင်း ဖြေရှင်းနိုင်ရေးသည်သာလျင် အခရာကျ ကြောင်း ဖွင့်ဟပြောဆိုသွားတယ်။
လူကုန်ကူးသန်းရောင်းဝယ်မှု ပြဿနာဇစ်မြစ်ကို သေချာဆန်းစစ်ကြည့်တော့မှ ရွေ့ပြောင်းအခြေချ နေ ထိုင်သူတွေနှင့် နိုင်ငံအရပ်ရပ်တိုင်းရှိ ရာဇဝတ်မှုတွေ ဆက်နွယ်အကျုံးဝင်နေရခြင်းဟာ အခြေခံကျကျ ပြောရမယ်ဆိုရင်ဖြင့် တဦးတယောက်ချင်းစီရဲ့ ကျင့်ဝတ်ဂုဏ်သိက္ခာပိုင်းဆိုင်ရာကို ထိခိုက်စော်ကားသ လိုကိုဖြစ်နေတယ်။ ကျွန်အဖြစ်ရောင်းစားခြင်း၊ အကြွေးဖြင့်သိမ်းပိုက်ခြင်း၊ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ ခိုင်းစေဖို့ရာအတွက် အကျဉ်းချချုပ်နှောင်ထားခြင်းနှင့် လိင်ပိုင်းဆိုင်ရာအရအမြတ်ထုတ် ခေါင်းပုံဖြတ်ခြင်း စသည့်အကြောင်းရာတွေဟာဖြင့်ရင် လူကုန်ကူးသန်းရောင်းဝယ်မှုနဲ့ ဆက်စပ်လို့ တားမြစ်ပိတ်ပင်ထားတဲ့ သတ်မှတ်ချက်တွေဖြစ်သည့်အတွက် မည်သည့်နိုင်ငံနှင့်မဆို သက်ဆိုင် အ ကျုံးဝင်တယ်လို့ ဆိုရမှာဖြစ်တယ်။
ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် ဒီဖြစ်ရပ်မျိုးတွေ အတိုင်းထက်အလွန်ဆိုသလိုကို ဆိုးရွားများ ပြားလာခြင်း၊ အစိုးရတွေအနေဖြင့် အလေးဂရုထား၍ တဟုန်ထိုးမြှင့်တင် လုပ်ဆောင်ရာဝယ် အလွဲ သုံးစားခေါင်းပုံဖြတ်ခြင်းမှ ကာကွယ်တားဆီးခြင်း၊ သားကောင်ဘဝ မကျရောက်အောင် ကြိုတင်ပြင် ဆင်ခြင်းနှင့် ဆိုင်ရာပြစ်မှုအကြီးအသေးပေါ် မူတည်၍ တိုင်းနိုင်ငံအသီးသီးမှ လူမှောင်ခို ကုန်ကူးသန်း ရောင်းဝယ်သူတွေအပေါ် ပြစ်ဒဏ်စီရင်ချက်တွေဖြင့် သတ်မှတ်ပြဋ္ဌာန်းပြီး ချက်ချင်းလက်ငင်းဆိုသလို အရေးယူကိုင်တွယ် လုပ်ဆောင်ရမှာဖြစ်တယ်။
ပြီးခဲ့သည့်နှစ်ကတင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှ လူကုန်ကူးသန်းရောင်းဝယ်မှုနှင့် အတင်းအဓမ္မ လုပ် အားပေးခိုင်းစေမှု တိုက်ဖျက်ရေးအတွက် ကြီးကြပ်ဦးစီး၍ နှစ်စဉ်ဆိုသလို ဒေါ်လာ ၃၁.၆ ဘီလီယံ အ ကုန်အကျခံသုံးစွဲခဲ့တယ်။ တချို့သော ပညာရှင်တွေရဲ့ အဆိုအရတော့ မူးယစ်ဆေးဝါး ကုန်ကူးသန်း ရောင်းဝယ်မှုပြီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံး တရားမဝင်စီးပွားရေးလုပ်ငန်းလို့ ထွက်ဆိုထားကြတာပဲ။
နီပေါ နိုင်ငံမှ ဆင်းရဲနွမ်းပါးသူ အခြေခံလူတန်းစား တဦးဖြစ်သော ဗူဒီဂူရမ် ပြန်ပြောင်းပြောဆိုချက်အရ ၂ဝဝ၄ ခုနှစ်ကာလတွင်း စစ်တပ်နှင့် မော်ဝါဒီ သူပုန်တွေရဲ့ အပြန်အလှန် တိုက်ခိုက်မှုကြောင့် ဇနီး သည်နှင့် သားနှစ်ဦးကို ထောက်ပံ့ဖို့ရာအတွက် ဘယ်ပုံနည်းလမ်းနဲ့မှ အလုပ်အကိုင် အခွင့်အလမ်းရ ဖို့ရာ အဆင်ပြေလည်မှုမရှိကြောင်း၊ ဒီအတောအတွင်းမှာတင် အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင် သူတဦးရဲ့ ဒေါ်လာငွေ ၂၈ဝဝ ထုတ်ချေးငှားရုံတင်မက အမေရိကန်ပြည်ထောင်စုမှာ တလဝင်ငွေ ဒေါ် လာ ၅ဝဝ ရမည့် အလုပ်အကိုင်ရှာဖွေပေးမယ်ဆိုတဲ့ ကတိကဝတ်မက်လုံးတွေအပေါ် သက်ဝင်ယုံ ကြည်သွားသည့်အတွက် ထိုသူ၏ဦးဆောင်မှုဖြင့် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိရမည့်အစား နယူးဒေလီကိုဖြတ်ပြီး ဂျော်ဒန်သို့ ခေါ်ဆောင်ပင့်မသွားခြင်း ခံရပါလေရော။
ဂျော်ဒန်ကိုရောက်ပြီး လအနည်းငယ်အကြာ ဘဂ္ဂဒက်ကိုသွားဖို့ရာ လူ ၁၁ ဦးနှင့်အတူ ဗင်ကားတစီးထဲ အတင်းထိုးသိပ်ခံရတော့မှ ရုပ်သံတွေထဲမှာလို အဓမ္မပြန်ပေးဆွဲ စီတန်းလှည့်လည်ခံရပြီး အဆုံးသတ် မှာတော့ ခေါင်းဖြတ်ကွက်မျက် ပစ်လိုက်ကြတာကို သတိပြုမိ တော့တယ်။ ဂူရမ် ပြောပုံအရတော့ အယ်အာဆက် အခြေစိုက် အမေရိကန်လေတပ်စခန်းမှာ ထိခိုက်ဒဏ်ရာရလာသူတွေကို အတင်း အ ကျပ်ပြုစုစောက်ရှောက်ခိုင်းပြီး ကတိပေးထားသည့်နှုန်းထက် နည်းကျဉ်းသော ငွေကြေးပမာဏကိုသာ လက်ခံရရှိသည့်အပြင် အနီးဝန်းကျင်တဝိုက် ဗုံးကွဲသံတွေကြားရတော့မှ လက်မတင်လေး အသက် ဘေးက လွတ်မြောက်လာတယ်လို့ ခံစားမိတော့တယ်။
အချိန်တိုင်းလို ကိုယ့်မွေးရပ်မြေ ပြန်ဖို့အကြောင်း စဉ်းစားလိုက်တိုင်း ပြန်ဖို့ရာ လမ်းကြောင်းသိသည် ဆိုသည့်တိုင် လုံလောက်သော ငွေကြေးမရှိခြင်း၊ ဒါ့အပြင် နိုင်ငံကူးလက်မှတ်ကလည်း ကျနော်နှင့် တ သားတည်းမဟုတ်သည့်အတွက် နောက်ဆုံးမှာတော့ ၁၅ လ ကျော်ကြာ အလုပ်ကျွေးပြုစုပြီးမှပဲ နီပေါ နိုင်ငံပြန်ခွင့်ရပြီး ငရဲတွင်းက လွတ်မြောက်လာတယ်လို့ပဲ ဆိုကြပါတော့ဗျာ။ ဂူရမ်နှင့် နီပေါနိုင်ငံသား အပေါင်းအပါ ဆယ့်နှစ်ယောက်တို့ရဲ့ အမှုခင်းအသွားအလာနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု အစိုးရ တရားဥပဒေကြောင်းဆိုင်ရာအရ ဟူစတန်အခြေစိုက် တရားခံဘက်မှ ခုခံကာကွယ်မည့် KBR အဖွဲ့အစည်းနှင့်ဂျော်ဒန် လက်ခွဲတာဝန်ခံ ဒါဝတ်နှင့် အပေါင်းအပါများမှ လူကုန်ကူးသန်းရောင်းဝယ်မှု နှင့် ဆက်စပ်၍ တိုင်ချက်ဖွင့်ဆိုထားတယ်။
တိုးတက်ပြောင်းလဲလာတဲ့ ယနေ့ခေတ်ခါသမယကာလဝယ် မက်လုံးပေး ထောင်ချောက်ဆင်ပြီး လူ ကုန်ကူးသန်းရောင်းဝယ်မှုတွေ ကင်းစင်ပပျောက်ဖို့ရာအတွက် ဂူရမ် ကတော့ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် တွေကို သြဆော်တိုက်တွန်းသွားလေရဲ့။
ချာလော့တီ အာဝီနို ပြန်ပြောင်းပြောဆိုတဲ့ သူမ ဇာတ်ကြောင်းကုန်စင်က ၁၉၉၆ ခုနှစ် သူမ အပါအဝင် အခြားသော မိန်းကလေးပေါင်း ၁၃၈ ဦးအား ကျောင်းဆောင်မှ အတင်းအဓမ္မ ပြန်ပေးဆွဲသွားကြပြီး ဆူဒန် တောင်ပိုင်း ယူဂန်ဒါ စစ်တပ်နှင့် သုံးလကြာထိုးစစ်ဆင်ရာဝယ် ဘုရားသခင်ရဲ့စစ်သည်တော် တပ်အမည်ခံ လက်နက်ကိုင် ရမ်းကားသူတွေရဲ့ လူသားဒိုင်းအဖြစ် အသုံးချခြင်းကို ခံခဲ့ကြရတယ်။ ထုံး စံအရဆိုသလိုကို ကျမတို့ မိန်းမသားတွေဟာ ဒီ့ထက်ပိုမိုဆိုးဝါးတဲ့ နာကျင်ခံစားမှုတွေနဲ့ချည်းသာ ကြုံ ဆုံခဲ့ကြရတယ်။
ကျမနှင့် ပြန်ပေးဆွဲခံရလာသူ မိန်းကလေး အယောက် ၂ဝ အတွက် အခွင့်အရေးဆိုတာမရှိတဲ့အပြင် အတော့်ကို ရုတ်ရင်းကြမ်းတမ်းတဲ့ လူရမ်းကား ခေါင်းဆောင် သိမ်းပိုက်ပြီး လိင်ပိုင်းဆိုင်ရာအရ မတ ရားပြုကျင့်မှုကြောင့် ကျမလည်း ကလေးနှစ်ယောက် အဖတ်တင် ကျန်ရစ်ခဲ့တယ်လို့ဆိုရမှာပေါ့။ ယူဂန်ဒါ မြောက်ပိုင်းကို လူရမ်းကားတွေ ဆုတ်ခွာချိန် ၂ဝဝ၄ ခုနှစ်ကြတော့မှ ကျမလည်းလွတ်မြောက် လာပြီး ကမ္ဘာ့ကုလသမဂ္ဂမှ စစ်တွင်းကာလ မတရားခေါ်ဆောင်သွားခြင်းခံရသော ကလေးတွေကို ပြန် လာဖို့ရာ ဆော်သြသည့်အတွက် ဒီကိုရောက်လာတယ်လို့ဆိုမှာပေါ့၊ တချို့ဆိုရင် အဲဒီအချိန်ကာလ တုန်းက ခြောက်နှစ်သားလောက်ပဲ ရှိကြအုံးမှာ။
နိုင်ငံအသီးသီးမှာရှိတဲ့ နိုင်ငံသားတွေကို စစ်တွင်းကာလ အတတ်နိုင်ဆုံး ကာကွယ်ဖို့ရာအတွက် သင့် လျော်တဲ့နည်းလမ်းတွေ အသုံးပြုခြင်းနှင့် ပျောက်ဆုံးသွားသူတွေကို လိုက်လံရှာဖွေရေး၊ ဒါ့အပြင် ကျမ တို့လို သားကောင်ဘဝ ရောက်ခဲ့ကြရတဲ့ သူတွေကို တိုင်ပင်နှီးနှောခြင်း၊ ကျန်းမာရေးဆိုင်ရာ ပြုစု စောင့်ရှောက်မှုနှင့် ပညာရေးပိုင်းဆိုင်ရာတွေမှာ ဖြည့်တင်းပေးမှသာ သူတို့ရဲ့ ဘဝဖြတ်သန်းမှုတွေ ကို နားလည်ခံစားပေးနိုင်မှာ ဖြစ်တယ်လို့ အာဝီနို ကတော့နှိုးဆော်သွားလေရဲ့။ ဒီနေ့ အိမ်မှာရှိနေပြီး နောက်ရက်ကျတော့ လူရမ်းကားတွေလက်တွင်း ကျမ ရောက်နေပါရောလား။ လူအများစုက ကျမတို့ကို သူပုန်လား (သို့) လူရမ်းကားတွေလား ဘယ်ပုံနည်းနဲ့ ခေါ်ဝေါ် ကြမလဲ ဆိုတာကတော့ ပြောမပြတတ်ပါဘူးရှင်။
ကစ်ကာစာပါ ထွက်ဆိုချက်တွေအရတော့ ဗင်နီဇွဲလားမြို့တော် ကာရာစပ် ဟိုတယ်မှာ လုပ်ငန်းခွင်ဝင် ရောက်နေတုန်းက ဒယ်နီရယ် ဆိုသူ အမျိုးသားတဦးနဲ့ ချစ်ကြိုးသွယ်မိစဉ်ကာလမှာ ကျမ အသက်အ ရွယ်က ရှိလှမှ ၁၇ နှစ်ရယ်ပေါ့။ နှစ်အနည်းငယ်အတွင်းမှာပဲ ဒယ်နီရယ် နယူးယောက်မြို့ကြီးကို ထွက် ခွါသွားတော့ ကျမလည်း ကြံရာမရဖြစ်ပြီး နောက်ဆုံးမှာတော့ သူနဲ့ဆက်သွယ်မိတော့မှ သူ့မိ သားစု ဟာ လိင်ကုန်ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းကို အကြီးအကျယ်လုပ်ဆောင်နေတာ သိရတော့တယ်။
စာပါ ရဲ့ ပြောဆိုချက်အရဆိုရင်တော့ သူမရဲ့ နိုင်ငံကူးလတ်မှတ်နှင့် ငွေတွေကို သိမ်းဆည်းလိုက် ကြပြီး သူမကိုလည်း မြေတိုက်ခန်း အတွင်းထည့်ထားခြင်း၊ ဒီမိသားစုအပေါ် ငွေကြေးအမြောက်အမြား တင်နေသည့်အတွက် တခုတည်းသော ရွေးချယ်စရာ နည်းလမ်းက ဆောင်ကြာမြိုင်မှာ အလုပ်ဝင်ရင်း ကြွေးကျေအောင်ဆပ်ဖို့ပဲ ရှိတော့တာပေါ့။ လုပ်ငန်းခွင်ထဲ စရောက်တဲ့ ပထမတညတာ ကာလက တော့ ကမ္ဘာပျက်သလား အောက်မေ့ရတာပါပဲရှင်၊ စဉ်းစားပဲကြည့်ကြပါအုံး ယောက်ျားသားအယောက် ၉ဝ ကို ဧည့်ခံရတဲ့ဒုက္ခ၊ အတိတ်ရဲ့အရိပ်ဆိုးတွေကို ပြန်ပြောင်းပြောပြတော့ ကတုန်ကယင်ဖြစ်နေ သည့် သံနေသံထားတွေကြောင့် ခုချိန်ထိကို ခြောက်အိပ်မက် မပြယ်သေးဘူးလို့ ဆိုရလေမလားပဲ။
သုံးနှစ်ကျော် ကာလအတွင်းမှာကို ဆောင်ကြာမြိုင် အနှံ့ဆိုသလို ရောင်းစားခြင်းခံခဲ့ရတဲ့ ကျမ ဘဝ၊ ဒီကြားထဲ ရံဖန်ရံခါဆိုသလို ရဲဝန်ထမ်းတွေရဲ့ဆောင်ကြာမြိုင်ထဲ ဝင်ရောက်ဖမ်းဆီးခြင်းနဲ့ ဒီရဲသားတွေ ဟာ ကျမတို့ကို ကူညီရမယ့်အစား သူတို့ကိုယ်၌က တောင်းဆိုလာတဲ့အတွက် ကျမတို့ကပဲ လိင်ပိုင်း ဆိုင်ရာ ဝန်ဆောင်မှုနဲ့ ဧည့်ခံဖျော်ဖြေခဲ့ကြရတယ်။ ဒီကနေ ဖြစ်တဲ့နည်းလမ်းနဲ့ ကျမ စွန့်ခွာဖို့ ဖြစ်လာရ တဲ့ အကြောင်းရင်းက အခင်တွယ်ရဆုံးလို့ဆိုရမယ့် သူငယ်ချင်းမတယောက်ကို ဆောင်ကြာမြိုင်မှ ဖောက်သည်တဦးက သတ်ဖြတ်လိုက်တာရယ်၊ ဒီကြားထဲမှာ ကျမ တိတ်တဆိတ် လက်ဆက်ထားတဲ့ ဖောက်သည်ကပဲ အတင်းအကြပ် ကျမကို ရိုက်နှက် ခြိမ်းခြောက်ပြီး ဒီတိုင်းပြည်ကနေထွက်ခွာဖို့ တိုက် တွန်းလာပါလေရော။ ဒီလိုနဲ့ နောက်ဆုံးမှာ ကျမလည်း လွတ်မြောက်လာခဲ့ရပြီး အဖွဲ့အစည်းတခုရဲ့ အ ကူအညီနဲ့ ကွာရှင်းပြတ်စဲပြီး တရားဝင် အမေရိကန်နိုင်ငံသူ ဖြစ်လာရတယ်ဆိုပါတော့။
ဇာတ်ကြောင်းကုန်စင်ကို ပြောပြတယ်ဆိုတာကလည်း ကမ္ဘာတဝှမ်းမှာရှိတဲ့သူတွေအနေနဲ့ ကျမလို အ ဖြစ်ဆိုးမျိုးမကြုံရလေအောင် တဖက်တလမ်းကနေ အကူညီပေးတယ်လို့ပဲဆိုရမလား။ ဒယ်နီရယ်လို လူကုန်ကူးသူတွေရဲ့ သားရဲတွင်းမှ ကင်းဝေးဖို့ဆိုတာက တရားဥပဒေကလွဲလို့ ဘာမှကိုမမြင်မိပါဘူး။ ဖောက်သည်တွေမှာလည်း တာဝန်ရှိကြောင်း၊ ပြုမူဆက်ဆံရာဝယ် ရာဇဝတ်သားတဦးလို ဆက်ဆံ ခြင်းနှင့် သက်ဆိုင်ရာ ရဲအရာရှိတွေအနေနဲ့ရော ရှေ့နေတွေအနေနှင့်ပါ သားကောင်ဘဝ ကျရောက်သူ တွေကို ကာကွယ်ဖို့ရာအပြင် ဖော်ထုတ်ဖို့ပါ ကြိုးစားလုပ်ဆောင်သင့်တယ်လို့ ကစ်ကာစာပါ မှ ထပ် လောင်းအတည်ပြု တောင်းဆိုထားတယ်။
မန်ဇူး(ဘာသာပြန်သည်)
Reference: The Human Trafficking Project
Trafficking Survivors Speak Out at the United Nations
Associated Press
Friday, October 23, 2009
http://traffickingproject.blogspot.com/search/label/Challenges
http://naytthit.com မှ ...
Posted by SAW at 16:45 0 comments
Labels: Human Trafficking
Wednesday, 11 November 2009
ထိုင်း-မြန်မာကျောင်းသားများချစ်ကြည်ရေးနှင့် သိပ္ပံဘာသာရပ် ပြခန်း
ထိုင်းကျောင်းသားများနှင့် မြန်မာရွှေ့ပြောင်းကျောင်းများမှ ကျောင်းသားများ တွေဆုံပွဲနှင့် သိပ္ပံဘာသာ ရပ်လေ့လာရေးပြပွဲကို ယနေ့ မဲဆောက်မြို့ ဆာဖါဝိထရဂုဏ် ထိုင်းအထက်တန်းကျောင်း (မဲဆောက် မြို့ပိုင်ဝိုင်း အနီး) တွင် ကျင်းပြခဲ့ပါတယ်။ ဒီပွဲကို မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းကျောင်းများဖြစ်တဲ့ SAW ကျောင်း၊ CDC ကျောင်း၊ ဆာသူလေကျောင်း၊ ခွဲကပေါင်ကျောင်းများမှ ကျောင်းသား ကျောင်း သူများ တက်ရောက်လေ့လာကြပါတယ်။
ပေးပို့သူ .. အောင်မျိုးဆွေ
Posted by SAW at 05:49 0 comments
Labels: သတင်း
Sunday, 8 November 2009
ကလေးအခွင့်အရေးဆိုင်ရာကာကွယ်စောင့်ရှောက်ခြင်း (၄)

ကလေးတွေအပေါ် ထိန်းသိမ်းကြပ်မတ်ခြင်း
မိဘ (သို့) ရင်ဝယ်ပိုက် အုပ်ထိန်းသူတွေအနေဖြင့် ကလေးတွေကို အပြစ်ပေးဆုံးမရာဝယ် စရိုက်လက္ခ ဏာ နှစ်မျိုးထဲက ရုပ်ခန္ဓာပိုင်းကို ရိုက်နှက်ခြင်းဖြင့် ထိခိုက်နာကျင်စေအောင် အပြစ်ပေးဆုံးမခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကိုထိခိုက်ပြီး အားနည်းချို့ယွင်းသွားစေနိုင်သည့် အပြုအမူအကျင့်တွေကို တားဆီးဟန့်တားနိုင်ခြင်းအလို့ငှာ ရည်ရွယ်ချက်နှင့် ကိုယ်ထိလက်ရောက် အပြစ်ပေးသည့် စည်းကမ်း တွေအပေါ် အဓိပ္ပါယ် ဖွင့်ဆိုပြဋ္ဌာန်းသတ်မှတ်ခြင်း ဖြစ်တယ်။
ကလေး ၈၆% ခန့်ဟာ ရိုက်နှက်ဆုံးမ အပြစ်ပေးခြင်း နည်းလမ်းဘောင်ထဲကနေ ဘဝကိုဖြတ်သန်းကြီး ပြင်းခဲ့ကြရတယ်။
အသက်၂-၁၄ နှစ်အတွင်း ကိုယ်ထိလက်ရောက် ပြစ်ဒဏ်ကျခံရသော ကလေးရာခိုင် နှုန်း၊ နိုင်ငံပေါင်း ၂၉ နိုင်ငံကို လေ့လာဆန်းစစ်ချက် (၂ဝဝ၅-၂ဝဝ၆)
ရှေးပဝေသဏီ ကာလများထဲက ထိန်းသိမ်းလာတဲ့ အစဉ်အလာတရပ်လို့ဆိုရလေမလား၊ ကလေးတွေ ကို ဆက်ဆံဆုံးမရာဝယ်စိတ်ပိုင်းဆိုင်ရာအရ ကသိကအောက်ဖြစ်ရလောက်အောင် သူ (သို့) သူမ ဆို ပြီး အမည်နာမ ခေါ်ဝေါ်တပ်ဆင်၍ အော်ဟစ်၊ ကြိမ်းမောင်း၊ ဆူပူခြင်းတွေနဲ့ စတင်တိုက်ခိုက်ဆင်နွှဲ တော့တာပဲ။ ခန္ဓာကိုယ်ပိုင်း (သို့) ကိုယ်ထိလက်ရောက် ရိုက်နှက်ဆုံးမ အပြစ်ဒဏ်ပေးခြင်းတွေဟာ က လေးရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှု (သို့) ပြင်းထန်သည့် နာကျင်ခံစားရခြင်း မရှိရင်တောင်မှ စိတ်မ ချမ်းမြေ့ဖွယ် ခံစားရခြင်းတွေကို ဖြစ်ပေါ်စေတယ်။ ကလေးတွေကို လှုပ်ခါပစ်ခြင်းနှင့် သူ (သို့) သူမ၏ လက်၊ ခြေ (သို့) အောက်ခြေတဝိုက်ကို လက်ဝါးဖြင့် ရိုက်နှက်ဆုံးမသည့် သေးငယ်သော ကိုယ်ထိလက် ရောက် ပြစ်ဒဏ်ခတ်မှုတွေပါ ပတ်သက်အကျုံးဝင်ခြင်းကို ဆိုလိုတာဖြစ်တယ်။
ကလေးတွေရဲ့မျက်နှာ၊ ဦးခေါင်း (သို့) နား (သို့) ကလေးတွေကို ပြင်းထန်စွာ (သို့) ထပ်ခါတလဲ ရိုက် နှက်ဆုံးမခြင်း ပြင်းထန်သည့် ကိုယ်ထိလက်ရောက် ပြစ်ဒဏ်ခတ်မှုထဲ ပတ်သက်အကျုံးဝင်၏။ နိုင်ငံ ပေါင်း ၂၉ နိုင်ငံရဲ့ နယ်မြေ ပိုင်နက်အတွင်း လေ့လာဆန်းစစ်ချက်အရ ပျမ်းမျှခြင်းအားဖြင့် ၈၆% ခန့်ရှိ သော အသက် ၂-၁၄ နှစ်အရွယ် ကလေးတွေဟာ ရိုက်နှက်ဆုံးမ အပြစ်ပေးခြင်းဆိုတဲ့ နည်းလမ်း ဘောင်အတွင်းရှိနေခြင်းနှင့် ဒီ နိုင်ငံအားလုံးနီးပါးဆိုသလောက်မှာ သက်ရှင်နေထိုင်ကြရသည့် ကလေး ထက်ဝက်ကျော်ခန့်ဟာ ရိုက်နှက် ပြစ်ဒဏ်ပေး ဆုံးမခံရခြင်းနှင့် ကလေး ငါးယောက်မှာ တဦးကျနှုန်း ထားဟာ ပြင်းထန်တဲ့ ကိုယ်ထိလက်ရောက် ပြုမူဆုံးမခြင်းဒဏ်ကို မရှုမလှခံစားရင်း အိမ်တွင်း ဘဝတွေ ကို ဖြတ်သန်းကြီးပြင်းခဲ့ကြရရှာတယ်။
ကိုယ်ထိလက်ရောက် ပြစ်ဒဏ်ခတ် ဆုံးမခြင်းဟာ လူမှု-စီးပွား နောက်ခံ ဘဝတွေနဲ့ ပတ်သက်အကျုံးဝင်
သက်ဆိုင်မှုရှိနေပြန်တယ်။ နိုင်ငံအတော်များများမှာ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုတွေတင်မက ချမ်း
သာကြွယ်ဝပြည့်စုံပါတယ်ဆိုတဲ့ အိမ်ထောင်စုပါမကျန် ဒါ့အပြင် ကျေးလက်ဒေသနှင့် မြို့ပြရပ်ဝန်းမှာ နေ
ထိုင်ကြတဲ့ ကလေးတွေရဲ့ တူညီမှုရှိတဲ့ ဖြစ်စဉ်တစ်ရပ်လို့ဆိုရလေမလား ကလေးတွေအပေါ် ဆုံးမအ ပြစ်ပေးရာဝယ် ကိုယ်ထိလက်ရောက် ကျူးလွန်တတ်ကြတယ်။ မိဘ (သို့) ရင်ဝယ်ပိုက် အုပ်ထိန်းသူတွေ အနေဖြင့် အတိုင်းအတာတရပ်ထိ ကလေးတွေအပေါ် ရိုက်နှက်ဆုံးမဖို့လိုအပ်သည်ဟု ယုံကြည်ကြောင်း သို့သော်ငြားလည်း လေ့လာဆန်းစစ်ချက် မကောက်ယူမှီ လအနည်းငယ်အတွင်း တွေ့ရှိချက်အရ သေး ငယ်သော ရိုက်နှက်ပြစ်ဒဏ်ပေး ဆုံးမခြင်းကို ကလေးတွေအတွက် အတိုင်းအတာ တရပ်ထိလိုအပ် ကြောင်း ရည်ညွှန်းပြောဆိုမှုနှုန်းထား နိမ့်ကျသွားတာကို ၂၈% နှင့် ၆၂% အစရှိသဖြင့် အသီးသီးတွေ့ရှိ ရတယ်။
ကိုယ်ထိလက်ရောက် ပြစ်ဒဏ်ပေး ဆုံးမမှုကျယ်ပြန့်လာတယ်ဆိုသော်ငြား လူမှုဆိုင်ရာရှုထောင့်အရ အ
တည်ပြုမပြဋ္ဌာန်းနိုင်သေးဘူးလို့ဆိုရမယ်။
အသက် ၂-၁၄ နှစ်အတွင်း သေးငယ်သော ရိုက်နှက်ဆုံးမပြစ်ဒဏ်ပေးခြင်းခံရသော ကလေး ရာခိုင်နှုန်း
နှင့် မိဘ သို့ ရင်ဝယ်ပိုက် အုပ်ထိန်းသူတွေအနေနဲ့ ကလေးတွေအပေါ် ကိုယ်ထိလက်ရောက် ရိုက်နှက်
ပြစ်ဒဏ်ပေးဖို့ လိုအပ်သည်ဟုယုံကြည်သူ ရာခိုင်နှုန်း (၂ဝဝ၅-၂ဝဝ၆) ခုနှစ်
ပတ်ဝန်းကျင်ရဲ့သြဇာလွှမ်းမိုး သက်ရောက်မှု
အမူအကျင့်နဲ့ သဘောထားဟာ လူမှုဆက်ဆံရေးနှင့် ယဉ်ကျေးမှု နယ်ပယ် ဝန်းကျင်ပေါ် မူတည်ပြီး သြ ဇာလွှမ်းမိုးသက်ရောက်မှုရှိတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်မှ ၂ဝဝ၆ ခုနှစ်ကို ကလေးတွေအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ဖို့ ဆော်သြတိုက်တွန်းထားချက်မှာ စောင့်ထိန်းပြီးသား အ စဉ်အလာ (သို့) တင်းကျပ်သည့် စည်းမျဉ်းဥပဒေသတွေကို မျိုသိပ်ဖုံးကွယ်ထားပြီး ကလေးတွေအပေါ် ကိုယ်ထိလက်ရောက် ကြမ်းတမ်းတဲ့ ပြုမူဆက်ဆံခြင်းတွေကို ရပ်ဆိုင်းပြီး မှန်ကန်သော နည်းလမ်းများ ဖြင့်လိုက်နာကျင့်သုံးဖို့ရာအပြင် အစိုးရတစ်ရပ်အနေဖြင့် ကိုယ်ထိလက်ရောက် ကြမ်းတမ်းစွာ ရိုက်နှက် အပြစ်ပေးဆုံးမခြင်းတွေကိုပါ တားမြစ်ဟန့်တားပိတ်ပင်ရမှဖြစ်တယ်။
အထက်ဖော်ပြပါ အချက်အလက်တွေဟာ UNICEF ရဲ့ ၂ဝဝ၈ ခုနှစ် သတင်းအချက်အလက်၊ MICS DHS နှင့် တခြားသော နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ၂ဝဝ၅-၂ဝဝ၆ ခုနှစ် လေ့လာဆန်းစစ်ချက်တွေကို အခြေ ပြုထားခြင်းဖြစ်တယ်။
ကလေး လုပ်သား
လတ်တလော ရင်ဆိုင်နေရသည့် စိန်ခေါ်မှုတွေ
သန်းပေါင်းများစွာသော ကလေးတွေဟာ ထိခိုက်နာကျင်စေခြင်း သို့ ခေါင်းပုံဖြတ် အကျိုးရှာခံရခြင်းမရှိ ပဲနဲ့ကို သူတို့မိသားစုတွေရဲ့ အလုပ်အကိုင်တွေထဲ ဝင်ရောက်ကူညီလုပ်ကိုင်ပေးနေရတယ်ဆိုပေမယ့်လို့ အသက် ၅-၁၄ နှစ်အရွယ် ကလေး ခြောက် ဦးနှုန်းလျှင် တစ်ဦး၊ ရာခိုင်နှုန်းအားဖြင့်ဆိုရသော် ဒီ အသက် အရွယ် ဝန်းကျင်အုပ်စုထဲမှာပါဝင်သည့် ကလေး ၁၆ % ခန့်ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ကလေး အလုပ် သမားထဲမှာ စာရင်းဝင်နေကြရရှာပြီး ဖွံ့ဖြိုးမှုမရှိသေးသည့် နိုင်ငံတွေမှာဆိုရင် ၃ဝ% ခန့်သော ကလေး ငယ်တွေဟာ လုပ်ငန်းခွင်ထဲမှာ ဝင်ရောက်လုပ်ကိုင်နေကြရရှာတယ်။ လုပ်ငန်းခွင်ထဲ ကျုံးသွင်းခံရတဲ့ ဒီ ကလေးငယ်တွေရဲ့ဘဝဟာ ပျော်ရွှင်မှုဆိုတဲ့ အရာအားလုံး ဆိတ်သုန်းကွယ်ပျောက်ခြင်းနှင့် ခန္ဓာကိုယ် ပိုင်း ဆိုင်ရာအရ ပုံမှန်မဟုတ်ပဲ ထိခိုက်မှုတွေနှင့်အတူ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုနှင့် ပညာရေးကိုပါ အ ခန့်မသင့်ရင် အဟန့်အတားဖြစ်စေနိုင်တယ်။
ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ၆ ယောက်မှာ ၁ ယောက်နှုန်း ကလေး လုပ်သားဘဝကို ကြုံဆုံနေရခြင်း
အသက် ၅-၁၄ နှစ်အတွင်း ကလေး လုပ်သား ရာခိုင်နှုန်း (၁၉၉၉-၂ဝဝ၇) ဒေသတွင်းသာ
ွ
ဆာဟာရ အာဖရိက ရပ်ဝန်းဒေသ တဝိုက်မှာ အသက် ၅-၁၄ နှစ်အရွယ် ကလေးသုံးဦးလျင် ၁ ဦးနှုန်း ကျဟာ အလုပ်သမားဖြစ်နေရခြင်းနှင့် ဗဟိုနှင့် အရှေ့ဥရောပ/ ဓနသဟာယ နိုင်ငံတွေမှာ ကလေးအ ယောက် ၂ဝ မှာမှ ၁ ယောက် ကလေးလုပ်သားဖြစ်နေခြင်းကို နှိုင်းယှဉ်ချိန်ဆကြည့်စေလိုခြင်းဖြစ်တယ်။ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုမှာ ပေါက်ဖွားကြီးပြင်းလာရတဲ့ ကလေးတွေဟာ က လေး အလုပ်သမားဖြစ်ဖို့ရာ ဖြစ်နိုင်ချေပိုများတယ်။ ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက်စာ ရင် ကလေးအလုပ်သမား ပိုဖြစ်နိုင်ချေရှိသည့် အကြောင်းရင်းခံက ဟိုးရှေးယခင်ကာလတွေထဲက စီးပွား ရေး လုပ်ငန်းဆောင်တာတွေမှာ ပိုပြီးသင့်တော်အဆင်ပြေလို့ပဲဖြစ်တယ်။ မိန်းကလေးတွေကျပြန်တော့ လည်း အိမ်မှုဝေယျာဝစ္စတွေနဲ့သာ လုံးလည်ချာလည်လိုက်ပြီး ဝန်ထုတ်ဝန်ပိုးဆိုတာကြီးကို မဖြစ်မနေ ထမ်းပိုးနေရှာရတယ်။
ကလေး အလုပ်သမား ဖြစ်နိုင်ချေအများဆုံးကတော့ ယောက်ျားလေးတွေပေါ့
အသက် ၅-၁၄ နှစ်အတွင်း ကလေး အလုပ်သမား ရာခိုင်နှုန်း (၁၉၉၉-၂ဝဝ၇) ခုနှစ် ကျား/ မ
ကမ္ဘာတဝှမ်းမှာရှိတဲ့ လုပ်ငန်းခွင်ထဲရောက်ရှိနေကြတဲ့ ကလေး အလုပ်သမားတွေကို ညွှန်းဆိုပြသနေတဲ့
နိုင်ငံတစ်ခုချင်းစီအလိုက် သက်ဆိုင်ရာ အချက်အလက်တွေကို ပြန်လည်ဆန်းစစ်ကြည့်ရာဝယ် ဆာဟာ ရ အာဖရိက ရပ်ဝန်းမှာ ကလေး အလုပ်သမား အများဆုံးရှိနေတာကို ကြုံတွေ့ရတယ်။ ကလေးအားလုံး ကျောင်းတက်နိုင်ရေးနှင့် ကောင်းမွန်ပြည့်စုံသည့် ပညာရည် လက်ဝယ်ပိုင်ဆိုင်ရှိရေးသည်သာလျင် က လေး အလုပ်သမားဘဝမှ ကာကွယ်ဖို့ရာ အချက်အချာသော့ချက် ဖြစ်နေတာကတော့ ကျိန်းသေ သ လောက် လို့ဆိုရမှာပဲ။
ကလေး အလုပ်သမား အများဆုံးလို့ဆိုရမယ့် ဆာဟာရ အာဖရိက ရပ်ဝန်း
အချက်အလက် စုဆောင်းကောက်ယူမှု
UNICEF နှင့် MICS တို့မှ နိုင်ငံတစ်ခုချင်းစီအလိုက် သက်ဆိုင်ရာ အိမ်ထောင်စုတွေကို လေ့လာဆန်းစစ် ပြီး လုပ်ငန်းခွင်အတွင်း ရောက်ရှိနေသည့် ကလေးတွေကို အချက်အလက် စုဆောင်းကောက်ယူထား ခြင်းဖြစ်တယ်။ စီးပွားရေးလုပ်ငန်းဆောင်တာနှင့်သက်ဆိုင်တဲ့ အချက်အလက်တွေကို စုဆောင်းကောက် ယူထားခြင်း (မိသားစုပိုင် လယ်ယာလုပ်ငန်း သို့ စီးပွားရေး လုပ်ငန်းဆောင်တာတွေမှာ အိမ်ထောင်စု ဝင် မဟုတ်သည့်အတွက် လုပ်အားခကို ပေးဆောင်လား (သို့) မပေးဆောင်ဘူးလား။)နှင့် အိမ်တွင်းအ လုပ်တွေလို့ဆိုရမယ့် (အိမ်မှုကိစ္စ ဝေယျာဝစ္စတွေဖြစ်တဲ့ ချက်ပြုတ်၊ သန့်ရှင်းရေး (သို့) ကလေးထိန်းခိုင်း သည့် အလုပ်တွေ) အထွေထွေကိစ္စရပ်တွေမှာ ကလေးတွေဟာ အချိန်ကာလ ဘယ်လောက်အတိုင်းအ တာနဲ့ ဘယ်လိုအလုပ်အမျိုးအစားတွေကို လုပ်ကိုင်နေကြရသလဲဆိုတာတွေကို MICS မှ တွေ့ဆုံမေး မြန်းပြီး စစ်တမ်းကောက်ယူထားခြင်းဖြစ်တယ်။
ကလေးအလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ နောက်ထပ်ရင်းမြစ်တွေကို လူဦးရေနှင့် ကျန်းမာရေးဆိုင်ရာ လေ့လာဆန်းစစ်ချက်၊ ကမ္ဘာ့ကုလသမဂ္ဂ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်မှ ကူညီထောက်ပံ့လို့ ရရှိတဲ့ အချက်အလက်တွေဖြင့် တိုင်းတာဝေဖန် ဆန်းစစ်ထားခြင်းဖြစ်တယ်။ မကြာမီ လတ်တလော ကာလတုန်းက DHS ရဲ့ လေ့လာဆန်းစစ်ချက်တွေအရ MICS မှလုပ်ငန်းခွင်ထဲ ရောက်ရှိနေတဲ့ ကလေး တွေကို တွေ့ဆုံမေးမြန်းလို့ရရှိထားတဲ့ အချက်အလက်တွေအပေါ်မှာ တူညီကြောင်း ရပ်ခံတင်ပြထား တယ်။ ကလေးအလုပ်သမားတွေကို အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ရာမှာ အနိမ့်ဆုံး အလုပ်ချိန်၊ အသက်အ ရွယ်နှင့် အလုပ်အကိုင်အမျိုးအစားဟာ လုပ်ငန်းခွင်အပေါ်မှာ အတော်လေးမူတည်နေကြောင်း အထက် ဖော်ပြပါ စာမျက်နှာတွေအရ ခွဲခြမ်းစိတ်ဖြာကြည့်လို့ရတယ်။ ကလေးတွေအပေါ်ထိခိုက်အနာတရ ဖြစ် စေမည့် အလုပ်အကိုင်မျိုးကို အတတ်နိုင်ဆုံး ရှောင်ကြဉ်စဉ်းစားရမှာဖြစ်တယ်။
ကလေး လုပ်သားနှင့် သက်ဆိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်
အသက် ၅-၁၁ နှစ်- စီးပွားရေးလုပ်ငန်းခွင်အတွင်း အနည်းဆုံး ၁ နာရီ သို့ အိမ်မှုဝေယျာဝစ္စ အလုပ်တွေ
အပေါ် တပတ်လျှင် ၂၈ နာရီ
အသက် ၁၂-၁၄ နှစ်- စီးပွားရေးလုပ်ငန်းခွင်အတွင်း အနည်းဆုံး ၁၄ နာရီ သို့ အိမ်မှုဝေယျာဝစ္စ အလုပ်
တွေအပေါ် တပတ်လျှင် ၂၈ နာရီ
အသက် ၁၅-၁၇ နှစ်- စီးပွားရေးလုပ်ငန်းခွင်အတွင်း သို့ အိမ်မှုဝေယျာဝစ္စ အလုပ်တွေအပေါ် အနည်း
ဆုံး ၄၃ နာရီ သို့
Reference: Multiple Indicator Cluster Surveys (MICS): UNICEF, various years.
Demographic and Health Surveys (DHS): Macro International, various years.
UNICEF
Childinfo
Monitoring the Situation of Children and Women
Child Discipline
Child Labor
Posted by SAW at 20:35 0 comments
Labels: Children's Crisis
ထိုင်းနိုင်ငံ တောင်ပိုင်းခရိုင်မှ ဘုန်းကြီးကျောင်း ၂၆၆ ကျောင်းအတွက် မဲဆောက်မြို့ သံဃာတော်အပါး ၁၅၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ
Posted by ဈန် at 03:45 0 comments
Labels: ရုပ်သံသတင်း
Saturday, 7 November 2009
မွေးစာရင်း
မွေးစာရင်းဟာ ကလေးတိုင်းရဲ့အခြေခံ အခွင့်အရေးတွေလို့ဆိုရမယ့် ကိုယ်ပိုင်အမှတ်အသား လက္ခ ဏာနှင့် တည်ရှိမှုကို ကာကွယ် အသိအမှတ်ပြုဖို့ရာ ရည်ညွှန်းဖော်ဆောင်သည့်အတွက် UNICEF အနေဖြင့်အဓိကထား ဦးတည်လုပ်ဆောင်ဖို့ရာ အကြောင်းဖန်လာတယ်လို့ဆိုရမှာပဲ။ အထူးသဖြင့် တ ချို့သော ဌာနဆိုင်ရာ အစိုးရအုပ်ချုပ်ရေး ယန္တရားတွေမှာ ပုံမှန်အားဖြင့်တော့ ကလေးတွေရဲ့ တည်ရှိမှု ကို တရားဝင် မှတ်တမ်းမှတ်ရာတွေနဲ့ အတည်ပြု ရည်ညွှန်းဖော်ပြထားသည့်အတွက် ဟန်ချက်ညီညီနဲ့ ထိန်းချုပ်ထားနိုင်စွမ်းရှိတယ်။ လူ့ဘောင်လောကအတွင်း ၀င်ရောက်လာတဲ့ ကလေးတွေကို မွေးစာရင်း ပြုလုပ်ထားခြင်းမရှိသည့်အတွက် တခြားကလေးတွေရရှိသည့်နည်းတူ အခြေခံအခွင့်အရေးတွေ ခံစား နိုင်ခြင်းမရှိပဲ ဆုံးရှုံးနစ်နာမှုတွေနဲ့ ကြုံတွေ့လာရနိုင်ဖွယ်ရှိတယ်။ ပြည်တွင်းရေး မူဝါဒတွေနှင့် ဥပဒေပြု ပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော်လုပ်ဆောင်ရာမှာ လုပ်ငန်းခွင်အတွင်းသို့ ၀င်ရောက်မည့် အနိမ့်ဆုံး အသက်အရွယ်အပိုင်းအခြား၊ စစ်မှုထမ်းဖို့ရာဆင့်ခေါ်ခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်းတို့ဟာ မွေးစာရင်းပေါ်မူတည်ပြီး ပိုင်းခြားဆုံးဖြတ်ရတာဖြစ်တယ်။ ဝေးကွာအဆက်ပြတ်မှုတွေကို စုံစမ်းဖို့ရာနှင့် လူ့ဘောင်လောကအတွင်း တစ်ကိုယ်တည်းဖြစ်နေတဲ့ ကလေးတွေစသည့် အရေးပေါ်အခြေအနေမျိုး နဲ့ ကြုံကြိုက်လာတဲ့အခါမှာ မွေးစာရင်းဟာ အတော်လေး အထောက်အကူပြု ပံ့ပိုးပေးတယ်လို့ ဆိုရမှာ ပဲ။
လူ့အခွင့်အရေးတရပ်မှာ အမည်နာမနှင့် နိုင်ငံသားဆိုတာ အခရာအကျဆုံးပဲ
လူ့လောကအတွင်း ၀င်ရောက်လာတဲ့ ကလေးတိုင်း တရားဝင် မှတ်ပုံတင်ထားဖို့ရာအတွက် အခွင့်အ လမ်းရှိကြောင်း ကလေးအခွင့်အရေးဆိုင်ရာ ကော်မတီတရပ် အပိုဒ် ၇ မှာအတိအလင်း ထည့်သွင်း ဖော်ပြပါရှိပြီး အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ နိုင်ငံတိုင်းဟာ ခိုလှုံခွင့် တောင်းခံသူတွေပဲဖြစ်ဖြစ်၊ ဒုက္ခသည်တွေ
နှင့် ရွှေ့ပြောင်းနေထိုင်အခြေချပြီး မွေးဖွားလာတဲ့ ကလေးအာလုံးကို မွေးစာရင်း လုပ်ဆောင်ပေးရမှာ ကိုဆိုလိုခြင်းဖြစ်တယ်။
ကမ္ဘာလောကကြီးအတွင်း ကလေးတွေအတွက် လျော်ကန်သင့်မြတ်စွာ ပြုမူလုပ်ဆောင်ဖို့ရာအတွက် အစိုးရတွေဟာ ကလေးအားလုံးရဲ့မွေးစာရင်းနဲ့ ပတ်သက်လို့ ပြန်လည်အတည်ပြုခြင်းနှင့် ကလေးတွေ အလွဲသုံးစား ခေါင်းပုံဖြတ်ခံရခြင်းမှ ကင်းလွတ်ဖို့ရာအတွက် ပညာရေးဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဆောင်ဖို့ ၂၀၀၂ ခုနှစ် အထွေထွေ ညီလာခံမှာ အပိုဒ် ၇ ပါ အမည်နာ မနှင့် နိုင်ငံသားအဖြစ် လက်ခံအတည်ပြုနိုင်ရေးအတွက် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြတယ်။
ဒီပန်းတိုင်သို့ ရောက်ရှိအောင်မြင်ဖို့ရာ အစိုးရတွေအနေဖြင့် ခိုင်မာတိကျသည့် လူဦးရေ စာရင်းဇယား နှင့် ကလေးတွေကို ထောက်ပံ့ပြုစု စောင့်ရှောက်နိုင်ရေးအတွက် စီမံကိန်းတွေရေးဆွဲချမှတ်ပြီး အ ကောင်အထည်ဖော် လုပ်ဆောင်ရမှာဖြစ်တယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ကလေးတွေရဲ့ အခွင့်အ ရေးတွေကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ကိုယ်ပိုင်အမှတ်အသား လက္ခဏာနှင့် အသိမှတ်ပြု လေးစားသည့်အနေဖြင့် မွေးစာရင်းနဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေကို အဓိကထား ဦးတည်လုပ် ဆောင်လာမှုတွေ တိုးတက်ဖြစ်ထွန်းလာတယ်လို့ဆိုရမှာပဲ။
ကလေးတွေကို ကျန်းမာရေးပိုင်းဆိုင်ရာ ပြုစုစောင့်ရှောက်မှု၊ အာဟာရပိုင်းဆိုင်ရာ ဖြည့်တင်းကူညီပေး မှုနှင့် လူမှုရေးပိုင်းဆိုင်ရာ ထောက်ပံ့ကူညီမှုပေးနိုင်ရေးနှင့် ပညာသင်ကြားရေးအတွက် စာရင်းပေး သွင်းနိုင်ဖို့ရာ အစရှိသည့် လုပ်ဆောင်ချက်တွေအတွက် ကြိုတင်ကာကွယ်ဖို့ရာ ကလေးတွေရဲ့ မွေးစာ ရင်းနဲ့ပတ်သက်တဲ့ အသိအမှတ်ပြု ထောက်ခံချက်ဟာ အရေးတကြီးလိုအပ်တယ်။
သက်သေခံ အထောက်အထားပါ စာရွက်ဟာ စောစီး အိမ်ထောင်ကျကလေးတွေကို ကာကွယ်နိုင် ရေးအတွက် အထောက်အကူပြုခြင်း၊ ကလေးအလုပ်သမား၊ လက်နက်ကိုင် အဖွဲ့အစည်းတွေအတွင်း သက်မပြည့်သေးသည့်အတွက် ၀င်ရောက်ခြင်း (သို့) အရွယ်မရောက်သေးမှီ ကလေးပြည့်တန်ဆာ အ ဖြစ် အတင်းအကျပ် ခိုင်းစေခြင်းတို့မှ အကာအကွယ်ပေးနိုင်တယ်။
ကျေးလက်ဒေသနေ ဆင်းရဲနွမ်းပါးသူတွေအတွက် မှတ်ပုံတင် စာရင်းသွင်းဖို့ရာ အခက်အခဲကြုံရခြင်း ကျေးလက်ဒေသနေ ငါးနှစ်အောက် ကလေးတွေဟာ မှတ်ပုံတင်ကဒ်ပြား ပြနိုင်စွမ်းမရှိသည့်အတွက် ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး နည်းပါးသည့် အတိုင်းအတာတခုထိသာ လက် ခံရရှိခြင်း၊ ပညာသင်ကြားရာမှာ အချိန်လင့်မှသာ သင်ကြားတက်ရောက်ခွင့်ရခြင်း၊ အာဟာရ ပိုင်းဆိုင် ရာ ချို့တဲ့မှုရှိခြင်းနှင့် သေဆုံးမှုနှုန်း မြင့်မားခြင်းတို့ကို မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ကြရတယ်။
သူတို့လေးတွေဟာ လူ့လောက အတွင်းသာရောက်ရှိလာရကြတာ ကျန်းမာရေးဆိုင်ရာ အထောက်အ ပံ့နဲ့ ပတ်သက်လို့ တစုံတရာ အခွင့်အရေးဆိုလို့ ဘာတခုမှ မရရှိကြခြင်း၊ သူတို့ရဲ့အုပ်ထိန်းသူ မိခင် ကိုယ်၌က နိမ့်ကျသည့် ပညာရေးသာရှိခြင်းတို့ကြောင့် ကိုယ့်ရင်သွေး ဖျားနာသည့်အရိပ်ယောင် ပြနေ တာတောင်မှ သိနိုင်စွမ်းမရှိခြင်းအပြင် HIV/AIDS ရောဂါကူးစက်ခြင်းနဲ့ ပတ်သက်လို့ ကျန်းမာရေးဆိုင် ရာ အသိတွေပါ ချို့ယွင်းအားနည်းကြရှာတယ်။
မွေးစာရင်းဆိုင်ရာ သက်သေခံ အထောက်အထားစာရွက် အရေးပါပုံကို မသိရှိသည့်အတွက် ကျန်းမာ ရေး၊ ပညာရေးနှင့် တရားဥပဒေကြောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေရဲ့ အရေးပါပုံနဲ့ အကာအကွယ် ပေးနိုင်စွမ်းကို မသိတဲ့အတွက်ကြောင့်သာလျှင် စာရင်းသွင်း မှတ်ပုံတင်ခြင်းမရှိတာကတော့ ဖြစ်နိုင်ချေ အများဆုံးလို့ ထင်ရတာပဲ။ ကလေးအများစုဟာ ဘာသက်သေခံ အထောက်အထားမှ စာရင်းသွင်း ထားခြင်းမရှိပဲနဲ့လည်း ကြီးထွားဖွံ့ဖြိုးလာကြတာတွေရှိပေမယ့်လို့ အကုန်လုံးတော့ မဟုတ်ကြပါဘူး။
မွေးစာရင်းဆိုင်ရာ အထောက်အထားနဲ့ အစီအမံလုပ်ဆောင်ချက်တွေဟာ အိမ်ထောင်စုတွေရဲ့ ဓန အ
တိုင်းအတာကြွယ်ဝမှု၊ ကလေးတွေရဲ့ပညာရေးအပေါ် အစိုးရရဲ့တာဝန်ယူ ကြည့်ရှုစောင့်ရှောက်မှုတို့ ကြောင့် မွေးစာရင်းသွင်းမှုနှုန်းထား မြင့်တက်လာနိုင်ချေရှိတယ်လို့ ကောက်ချက်ချဆွဲယူရမာပဲဖြစ် တယ်။ ဥပမာ အနေနဲ့ဆိုရသော် ချမ်းသာတဲ့ လူဦးရေ ၂၀% ကျော်ခန့်သာ နိုင်ငံအတော်များများမှာ မွေးစာရင်း သွင်းထားကြပြီး ဆင်းရဲနွမ်းပါးတဲ့ အသိုင်းအ၀ိုင်းတွေမှာတော့ မွေးစာရင်းသွင်းမှုနှုန်းထား ဟာ အတော်လေးကို နည်းပါးလွန်းနေတာတွေ့ရတယ်။
မိသားစု အများစုဟာ မွေးစာရင်းအတွက် ကုန်ကျမည့် စရိတ်အပေါ် ထိပ်လန့်ကြောက်ရွံ့နေကြခြင်း အကြောင်းရင်းက အလုပ်ပစ်ပြီး သွားရောက်လုပ်ဆောင်ရမှာဖြစ်သည့် အတွက်ကြောင့် အိမ်ထောင်စု တာဝန်ကိုယူမယ့်သူ စသည့်အကြောင်းချင်းရာတွေဟာ အဟန့်အတားဖြစ်စေတဲ့ အရာတွေလို့ပဲဆိုရ မယ်နဲ့တူတယ်။
စုပေါင်းလုပ်ဆောင်သည့် စီမံချက်ကြောင့် မွေးစာရင်းသွင်းမှုနှုန်းမြင့်တက်လာခြင်း
မွေးစာရင်းသွင်းမှုနှုန်းထားဟာ နေရာဒေသပေါ်မူတည်ပြီး ကွဲပြားခြားနားမှုရှိသည့်အတွက် ကျေးလက် ဒေသနေ ဆင်းရဲနွမ်းပါးသည့် မိသားစုတွေကို အဓိကထား ဦးတည်ပြီး လုပ်ဆောင်ဖို့လိုအပ်တယ်။ ဗဟို
ချုပ်ကိုင်မှုမရှိတဲ့ နိုင်ငံရေးစနစ်တွေမှာ မွေးစာရင်းသွင်းခြင်းနဲ့ ပတ်သက်လို့ အခကြေးငွေယူဆောင်ခြင်း ပပျောက်အောင် ပြစ်ဒဏ်ပေးစီရင်ခြင်းနှင့် မွေးစာရင်းသွင်းထားခြင်းမရှိသည့် ကလေးအရေအတွက် လျော့ကျဖို့ရာအတွက် စည်းရုံးလှုံ့ဆော်မှုတွေကို အရှိန်ဟုန်မြင့်တင် လုပ်ဆောင်ရမှာဖြစ်တယ်။
နိုင်ငံ အတော်များများ အခကြေးငွေယူပြီး လုပ်ဆောင်ခြင်းမရှိတော့ဘူးဆိုရင်ဖြင့် အတားအဆီးတရပ် လျော့ပါးလျော့ကျသွားပြီး ပြည်တွင်းအဆင့် အနေအထားအရ တအိမ်တက်တအိမ်ဆင်း စည်းရုံးလှုံ့ ဆော်မှုပြုဖို့ရာအတွက် အစီအမံတွေကို ချမှတ်ရေးဆွဲပြီး လူထုစိတ်ပါဝင်စားလာအောင် ပြုမူဆောင် ရွက်ရမှာဖြစ်တယ်။ နိုင်ငံအများစုဟာ မွေးစာရင်းအတွက် အခကြေးငွေယူလုပ်ဆောင်ကြပြီး၊ ပြစ်ဒဏ် စီရင်ရာမှာ နှောင့်နှေးကြန့်ကြာမှုရှိသည့်အတွက် အစိုးရအနေဖြင့် ပါဝင်ပတ်သက်ဖို့ရာအတွက် ခိုင်မာ တိကျသည့် မူဝါဒတွေရေးဆွဲချမှတ်ပြီး ဥပဒေကြောင်းအရ ပြန်လည်ပြင်ဆင်ဖြည့်စွက် ရေးသားရာမှာ ခုနှစ်နှစ်အောက်ကလေးတွေအတွက် အခမဲ့ လုပ်ဆောင်ပေးခြင်း စသည့်နည်းလမ်းတွေနှင့် ချဉ်းကပ် လုပ် ဆောင်မှသာအောင်မြင်မှု အလားအလာကောင်းတွေရရှိနိုင်ဖို့ နီးစပ်မှာဖြစ်တယ်။
အကြောင်းရာများစွာထဲမှ တခုအနေနဲ့ဆိုရသော် မွေးစာရင်းမရှိတဲ့ ကလေးတွေအတွက် ဆိုးကျိုးသာရ လာဖို့ အလားအလာများတယ်။ လူမှု-စီးပွားရေး အနေအထားအရကို ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ခံရမှု အပိုင်းတွေမှာ အလိုလိုနေရင်း တပန်းရှုံးနေပြီလို့ပဲ ဆိုရမယ်နဲ့တူတယ်။ ဥပမာအနေနဲ့ဆိုရသော် မွေးစာရင်းရှိ ကလေးတွေအနေဖြင့် လုံလောက်သည့် အတိုင်းအတာ ပမာဏ အထိ ကာကွယ်ဆေး ဖူလုံစွာရရှိခြင်း၊ ဗီတာမင် A ဖြည့်စွက်ပေးမှုကို လက်ခံရရှိခြင်း၊ နာဖျားစဉ် ကာ လအတွင်း ကျန်းမာရေးဆိုင်ရာ ကြည့်ရှုစောင့်ရှောက်မှုကို အပြည့်အ၀ရရှိခြင်းစသည့် အကျိုးကျေးဇူး တွေကို တပေါင်းတစည်းထဲ လက်ခံရရှိတာ ဖြစ်တယ်။
သရုပ်ပြ ပူးပေါင်းလုပ်ဆောင်မှုတွေကနေ ဖြစ်လာနိုင်ချေရှိတာက မွေးစာရင်းသွင်းခြင်း၊ မိခင်နှင့် က လေး ကျန်းမာရေးဆိုင်ရာ အစီအမံတွေမှာ တစိတ်တဒေသအားဖြင့် ပါဝင်လာသည့်အတွက် ကလေး ဖွံ့ဖြိုးကြီးထွားလာရာဝယ် အချိန်လင့်ဟမှုမရှိမှာဖြစ်တယ်။ အုပ်ထိန်းသူ ကလေး မိဘတွေကို မွေးစာ ရင်း အထောက်အထားတွေ ဘယ်ပုံနည်းလမ်းသုံး ရယူဖို့အပြင်ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ၀န် ဆောင်မှု လုပ်ငန်းဆောင်တာတွေနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို မျှဝေပေးနိုင်ရေးဟာ အဓိက အလေးထားလုပ်ဆောင်ရမယ့် အရေးကိစ္စလို့ဆိုရမှာပဲ။ တခြားရှုထောင့် အနေနဲ့ပြောရရင် အုပ်
ထိန်းသူ မိဘတွေအနေဖြင့် သူတို့ရဲ့ ရင်သွေးငယ်တွေကို မွေးစာရင်း သွားရောက်ပေးသွင်းလိုက်ခြင်း ဖြင့် ကျန်းမာရေး၊ ပညာရေးဆိုင်ရာ သတင်းအချက်အလက်တွေအပြင် တခြားသော ရုပ်ဝတ္ထုပိုင်းဆိုင် ရာ အထောက်အပံ့တွေကို ရရှိခံစားရမှာဖြစ်တယ်။
မွေးစာရင်းသွင်းဖို့ရာ မိခင်ရဲ့ပညာရေး အသိအထိုက်အလျောက်ရှိဖို့လိုအပ်ခြင်း
မိခင်ရဲ့ ပညာရေးအသိဟာ သူမရဲ့ ရင်သွေးငယ်အပေါ် မွေးစာရင်းသွင်းမှုနဲ့ အပေါင်းလက္ခဏာ သ ဘောအရ အပြန်အလှန် ဆက်စပ်မှုရှိနေတယ်။ စာရင်းအင်းဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အချက် အ လက်တွေအရ မိခင်ရဲ့ ကျန်းမာရေးဆိုင်ရာ ပညာရေးအသိနှင့် ကလေး မွေးစာရင်းသွင်းမှု အနေအ ထား အဆက်အစပ်ဟာ အပြန်အလှန် အမှီသဟဲပြုနေတယ်ဆိုတာ ခန့်မှန်းတွက်ဆမိကြတယ်။ အ သက်ရှုရင်ကြပ် ချောင်းဆိုး အတွက်ကာကွယ်ဆေးထိုးခြင်း၊ HIV/AIDS ရောဂါ လက္ခဏာနှင့် ကလေး နာမကျန်းဖြစ်သည့် အရိပ်အယောင်ကို သိရှိဖို့ရာအတွက် ကျန်းမာရေးဆိုင်ရာနဲ့ ပတ်သက်သည့် မိခင် ရဲ့ ပညာရေးအသိ အထိုက်အလျောက်ရှိဖို့ လိုအပ်တယ်။
အမျိုးသမီးနဲ့ မိသားစုဝင်တွေ ကျန်းမာရေးဆိုင်ရာ ပညာရေးအသိ တိုးပွားဖို့ရာအတွက် သတင်းအချက် အလက်တွေကို စည်းရုံးဖြန့်ချီခြင်းနှင့် အမျိုးသမီးတွေရဲ့ ပညာရေးကို တိုးမြှင့်လုပ်ဆောင်ဖို့ အစီအမံ တွေ ရေးဆွဲလုပ်ဆောင်ရမှာ ဖြစ်တယ်။ သတင်းဖြန့်ချိစည်းရုံးလှုံ့ဆော်ရာမှာ စာရင်းပေးသွင်းထားခြင်း မရှိသည့်သူတွေကို အဓိကထား ရည်ရွယ်လုပ်ဆောင်ဖို့ လိုအပ်တယ်။ မွေးစာရင်းပေးသွင်းဖို့ အဓိကအ ဟန့်အတားအဖြစ် အစကနဦး (သို့) အဆုံးသတ်ပေးချေရမည့် ကုန်ကျစရိတ်ကို အစိုးရအနေဖြင့် တာ ၀န်ယူဖျက်သိမ်း (သို့) လိုက်လျောညီထွေမှုရှိရှိလုပ်မှသာ စာရင်းသွင်းမှုနှုန်းထားမြင့်တက်လာမှာဖြစ် တယ်။ ကျေးလက်ဒေသနေ လူဦးရေအများစုဟာ ပြန့်ကျဲနေသည့်အတွက် နိုင်ငံအတော်များများဟာ လူဦးရေကိုတွက်ချက်မှန်းဆရာမှာ အတော်လေး အခက်အခဲတွေနဲ့ ကြုံတွေ့နိုင်ဖွယ် ရှိတယ်။
ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းတွေ၊ လူမှုရေးအ သင်းအဖွဲ့ (သို့) ဒေသန္တရ အုပ်ချုပ်ရေးရဲ့တဖက်မျက်နှာစာမှာ ပါဝင်သက်ဆိုင်မှုရှိသည့် လက်နက်ကိုင် အဖွဲ့အစည်းတွေကိုပါ အင်အားဖြည့်စွက်ပြီး သမရိုးကျမဟုတ်တဲ့ နည်းလမ်းတွေအသုံးပြုပြီး အစိုးရ အဖွဲ့အစည်းတရပ် အနေနဲ့ တာဝန်ယူ လုပ်ဆောင်ရမှာဖြစ်တယ်။ လူ့အဖွဲ့အစည်းရဲ့မည်သည့် အခန်း ကဏ္ဍမှာမဆို ထိရောက်တဲ့ သတင်းအချက်အလက်တွေနဲ့ စည်းရုံးလှုံ့ဆော်ဖို့ အရေးကြီးလှကြောင်း၊ မွေးစာရင်း အရေးပါပုံနှင့် နိုင်ငံအများစုဟာ ခိုင်မာတိကျသည့် စာရင်းဇယားပြုစုထားရာမှာ အားနည်း ချို့ယွင်းခြင်းတို့ဟာ အဓိကအကြောင်းအရင်းလို့ နောက်ဆုံးအနေနဲ့ ကောက်ချက်ချ ပြောဆိုရတော့ မှာပဲ။
Reference: Birth registration
Monitoring the Situation of Children and Women
UNICEF
Posted by SAW at 00:14 0 comments
Labels: Children's Crisis
Tuesday, 3 November 2009
ကလေးအခွင့်အရေးဆိုင်ရာကာကွယ်စောင့်ရှောက်ခြင်း (၃)
စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းသည့် က လေး သူငယ်များ
ကလေးတွေကို အကြမ်းဖက်မှု၊ မတရားသဖြင့် အနိုင် ကျင့်နှိပ်စက်မှု၊ ခေါင်းပုံဖြတ် အလွဲသုံးစားလုပ်မှုနှင့် ခွဲ ခြားပြုမူ ဆက်ဆံခြင်းတို့မှ ကာကွယ်စောက် ရှောက်ဖို့ အရေးသည် UNICEF အဓိကဦးစားပေးလုပ် ဆောင်ရ မည့် ဆောင်တာတွေဖြစ်တယ်။ အထူးသဖြင့် ဖြစ်လေ့ ဖြစ်ထရှိတတ်တာက မသန်စွမ်းတဲ့ ကလေးတွေအ ပေါ် ခွဲခြားဆက်ဆံမှုပြုခြင်းမှ ကာကွယ်စောက် ရှောက်ဖို့ရာအတွက် တစ်သီးပုဂ္ဂလိကပဲဖြစ်ဖြစ် အဖွဲ့ အစည်းအနေနဲ့ပဲဖြစ်စေ၊ မိသားစုအသိုင်းအ၀ိုင်း၊ ပညာရေးနှင့်ကျန်းမာရေးသက်ဆိုင်ရာ အခန်းကဏ္ဍ တွေအပြင် အစိုးရတရပ်အနေဖြင့်ပါ ကြည့်ရှုရမည့်တာဝန် ကိုယ်စီတိုင်းမှာရှိတယ်။
ခွဲခြားဆက် ဆံမှုတွေမရှိရလေအောင် ရပိုင်ခွင့်တွေကို တန်းတူညီမျှစွာ မိသားစု အသိုင်းအ၀ိုင်းတွင်းမှာ အသိအမှတ်ပြု လက်ခံဖို့ရာအတွက် အခြေခံ လူမှုရေး ၀န်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ အထူးသဖြင့် ပ ညာရေးပိုင်းမှာ လစ်ဟာမှုမရှိပဲ လမ်းစဖွင့်ပေးထားရမှာ ဖြစ်တယ်။ ရုပ်ပိုင်း (သို့) စိတ်ပိုင်းဆိုင်ရာမှာပါ သွေဖယ်နေသည့် အတွက်ကြောင့် မတရားသဖြင့် အနိုင်ကျင့်နှိပ်စက်မှု၊ ခေါင်းပုံဖြတ် အလွဲသုံးစားပြုမူ ဆက်ဆံမှုနှင့် လျစ်လျူရှုမှု စသည့် လွဲမှားသော အကြောင်းရင်းခံတွေကနေ သဏ္ဌာန်ပြောင်းပြီး ခွဲခြားပြု မူဆက်ဆံခြင်း တို့ကြောင့် ရည်ရှည်မှာခံနိုင်ရည်စွမ်းရှိမှာမဟုတ်ဘူး။
မသန်စွမ်းကလေး သူငယ်တွေအတွက် သူတို့ရဲ့ ရပိုင်ခွင့်တွေကို အခိုင်အမာ အသိအမှတ်ပြုလက်ခံမှ သာ သူတို့ရဲ့ဘ၀တစ်လျှောက်မှာ ခွဲခြားဆက်ဆံမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှာဖြစ်တယ်။ လူမှုရေးစံ သတ်မှတ်ချက်ဟာ မသန်စွမ်းသူတွေအတွက် ချဉ်းကပ်လုပ်ဆောင်ရာမှာ အသင့်လျော်ဆုံး နည်းလမ်း ဖြစ်သည့်အတွက် ဒီ စံ ပြုသတ်မှတ်ချက်အတိုင်း လိုက်နာဆောင်ရွက်မှသာ ဆေးဝါးကုသခံယူမှု အပိုင်း မှာပါ မသန်စွမ်းသူတွေအတွက် ရေးကြီးခွင်ကျယ်မဖြစ်တော့သလို လူမှုရေးဆိုင်ရာ ကန့်သတ်ချုပ်ချယ်မှု တွေပါလျော့ပါးသွားမှာဖြစ်တယ်။
ခွဲခြားဆက်ဆံပြုမူခြင်းနှင့် အလုံးစုံ ဖွံ့ဖြိုးတိုးတက်ဖို့ရာအတွက် မသန်စွမ်းသူတွေကို သက်ဆိုင်ရာ အခန်း ကဏ္ဍတိုင်းမှာ ပါဝင်လာနိုင်ဖို့ရာအတွက် နည်းလမ်းတကျဖြစ်ဖို့ရာ သတင်းအချက်အလက်၊ ထောက်ပံ့ ကူညီအားပေးမှု၊ ခိုင်ခန့်သော မူဝါဒတွေနှင့် ၀န်ဆောင်မှုလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်ရာမှာ လွယ်ကူစေဖို့ရာ အဓိကဦးတည်ထားရမှာဖြစ်တယ်။ မသန်စွမ်းဖြစ်နေတဲ့ ကလေးသူငယ်တွေကို တသီး တခြားပြုမူဆောင်ရွက်ခြင်းတွေကို အထူးသဖြင့် ရှောင်ကြဉ်ရမှာဖြစ်သလို သူတို့ရဲ့ လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားပြီး အစီအစဉ်တွေကို အကောင်ထည်ဖော် လုပ်ဆောင်ပေးရမယ်။
တချို့သော အကြောင်းချင်းရာကိစ္စတွေဟာ ပြုမူလုပ်ဆောင်နေရင်း သူတို့ရဲ့ လိုအပ်ချက်တွေကို သိရှိ လာ ပြီးမှန်ကန်သည့် ၀န်ဆောင်မှုတွေကို ကူညီမှုပေးနိုင်မှာဖြစ်တယ်။ မသန်စွမ်းကလေးတွေကို ခွဲခြား ဆက်ဆံမှုမပြုဖို့ရာအတွက် အားထုတ်ကြိုးပမ်းမှုတွေကနေ နောက်မျိုးဆက်တွေအထိပါ ခွဲခြားဆက်ဆံ မှုပြုခြင်းကနေ ကာကွယ်နိုင်ဖို့ရာ ဦးဆောင်လမ်းပြလိုက်တဲ့ အပေါင်းလက္ခဏာဆောင်သော သက် ရောက်ဖြစ်ထွန်းမှုလို့ ဆိုရမှာပဲဖြစ်တယ်။
သတ်မှတ်အဓိပ္ပါယ်ဖွင့်ဆိုချက်
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ ၂၀၀၁ ခုနှစ် ဖော်ပြပါ မသန်မစွမ်းနှင့် ကျန်းမာရေးဆိုင်ရာအတွက် နိုင်ငံ တကာမှ အမျိုးအစား ခွဲခြားသတ်မှတ်ထားသည့် ဘောင်အတွင်းမှသာ UNICEF ချဉ်းကပ်လုပ်ဆောင်ပြီး မသန်မစွမ်းမှု ပြဿနာရပ်နဲ့ ပတ်သက်လို့ သတ်မှတ်အဓိပ္ပါယ်ဖွင့်ဆိုတာဖြစ်တယ်။ နည်းလမ်းကျနစွာ ဖြင့် တူညီမှုမရှိသည့် အုပ်စုတွေကို သက်ဆိုင်ရာအလိုက် ပုဂ္ဂိုလ်တဦးချင်းဆီရဲ့ကျန်းမာရေးအခြေအနေ (ဥပမာအားဖြင့် နာမကျန်းဖြစ်တာလား သို့ စိတ်ဖောက်ပြန်တာလား) ကိုကြည့်ပြီး အမျိုးအစားခွဲခြား သတ် မှတ်တာဖြစ်တယ်။
လုပ်ငန်းဆောင်တာတွေရဲ့ ကိုယ်ထည်တခုလုံးကို စုပေါင်းဝိုင်းရံထားပြီး ပါဝင်လှုပ်ရှားလုပ်ဆောင်သည့် အတွက် ဘာနဲ့အလားသဏ္ဌာန် သွားတူလည်းဆိုတဲ့အခါကျတော့ မသန်စွမ်းသူတွေကို ပြုမူဆက်ဆံ ရာမှာ ထိခိုက်နှောက်ယှက်မှု၊ လှုပ်ရှားမှုတွေမှာ ကန့်သတ်မှု (သို့) ပါဝင်ဆောင်ရွက်ရာမှာ ချုပ်ချယ်တား မြစ်မှုတွေမှ ကာရံထားပြီးသားဖြစ်နေတယ်။ အပြန်အလှန်ဆက်ဆံမှု (သို့) သူ/သူမရဲ့ ကျန်းမာရေးအ ခြေနဲ့ ပတ်သက်ပြီး ရှုပ်ထွေးသည့် ဆက်ဆံရေးတွေနှင့် သူ/သူမရဲ့ဘ၀ (ပတ်ဝန်းကျင်နှင့် ပုဂ္ဂိုလ်ရေး ဆိုင်ရာ အချက်အလက်) နဲ့ သက်ဆိုင်သည့် ဆက်စပ်မှုစသည့် ဘောင်တွေအတွင်းကနေ ကလေးတွေ အတွက် တိကျသည့်နယ်ပယ်တခုကို လုပ်ဆောင်ရတာဖြစ်တယ်။
နေရာအနှံ့ ညွှန်းဆိုသည့် အစုအဖွဲ့ လေ့လာဆန်းစစ်မှုအရ ချို့ယွင်းမှုတွေရဲ့နှုန်းထားကို တိုင်းတာရာမှာ လျော့ပါးသွားရသည့် အဓိကအကြောင်းရင်းက နိုင်ငံတကာမှ အမျိုးအစား ခွဲခြားသတ်မှတ်ထားသည့်အ တိုင်းမသန်စွမ်းသူတွေနဲ့ ပတ်သက်ပြီး အကန့်အသတ်ဖြင့် ပြုမူလုပ်ဆောင်ခြင်းနှင့် ပါဝင်ဆောင်ရွက်ရာ မှာချုပ်ချယ် တားမြစ်မှုတွေ၊ သတ်မှတ်ချက်တွေကို ကွေ့ဝိုက်ယူဆပြီး လုပ်ဆောင်ခြင်းနှင့် အရည်အ ချင်း ပြည့်ဝသူတွေရဲ့ စွမ်းဆောင်နိုင်ရည်တို့ကြောင့်သာဖြစ်တယ်။
အချက်အလက်တွေကို စုဆောင်းပြီး ဆက်စပ်မှုရှိစွာဖြင့် ဘောင်အတွင်းကနေလုပ်ဆောင်သည့်အတွက် အထူးသဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ နောက်ခံဘ၀ (အသက်၊ လိင်၊ လူမျိုး၊ ပညာရေး၊ အိမ်ထောင်စု ဓနပိုင် ဆိုင်မှု၊ အာဟာရပိုင်းဆိုင်ရာ၊ ကျန်းမာရေး အစရှိသဖြင့်) အချက်အလက်တွေကို ထုတ်ဖော်ပြီးသားဖြစ် တယ်။ ထိခိုက်နာကျင်ခံစားနေရသည့် ကလေးတွေအတွက် လှုပ်ရှားဆောင်ရွက်မှုနှင့် ပုံမှန်ဘ၀အခြေ အနေထားအတိုင်း လက်တွဲပါဝင်လာဖို့ရာ ဆက်စပ်ပေးနိုင်အောင် စုဆောင်းထားသည့် အချက်အလက် တွေကို အသုံးပြုပြီး အကောင်ထည်ဖော် လုပ်ဆောင်ရမှာဖြစ်တယ်။ UNICEF နှင့် MICS သုံးကြိမ် မြောက်တိုင်အောင် (၁၉၉၅-၁၉၉၇၊ ၁၉၉၉-၂၀၀၁ နှင့် ၂၀၀၅-၂၀၀၇) ခုနှစ်တွေမှာ ပူးပေါင်းအကောင် အထည်ဖော် လုပ်ဆောင်ခဲ့တယ်။
ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံမှ မသန်စွမ်းခြင်းနဲ့သက်ဆိုင်သော အကြောင်းခြင်းရာ သန်စွမ်းခြင်းမရှိမှုနဲ့ ပတ်သက်ပြီး ၂၀၀၇ ခုနှစ် ညီလာခံမှ အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ရာမှာ မသန်စွမ်းသည့် လူပုဂ္ဂိုလ်တွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး အကျုံးဝင်သက်ဆိုင်တာက ရေရှည် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ၊ မှတ်ဥာဏ် (သို့) အာရုံခံစားမှုအပိုင်းမှာ ထိခိုက်ပြီး လူ့အဖွဲ့အစည်းအတွင်း ထဲထဲဝင်ဝင် ပတ်သက်နိုင်စွမ်းမရှိပဲ အ တားအဆီးမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရသူတွေကို တခြားသောသူတွေနှင့် တန်းတူ အခြေခံအခွင့်အရေး တွေ ဆောင်ကျဉ်းပေးရမှာဖြစ်တယ်။
မန်ဇူး(ဘာသာပြန်သည်)
Reference: UNICEF
Monitoring the Situation of Children and Women
Child Disability
Posted by ဈန် at 01:26 0 comments
Labels: Children's Crisis
Saturday, 31 October 2009
ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ယာဉ်မောင်းလိုင်စင် တရားဝင်ခွင့်ပြုလိုက်သည့်အတွက် ထိုင်းအမျိုး သား လုံခြုံရေးဆိုင်ရာမူဝါဒ တကျော့ပြန်လည်လာခြင်း
လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (HRDF)
ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ယာဉ်မောင်းလိုင်စင် တရားဝင်ခွင့်ပြုလိုက်သည့်အတွက် ထိုင်းအမျိုး သား လုံခြုံရေးဆိုင်ရာမူဝါဒ တကျော့ပြန်လည်လာခြင်း
အခွင့်အရေး တရပ်အပေါ် အသိအမှတ်ပြုလက်ခံလိုက်သည့် ထိုင်းနိုင်ငံရဲ့ အောင်မြင်မှု မှတ်တိုင်တရပ် လို့ဆိုရမည့် သယ်ယူပို့ဆောင်ရေးဌာနရဲ့ တရားဝင်ထုတ်ပြန်ကြေငြာချက်အရ မြန်မာ၊လာအိုနှင့် ကမ္ဘော ဒီးယား နိုင်ငံတို့မှ အခြေချ ရွှေ့ပြောင်းနေထိုင်ကြသော အရေအတွက်ပမာဏအားဖြင့် များပြားလှသည့် တိုင်းရင်းသား လူမျိုးစုတွေအနေဖြင့် ခုနေချိန်ခါမှစတင်၍ မိမိတို့၏ ကိုယ်ပိုင်ယာဉ်များကို တရားဝင် မှတ် ပုံတင်သွင်းပြီး ကြာမှီကာလအတွင်းမှာပင် ယာဉ်မောင်းလိုင်စင်များကို လုပ်ခွင့်ပြုတော့မှာဖြစ်တယ်။
အမျိုးသား လုံခြုံရေးကောင်စီမှ ရေရာတိကျမှုမရှိသည့် အမျိုးသားလုံခြုံရေးကဏ္ဍဆိုင်ရာ အခွင့်အရေး တရပ်လို့ဆိုရမည့် မူဝါဒကို ငြင်းဆန်သည့်အနေဖြင့် ၁၅ နှစ်ကြာ ခွဲခြားဆက်ဆံမှုပြုနေရာမှ ပယ်ဖျက်ဖို့ ရာ ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။ တိုင်းပြည်တွင်းသို့ တရားဝင် ၀င်ရောက် ရွှေ့ပြောင်းအခြေချနေထိုင် သူ ၁ သန်းကျော်သော လူမျိုးစုပေါင်းစုံအနေဖြင့် အပေါင်းလက္ခဏာဆောင်သည့် ပြုမူလုပ်ဆောင်ချက် အကျိုးရလဒ်တွေကို ခံစားရရှိနိုင်မှာဖြစ်တယ်။
လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်မှ ဥက္ကဋ္ဌ Gothom Arya မူဝါဒ အပြောင်းအလဲနဲ့ ပတ် သက်ပြီး ဆုံးဖြတ်လုပ်ဆောင်ချက်အပေါ်မှာ လှိုက်လှိုက်လဲလဲ ကြိုဆိုခဲ့တယ်။ ကျနော်တို့ လူ့အဖွဲ့အ စည်းအတွင်းမှာ သက်ရှင်နေထိုင်ကြသူတွေအတွက် သင့်မြတ်လျော်ကန်မှုရှိစွာဖြင့် မှန်ကန်မှုရှိရှိ လုပ် ဆောင်လိုက်သည့်အတွက် အမျိုးသားလုံခြုံရေးကို ထိခိုက်နာကျင်စေနိုင်မှာ မဟုတ်ပါဘူး။ လူမှုရေးဆိုင် ရာ အခြေခံအခွင့်အရေးတွေဟာ မှားယွင်းသည့် မူဝါဒတွေကြောင့် မည်သို့သော လူမျိုးစုတွေကိုမဆို လူမှုရေးဆိုင်ရာ တင်းမာမှုတွေ ကြီးထွားလာစေခြင်း၊ အကျင့်ပျက်ခြစားမှုကို အထောက်အပံ့ပြုဖို့ရာအ တွက် အခွင့်အရေးပေးထားသလိုဖြစ်ခြင်းနှင့် တကယ်တမ်းပြောရရင် ထိုင်းအမျိုးသားလုံခြုံရေးနှင့် ဂုဏ် သိက္ခာကိုပါ ထိပါးလာစေမှုတွေပါ ဖြစ်ပေါ်လာနိုင်ခြေရှိတယ်။
၁၉၉၄ ခုနှစ်မှစ၍ သယ်ယူပို့ဆောင်ရေးဌာနအနေဖြင့် ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီရဲ့ဆန့်ကျင် ကန့်ကွက်သည့် မူဝါဒတွေကြောင့် ထိုင်းနိုင်ငံတွင်း အရေအတွက်အားဖြင့် များမြောင်လှသော အခြေချ နေထိုင်သူ လူမျိုးစုတွေကို ယာဉ်မောင်းလိုင်စင်နှင့် တရားဝင်ယာဉ်မှတ်ပုံတင်ခွင့်ကို ပိတ်ပင်ထားရ သော်ငြား လိုအပ်ချက်အရကို ယာဉ် အသုံးပြုသူ အရေအတွက်ဟာ ပိုမိုများပြားလာကြတယ်။
၂၀၀၇ ခုနှစ် နှောင်းပိုင်း ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ပြည်နယ် ရှမ်း ရွှေ့ပြောင်းနေထိုင်သူတွေ စခန်း တွင်းသို့ ဒေသ ၅ ရဲတပ်ဖွဲ့မှ ဝေလီဝေလင်းချိန်ခါ ရုတ်တရက် စတင်ဝင်ရောက်တိုက်ခိုက်ချိန်ကစပြီး လူ့ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်မှ ဒီ မူဝါဒတွေအပေါ် စတင်ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ခြင်းဖြစ် တယ်။ တရားမ၀င် အခြေချနေထိုင်သူတွေကို ဖမ်းဆီးဖို့ဆိုသည့် အကြောင်းပြချက်နဲ့ ၀င်ရောက်တိုက် ခိုက်ခြင်း နောက်ဆက်တွဲကနေ မော်တော်ဆိုင်ကယ်မောင်းနှင်နေသူတွေကိုပါ မသင်္ကာမှုနဲ့ သူခိုးဆိုတဲ့ စွပ်စွဲချက်တွေတင်လာရုံမက တရားမ၀င် ရွှေ့ပြောင်းအခြေချနေထိုင်သူတွေအနေဖြင့် မော်တော်ဆိုင် ကယ်ပိုင်ဆိုင်ခွင့် (သို့) စီးနင်းလိုက်ပါခွင့်ဆိုသည့် အခြေခံအခွင့်အရေးမရှိဆိုပြီး နိုင်ငံပိုင်အဖြစ်သိမ်းယူ သည်အထိ ကျယ်ပြန့်ရှုပ်ထွေးလာခဲ့ရတယ်။
သဘောတူ ညှိနှိုင်းမှုမရခင်အချိန်ကာလတုန်းက ရဲဝန်ထမ်းတွေအပေါ် ဒဏ်ငွေပေးချေရခြင်း၊ တရားမ ၀င် ၀ယ်ယူထားသည်ဆိုသော်ငြား ရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့ ချွေးနှဲစာဖြင့် ငွေကုန်ကြေးကျခံ ထားရခြင်း၊ ခိုးဝှက်ယူလာခြင်းမဟုတ်သည့်အတွက် နိုင်ငံပိုင်အဖြစ် သိမ်းဆည်းထားခြင်းမှ ပြန်လည်ရရှိ ဖို့ရာအတွက် တောင်းဆိုပိုင်ခွင့်ရှိခြင်း၊ ရွှေ့ပြောင်းနေထိုင်သူတွေ ပိုင်ဆိုင်တဲ့ယာဉ်တွေကို တရားဝင် မှတ်ပုံတင်ပြီး ယာဉ်မောင်းလိုင်စင် လုပ်ပိုင်ခွင့်ပြုမယ်ဆိုတာ မဟုတ်မှန်ကြောင်း သယ်ယူပို့ဆောင်ရေး ဌာနရဲ့ပြောဆိုချက်ကြောင့် ရွှေ့ပြောင်းအခြေချနေထိုင်သူတွေဟာ အတော်လေး စိတ်ပျက်အားလျော့ သွားပုံရတယ်။
်ဖော်ပြပါ မကျေနပ်ချက်တိုင်ကြားလွှာတွေကို အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အလောတကြီး ရပ် ဆိုင်းမှုတွေလုပ်လိုက်သော်လည်း ရွှေ့ပြောင်းအခြေချနေထိုင်သူတွေဆီမှ သိမ်းဆီးထားသည့် ယာဉ် များကို ချင်းမိုင် လမ်းမတလျှောက် ရဲဝန်ထမ်းတွေရဲ့ ဥဒဟိုမောင်းနှင်စီးနင်းနေမှုကို အတိုင်းသားတွေ့ မြင်နေရတယ်။ မကြာသေးမှီကတင် ဒဏ်ငွေပေးဆောင်မှုကို ၅၀% ထိလျော့ချခဲ့ပေမယ့်လို့ ရဲဝန်ထမ်း တွေဟာ တရားမ၀င် မော်တော်ဆိုင်ကယ်စီးနင်းသူတွေကို အလှည့်ကျဖမ်းဆီးပြီး တစ်ကြိမ်ဖမ်းဆီးမိ တိုင်း ဘတ်ငွေ ၂၀၀၀ ဒဏ်ငွေဆောင်ခိုင်းစေတယ်။ မကြာခဏ ဒဏ်ငွေပေးချေခြင်းဟာ တရားဥပဒေ ကို ချိုးဖောက်ခြင်းဖြစ်ပြီး တကယ်တမ်း မော်တော်ဆိုင်ကယ်စီးနင်းချိန် ထိုင်း ရဲဝန်ထမ်းတွေဖမ်းဆီးလို့ ပေးဆောင်ရပြီဆိုရင်တောင်မှ ဘတ်ငွေ ၂၀၀ သာပေးဆောင်ရမှာဖြစ်တယ်။
ရွှေ့ပြောင်းအခြေချနေထိုင်သူတွေအနေဖြင့် ကလေး ကျောင်းကြို၊ ပို့ နှင့် အစားအသောက် ၀ယ်ခြမ်းရာ မှာ အမြဲတစေဆိုသလို အလှည့်ကျပြုမူဖမ်းဆီးမှုတွေကို ရှောင်လွဲမရကြုံဆုံနေရမှာဖြစ်တယ်။ ဒီ့အတွက် ကြောင့်ပဲ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်မှ ရဲဌာနတွေကို ညှိနှိုင်းတွေ့ဆုံပြီး နိုင်ငံပိုင်အ ဖြစ် ဖမ်းဆီးသိမ်းဆည်းခြင်းနှင့် ဒဏ်ငွေပေးချေရမည့် မူဝါဒတွေကိုပြောင်းလဲကျင့်သုံးဖို့ရာ စတင်ဆော် သြမှုတွေလုပ်လာတာနဲ့ သယ်ယူပို့ဆောင်ရေးဌာနမှ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေကို ရည်ရွယ်ဦး တည်သည့် ယာဉ်ပိုင်ဆိုင်သူတွေကို တရားဝင်မှတ်ပုံတင်ခွင့်နှင့် ယာဉ်မောင်းလိုင်စင် လုပ်ပိုင်ခွင့်တွေကို တပြိုင်နက်တည်းဆိုသလို ခွင့်ပြုလိုက်တာပဲဖြစ်တယ်။
အစောပိုင်း စေ့စပ်ညှိနှိုင်းမှုတွေတုန်းကတော့ အောင်မြင်မှုမရခဲ့ပေမယ့်လို့ ရှမ်းအလုပ်သမားတွေ အနေ ဖြင့် သူတို့ပိုင်ဆိုင်သည့် ယာဉ်တွေကို တရားဝင်မှတ်ပုံတင်ခွင့် ရရှိနိုင်ဖို့နှင့် ယာဉ်မောင်းလိုင်စင် လုပ်ပိုင် ခွင့်ရဖို့အတွက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်မှ ကူညီထောက်ပံ့မှုတွေ ပေးခဲ့သေး တယ်။ ဒီအဆိုပြုတင်သွင်းချက်ဟာ အပယ်ခံရပေမယ့်လို့ နောက်ဆုံးမှာတော့ ဒီဆုံးဖြတ်ချက်ချပြီး အ ကောင်အထည်ဖော်လိုက်ရတာပါပဲ။
သယ်ယူပို့ဆောင်ရေးဌာနမှ ဒီအခွင့်အရေးတွေနဲ့ သက်ဆိုင်တဲ့သဘောတူညီချက် အာမခံတွေကို တရား
ဝင်အနေနဲ့ အောက်တိုဘာ လ ၁၃ ရက် ၂၀၀၉ ခုနှစ်မှာ ထုတ်ပြန်ကြေငြာမှာဖြစ်ပေမယ့် ဒီဆုံးဖြတ်ချက် နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကိုတော့ လူထု သိရှိအောင် သတင်းအဖြစ် သယ်ယူပို့ ဆောင်ရေးဌာနမှ ကြေငြာချက်ထုတ်မှာဖြစ်တယ်။
နောက်ဆုံးအနေနဲ့ ကောက်ချက်ချပြောဆိုရသော် ထိုင်း နိုင်ငံအတွင်းမှီတင်းနေထိုင်နေကြကုန်သော လူ
မျိုးစုတိုင်းရင်းသား အားလုံးရဲ့ အခွင့်အရေးတွေအပေါ် အသိအမှတ်ပြုလက်ခံလိုက်တဲ့ အောင်မြင်မှု ပထမ ခြေလှမ်းတစ်ရပ်ရဲ့အထိမ်းအမှတ်လို့ဆိုရမှာပဲဖြစ်တယ်။ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အ စီအစဉ်အနေနဲ့ မူဝါဒတွေကို ပြန်လည်ပြင်ဆင်ဖို့ရာအတွက် အချိန်အတော်ကြာစောင့်ဆိုင်းမှသာ ထိုင်း အစိုးရအနေဖြင့် ထိုင်းနိုင်ငံအတွင်း တရားမ၀င် ရွှေ့ပြောင်းအခြေချနေထိုင်သူ တိုင်းရင်းသား လူမျိုးစု တွေနှင့် အလုပ်သမားတွေရဲ့ လူနှင့် လူမှုရေးဆိုင်ရာ အခွင့်အရေးတွေကို အသိအမှတ်ပြုပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသားဆိုသည့် ခေါင်းစည်းတပ်မှုအောက်မှ လွတ်ကင်းစွာ လုပ်ဆောင်နိုင်လိမ့်မယ် လို့ မျှော်လင့်ထားခဲ့ခြင်းဖြစ်တယ်။ ခုပြုမူလုပ်ဆောင်ချက်ဟာ ထိုင်းနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အရတင်မက လူ့အခွင့်အရေးဆိုင်ရာ စံသတ်မှတ်ချက်နှင့်ပါ ကိုက်ညီဆီလျော်မှုရှိတယ်လို့ ဆိုရမှာပဲ။
လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်သည် ထိုင်း နိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး နှင့် လူ့အခွင့်အရေးဆိုင်ရာ စံသတ်မှတ်ချက်တွေကို တရားဝင်မှတ်ပုံတင်ပြီး ထိုင်းနိုင်ငံအတွင်း လက် တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နေသော အဖွဲ့အစည်းတရပ်ဖြစ်သည်။
ဒီထုတ်ပြန်ကြေငြာချက်နဲ့ ပတ်သက်လို့ အပြည့်စုံသိဖို့ရာ ဆက်သွယ်မေးမြန်းနိုင်မည့် လိပ်စာတွေက…
Gothom Arya (ဥက္ကဋ္ဌ,HRDF):+66 818 280916 (ထိုင်း/အင်္ဂလိပ်)
Andy Hall (ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေအတွက် ဥပဒေကြောင်းဆိုင်ရာ ညွှန်ကြားရေးမှူး၊ HRDF):+66 846 119209 (အင်္ဂလိပ်/ထိုင်း)
Sumitchai Hattasan (ညွှန်ကြားရေးမှူး၊ နည်းလမ်းတကျ ကာကွယ်စောင့်ရှောက်ရေးနှင့် ပြန်လည်နေ ရာချထားရေးဆိုင်ရာ အဖွဲ့အစည်း):+66 819 507575 (ထိုင်း)
HRDF’s Migrant Justice Programma:+ 66 830 139736 ( မြန်မာ/ ထိုင်း)
Posted by ဈန် at 05:31 1 comments
Labels: ထုတ်ပြန်ချက်
Wednesday, 28 October 2009
ကလေးအခွင့်အရေးဆိုင်ရာကာကွယ်စောင့်ရှောက်ခြင်း (၂)
အိမ်တွင်းအကြမ်းဖက်မှု လမ်းကြောင်းဆီသို့ ဦးတည်နေတဲ့ အပြုအမူ ...
အကြမ်းဖက်မှု၊ မတရားခေါင်းပုံဖြတ် အလွဲ သုံးစားလုပ်ဆောင်မှုနှင့် ပေလျာကန်ပြု လုပ် ဆောင်မှု စသည့်ဘယ်အသွင်ပုံမျိုး ဖြစ်နေ ပစေ၊ ကလေးတွေကို ကာကွယ်စောင့် ရှောက်ရမှာဖြစ်တယ်။ ဒါမှလည်း သင့်မြတ် လျော်ကန်ပြီး ပွင့်လင်းလွတ်လပ်တဲ့ အနာ ဂတ် လမ်းကြောင်းဆီသို့ ဦးတည်နေမှာ ဖြစ်တယ်။
ဖီလာဆန့်ကျင်မှုကနေ အိမ်တွင်းအကြမ်းဖက်မှု အသွင်ကူးပြောင်းသွားခြင်း
အမျိုးသမီးတွေရဲ့နေထိုင်မှုဘ၀နှင့် ကျန်းမာရေး၊ အာဟာရပိုင်းဆိုင်ရာနှင့် ပညာရေး ဒီအကြောင်းအရာ
နှစ်ရပ်စလုံးဟာ မျက်မြင်ကြုံတွေ့ခံစားခဲ့ရတဲ့ ကလေးတွေအပေါ်မှာ တစ်စုံတစ်ရာသော အတိုင်းအတာ
ထိ သက်ရောက်မှုရှိတယ်။ လိင်ပိုင်းဆိုင်ရာ မတူကွဲပြားတဲ့ အဆက်အစပ်အပေါ်မူတည်ပြီး ထိခိုက်နာ ကျင်ခံစားရမှုတွေအပေါ် အမျိုးသမီးတွေရဲ့တုန့်ပြန်မှုက သူတို့ရဲ့ဆွေမျိုးသားချင်းနဲ့ ပတ်သက်ပြီး နည်း ကျဉ်းသော အခွင့်အလမ်းပေါ်မူတည်၍ ကွဲလွဲမှုရှိခြင်း သို့မဟုတ် ပတ်သက်ဆက်နွယ်မှုကို ဆုံးခန်းတိုင် ရပ်စဲခြင်းနှင့် သူတို့ကိုယ်တိုင်နဲ့ ရင်သွေးငယ်တွေကို အကောင်းဆုံး ကာကွယ်ဖို့ရာအတွက် ဘယ်ပုံ နည်းနဲ့ ပြုမူလုပ်ဆောင်မှာလဲ ဆိုတာတွေဖြစ်တယ်။ နိုင်ငံပေါင်း ၆၇ နိုင်ငံမှ အိမ်ထောင်စုတွေကို စစ် တမ်းကောက်ယူချက်အရဆိုရင် အိမ်တွင်းအကြမ်းဖက်မှုဆီသို့ ဦးတည်သွားတဲ့ ပြုမူလုပ်ဆောင်ချက် တွေဟာ တသမတ်တည်း ဖြစ်နေတာတွေ့ရတယ်။ သူတို့ရဲ့အမြင်သဘောထားတွေကို စုံစမ်းမေးမြန်း ကြည့်တဲ့အခါ ပျမ်းမျှအနေအထားအရတော့ အသက် ၁၄-၄၉ ၀န်းကျင်အတွင်းမှာရှိတဲ့ အမျိုးသမီးနဲ့ မိန်းကလေး ထက်ဝက်ခန့်ဟာ သူတို့ရဲ့အိမ်ထောင်ဦးစီး (သို့) အတူနေအပေါင်းအဖော်ရဲ့ ဇနီးယားအ ပေါ် အခြေအနေတခုအောက်မှာ ရိုက်နှက်ပြုမူဆက်ဆံခြင်းနှင့် ပတ်သက်လို့ ဖြောင့်ချက်ပေး တုန့်ပြန် ပြောဆိုထားကြတယ်။
ဇနီးမယားအပေါ် ရိုက်နှက်ပြုမူဆက်ဆံခြင်းဟာ ပညာရေးရေချိန်နှင့် ပတ်သက်ဆက်နွယ်မှုရှိတာ သိ သာထင်ရှားကြောင်း အတည်ပြုပြောဆိုကြတယ်။ ပညာရေနိမ့်ကျသည့် အမျိုးသမီးတွေအနေဖြင့် အိမ် ထောင်ဦးစီးရဲ့ ရိုက်နှက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာအရ ပိုပြီးထိခိုက်ခံစားရကြောင်း၊ ၂၀% အားဖြင့် ပညာရေး၊ ငွေကြေးဓန အနေအထားတစ်ရပ်ဟာ ဇနီးမယားတွေအပေါ် ရိုက်နှက်ပြုမူခြင်းနဲ့ အတော် လေး ဆက်နွယ်နေသည့်အကြောင်း အမျိုးသမီးအတော်များများ အတည်ပြုဝေဖန် မှတ်ချက်ချခဲ့ကြ တယ်။ ခြုံငုံပြီး သုံးသပ်ပြောဆိုရမယ်ဆိုရင်တော့ ကျေးလက်ဒေသနေ ဆင်းရဲ၊ ချမ်းသာ အမျိုးသမီး ၂၀% ဟာ မြို့ပြဒေသနေ ဆင်းရဲ၊ ချမ်းသာ အမျိုးသမီးတွေထက် လင်ယောက်ျားတွေရဲ့ ရိုက်နှက်ခြင်း ကို ပိုမိုကြုံတွေ့ရကြောင်း အတည်ပြုပြောဆိုကြတယ်။
ဇနီးမယားတွေအပေါ် ရိုက်နှက်ပြုမူဆက်ဆံခြင်း အကျိုးဆက်ကနေ ကလေးတွေကို လျစ်လျူရှုဖို့ရာအ
ကြောင်းဖန်လာတော့တာပဲ။
အိမ်ထောင်ဦးစီး (သို့) အတူနေအပေါင်းအဖော်ရဲ့ ရိုက်နှက်ခြင်းကို တစ်စုံတစ်ရာသော အခြေအနေ တခုအောက်မှာ ကြုံတွေ့ရသော အသက် ၁၅-၄၉ နှစ်အတွင်းရှိ အမျိုးသမီးနှင့် မိန်းကလေး ရာခိုင်နှုန်း (၁၉၉၉-၂၀၀၆)
ရင့်ကျက်မှု တစ်စုံတစ်ရာရှိနေပြီဖြစ်တဲ့ အမျိုးသမီးတွေဟာ ငယ်ရွယ်သူ အမျိုးသမီးတွေထက်စာရင် လင် ယောက်ျားတွေရဲ့ရိုက်နှက်ခြင်းကို တုန့်ပြန်ပြောဆို ချေပခြင်းပြုရဲကြတယ်။
အိမ်တွင်းအကြမ်းဖက်မှု ပပျောက်ဖို့ရာအတွက် ပြုမူလုပ်ဆောင်ဖို့လိုအပ်တဲ့ အရာတွေထဲမှာ ဥပဒေ ကြောင်း ဆိုင်ရာအပြင် မူဝါဒရေးဆွဲချမှတ်ပြီး အကောင်ထည်ဖော် တားမြစ်ပိတ်ပင်ခြင်း၊ ကန့်ကွက်မှုပြု ခြင်းနှင့် အမျိုးသမီးတွေရဲ့ ပညာရေး၊ စီးပွားရေး လုပ်ငန်းဆောင်တာပိုင်းမှာ တစုံတရာ ဖွံ့ဖြိုးတိုးတက် မှုရှိအောင် လုပ်ဆောင်ပေးရမှာဖြစ်တယ်။
နိုင်ငံခုနှစ် နိုင်ငံရဲ့ပြုမူ သဘောထားမှုတွေ ပြောင်းလဲလာခြင်း
သက္ကရာဇ် ၂၀၀၀-၂၀၀၅
ရင်းမြစ်ဆိုင်ရာ အချက်အလက်
ကမ္ဘာတ၀ှမ်းမှာရှိတဲ့ UNICEF ရဲ့ ၂၀၀၈ ခုနှစ် စာရင်းဇယား အချက်အလက်တွေ၊ MICS, DHSနှင့် တ ခြားသော နိုင်ငံပေါင်း ၆၇ နိုင်ငံမှ စစ်တမ်းကောက်ယူချက် (၁၉၉၉-၂၀၀၇) ခုနှစ်။ အီဂျစ်၊ ဂျော်ဒန်၊ ဆို မာလီယာနှင့် တာမန်နီစတန် တို့မှအိမ်ထောင်ရှိ အမျိုးသမီးတွေအပေါ် စစ်တမ်းကောက်ယူချက်။ တာ ဂျစ်ကစ္စတန် နိုင်ငံတွင်းရှိ လက်ထပ်ထိမ်းမြားပြီး အမျိုးသမီးတွေရဲ့ စစ်တမ်းကောက်ယူချက်အပေါ် အ ခြေပြုထားခြင်း၊ နိုင့်ထက်စီးနင်း လုပ်ဆောင်မှုအပေါ် အမျိုးသမီးတွေရဲ့ပြန်လည်တုန့်ပြန်မှု WHO, ကျန်းမာရေးနှင့် အကြမ်းဖက်မှုဆိုင်ရာ ကမ္ဘာ့အစီအရင်ခံစာ ၂၀၀၂ ခုနှစ်။
Reference: Attitudes towards domestic violence
Monitoring the Situation of Children and Women
UNICEF
Posted by SAW at 00:50 1 comments
Labels: Children's Crisis
Thursday, 22 October 2009
ကလေးအခွင့်အရေးဆိုင်ရာကာကွယ်စောင့်ရှောက်ခြင်း (၁)
ကလေးနဲ့ အမျိုးသမီးတွေရဲ့အနေအထားကို စောင့်ကြပ်ကြည့် ရှုခြင်း
အကြမ်းဖက်မှု၊ မတရား ခေါင်းပုံဖြတ်ပြုမူခြင်း၊ ကလေး အလုပ် သမား၊ လူကုန်ကူးသန်းရောင်းဝယ်ခြင်း၊ အမျိုးသမီးတွေရဲ့ လိင် အင်္ဂါ အစိတ်အပိုင်းကို ဖြတ်တောက်ပစ်ခြင်း အစရှိတဲ့ လုပ် ဆောင်မှုတွေထက်ကို ပိုမိုဆိုးရွားပြီး လည်စင်းခံနေရတဲ့ သန်း ပေါင်းများစွာသော ကမ္ဘာတ၀ှမ်းမှ ကလေးငယ်တွေကို ဒီဘေးဒု က္ခဆိုးမှ အပြီးသတ်ကင်းဝေး လွတ်မြောက်အောင် စွမ်းဆောင် ခြင်းငှာ မစွမ်းသာဘူးဖြစ်နေတယ်လို့ဆိုရ မှာပဲ။ ကလေးအခွင့် အရေး ကာကွယ်စောင့်ရှောက်မှုနဲ့ ပတ်သက်လို့ UNICEF ရည် ညွှန်းစံ သတ်မှတ်ချက်အရ ကလေးအခွင့်အရေးတွေ တည်မြဲရှင်သန်ဖို့ရာအတွက် လုံခြုံစိတ်ချရသည့် ၀န်းကျင်တရပ်၊ ဖွံ့ဖြိုးကြီးထွားမှု အတိုင်းအတာ ပမာဏတို့အတွက် အကြမ်းဖက်မှု၊ ခေါင်းပုံဖြတ် အလွဲ သုံးစားပြုမူဆောင်ရွက်မှု ဘေးအန္တရာယ်မှ ကင်းဝေးအောင် ကာကွယ်တုန့်ပြန်ပေးနိုင်ဖို့လိုအပ်တယ်။
မိဘဆွေမျိုးအသိုင်းအ၀ိုင်း အရိပ်အာဝါသအောက်မှာ နေထိုင်ခြင်းမရှိဘူး ဒါမှမဟုတ် ပဋိပက္ခဇုံအတွင်း ရပ်တည်နေထိုင်နေရပြီဆိုမှတော့ ဒီခြိမ်းခြောက်မှု အန္တရာယ်စက်ကွင်းကနေ ကလေးတွေဟာ ဘယ်ပုံ နည်းနဲ့မှ ရှောင်လွဲလို့ရမှာမဟုတ်ဘူး။ ကလေးအများအပြားဟာ အခွင့်အရေးတွေ ချိုးဖောက်ဖျက်ဆီးခံ ရခြင်းကြောင့် သေကျေပျက်စီးမှုနှုန်းထားမြင့်မားလာခြင်း၊ ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့တဲ့ လာခြင်း၊ HIV ရောဂါကပ်ဆိုး၊ နိမ့်ကျသည့် ပညာရေးရေချိန်၊ အတင်းအဓမ္မ ရွေ့ပြောင်းနေရာချထားခံရ ခြင်း၊ အိမ်ခြေရာမဲ့ပြဿနာတို့အပြင် ဒီ့ထက်ဆိုးရွားမှုတွေတောင် ကြုံတွေ့လာရနိုင်ဖွယ်ရှိတယ်။
အခွင့်ရေးတွေ အကြမ်းဖက်ချိုးဖောက်ဖျက်ဆီးခံရမှုနှုန်းထားဟာ ပိုအပြန့်ကျယ်လာသလို ဒီဖြစ်ရပ်တွေ အပေါ်မှာ မှတ်တမ်းမှတ်ရာတွေနဲ့ အတိအကျပြုစုထားခြင်း ကင်းမဲ့နေသည့်အပြင် အသိအမှတ်ပြုလက် ခံခြင်း မရှိတဲ့အတွက် ကြမ္မာငင်တယ်လို့ပဲ ဆိုရမယ်နဲ့တူတယ်။
ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီးအချက်အလက် စုဆောင်းကောက်ယူခြင်း
ကလေးအခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုတွေနဲ့ပတ်သက်ပြီး တိုးတက်ဖြစ်ထွန်းမှုရှိမရှိ၊ မှတ် တမ်း အထောက်အထားတွေအရ ရှေ့လျောက်ကြုံတွေ့ရမယ့် အခက်အခဲပြဿနာနှင့် ကလေးအားလုံး ရဲ့လိုအင်ဆန္ဒတွေကို ကိုယ်စားပြုပြောဆိုမယ့် အခြေအနေတရပ်ကို ဖန်တီးယူထားနိုင်မှသာလျှင် အ ချက်အလက်တွေဟာ ကောင်းမွန်ပြည့်စုံပြီး ကလေးတွေရဲ့အနေအထားကို စောင့်ကြည့်အကဲခတ်လို့ရ မှာ ဖြစ်တယ်။
အစိုးရတရပ်ရဲ့ မူဝါဒ ဆုံးဖြတ်ချက်တွေဟာ UNICEF အဓိက ဦးတည်ထားဆောင်ရွက်သည့် ကလေးအ ခွင့်အရေးတွေနဲ့ ပတ်သက်လို့ ကျယ်ပြန့်သည့် အသိပညာပေးလုပ်ဆောင်ခြင်း၊ တန်ဖိုးထား အသိအ မှတ်ပြုမှုခြင်း၊ ခိုင်မာတိကျတဲ့ အချက်အလက် စုဆောင်းနိုင်ခြင်းနှင့် ကလေးအခွင့်အရေးဆိုင်ရာ ကာ ကွယ်စောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ အသေးစိတ် ခွဲခြမ်းစိတ်ဖြာ သုံးသပ်ချက်တွေအပေါ်မှာ အတော် လေး သြဇာလွှမ်းမိုးသက်ရောက်မှု ရှိတယ်။
ကလေးအခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုနဲ့ ပတ်သက်လို့ UNICEF အချက်အလက်တွေ စု စည်းရာမှာ များမြောင်လှတဲ့ အစုအဝေး ညွှန်ကိန်းတွေအပေါ် ခြုံငုံပြီးကောက်ချက်ချတဲ့ နည်းလမ်းအပြင် တခြားသော ရင်းမြစ်တွေကတော့ လူဦးရေနှင့် ကျန်းမာရေးဆိုင်ရာ ကောက်ယူဆန်းစစ်ချက်နဲ့ ဒီအချက် အလက်တွေဟာ အဓိကကျတဲ့ နေရာအတော်များများကို ရည်ညွှန်းဖော်ပြသည့်အတွက် ခိုင်လုံသည့် စံ သတ်မှတ်ချက်အဖြစ် ကောက်ချက်ချသုံးသပ်ရခြင်းဖြစ်တယ်။
အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အိမ်မှာနေထိုင်တည်းက ကြုံကြိုက်တိုင်းဆိုသလို အကြမ်းဖက်မှုတွေ ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီး ဒီ စံပြုကောက်ယူထားတဲ့ ဆန်းစစ်ချက်တွေဟာလည်း အိမ်တွင်းအ ကြမ်းဖက်မှု သဘောသဘာဝကို ရည်ညွှန်းဖော်ပြနေသည့်အပြင် တခြားသော စံပြုသတ်မှတ်ထားပြီး ကောက်ယူသုံးသပ်ချက်တွေဖြစ်တဲ့ ကလေးတွေရဲ့ အခြေခံအခွင့်အရေးကို ကိုယ်စားပြုသတ်မှတ်သည့် မွေးစာရင်း၊ အမည်နဲ့ လူမျိုးကလေးအလုပ်သမားတွေ ၀င်ရောက်လုပ်ကိုင်နေရတဲ့ လုပ်ငန်းခွင် အမျိုးအ စားနဲ့ အလုပ်ချိန်အပြင် လုပ်အားခအပေါ် ခေါင်းပုံဖြတ် သို့မဟုတ် မဖြတ်၊ အရွယ်မတိုင်မှီ အိမ်ထောင် ရက်သားကျသည့်ကလေး၊ အသက် ၁၈ နှစ်မပြည့်မှီ လက်ထပ်ထိမ်းမြားခြင်းနှင့် မ အင်္ဂါဖြတ်တောက် ခံရသည့် အမျိုးသမီးနဲ့ သူတို့ရဲ့ရင်သွေးသမီးမိန်းကလေးတွေရဲ့ဓာတ်ပုံကို ခွင့်ပြုချက်ရယူပြီး ထုတ်ဖော် ပြသခွင့်ရသည့်အတွက် လက်ရှိအနေအထားမှ ကမ္ဘာတ၀ှမ်းလုံးကို ပျံ့နှံ့သွားသွားပြီး အမျိုးသမီးတွေရဲ့ သဘောသဘာဝအပေါ်ကိုယ်ချင်းစာ နားလည်မှုတွေဖြစ်ပေါ်လာမှာဖြစ်တယ်။
ကိုယ်အင်္ဂါချို့တဲ့သည့်ကလေးတွေကို MICS ကသေချာအထောက်အထားဖြင့် ဘယ်ယဉ်ကျေးမှုနဲ့ လူ့အ ဖွဲ့စည်းမှာမဆို မွေးရာပါနှင့် အရွယ်ရောက်ပြီးမှ ကိုယ်အင်္ဂါချို့တဲ့သူ ကလေးငယ်တွေဟာ များသောအား ဖြင့် မျက်ကွယ်ပြုခံရခြင်းနှင့် အလွဲသုံးစားပြုမူခံရမှုနှုန်းထား မြင့်မားလာတာကိုတွေ့ရတယ်။ စည်းမျဉ်း တွေနဲ့ ကလေးငယ်တွေအပေါ် ချမှတ်လုပ်ဆောင်ခြင်း၊ အကြမ်းမဖက်စည်းမျဉ်းစည်းကမ်းတွေနဲ့ ကလေး တွေကို ပြစ်ဒဏ်ပေးလုပ်ဆောင်စေတဲ့ အပြုအမူကြောင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးဆိုးဝါးဝါး နာကျင်မှုတွေကိုပါ
MICS ကစုစည်းပြီးကောက်ယူထားတယ်။
ကလေးအခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုနဲ့ ပတ်သက်လို့ အချက်အလက်တွေပေါ် အခြေခံ ပြီး သရုပ်ခွဲဆန်းစစ်ခြင်း
ကလေးအခွင့်အရေးတွေနဲ့ ပတ်သက်ပြီးကာကွယ်စောင့်ရှောက်ဖို့ရာအတွက် ဒေသတွင်း ကွင်းဆင်းလေ့ လာ အချက်အလက်တွေ စုဆောင်းပြီး ဒီအချက်အလက်တွေကနေ ဘယ်လိုသင်ခန်းစာယူ၊ တွက်ချက် မှန်းဆမှုတွေပြုလုပ်ပြီး မဟာဗျူဟာ နည်းလမ်းကျကျ လက်တွေ့အကောင်ထည်ဖော်လုပ်ဆောင်ဖို့ရာအ တွက် UNICEF ဟာအချက်အလက်တွေကို သေချာဆန်းစစ် သရုပ်ခွဲပြီးကောက်ချက်ချ လုပ်ဆောင်တာ ဖြစ်တယ်။
UNICEF အနေနဲ့ သုသေသန တွေ့ရှိချက်အသစ်တွေအပေါ်အမြဲဆိုသလို ဆန်းစစ်ဝေဖန်နေပြီး ဖွံ့ဖြိုး ရေး အစီအစဉ်တွေမှာ ပူးပေါင်းလုပ်ဆောင်ခြင်း၊ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးတွဲလုပ်ဆောင် ခြင်းတို့အပြင် တခြားသော ဒေသဆိုင်ရာနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ပါ လက်တွဲပြီး ကလေးတွေ ရဲ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ရာ ဦးတည်ထားလုပ်ဆောင်တယ်။ အချက်အလက်ပေါ် အခြေပြုသရုပ်ခွဲဆန်းစစ်တဲ့ လက်ရှိစီမံကိန်းတွေထဲမှာ ကမ္ဘာတ၀ှမ်းရှိ ကိုယ်အင်္ဂါချို့တဲ့သည့် ကလေး တွေကို အဓိကထားလေ့လာပြီး နိုင်ငံအသီးသီးကို ဖြတ်ကျော်ကာ နေရာအနှံ့အပြားမှာရှိတဲ့ ကိုယ်လက် အင်္ဂါချို့တဲ့သူတွေကို ကူညီထောက်ပံ့ဖို့ရာအတွက် ခွဲခြမ်းစိတ်ဖြာခြင်း၊ ကိုယ်လက်အင်္ဂါချို့တဲ့လာနိုင်တဲ့ အချက်အလက်တွေအပေါ် မှန်းဆတွက်ယူခြင်း စာရင်းအင်း အချက်အလက် အစီရင်ခံစာတွေအရ ဒေ သတွင်းသာမက တခြားသောနိုင်ငံအသီးသီးမှ မ အင်္ဂါဖြတ်တောက်ဖျက်ဆီးခြင်း ခံရသည့် အမျိုးသမီး တွေရဲ့ပျံ့နှံ့မှုနှုန်းထားနှင့် ၀န်းကျင်အခြေအနေကို စုံစမ်းစစ်ဆေးရန်၊ လူမှုရေး ဆိုင်ရာအပြစ်အနာအဆာ တွေကြောင့်အပြင် တခြားသော အဓိကကျသည့် ပြဿနာရပ်တွေကို အထောက်အထား ခိုင်လုံစွာဖြင့် ကြိုးစားဖော်ထုတ်ပြီး အရွယ်မတိုင်မှီ ထိမ်းမြားလက်ထပ်သည့် အိန္ဒိယနိုင်ငံအတွင်း ပြဿနာရပ်ကို လေ့ လာပိုင်းဖြတ်ရန်တို့ဖြစ်တယ်။
ကလေးအခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ရာအတွက် ဆိုင်ရာအချက်အလက်တွေဖြင့် ပညာ ပေးလုပ်ဆောင်ခြင်း
အချက်အလက်တွေကို စုဆောင်း၊ ခွဲခြမ်းစိတ်ဖြာပြီး UNICEF အနေဖြင့် ကလေးအခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ရာအတွက် နည်းလမ်းအသွယ်သွယ်ရှိတဲ့ထဲကမှ အဖွဲ့အစည်းဆိုင်ရာ ကိုယ်စား ပြုထုတ်ဝေ ဖြန့်ဖြူးခြင်း၊ ကမ္ဘာတ၀ှမ်းမှာရှိတဲ့ ကလေးအားလုံး ဖွံ့ဖြိုးမှုလမ်းကြောင်းဆီသို့ ဦးတည်သွားဖို့ ရာအတွက် ကိန်းဂဏာန်းဆိုင်ရာ အချက်အလက်တို့ဖြင့် ထုတ်ဝေဖြန့်ဖြူးခြင်းတို့ဖြင့် အသိပညာပေးလုပ် ဆောင်ရမှာဖြစ်တယ်။ UNICEF ရဲ့ကလေးအခွင့်အရေးဆိုင်ရာနဲ့ ပတ်သက်တဲ့ ကာကွယ်စောင့်ရှောက် ဖို့ရာ နိုင်ငံတခုချင်းစီအလိုက် ခိုင်လုံတဲ့ သတင်း အချက်အလက်တွေကို စာရင်းဇယားဖြင့် သေချာပြုစု ထားသည့်အတွက် နိုင်ငံတကာမှ လက်တွေ့အကောင်အထည်ဖော်လုပ်ဆောင်ရာမှာ အဆင်ချောမွေ့ပြီး တိုးတက်မှုလမ်းစ တစုံတရာတော့ ရနိုင်ကောင်းပါရဲ့။
မန်ဇူး(ဘာသာပြန်သည်)
Reference: UNICEF
Childinfo
Monitoring the Situation of Children and Women
Child Protection
Posted by SAW at 04:02 0 comments
Labels: Children's Crisis
Tuesday, 20 October 2009
Monday, 19 October 2009
သင့်မြတ်လျော်ကန်သည့် နည်းလမ်းတွေဖြင့် ကလေးတွေရဲ့အနာဂတ်ကို ပုံဖော်မည့် ကမ္ဘာ
ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာတွေအပေါ်လိုက်နာကျင့်သုံးရင်း အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် အခွင့်အရေးတွေ ချိုးဖောက်ကျူးလွန်ပြီး အတင်းအကြပ် လက်ထပ်ထိမ်းမြားပေးစားခြင်းကြောင့် ဘ၀ တ လျှောက်လုံး နာကျင်ခံစားရမှုတွေ…
စိန်ခေါ်မှုတွေ
UNICEF’S ရဲ့ တွက်ချက်မှန်းဆမှုအရဆိုရင် အသက် ၂၀ မှ ၂၄ နှစ်အရွယ် သို့ ၁၈ နှစ် မပြည့်မှီ လက်ထပ် ထိမ်းမြားသူ အမျိုးသမီးဦးရေဟာ သန်း ၆၀၀ အထက်မှာရှိနေနိုင်တယ်။ အမျိုးသမီးငယ် အ များ အပြားဟာ အသက် ၁၈ နှစ် မတိုင်ခင်ထဲက စောစီးစွာ အိမ်ထောင်ရက်သားကျ နေရှာပြီဖြစ်တယ်။ နိုင်ငံတွေရဲ့ ပြည်တွင်း မှတ်ပုံတင် စနစ်ဟာ ကလေးတွေရဲ့ အသက်အရွယ်ကို အတည်ပြု ထောက်ခံပြီး သားဖြစ်ခြင်း၊ တရားဥပဒေဘောင်အတွင်း အခိုင်အမာတည်ရှိနေခြင်းတို့ကြောင့် အရွယ်မတိုင်မှီ အတင်း အကြပ် ထိမ်းမြားပေးစားမှုတွေကို ဖော်ထုတ်ဖွင့်လှစ် ပြသလိုဖြစ်နေသည့်အပြင် အမြစ်တွယ်တည်ရှိနေ တဲ့ ရိုးရာဓလေ့ ဘာသာရေးဆိုင်ရာထုံးတမ်းတွေရဲ့မှားယွင်းမှုတွေကိုပါ ဖွင့်ဟသည့်အတွက် ဖော်ပြပါ အကြောင်းအချက်အလက်တွေရဲ့ ကြီးစိုးခြယ်လှယ်မှုကြောင့် ကလေးငယ်တွေဟာ အရွယ်မတိုင်မီ လက်ထပ်ထိမ်းမြားခြင်းဆိုတဲ့ ၀ဲဃယက်ထဲ လိုက်ပါစီးမျောနေရတော့တာပေါ့။
လူ့အခွင့်အရေးကို ဖောက်ဖျက်ကျူးလွန်ခြင်း
ကမ္ဘာတ၀ှမ်းမှာရှိတဲ့ မိဘအများစုရဲ့ တွေးတောယူဆချက် ကိုယ်ထည်မှာကိုက သူတို့ရဲ့ သမီးမိန်းခလေး တွေအပေါ် ဟိုးငယ်စဉ်ချိန် ကလေးဘ၀ကိုဖြတ်သန်းနေစဉ်ထဲက ဒီကလေးတွေသာ အိမ်ထောင်ရက် သားကျသွားရင် မိသားစုရဲ့ဝန်ထုပ်ဝန်ပိုးလို့ဆိုရမယ့် ဘဏ္ဍရေးဆိုင်ရာ ပြဿနာတရပ်လျော့ပါးသက် သာ သွားမယ်ဆိုတဲ့ မျှော်လင့်မှုဟာ သံမှိုလိုစွဲသလို ကိန်းအောင်းအမြစ်တွယ်နေတယ်။ နိမ့်ကျသည့် ပညာရေးအသိနှင့် ပြည့်စုံလုံလောက်မှုမရှိတဲ့ ၀န်းကျင်အနေအထားတရပ်မှာ အသက်မွေးဝမ်းကြောင်း နဲ့သက်ဆိုင်တဲ့ သင်တန်းပေးလေ့ကျင့်မှုတွေရဲ့ အားနည်းချို့ယွင်းချက်တို့ကြောင့် တကယ့်လက်ရှိ ဘ၀ တွေမှာ လူ့အခွင့်အရေးတရပ်ကို ဖောက်ဖျက်ကျူးလွန်ပြီး အရွယ်မရောက်မှီ ထိမ်းမြားလက်ထပ်ခြင်း၊ မိန်းကလေးတွေရဲ့ ဖွံ့ဖြိုးကြီးထွားမှုကို အခွင့်ကောင်းယူပြီး ကျင့်ဝတ်ပိုင်းဆိုင်ရာအရ မစောင့်စည်းခြင်း နှင့် အချိန်မတိုင်မှီ ကိုယ်ဝန်ဆောင်ရခြင်းကြောင့် လူမှုအသိုင်းအ၀ိုင်းနဲ့ တစတစကင်းကွာလာပြီး ရလဒ် ဆိုးတွေသာ ထွက်ပေါ်လာတော့တယ်။ လူ့အခွင့်အရေးဆိုင်ရာ ကြော်ငြာချက်စာတမ်းမှာ ထိမ်းမြားလက် ထပ်ခြင်းဆိုင်ရာနဲ့ပတ်သက်လို့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို အပြည့်အ၀သဘောတူ ထောက်ခံမှုပြု ထားပေမယ့် ရင့်ကျက်မှုမရှိတဲ့ အရွယ်ကာလမှာ ဘ၀အဖော်မွန် ရွေးချယ်ဆုံးဖြတ်ရာဖို့ရာ ကန့်ကွက်မှု တွေကို ထည့်သွင်းဖော်ပြထားတယ်။
ကလေးတွေအပေါ် စေ့စပ်ကြောင်းလမ်းခြင်းနဲ့ ထိမ်းမြားလက်ထပ်ခြင်းဟာ ဥပဒေကြောင်းအရ တရား ၀င် သက်ရောက်မှုမရှိသည့်အတွက် အနည်းဆုံးလက်ထပ်မည့် အသက်အပိုင်းခြားကို တိကျစွာသတ် မှတ်ပြီး ဥပဒေကြောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ ထိရောက်စွာ လုပ်ဆောင်ဖို့လိုအပ်သည့်အတွက် အမျိုးသမီးတွေအပေါ် သဏ္ဌာန်ပေါင်းစုံနဲ့ ခွဲခြားဆက်ဆံမှုတွေပပျောက်ဖို့ရာ ကျင်းပပြုလုပ်တဲ့ ညီလာ ခံမှာ အရွယ်မရောက်သေးသည့် ကလေးငယ်တွေကို ထိမ်းမြားလက်ထပ်ခြင်းမှ ကာကွယ်ဖို့ရာအတွက် အပိုဒ် ၁၆ မှာ အတိအလင်း ဖော်ပြပါရှိထားတယ်။ ကလေးအခွင့်အရေးဆိုင်ရာ ညီလာခံက လက်ထပ် ထိမ်းမြားခြင်းဆိုတဲ့အရာ တခုထဲတင် ပတ်သက်ဆက်နွယ်နေတာ မဟုတ်သလိုတခြားသော အခွင့်အ ရေးတွေဖြစ်တဲ့ အတွေးအမြင်တွေကို လွတ်လပ်စွာဖော်ထုတ်ပြသပိုင်ခွင့်၊ အသွင်မျိုးစုံနဲ့ ဖောက်ဖျက် ကျူးလွန်မှု အန္တရာယ်နှင့် ရိုးရာထုံးတမ်းဓလေ့ အစဉ်အလာတွေကြောင့် ထိခိုက်နာကျင်ခံစားရမှု ဘေး အန္တရာယ်တွေမှ အကာအကွယ်ပေးခြင်းတို့ကို ကလေးအခွင့်အရေးဆိုင်ရာကော်မတီမှ အလျဉ်းသင့်သ လို ထုတ်ဖော်ပြောကြားနေရမှာ ဖြစ်တယ်။ တခြားသော နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သဘောတူညီ ချက်တွေမှာ ထိမ်းမြားခြင်းဆိုင်ရာ သဘောတူညီမှု ညီလာခံမှ ထိမ်းမြားဖို့ရာအတွက် အနိမ့်ဆုံးအသက် ကန့်သတ်ချက်နှင့် မှတ်ပုံတင်ခြင်း၊ အာဖရိကန် သဘောတူညီချက်မှ ကလေးတွေဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့ နှင့် ရပိုင်ခွင့်တွေ၊ အာဖရိကန် သဘောတူညီချက်မှ အာဖရိက အမျိုးသမီးတွေရဲ့လူသားဆိုင်ရာ ရပိုင်ခွင့် တွေဟာ ငယ်ရွယ်တဲ့ ကလေးတွေ လက်ထပ်ထိမ်းမြားခြင်းနဲ့ ဆက်စပ်ပြီး ပတ်သက်ဆက်နွယ်နေတယ်။
အာဖရိကတိုက် ဖိုရမ်မှာ ကလေးထိမ်းမြားလက်ထပ်မှုကို အဓိကထားဖော်ပြသလို လိင်ပိုင်းဆိုင်ရာအရ ကလေးတွေအပေါ်အတင်းအကြပ်ပြုမူဆောင်ရွက်ခြင်းမျိုးအပြင် ကလေး လိင်ကုန်ကူးမှုကိုပါ ဆန့်ကျင် ကန့် ကွက်ကြောင်းထည့်သွင်းဖော်ပြပါရှိထားတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတဲ့ အမျိုးသမီး တွေဟာ ဖြစ်ရိုးဖြစ်စဉ်အရကို တံတိုင်းကာရံထားသလို တခြားအစုအဖွဲ့တွေနဲ့ မတူကွဲပြားခြားနားသွား တယ်။ များမြောင်လှတဲ့ အိမ်မှုကိစ္စ၊ သားမွေးရမယ့် တာဝန်ဝတ္တရား၊ ကိုယ်တိုင်က ကလေးဖြစ်နေပြီး က လေးကို ပြုစုပျိုးထောင်ရမယ့်တာဝန်၊ အိမ်ထောင်ရက်သားကျပြီးတဲ့ အမျိုးသမီးတွေနဲ့ ကလေးမိခင်တွေ မလွဲမသွေရင်ဆိုင်ကြုံတွေ့ရပြီး မဖြစ်မနေဆုံးဖြတ်လုပ်ဆောင်ရမယ့် အရေးကိစ္စတွေကြောင့် ဘ၀အ တွက် ရွေးချယ်စရာဆိုလို့ မရှိသလောက်ပါပဲ။
ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ရက်သားကျတဲ့ ယောက်ကျားလေးတွေလည်း ဒီအဖြစ်မျိုးနည်းတူကြုံရ တာဖြစ်ပေမယ့်လို့ အမျိုးသမီးအတော်များများက ဒီ့ထက် ပိုမိုပြင်းထန်တဲ့ ဆိုးကျိုးရလဒ်တွေ ကြုံတွေ့ကြ ရတာများပါတယ်။ လက်ထပ်ပြီးသားဇနီးမောင်နှံလို အတူပေါင်းသင်းနေထိုင်မှုနှုန်း မြင့်တက်လာသည့် အတွက် ထိမ်းမြားလက်ထပ်ခြင်းဟာ လူ့အခွင့်အရေးဆိုင်ရာနဲ့ ပတ်သက်ဆက်နွယ်လာတယ်။ မိန်းခ လေးတယောက်ဟာ တစိမ်းယောက်ျားလေးနဲ့ အတူနေထိုင်ပြီး ပြုစုစောင့်ရှောက်မှုတွေပြုလုပ် နေပြီဆို ရင် အသက် ၁၈ နှစ် မပြည့်သေးဘူးဆိုရင်တောင်မှ ဒီ မိန်းခလေးဟာ အရွယ်ရောက်နေပြီဆိုတဲ့ တွေး တောယူဆချက်ကတော့ ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါတယ်။
ဒါ့အပြင် တရားဝင် အသိမှတ်ပြု ထိမ်းမြားလက်ထပ်ထားသူတွေထက် တရားမ၀င်ဆက်ဆံမှုပြုခံရသူ အ မျိုးသမီးတွေဟာ ကာယပိုင်းနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ခံနိုင်စွမ်းမရှိကြဘူး၊ ပမာအနေနဲ့ပြရသော် အ မွေစားအမွေခံအဖြစ် ဆက်ခံစေခြင်း၊ နိုင်ငံသားအဖြစ် လူမှုရေးအရ အသိမှတ်ပြုဆက်ဆံခြင်း စသည့် ကိစ္စရပ်တွေမှာ အထူးသဖြင့် ပတ်သက်ဆက်နွယ်မှုရှိလာနိုင်တယ်။
အရွယ်မတိုင်မှီ လက်ထပ်ထိမ်းမြားသည့် ကလေးတွေကြုံတွေ့ရမည့် အခက်အခဲ ကလေးသတို့သား လောင်း သန်း ၆၀ ကျော်
အသက် ၂၀ မှ ၂၄ နှစ် အတွင်း လက်ထပ်ထိမ်းမြားသူ အမျိုးသမီးအရေအတွက် သို့ အသက် ၁၈ နှစ် မ တိုင်မီ၊ ၂၀၀၆ ခုနှစ်
ငယ်ငယ်ရွယ်ရွယ်နဲ့ ထိမ်းမြားလက်ထပ်ခြင်းကြောင့် ကလေးတွေကြုံတွေ့ရမယ့် ပြဿနာရပ် အကြောင်း ရာ အတော်များများဟာ တခုနဲ့တခုဆိုသလို ပတ်သက်ဆက်နွယ်နေတယ်လို့ ယူဆချက်တွေရှိကြတယ်။ ဆင်းရဲမှုပြဿနာ၊ မိန်းကလေးတွေကို ကာကွယ်စောင့်ရှောက်ခြင်း၊ မိသားစု ဂုဏ်သိက္ခာနဲ့ လူမှုရေး တည်ငြိမ်မှုမရှိတဲ့ ကာလတွေမှာဆိုရင် ပိုပြီးသိသာထင်ရှားလွယ်ကူတာက မိန်းကလေးတွေဟာ အသက် မပြည့်ခင် ကာလအပိုင်းခြားမှာတင် စွန့်စွန့်စားစားနဲ့ အထောက်အပံ့ တစုံတရာပေးနိုင်မယ့် ဘ၀ လက် တွဲဖော်ကိုရွေးချယ်ခဲ့ကြရတယ်။
ဂျင်ဆန်နှင့် သော်န်တန် တို့ရဲ့တွေ့ရှိချက်အရဆိုရင် ဒေသတွင်း နိုင်ငံအတော်များများမှ ၁၉၅၀ နှင့် ၁၉၇၀ ခုနှစ်ကြား မွေးဖွားသူတွေရဲ့ အရွယ်မတိုင်မီ လက်ထပ်မှုနှုန်းဟာ တစုံလုံး အတိုင်းအတာနှင့် ဆိုရသော် အနည်းငယ်ပြောင်းလဲမှု ရှိတယ်လို့ဆိုရမှာပဲ။ သူတို့နှစ်ယောက်အဓိက ဦးတည်ပြီး လုပ် ဆောင်တဲ့ နိုင်ငံတွေအထဲမှာ ဘီနင်၊ ကိုလံဘီယာ၊ အိန္ဒိယနှင့် တူရကီတို့ဖြစ်ကြပြီး အမျိုးသမီးတွေရဲ့ လက်ထပ်တဲ့ အသက်အရွယ်နဲ့ ပညာရေးရေချိန်၊ သားဦးမျက်နှာမြင်ချိန် အဲဒီအမျိုးသမီးရဲ့ အသက်အ ရွယ်နှင့် ခင်ပွန်းသည်ရဲ့ အသက်ပိုင်းခြားတို့ အပြန်အလှန် အမှီသဟဲ ပြုနေတယ်ဆိုတဲ့အချက်ဟာ သိ သာထင်ရှားတယ်။
အိမ်ထောင်ရက်သား စောစီးစွာကျတဲ့ အမျိုးသမီးအတော်များများ ယုံကြည်လက်ခံထားတဲ့အချက်က ဇနီးသည်ကို ရိုက်နှက်ညှင်းပန်း နှိပ်စက်တတ်သည့် ခင်ပွန်းသည်ကြောင့် အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာရတယ်ဆိုတာပဲ။ ကိုယ့်ရဲ့အိမ်ထောင်ဖက်နဲ့ အသက်ပိုင်းခြားကွာဟမှုတွေကြောင့် ချုပ်တည်း မှုစွမ်းရည်လျော့နည်းပြီး အလွန်အကျွံပြုမူ ဆောင်ရွက်တတ်မှုတွေရဲ့အဆုံးသတ် နိဂုံးကတော့ မုဆိုးဖို၊ မ တွေများပြားလာတာပဲ အဖတ်တင်ကျန်ရစ်တာဖြစ်ပေမယ့်လို့ အနောက်ဥရောပကတော့ ချွင်းချက်လို့ပဲ ဆိုရလေမလား သက်ကြီးအိမ်ထောင်ဖက် ခင်ပွန်းဟာ အိမ်ထောင်စုကို အကောင်းဆုံး ထောက်ပံ့ပေးသူ လို့တော့ မှတ်ချက်ပြုထားတာပဲ။
လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုနဲ့ အချိန်မတိုင်မှီ ထိမ်းမြားလက်ထပ်ခြင်းဟာ နီးကပ်စွာ ပတ်သက်ဆက် နွယ် မှုရှိနေပြန်တယ်။ အသက် ၁၈ နှစ် မပြည့်မီ စောစီးစွာ အိမ်ထောင်ရက်သားကျသူ အမျိုးသမီးတွေ ဟာ အိမ်ထောင်ပြုနောက်ကျသည့် အမျိုးသမီးတွေထက်စာရင် ကလေးအရေအတွက် ပိုမိုများပြား တယ်။ ဘက်တာချာရာ အဆိုအရ ၁၉၉၂-၁၉၉၃ ခုနှစ် အိန္ဒိယစစ်တမ်းကောက်ယူချက်မှာ အမျိုးသမီး ၉၆ % ဟာ သားဦးမမွေးဖွားမှီ ပဋိသန္ဓေတားခြင်းကို ရှောင်ကြဉ်တာတွေ့ရတယ်။
သို့ပေမယ့်လည်း လူဦးရေဆိုင်ရာ အဖွဲ့အစည်းတရပ်နှင့် UNICEF ရဲ့ လေ့လာတွေ့ရှိချက်အရဆိုရင် တော့ ပါကစ္စတန်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသူ အမျိုးသမီးအများစုဟာ စိတ်ဝင်တစားနဲ့ ပဋိ သန္ဓေတားဆီးခြင်းကို လုပ်ဆောင်လာတာတွေ့ရတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ် အသက် ၁၅ မှ ၁၉ နှစ်အတွင်း လက်ထပ်ပြီးနဲ့ လက်မထပ်ရသေးသူအမျိုးသမီးအများစု ကိုယ်ဝန်ဆောင်စဉ် ကာ လအတွင်းနဲ့ မီးဖွားရင်းသေဆုံးမှုတို့ဟာ အတော်လေးကိုဆက်စပ်နေတယ်လို့ ဆိုရမယ်။
ငွေကြေးပြည့်စုံတဲ့ အိမ်ထောင်စုထက်စာရင် ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုတွင်းရှိ ဆယ်ကျော်သက် တွေရဲ့ လက်ထပ်မှုနှုန်းဟာ ပိုမိုမြင့်မားတယ်လို့ဆိုရမယ်။ အသက် ၂၀ မှ ၂၄ နှစ်အတွင်း လက်ထပ် ထိမ်းမြားသူ အမျိုးသမီးရာခိုင်နှုန်း သို့ အသက် ၁၈ နှစ်မတိုင်မီ ၁၉၈၇-၂၀၀၆ ခုနှစ်
HIV/AIDS ကိုကြိုတင်ကာကွယ်တဲ့ နောက်အကြောင်းပြချက် တခုကတော့ ဆယ်ကျော်သက်တွေနဲ့ လက်ထပ်ထိမ်းမြားခြင်းပဲ။ မိဘ အများစုဟာ သူတို့ရဲ့ကျန်းမာရေးနဲ့ ဂုဏ်သိက္ခာအတွက် သမီးမိန်းက လေးတွေ ထိမ်းမြားလက်ထပ်ခြင်းကိုလိုလားကြပြီး ယောက်ျားအများစုကတော့ ငယ်ရွယ်တဲ့ မိန်းခလေး တွေကို ဇနီးမယားအဖြစ် ပေါင်းသင်းဆက်ဆံခြင်းဖြင့် ရောဂါကူးစက်ခြင်းမှကာကွယ်နိုင်မယ်လို့ ထင်မြင် ယူဆထားကြတယ်။ တချို့သောအကြောင်းအရာတွေက ဆက်စပ်မှုရှိပေမယ့်လို့ ဒီအဆိုပြုချက်နဲ့ လက် တွေ့လုပ်ဆောင်မှုတွေအပေါ်မှာတော့ သက်သေအထောက်အထားတွေက ခိုင်လုံမှုမရှိလှပါဘူး။
အိန္ဒိယနိုင်ငံတွင်း ဘက်တာချာရာရဲ့တွေ့ရှိချက်အရဆိုရင်တော့ HIV/AIDS ရောဂါပိုးရှိသူ ၇၅%ဟာ လက်ထပ်ပြီး အတူတကွပေါင်းသင်းနေထိုင်နေကြတယ်။ ကမ္ဘာတ၀ှမ်းမှာရှိတဲ့ အိမ်ထောင်ရှင်အများစု ဟာ လိင်ဆက်ဆံရာမှာ အကာအကွယ်ဖြစ်စေမယ့် ကွန်ဒုံး အသုံးပြုမှုအတော့်ကိုနည်းပါးခြင်း၊ ဆန့်ကျင် ဖက် လိင်ကိုဆွဲဆောင်နိုင်စွမ်းရှိတဲ့ အိမ်ထောင်သည်အမျိုးသမီးတွေရဲ့ ထွက်ဆိုချက်အရဆိုရင် တလင် တမယားစနစ်ကို လက်ခံကျင့်သုံးတဲ့ သူတို့ရဲ့အိမ်ထောင်သည် လင်ယောက်ျားတွေအနေနဲ့ HIV/AIDS ရောဂါကူးစက်မှုနှုန်း ပိုမိုမြင့်မားတယ်လို့ဆိုထားတယ်။
ဆယ်ကျော်သက် လက်ထပ်ထိမ်းမြားမှု အဆုံးသတ်စေမည့် နည်းဗျူဟာများ…
တွေ့ရှိချက် အထောက်အထားတွေအရတော့ ပညာရေးရေချိန်ရှိတဲ့ အမျိုးသမီးတွေဟာ ငယ်ငယ်ရွယ် ရွယ်နဲ့ အိမ်ထောင်ရက်သားကျတာ အတော့်ကိုနည်းတာတွေ့ရတယ်။ ဆယ်ကျော်သက်ရွယ်ယောက်ျား လေးနှင့် မိန်းကလေးအများစုကို လိင်ပိုင်းဆိုင်ရာအရ ခွဲခြားဆက်ဆံခြင်းမပြုပဲ ပညာရေးလမ်းကြောင်း ပေါ် ဦးတည်ပြီး တစိုက်မတ်မတ် ဆုံးခန်းတိုင်အောင် အရောက်လှမ်းနိုင်မယ်ဆိုရင် ဆယ်ကျော်သက် အရွယ် လက်ထပ်မှုနှုန်းထား လျော့ကျသွားမှာအမှန်ပဲ။ ဥပဒေကြောင်းရပဲဖြစ်စေ၊ စီမံကိန်းတရပ်အနေ နဲ့ဖြစ်စေ အခြေခံပညာအဆင့်ကို မသင်မနေရ ပညာရေးစနစ်နဲ့ အခမဲ့ပညာရေးစနစ်ဖြစ်အောင် ကြိုးစား အကောင်အထည်ဖော် တိုးချဲ့ပြီးလုပ်ဆောင်မယ်ဆိုရင် ရလဒ်အနေနဲ့ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ် ထောင်ပြုမည့် မိန်းကလေးတွေရဲ့ နှုန်းထားလျော့ကျသွားမှာကတော့ သိသာထင်ရှားတယ်။ မိန်းခလေး တွေအနေနဲ့ အချိန်မတန်မှီထိမ်းမြား လက်ထပ်ဖို့ရာအတွက် တစုံတရာသော ကာလအတိုင်း အတာတခု ထိ ရှည်ကြာသွားဖို့ရာအတွက် အကောင်းဆုံးနည်းဗျူဟာကတော့ မသင်မနေရပညာရေး စနစ်ကို ကျယ် ပြန့်စွာ အကောင်အထည်ဖော် လုပ်ဆောင်ဖို့ပဲ ဖြစ်တယ်။
စတင်လူလားမြောက်ချိန်နှင့် အိမ်ထောင်ရက်သားကျမည့်အချိန် ကွာဟအောင် ဘ၀အာမခံချက်ရှိမယ့် သက်မွေးဝမ်းကျောင်းမှု အစီအမံတွေနဲ့ အခွင့်အလမ်းတွေကို ထောက်ပံ့ကူညီဖို့ရာ အရေးပါလှတယ်။ ဆယ်ကျော်သက်အရွယ်ကာလအတွင်း လက်ထပ်ထိမ်းမြားခြင်းမှ ကာကွယ်နိုင်ဖို့ရာ ဒီနည်းလမ်းအသုံး ပြုဖို့ လိုအပ်သည့်အတွက် လက်ထပ်ပြီးသား ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေနဲ့ အမျိုးအမီး တွေအတွက် အတိုင်းအတာတခုထိ ပညာရေးရေချိန်ရှိဖို့နဲ့ သက်မွေးဝမ်းကျောင်းနိုင်ဖို့ရာ အတတ်ပညာ ကို ကျွမ်းကျင်ဖြည့်စည်းထားဖို့ မဖြစ်မနေလိုကို လိုအပ်တယ်။
မိန်းကလေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ရာ သမဂ္ဂတွေ ဖွဲ့စည်းတည်ထောင်ထားရမယ်။ မိခင်ဘ၀ ကို စောစီးစွာရောက်လာရသည့်အတွက် ပညာရေးပိုင်းဆိုင်ရာ အားနည်းချို့ယွင်းမှုကြောင့် ငယ်ရွယ်တဲ့ မိန်းကလေးတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းမှုဟာ အတော်လေးကို အထူးဂရုပြုရမှာဖြစ်တယ်။ ပဋိသန္ဓေတားတဲ့ နည်းလမ်းကိုအသုံးပြုပြီး ကိုင်တွယ်ဖြေရှင်းမယ်ဆိုရင်တော့ တိုးတက်မှုတစုံတရာ တော့ ရနိုင်ကောင်းပါရဲ့။
အိမ်တွင်း အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး အသိပညာပေး လုပ်ဆောင်မှု တွေ ရှိသင့်တယ် အထူးသဖြင့် ၁၈ နှစ် မတိုင်မှီ အိမ်ထောင်ရက်သားကျနေတဲ့ အမျိုးသမီးတွေကို အ ဓိကဦးတည်ထားပြီး တိုင်ပင်ဆွေးနွေး ဖလှယ်မှုတွေလုပ်ဆောင်ရမှာဖြစ်တယ်။ တိုင်းနိုင်ငံအသီးသီးမှာ ရှိ နေတဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေရဲ့လက်ထပ်မှုကို ဖော်ပြတဲ့ပုံအရ အစီအစဉ်သစ်တွေနဲ့ ကြို တင်ကာကွယ်မှုကို လုပ်ဆောင်ဖို့ဆုံးဖြတ်ပြီးပြီဆိုရင်ဖြင့် ကလေးတွေရဲ့ လက်ထပ်မှုနှုန်းထားဟာ လျော့ ကျသွားပြီး အနာဂတ်ကာလတခုမှာတော့ဖြင့် တိုးတက်မှုလမ်းကြောင်းကို ဦးတည်သွားနိုင်ကောင်းပါရဲ့။
ဒီ့ထက်ပိုပြီးကျယ်ကျယ်ပြန့်ပြန့် အချက်အလက်တွေစုဆောင်း သုသေတန ပြုလုပ်သင့်တာကအမျိုး သားတွေနဲ့ ပတ်သက်တဲ့ ထိခိုက်ဆုံးရှုံးမှုအကြောင်းတွေကိုပေါ့။ ၀ယ်လိုအားနဲ့ ရောင်းလိုအားအပြန်အ လှန် အဆက်အစပ်လိုပဲ ငယ်ရွယ်တဲ့ ကလေးတွေရဲ့လက်ထပ်ထိမ်းမြားမှုကို သိသာထင်ရှားအောင် သေ ချာဆန်းစစ် လုပ်ဆောင်မှုလို့ဆိုရမယ့် အိမ်ထောင်စုတွေဟာ သူတို့ရဲ့ကလေးတွေ ဘာကြောင့် ထိမ်းမြား လက်ထပ်သလဲဆိုတာနဲ့ အမျိုးသားတွေဟာ ဘာအကြောင်းကြောင့် ငယ်ရွယ်သူတွေကို သတို့သမီး အ လောင်းအလျာအဖြစ်ရွေးချယ် ဆုံးဖြတ်ကြသလဲဆိုတဲ့ အကြောင်းပြချက်ကို အတိအကျ သေချာစုံစမ်း စစ်ဆေးနိုင်မှသာ မှန်ကန်တဲ့ နည်းဗျူဟာတရပ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှဖြစ် တယ်။
မန်ဇူး(ဘာသာပြန်သည်)
Reference; Unicef
Childinfo
Monitoring the Situation of Children and Women
http://www.childinfo.org/marriage.html
Posted by SAW at 05:38 0 comments
Labels: Children's Crisis
Saturday, 17 October 2009
မြန်မာ့ရွှေ့ပြောင်းကျောင်းဆရာ (သို့မဟုတ်) အငှားမြေက ဥယျာဉ်မှူး
ကြယ်စင်တွေ မတောက်ပနိုင်တော့တဲ့
ကောင်းကင်ကြီးအောက်က
မျိုးစေ့တွေ လွင့်စင်နေတဲ့
ဥယျာဉ်ရဲ့ အပြင်ဘက်မှာ
ပန်းပျိုးသော လက်ပိုင်ရှင်ဟာ
တနေ့နေ့ဆိုတဲ့ မျှော်လင့်ခြင်းတွေကို
ပီတိတွေနဲ့ ရောမျိုချရင်း
ဟောဒီ ကိုယ်ပိုင်မဟုတ်တဲ့ အငှားမြေမှာ
မျိုးစေ့တွေ ချစိုက်နေရတယ်။
စစ်မုန်းသွေး (SAW)
(၂၀၀၉ အောက်တိုဘာ ( ၅ ) ရက် ကမ္ဘာ့ဆရာများနေ့ ဂုဏ်ပြု အမှတ်တရ)
Posted by SAW at 04:34 0 comments
Labels: ကဗျာ
Thursday, 15 October 2009
ကျွန်တော့်လက်က ကျပျောက်သွားတဲ့ လ တစင်း
မိုးကလေးတွေ တဖွဲဖွဲရွာ ကျောင်းပြန်ဖွင့်စမှာ …
သူငယ်ချင်းတွေ ပြန်ဆုံတွေ့ ဒို့တတွေ ပျော်တယ်ဟေ့ …
ဟေ့ ဒို့တတွေ ပျော်တယ်ဟေ့ …
ကျောင်းပြန်ဖွင့်ရက်၏ နံက်ခင်းဖြစ်သောကြောင့် ကျွန် တော်တို့ SAW အထက်တန်းကျောင်းတွင် အဖြူ အ ပြာလေးများ သစ်လွင်တောက်ပပြီး တက်ကြွနေကြ သည်။ အတန်းငယ်လေးများဆီမှ ကဗျာဆိုသံများ တ ပုဒ်ပြီး တပုဒ်ပျံ့လွင့်နေပြီး တချို့အတန်ကြီးများ ဘက်တွင်တော့ မိတ်ဆက်ခြင်းများ စာသင်ခန်းတွင် လိုအပ်သည့် မြေပုံကားချပ်များ အခြားသင်ထောက် ကူရုပ်ပုံကားချပ်များနဲ့ ကျောင်းသားကျောင်းသူများ ရေးဆွဲထားသော လက်ရွေးစင် ပန်းချီကားဟောင်း များ စသည်တို့ကို တပ်ဆင်နေရာချနေကြသည်။ နှစ် လ ခွဲခန့် တိတ်ဆိတ်ငြိမ်သက်နေခဲ့သောကျောင်းသည် အခုတော့ သူ့ရင်ခွင်တွင် ပညာအမွေပေးသူ ပညာ အမွေဆက်ခံသူတို့နှင့် ပြည့်နှက်လို့ အသက်ဝင်လှုပ်ရှားနေခဲ့ပြီး။
စာသင်ခန်းတခန်းစီကို အခြေအနေ လှည့်လည်ကြည့်ရင်း ကိုးတန်းအခန်းအရောက်တွင် ကျောင်းသား ကျောင်းသူများ၏ မျက်နှာများကို ကျွန်တော်တယောက်ပြီးတယောက် သေခြာစွာ ကြည့်နေမိသည်။ မ နှစ်က ဒီကျောင်းက ရှစ်တန်းအောင်ခဲ့သော ကျောင်းသားကျောင်းသူအများစုနှင့် အခုမှတွေ့ဖူးသော ကျောင်းသားကျောင်းသူ အသစ်ငါးယောက်၊ အခေါက်ခေါက်အခါခါ ပြန်ကြည့်မိသည်။ အထူးသဖြင့် အ ရှေ့ဆုံးအတန်းဆီ၊ ရင်ထဲတွင်ဟာသွားသည်။ ကျောင်းသား ကျောင်းသူများဆီမှ အကြည့်ကိုခွာပြီး ပန်း ချီကားများရှိရာသို့ လျှောက်သွားလိုက်သည်။ အလွတ်ရနေပြီဖြစ်သော ပန်းချီကားတချက်အရှေ့ တွေ ဝေစွာရပ်ရင်း ပန်းချီကားထောင့်အစွန်းမှ နာမည်ကို ရင်ထဲမှာ ပဲ့တင်ထပ်နေအောင် အော်ခေါ်နေမိ သည်။
မစန္ဒာလင်း
စန္ဒာလင်း
စန္ဒာလင်း ကလေးရေ …
“ဆရာ ဒီမှာကြည့်ပါအုံး သမီးဆွဲထားတဲ့ပုံ လှတယ်မဟုတ်လား”
“ဟာ ဟုတ်ပ ကြည့်စမ်း ကြက်ဥကြော်ပုံတွေ လှတယ် လှတယ်”
“အား ဆရာကလည်း သေခြာကြည့်ပါအုံး ဒါနေကြာပန်းပုံလေ”
ပန်းချီကားကို မျက်စိနားသို့ ထိုးပြသည်။
“သြော် အေး တူတော့တူပါတယ်လို့ ဆောရီးဆောရီး ဒါမျိုးနေကြာပန်း ဆရာမှ အပြင်မှာ မမြင်ဖူးတာ”
ပန်းချီကားကို ယူ၍ သေခြာစွာ ကြည့်ပေးနေလိုက်သည်။
“ဘယ်မြင်ဖူးမလဲ ဆရာရဲ့ အဲဒါ ဗင်ဆင့်ဗန်ဂိုရဲ့ နေကြပန်းလေ၊ သူများတွေ ဒေါ်လာအများကြီး ပေးဝယ် တာတောင် မရဘူတဲ့”
ကြားဖူးသားပဲ ဒီစကားကို လွန်ခဲ့တဲ့အပတ်က ပန်းချီဆရာက ပန်းချီသင်ရင်းနဲ့ သူတို့အတန်းမှာ ပြော သွားတာ၊ အဲဒီနေ့ကတည်းက ဗန်ဂိုစာအုပ်ကို သူငှားနေတာလေ။
“အခု သမီးက ဘယ်လောက်နဲ့ လေလံတင်မှာလဲ ဆရာ့မှာ ဒေါ်လာတော့ မရှိဘူးနော်”
သူမရယ်နေသည် ပြီးမှ
“မဟုတ်ပါဘူးဆရာရဲ့ ဆရာ့အခန်းမှာ ကပ်ဘို့ သက်သက်ဆွဲလာတာ”
ကျွန်တော်နေထိုင်သော ဘော်ဒါဆောင် အခန်းကျဉ်းလေးရဲ့နံရံတွင် နေထွက်နေသော တောင်တန်းပုံ၊ ပန်းပုံ၊ ဂါဝန်းနှင့် မိန်းခလေးပုံ၊ ၀လုံးများမျဉ်းကြောင်းများရှုပ်ထွေးနေသော စပိုက်တာမန်းပုံ၊ စက်ရုပ်ပုံ၊ သရဲပုံ စသည့်ကလေးများ၏ လက်ရာ ပန်းချီကားများရှိသည်။ ပန်းချီကားအားလုံးလိုလိုဟာ ကလေး ဆန်းစွာ လှပနေကြပြီး ထိုပန်းချီကားများကြားမှာ ပညာရှင်ဆန်စွာ ခန်းညားသော ပန်းချီကားနှစ်ချပ် လည်းရှိသည်။ အနီးအဝေး၊ အလင်းအမှောင်စနှစ်ကို သုံးထားသော ပုဂံရှေးဟောင်းဘုရားများပုံနှင့် ပိရ မစ်ပုံတို့ဖြစ်သည်။ ထိုပန်ချီကားနှစ်ချပ်လုံးမှာ ဒီ မဗန်ဂိုလေး ရေးဆွဲထားသော ကားများပင် ဖြစ်သည်။ ယ္ခုပုံလည်း သူမအားစိုက်ထားမှန်း သိသာသည်။
“ဆရာနောက်တာနော်သမီး ဒီပုံက အရမ်းကောင်းတယ် ဆရာဘောင်ကွတ်ပြီး စာသင်ခန်းထဲမှာ ချိတ် ထားပေးမယ် ဧည့်သည်တွေ ဘာတွေလာရင် ကြွားလို့ ရတာပေါ့”
သူမ ကျေနပ်ပျော်ရွှင်သွားသည်။
“ကောင်းတယ်ဆရာ ကောင်းတယ်”
စန္ဒာလင်း
လင်းလက်နေသောလမင်းလို့ အဓိပ္ပါယ်ရတဲ့ နာမည်ပိုင်ရှင်ကျောင်းသူလေး သူမ မြန်မာပြည်တွင် ဒုတိ ယတန်းအထိ ကျောင်းနေခဲ့ရပြီး မိဘများအဆင်မပြေဖြစ်တာ ကွာရှင်းပြတ်စဲခဲ့သောကြောင့် သူမနှင့် သူမ၏ညီမငယ်မှာ အမေဖြစ်သူနှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်လာခဲ့သည်။ မဲဆောက်တ၀ိုက် တွင် ကြုံရာကျပန်းးအလုပ်ကို လုပ်ကိုင်နေရင်း ကျွန်တော်တို့ကျောင်းနှင့် အဆက်အသွယ်ရကာ ရောက် လာခဲ့သည်။ အမေဖြစ်သူမှာ အလုပ်ကိုင်နှင့် နေရာထိုင်အခင်းအတည်တကျ မရှိသေးသောကြောင့် သူမ ကို ကျွန်တော်တို့ဂေဟာတွင် အဆောင်နေ၍ ကျောင်းတက်ရန် အပ်ထားခဲ့သည်။ သူမသည် ပညာကို အလွန်လိုလား၍ ကြိုးလည်းကြိုးစားသည်။
ကျွန်တော်တို့ကျောင်းတွင် တတိယတန်းမှစတက်ပြီး အဋ္ဌမတန်းအထိကို အဆင့်များနှင့် အောင်မြင်ခဲ့ သည်။ ပန်းချီနှင့် ဂီတဘက်တွင်လည်း ထူးချွန်သေား ကျောင်းသူ ဖြစ်သည်။ သူမ ဆဋ္ဌမတန်းတက်နေ စဉ်အတွင်းက သူမအမေသည် အလုပ်ရှင်ထိုင်းအဘိုးကြီးတယောက်နှင့် လက်ထပ်လိုက်၍ အိုးအိမ်အ တည်တကျ ရရှိသွားသည်။ သူမအမေနှင့် ထိုထိုင်းအဘိုးကြီးမှာ အသက်နှစ်ဆယ်ခန့်ကွာသည်။ ကျောင်းရက်ရှည်ပိတ်ရက်များတွင် မဲဆောက်နှင့် ကီလိုလေးဆယ်ခန့်ဝေးသော ဖုတ်ဖရရှိ သူမအမေနှင့် ညီမလေးထံသို့ သူမ သွားရောက်လည်ပတ်လေ့ရှိသည်။
သူမရှစ်တန်းနှစ်က တနေ့သော ကျောင်းဖွင့်ရက်တွင် သူမထံသို့ အလွန်တရာလိုက်ဖက် မညီသော စုံတွဲ တတွဲဆိုင်ကယ်နှင့် လာရောက်လည်ပတ်ခဲ့သည်။ အသက်သုံးဆယ်ကျော်ခန့်ရှိသော ဗိုက်ပူပူ ထိုင်း အမျိုးသားတယောက်နှင့် ဆယ့်လေးနှစ်ခန့်သာ ရှိပြီး ထိုင်းမိန်းမလေးများစတိုင် ၀တ်ဆင်ထားသည့် မြန် မာမလေးတယောက် သူမနှင့် ရယ်ရယ်မောမော စကားတွေပြောနေကြသည်။ သူမက စကားပြောနေ ရင်း ဆိုင်ကယ်အသစ်ကြီးကို ခဏခဏကိုကြည့်နေသည်ကို တွေ့ရသည်၊ စကားပြောပြီးအပြန်တွင် ထိုင်းစတိုင်နဲ့ကောင်မလေးက ဆိုင်ကယ်ကိုအနောက်က မစီးပဲဆိုင်ကယ်မောင်းသူ ထိုင်းအမျိုးသား၏ အရှေ့ရင်ခွင်ထဲက ပျော်ရွှင်စွာစီး၍ ထွက်သွားကြသည်။ သူမ ကျောင်းထဲသို့ ပြန်ဝင်အလာတွင် ကျွန် တော်လှမ်းမေးလိုက်သည်။
“စန္ဒာလင်း ဘယ်သွားတာလဲ”
“ဧည့်သည် သွားတွေ့တာပါဆရာ”
“ဧည့်သည်တွေက ဘယ်သူတွေလဲ”
သူမချက်ချင်းပြန်မဖြေ မျက်နှာအနည်းငယ်ပျက်သွားတာကို သတိထားလိုက်မိသည်။ ပြီးမှ အသံတိမ် တိမ်နှင့် …
“သမီးညီမလေးပါ”
“ဘာ”
ကျွန်တော့်အသံအနည်းငယ် မာကျောကျယ်လောင်သွားခဲ့မည် ထင်သည်။
သူမ ချာခနဲ လှည့်ထွက်၍ အတန်းထဲသို့ ၀င်သွားသည်။
မိဘများသည် ကလေးများအတွက် အကောင်းဆုံးအုပ်ထိန်းသူ ဖြစ်သည်။
ကလေးကာကွယ်စောင့်ရှောက်ရေးဥပဒေ
မနှစ်က ဒီလိုကျောင်းဖွင့်စရက်၏နေခင်း ထမင်းစားချိန်တွင် ကိုးတန်းအခန်း၌ ကျွန်တော်နှင့် အခြား ဆရာ နှစ်ယောက်ထမင်းအတူစားနေရင်း ဘေးနားမှ ကျောင်းသူတသိုက်ထမင်းစားရင်း နွေရာသီ ကျောင်းပိတ်ရက်က အကြောင်းများပြောနေကြသည်ကို နားစွင့်နေမိသည်။
“နင်တို့သိလား ငါ့ညီမလေးမှာလေ အလှပြင်ပစ္စည်းတွေ အများကြီးရှိတယ် အ၀တ်စားတွေကလဲ မိုက်မှ မိုက်ပဲ၊ ငါ့အမေက ငါ့ကို နောက်တယ်သိလား နင်အဲဒါတွေ လိုချင်ရင် အိမ်ရှေ့အိမ်က ထိုင်းနဲ့ ယူလိုက် ပါလားတဲ့ ဟီဟိ.. အဲဒီထိုင်းကြီးကလည်း အားနေရင် ငါကိုပဲ လိုက်ကြည့်နေတယ် …”
ကျွန်တော်ဆက်နားထောင်၍ မရတော့ ဒီတခေါက်သူမအမေဆီက ပြန်လာပြီးကတည်းက သူမပြောင်း လဲလာသည်။ ဆံပင်ကို ဖြောင့်စင်းထားပြီး အရင်ကထက် မျက်နှာကို ပိုချယ်သလာသည်။
“စန္ဒာလင်း ဆရာတို့ဝိုင်းကို ခဏလာပါအုံး ဒီမှာဟင်းကောင်းလို့”
သူမစားလက်စ ထမင်းချိုင့်လေးကိုကိုင်ပြီး ကျွန်တော်တို့ဝိုင်းသို့ ကူးလာသည်။
“သမီးဒီကျောင်းပိတ်ရက်မှာ ပန်းချီဆွဲဖြစ်သေးလား”
“မဆွဲဖြစ်ဘူးဆရာ အမေ့ဆီသွားလည်နေလို့”
“သမီးအမေတို့ကော နေကောင်းကြရဲ့လား”
“ဟုတ်ကဲ့ ကောင်းပါတယ်”
“သမီးညီမလေး အိမ်ထောင်ကျသွားပြီးဆို”
သူမ ခဏငြိမ်သက်သွားသည်၊ ပြီးမှ ခေါင်းညိတ်ပြသည်။
“သမီးအသက်က အခုဆယ့်ခြောက်နှစ်ဆိုတော့ သမီးညီမအသက်က”
သူမမျက်နှာပျက်သွားသည် ပြီးတော့ ကျွန်တော်တို့ဝိုင်းမှ ထထွက်သွားသည်၊ ကျွန်တော်လည်း ထမင်း ဆက်စား၍ မရတော့၊ ကျွန်တော်မှားသွားပြီးလား၊ မမေးသင့်တဲ့မေးခွန်းတွေကို ကျွန်တော်မေးမိခဲ့ပါသ လား၊ သူမကို ကျွန်တော်စကားပြောနေစဉ်အတွင်း ကျွန်တော်မျက်နှာနှင့် အသံတွေ ဘယ်လိုပုံစံရှိနေခဲ့ သလဲ၊ ကျွန်တော်သတိမထားမိခဲ့၊ ကျွန်တော်အာရုံထဲတွင်တော့ ထိုင်းအဘိုးကြီးနှင့် လက်ထပ်လိုက် သော သူမအမေ၊ ဆယ့်လေးနှစ်ခန့်သာ ရှိသေးသော သမီးငယ်ကို အသက်ကြီးကြီး ထိုင်းအမျိုးသားနှင့် လက်ထပ်ပေးခဲ့သူ၊ ပညာကောင်းစွာ မသင်ကြားခဲ့ရသော သူမရဲ့ညီမငယ် …
“နင် အဲဒါတွေလိုချင်ရင် အိမ်ရှေ့အိမ်က ထိုင်းနဲ့ ယူလိုက်ပါလား”
ဆိုတဲ့စကား မကြာခင်မှာ ဖူးပွင့်လာတော့မည့် ကျွန်တော်တို့ နှစ်ရှည်လများ ပျိုးလားခဲ့သည့် ပန်း ကျွန် တော့် ရင်ထဲ မွန်းကျပ်လာသည်။
ထိုအချိန်မှစ၍ ဆရာရင်းနှင့် တပည့်ရင်းဖြစ်သော လက်ထောက်ကျောင်းအုပ်ကျွန်တော်နှင့် ကိုးတန်း ကျောင်းသူ သူမတို့ ဆက်ဆံရေးသိပ်မကောင်းမွန်တော့၊ ကျောင်းစာသင်ချိန်မှအပ ကျန်အချိန်များတွင် ကျွန်တော့်ကို ရှောင်လာခဲ့သည်။ ကျွန်တော့်မှတော့ သူမအတွက် စကားလုံးတွေ ရင်နှင့်မဆံ့ အချိန်ကို သာ စောင့်စားနေရသည်။ သူမနေသော မိန်ခလေးဂေဟာသို့ ယောက်ကျားလေးများသွားလာလေ့ မရှိ သောကြောင့် ကျွန်တော်လည် မသွားဖြစ်ခဲ့။ ဒီလိုနဲ့ ပထမအစမ်းဖြေဆိုမယ့် ကာလကိုရောက်ရှိခဲ့သည်။ စာမေးပွဲဖြေဆိုပြီး သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် သူမအမေထံသို့ အလည်သွားသည်ဟု သိရ သည်။ ကျွန်တော်မိန်းခလေးဂေဟာ တာဝန်ခံဆရာမဆီသို့ ဖုန်းဆက် မေးကြည့်တော့ …
“မလွှတ်လို့ရမလားဆရာ စာမေးပွဲ မဖြေခင်ကတည်းက သူအမေက တဂွမ်ဂွမ်နဲ့ ဖုန်းဆက်နေတာ၊ သူ ကလည်း သွားချင်နေတာလေ၊ ကလေးတွေက သိတဲ့အတိုင်းပဲ ကိုယ်ကသာ သံယောဇဉ်တွယ်နေတာ သူတို့အဖေအမေတွေ လာခေါ်လို့ကတော့ ကောက်ကောက်ပါအောင် လိုက်သွားလိုက်ကြတာ ပြန် တောင် လှည့်မကြည့်ဘူး” တဲ့
ဖုန်းချအပြီး ကျွန်တော့်ရင်ထဲ့မှာ တမျိုးကြီး ဖြစ်နေသည်၊ သူမအတွက် တစုံတခုကို စိုးရွှံ့နေသလိုမျိုး၊ ဘာပဲဖြစ်ဖြစ်လေ သူမပြန်လာရင်တော့ သူမသဘောကျတတ်တဲ့ ရောင်စုံဗူးကောင်းကောင်းလေး တဗူး လောက်ပေးပြီး ပြန်ချဉ်းကပ်ရမည်၊ ပြီးရင် ပညာရေးကိုပဲ ဦးစားပေးပြီး ဆက်ကြိုးစားသွားဘို့နဲ့ အောင် မြင်မှုဟာ လက်တကမ်းလောက်မှာပဲ ရှိတော့တဲ့အကြောင်း သူမ လက်ခံနိုင်မည်စကားလုံးများနှင့် ဆုံးမ မည်၊ သူမနှင့်စကားပြောသည့်အခါ မျက်နှာနှင့် အသံကိုလည်း တင်းတင်းကြီးဖြစ်မနေအောင် သတိထား ရမည်။
ကျောင်းဆယ်ရက်ပိတ်၍ ပြန်ဖွင့်သည် သူမရောက်မလာသေး၊ တနေ့ပြန်ရောက်လာနိုးနှင့် မျှော်နေမိ သည်။ ဒုတိယအစမ်းပင် ဖြေဆိုပြီး ခရစ္စမတ်နှင့် နှစ်သစ်ကူးကျောင်းပိတ်သည်။ သူမပြန်ရောက်မလာခဲ့။ အတန်းတင် စာမေးပွဲကြီး ဖြေဆိုသည်အထိ သူမကို မတွေ့ရတော့။ အခုကျောင်းတောင် အသစ်ပြန်ဖွင့် နေပြီး…
“မင်းဘာလို့ပြန်မလာတာလဲ စန္ဒာလင်း ကလေးရယ် ကြယ်စင်တွေထက်လင်းလက်တော့မယ့်မင်းရဲ့ ဘ ၀ အခုဘယ်နေရာမှာများရောက်နေလဲကွယ် အများအတွက်အေးမြတဲ့ ရောင်စင်တွေကို မဖြန့်ကျက် နိုင်ရင်တောင် ရောက်တဲ့နေရာမှာ မင်းဘ၀လေးတခုတော့ အေးမြတောက်ပစွာ လင်းလက်နိုင်ပါစေကွာ တကယ်လို့များ မတွေးကောင်းမထင်ကောင်း မင်းဘ၀မှာ အဆင်မပြေမှုတွေနဲ့ အရမ်းမွန်းကျပ်ပြီး လော ကကြီးရဲ့ မာယာတိမ်တိုက်တွေထဲက လွတ်မြောက်ချင်တဲ့ တနေ့ကြရင် မင်းနားခိုသွားခဲ့ဖူးတဲ့ ဟောဒီ ကျောင်းနဲ့ဂေဟာဆီကို ပြန်လာခဲ့ပါကလေးရယ်၊ ဆရာတို့အမြဲတမ်း စောင့်ကြိုနေပါတယ်”
“ကလင် ကလင် ကလင် ကလင် ကလင် ကလင် ကလင်”
ကျွန်တော် မည်မျှအတွေးကျွံနေသည်မသိ အချိန်ပြောင်းခေါင်းလောင်းသံကြားမှ နေကြာပန်းပုံပန်းချီ ကားချပ်ရှေ့မှခွာ၍ ကျောင်းရုံးခန်းဘက်သို့ ထွက်လာခဲ့သည်။ လမ်းလျှောက်နေရင်း သူငယ်ချင်းကဗျာ ဆရာ တယောက်ရဲ့ ကဗျာလေးကို အမှတ်ရလိုက်မိသည်။
တကယ်တော့
ဆရာဆိုတာ ခရေပင်ကြီးလိုပါပဲ
ပန်းချစ်တတ်သူတစု ခရေတွေစုပြီး ပြန်သွားချိန်မှာ
ခရေပင်ကြီးခမျာ မပျော်နိုင်ရှာပါဘူး
ဘာတတ်နိုင်မှာလဲလေ
သူ့ရဲ့ရနံတွေကို နောက်ဆုံးလက်ဆောင်အဖြစ်ထည့်ပေးပြီး
ကျန်ရစ်နေခဲ့ရရုံပေါ့။ ။
စစ်မုန်းသွေး (SAW)
(၂၀၀၉ အောက်တိုဘာ ( ၅ ) ရက် ကမ္ဘာ့ဆရာများနေ့ဂုဏ်ပြု )
Posted by SAW at 18:50 2 comments
Monday, 12 October 2009
မဲဆောက်မြို့ တောရကျောင်း စုပေါင်းမဟာဘုံကထိန်ပွဲ
Posted by ဈန် at 06:05 0 comments
Labels: ရုပ်သံသတင်း
