Tuesday 14 January 2014

မဲဆောက်မြို့ ခန့်ဘီဘန့်ကျောင်းတွင် ကျင်းပတဲ့ နိုင်ငံတကာကလေးများနေ့


၁၄ ဇန်န၀ါရီ ၂၀၁၄| ဖြိုးအိထွေး| SAW

၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်နေ့မှာ ကျရောက်သည့် နိုင်ငံတကာ ကလေးများနေ့ကို ခန့်ဘီဘန့်ကျောင်းတွင် ကလေးများနေ့ကျရောက်မည့် ၁၁ ရက်နေ့ အစား ၁၀ ရက်နေ့တွင် အခမ်းအနားကို ကြိုတင်ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို မနက် (၉း၀၀) တွင် စတင်ပြုလုပ်ခဲ့ပါသည်။ ပထမဦးဆုံးအနေဖြင့်

ဆရာတော် သံဃာတော်များ၏ တရားတော်များနာကြားပြီး သံဃာတော်များနှင့် ကိုရင်လေးများကို ဆွမ်းလောင်းလှူတဲ့အစီအစဉ်ဖြင့် စတင်ခဲ့ပါသည်။ ထို့နောက် ကလေးများအတန်းထဲမှာ စာကြိုးစားသော၊ စာတော်သောကလေးများ၊ ဆရာ၊ ဆရာမများကို ၀ိုင်းဝန်းကူညီ လုပ်ဆောင်ပေးသော ကလေးများကို ဆုချီးမြှင့်ခဲ့ကြသည်။ စောမိဘမဲ့ဂေဟာမှ ကလေးများလည်း ဆုရရှိပါသည်။

SAW အဖွဲ့မှ ကလေးများဖြစ်ကြသည့် မဖြိုးသန္တာဝေ၊ မယမင်းလှိုင်၊ မလေးလေးဝါး၊ မောင်ပါဝါလင့်၊ မညိုထွေးမရှုမ၀၊ မနှင်းဝတ်ရည်၊ မောင်မင်းခန့်၊ မောင်အဘစ် စသည့် ကလေးများရရှိခဲ့ပါသည်။

ထိုနောက် ၄ တန်း၊ ၅တန်း၊ ၆ တန်း ကလေးများမှ ထိုင်းရိုးရာ တေးဂီတကို တီးမှုတ် ကပြပြီး အတန်းလိုက်ကလေးများမှ ဖျော်ဖြေရေးများဖြင့် ကပြဖျော်ဖြေခဲ့ကြပြခြင်း ဂိမ်းကစားနည်းများကို ဆက်လက်ကစားခဲ့ကြခြင်းနှင့် နေ့လည်စားများကျွေးမွေးခဲ့ကြပြီးနောက် နေ့လည်းပိုင်းတွင် ကလေးများကို မုန့်များနှင့် အသီးအနှံများဝေးပေးကာ၊ ကလေးများနေ့ အမှတ်တရလက်ဆောင်အနေဖြင့် ဆရာ၊ဆရာမများနှင့် ကျောင်းသူ၊ကျောင်းသားများလက်ဆောင်ပစ္စည်းများ လဲလှယ်ခဲ့ကြပါသည်။

အဆိုပါကျောင်းတွင် SAW အဖွဲ့တွင် ဖွင့်လှစ်ထားသော safehouse (မိဘမဲ့ဂေဟာ) က ကလေးငယ်များနှင့် မြန်မာရွှေ့ပြောင်းကလေးများလည်း တက်ရောက် ပညာသင်ကြားလျှက်ရှိပြီး ထိုကျောင်းတွင် သူငယ်တန်းမှခြောက်တန်းအထိ ရှိပါသည်။

0 comments: