Saturday 25 January 2014

ထိုင်းကျောင်းသားတွေ SAW အဖွဲ့ရဲ့ Safe House ကို လာရောက်လည်ပတ်

Photo by John Sitt
25 Jan 2014 | ယမုံ

မဲဆောက်မြို့ မြို့ပိုင်ရုံးအနီးက ရုန်ရမ်ဆပ် ကျောင်းက ထိုင်းကျောင်းသား ကျောင်းသူတွေဟာ SAW အဖွဲ့ရဲ့ Safe House ကို ဒီကနေ့မနက်မှာ လာရောက်လည်ပတ်ခဲ့ကြတယ်။ ဂေဟာက ကလေးတွေနဲ့ အတူ ထိုင်းကျောင်းသားတွေဟာ တဦးချင်းမိတ်ဆက်ကြ၊ သီချင်းတွေဆိုကြ၊ ကစားခဲ့ကြတယ်။

သူတို့ ဒီ မိဘမဲ့ဂေဟာကို လာရတဲ့ အကြောင်းကတော့
“ကမ္ဘာ့နိုင်ငံ အနှံ့အပြားများရော၊ သူတို့နိုင်ငံမှာရော၊ သူတို့နေနေတဲ့ မြို့နဲ့ ပတ်ဝန်ကျင်းမှာပါ ဒီလို မိဘမဲ့ကလေးတွေ ရှိကြတယ်၊ သူတို့လဲ လူသားတွေဖြစ်တယ်။ ဒို့နဲ့အတူတူပဲ၊ ဒီကလေးတွေကို စာနာတယ်၊ အားပေးချင်တယ်၊ ကူညီချင်တယ်။ လူ့ပတ်ဝန်းကျင်မှာ လူသားချင်းစာနာထောက်ထားရမယ်ဆိုတဲ့ အသိကိုလဲ ပေးချင်တယ်။ ဒီလို့ပဲ ထိုင်းလူငယ်ကျောင်းသားတွေကို ဒီလို စိတ်ဓါတ်မျိုးတွေ အသိတွေကို ကူးစက်စေချင်တယ်။ ဒါမှ လူပီသတဲ့ လူသားတဦး ဖြစ်မယ်” လို့ ထိုင်း ကျောင်းသူတဦးက ပြောပြသွားပါတယ်။

ရုန်ရန်ဆပ်က ထိုင်းကျောင်းသားတွေ SAW ဂေဟာကို လာလည်ကြတာ ဒီတခါနဲ့ဆို ဒုတိယကြိမ်ရှိပြီး ဖြစ်ပါတယ်။

0 comments: