Wednesday 15 January 2014

ကိုရီးယားနိုင်ငံ ဟာဂျား သင်တန်းကျောင်းက ကျောင်သားများနဲ့ SAW ကျောင်းသားများ ယဉ်ကျေးမှု ဖလှယ်




၁၅ ဇန်န၀ါရီ ၂၀၁၄| မိုနာလီဇာ| SAW

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင်ဖွင့်လှစ်ထားသော မြန်မာရွှေ့ပြောင်းကျောင်းတကျောင်းဖြစ်သည့် SAW ကျောင်းသို့ ၁၄.၁.၂၀၁၄ ရက်နေ့တွင် တောင်ကိုးရီးယားနိုင်ငံ ဆိုးမြို့ ဟာဂျား လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းသူ/သား ၁၈ ယောက်နှင့် ဆရာမ ၄ ယောက်တို့ လာရောက်ခဲ့ပါသည်။ 

ထို ဟာဂျားသင်တန်းကျောင်းကို ၂၀၀၁ ခုနှစ်တွင် စတွင်ဖွင့်လှစ်ခဲ့၍ ၂၀၁၀ ခုနှစ်မှစတင်၍ ကျောင်းသူ/သားများသည် ထိုင်းမြန်မာနယ်စပ်တွင်ရှိသော ရွှေ့ပြောင်းကျောင်းများနှင့် ဒုက္ခသည် စခန်းများသို့ ချစ်ကြည်ရေးခရီးစဉ်များကို စတင်ခဲ့ပါသည်။ ထိုကျောင်းတွင် ငြိမ်းချမ်းရေးနှင့် လူသားများစုပေါင်းနေထိုင် လုပ်ကိုင်ခြင်း အကြောင်းအရာများကို အဓိက ဘာသာရပ်များအဖြစ် သင်ကြားပေးပါသည်။ ယခုလို ထိုင်းမြန်မာနယ်စပ်မှ မြန်မာရွှေ့ပြောင်းကျောင်းများနှင့် ဒုက္ခသည်စခန်းများကို လာရောက်ရခြင်း၏ အကြောင်းကို မေးမြန်းခဲ့ရာတွင် ကျောင်း၏ ကိုယ်စားပြု ကျောင်းသားတဦးမှ ယခုလို ပြောကြားခဲ့ပါသည်။

`ကျတော်တို့ ယခုလိုလာရခြင်းမှာ ကျောင်းသားလူငယ်များကြား ရင်းနှီးချစ်ခင်မှုရရန်၊ လူငယ်များအချင်းချင်း ၎င်းတို့၏ အတွေးအခေါ်အမြင်များ ဖလှယ်နိုင်ရန်နှင့် ဆက်သွယ်မှုအားကောင်းစေရန် ဖြစ်ပါတယ်”။ 

ထို့နောက် ကျောင်းမှတဆင့် SAW ၏ မိဘမဲ့ကလေးဂေဟာသို့လည်း သွားရောက် လည်ပတ်ခဲ့ပါသည်။ ထိုအဖွဲ့သည် နယ်စပ်ဒေသတွင်ရှိသော အဖွဲ့အစည်းများကျောင်းများနှင့် ဒုက္ခသည်စခန်းများဆီသို့ သွားရောက်ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ သွားရန်ရှိကြောင်းလည်း သိရှိရပါသည်။

0 comments: