Thursday 13 March 2014

၁၀၃ ကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးများနေ့ ကို မဲဆောက်မြို့ တွင် ကျင်းပ


13 March 2014 | ဆုမြတ်ဝင်း | SAW

၂၀၁၄ခု၊ မတ်လ၈ ရက်တွင် ကျရောက်သော ၁၀၃ကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးများနေ့ အခမ်းအနား ကို မဲဆောက်မြို့ ပိုင်ရုံး( Mae Sot District Office) တွင် မနက် ၇း၃၀ မှ ၁၂း၀၀ နာရီခန့် အထိ ကျင်းပခဲ့ပါသည်။ထိုအခမ်းအနားကို ထိုင်းလူမှုဖွံ့ ဖြိုးရေးဌာန (တာ့ခ်ခရိုင်)နှင့် Migrint Rights Promotion Working Group(MRPWG) တို့ မှ
ဦးဆောင်ကျင်းပ ခဲ့ကြပြီး ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ ပြောင်း အလုပ်သမားများ နှင့် အတူ မဲဆောက်မြို့ နယ် ရဲစခန်းဌာနမှ မြို့ ပိုင်ရုံးအထိ လမ်းလျှောက်ချီတက်ခဲ့ပါသည်။

နိုင်ငံအရပ်ရပ်မှ အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှု၊ မတရားဖိနှိပ်ခံရမှုနှင့် အကြမ်းဖက်မှု များမရှိဘဲ အေးချမ်းပျော်ရွှင်စွာ နေနိုင်ရန်၊ အမျိုးသမီးထုတစ်ရပ်လုံး၏ အခွင့်အရေးများကို လေးစားတန်ဖိုးထားတတ် လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ထို့ ပြင် မဲဆောက်ဒေသတွင်းရှိ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အဖွဲ့အစည်းများမှ ဒေါက်တာစင်သီယာမောင် အပါအ၀င် အမျိုးသမီး ၇ ဦးကို ထိုင်းလူမှုဖွံ့ဖြိုးရေးဌာနမှ လူမှုထူးချွန်ဆု ရွေးချယ်ချီးမြှင့်ခဲ့ပါသည်။

ထိုအခမ်းအနားတွင် အမျိုးသမီးထုတစ်ရပ်လုံး တန်းတူညီမျှသည့် အခွင့်အရေးများ ရရှိစေရန် လုပ်ဆောင်နေကြသည့် ထင်ရှားကျော်ကြားသည့် အမျိုးသမီးများထဲမှ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာစင်သီယာမောင်၊မွန်နီရာဂရက်ခ်၊ မာလာလာ(ပါကစ္စတန်) နှင့် မဟာချက္ကရီသီရိဒုံ(ထိုင်း) တို့ ၏ သမိုင်းကြောင်း များကို လေ့လာနိုင်ရန် ပြင်ဆင်ပေးထားပါသည်။ထိုအခမ်းအနားသို့  NGOs, CBOs အဖွဲ့ အစည်းများအပါအ၀င် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာရွှေ့ ပြောင်းအလုပ်သမားများ တက်ရောက်ခဲ့ကြပြီး လူဦးရေ၂၀၀ ခန့် ရှိကြောင်း သတင်းရရှိပါသည်။

0 comments: