Thursday 13 March 2014

မဲဆောက် အမှိုက်ပုံကြီး မီးလောင်မှုဖြစ်ပွားသဖြင့် အမှိုက်ကောက်မြန်မာပြည်သားများ အခက်အခဲတွေ့ နေ


13 March 2014၊ မဆုမြတ်ဝင်း ၊ SAW

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ရှိ မဲဆောက်အမှိုက်ပုံကြီးသည် မတ်လ၁၀ရက် နေ့ လည် ၂နာရီခန့် က မီးလောင်မှုစတင် ဖြစ်ပွားခဲ့ပါသည်။ အကြောင်းရင်းက အမှိုက်ပုံကြီးအတွင်း ဆေးလိပ်သောက်ရာ မှတဆင့် မီးစတင်လောင်ကျွမ်းခြင်းဖြစ်သည် ဟု ဒေသခံများ၏ပြောပြချက်အရသိရပြီး
မီးသတ်ကား ၇စီးဖြင့် ငြိမ်းသက်ခဲ့ရပါသည်။

ထို့ ပြင်အနှစ်နှစ်အလလ စွန့် ပစ်ထားသော အမှိုက်ပုံကြီးဖြစ်သဖြင့် တော်ရုံတန်ရုံ မငြိမ်းခဲ့ကြောင်း၊ မီးလောင်မှု ဖြစ်ပွားရာ အနီးအနားရှိ တဲအိမ်၁၀လုံးမှ ရွေ့ ပြောင်းမြန်မာပြည်သားများမှာ မီးခိုးငွေ့ လုံးများကို မခံနိုင်တော့ သဖြင့် မိမိတို့ ၏အိမ်ယာများကိုစွန့် ပစ်ပြီး လယ်တောထဲများတွင် ညအိပ်ခဲ့ရကြောင်း သိရပါသည်။

ထိုအမှိုက်ပုံအနီးအနားတွင် နေထိုင်ပြီး အမှိုက်ကောက်သည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေရသော ရွှေ့ ပြောင်းမြန်မာပြည်သူတစ်ဦးက “ကျွန်မတို့ က ဒီအမှိုက်ပုံကြီးကို မိဘအရင်းအချာလိုသဘော ထားပြီး နေ့ တိုင်းရှာဖွေစားသောက်နေရတာပါ။အခုတော့ ကျွန်မတို့ ရဲ့ မိဘ သေဆုံးသွားသလိုပါပဲ။ နေစရာ လည်းမရှိတော့ပါဘူး။ ကျွန်မတို့ မိသားစုက ပြည်လုံးကျွတ် သန်းခေါင်စာရင်းကိစ္စအတွက် မြန်မာပြည်ပြန်ချင်လွန်းလို့ ဒီတလလုံး ပိုက်ဆံရအောင်ရှာမယ်ဆို ပြီး အမှိုက်တွေကောက်ထားတာ ဘတ် ၁၀၀၀ ဖိုးလောက် ရှိတယ်။ အခုတော့ ကျွန်မတို့ ရဲ့ ချွေးနည်းစာ တွေအားလုံး မီးထဲပါသွားပြီ။ ကျွန်မတို့ ရဲ့ မျှော်လင့်ချက်တွေ ပျက်စီးသွားတဲ့အတွက် အရမ်းလည်းစိတ်မကောင်း ဖြစ်မိတယ်။

ဒါ့အပြင် အမှိုက်ထုကြီးက ၆ ပေလောက်မြင့်တော့ တလလောက်တော့ မီးငြိမ်းမှာမဟုတ်ဘူး။ ကျွန်မတို့ မိသားစု ဘယ်တော့များမှ မြန်မာပြည်ပြန်နိုင်မလဲမသိပါဘူးရှင်” လို့  စိတ်မကောင်းစွာပြောကြားခဲ့ ကြောင်းသတင်းရရှိပါသည်။

(ဓာတ်ပုံ - ဒေါက်တာထင်ဇော်၊ SAW)

1 comments:

Burman Managers,Engineers and Scientists said...

http://wunzinminraja.blogspot.sg/