Thursday 13 March 2014

ရွှေ့ ပြောင်းအလုပ်သမားများ၏ အခွင့်အရေးလုပ်ဆောင်နေသော MRPWG


13 March 2014 ၊ ဆုမြတ်ဝင်း ၊ SAW

ထိုင်းနိုင်ငံ မဲဆောက်မြို့ ရှိ IRC Conference Room တွင် ၂၀၁၄ခု မတ်လ၃ရက် မနက်၉နာရီမှ ညနေ ၄နာရီခွဲ အထိ Migrint Rights Promotion Working Group (MRPWG) ၏၂လတစ်ကြိမ်အစည်းအဝေး ကိုပြုလုပ်ခဲ့ပါသည်။

ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးများအပြည့်အ၀ခံစားစေရန်၊ရွှေ့ပြောင်းအလုပ်သမားတိုင်းအစိုးရထံမှ အထွေထွေကျန်းမာရေးနှင့်အရေးပေါ်ကိစ္စများအား ကုသမှု အာမခံချက်ရရှိစေရန်နှင့်

ASEAN လူ့အဖွဲ့အစည်းပညာရေးစနစ်နှင့် ကိုက်ညီမည့် ပညာရေးစနစ်တရပ်ကိုဖေါ် ဆောင်သွားရန် ရည်ရွယ်ချက်များ ဖြင့် MRPWG ကွန်ယက်ကို တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။

MRPWG Network ကို လူမှုအခြေပြုအဖွဲ့ အစည်းများဖြစ်သော IRC,IMO,FED,FFW,World Vision စသည့် NGOsအဖွဲ့ အစည်းများအပြင် SAW,YCOWA,CPPCR,BWU,ALC,BLC စသည့် CBOs အဖွဲ့ အစည်းများဖြင့် ဖွဲ့ စည်းထားခြင်းဖြစ်ပါသည်။

၂လတစ်ကြိမ်အစည်းအဝေးတွင် လုပ်ငန်းစဉ်များ ရေးဆွဲခြင်း၊နယ်မြေအစိုးရ အာဏာပိုင်များနှင့်ဆက်သွယ်ရာတွင်ပါဝင်ခြင်း၊ အခမ်းအနားများနှင့် လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ကြခြင်း၊ နယ်မြေဒေသနှင့်ဗဟိုအဆင့် ရွှေ့ပြောင်းအလုပ်သမား ပေါ်လစီ အပေါ်အကြံပြုခြင်းများနှင့် အဖွဲ့၏ လုပ်ဆောင်မှုများ အားပြန်လည်အကဲခတ်သုံးသပ်ခြင်း စသည် တို့ ကို ဆွေးနွေးအကြံပြုကြပါသည်။

ထိုအစည်းအဝေးသို့  NGOs များနှင့် CBOsများမှ အဖွဲ့ ဝင် ၂၃ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments: