Friday 11 April 2014

သမီးလေးရွာသားတွေကို SAW အဖွဲ့ သွားရောက်ကူညီ




9 April 2014 |  ယမုံ

ကရင်ပြည်နယ် မြ၀တီခရိုင် ကျောက်ခက်ကျေးရွာကို ဧပြီလ (၅) ရက်နေ့က ရောက်ရှိနေတဲ့ သမီးလေးကျေးရွာက မြေယာမဲ့ ဒုက္ခသည်တွေအတွက်  SocialAction ForWomen (SAW) အဖွဲ့က ဒီကနေ့ ဧပြီလ (၉) ရက်နေ့မှာ သွားရောက် ကူညီခဲ့ကြတယ်။

မဲဆောက်အခြေစိုက် (SAW) အဖွဲ့က ကျောက်ခက်ရွာမှာ
သမီးလေးရွာသားတွေအတွက် ခေါင်းလျော်ရည်၊ ဆပ်ပြာမှုန့် ၊ သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ပေါင်ဒါ၊ ဆောင် ၊ ခြင်ထောင်၊ အဝတ်အစား ၊ ဆန် နဲ့ ကြွေပန်းကန် စတဲ့ ပစ္စည်းတွေကို ဒီကနေ့ သွားရောက်လှူခဲ့ပါတယ်။


ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သမီးလေးကျေးရွာက အိမ်ခြေ (၄၀၀) လောက်နေထိုင်တဲ့နေရာကို တပ်ပိုင်မြေနဲ့ မလွတ်ကင်းဘူးဆိုကာ ဒေသခံစစ်တပ်အပါအ၀င် ရဲနဲ့ စည်ပင်က ဖေဖေါ်ဝါရီလ (၄) ရက်နေ့မှာ အင်အားသုံး ဖျက်ဆီးပြီး မြေသိမ်းယူခံရလို့ သမီးလေးကျေးရွာသားတွေဟာ အောင်သိန္ဓိဘုန်းတော်ကြီးကျောင်းမှာ (၃) လနီးပါးကြာ ခိုလှုံခဲ့ရပါတယ်။

သမီးလေးကျေးရွာသား (၂၀၀) နီးပါး DKBA ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့နဲ့ ဧပြီလ ၂ ရက်နေ့က လိုက်ပါခဲ့ကြတာဖြစ်ပြီး ကျောက်ခက်ကျေးရွာကို ဧပြီလ (၅) ရက်နေ့မှာ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

0 comments: