Saturday 25 January 2014

ကိုထွန်းထွန်း အလှူ



25 Jan 2014 | ယမုံ | SAW

မဲဆောက်မြို့ DHL ရုံးက ကိုထွန်းထွန်း ရဲ့ ဒီကနေ့ ကျရောက်တဲ့ ၃၈ နှစ်မြောက် မွေးနေ့မှာ SAW အဖွဲ့က ဂေဟာတွေဖြစ်တဲ့ မိဘမဲ့ကလေးများဂေဟာ Safe House ၊ ကလေးကြီးတွေထားတဲ့ ဂေဟာ Children's Crisis Center ၊ အေအိုင်ဒီအက်စ် ဝေဒနာရှင်အမျိုးသမီးတွေနဲ့ ကလေးများထားတဲ့ Health Care House ဂေဟာ ၊ Green Hope လူကုန်ကူးမှုမှ လွတ်မြောက်လာတဲ့ ကလေးတွေကို စောင့်ရှောက်တဲ့ ဂေဟာ၊ နယ်ဝေးက စာလာသင်တဲ့ ကျောင်းသားတွေအတွက် SAW အဖွဲ့က စီစဉ်ပေးထားတဲ့ ကျောင်းသားဘော်ဒါဆောင်က ကလေးတွေ၊ စတဲ့ SAW အဖွဲ့ရဲ့ ဂေဟာအသီးသီးအတွက် ထိုင်းဘတ်ငွေ ရှစ်ထောင် (၈၀၀၀) ဘိုး မုန့်ဟင်းခါး အလှူ ပေးခဲ့ပါတယ်။

ကိုထွန်းထွန်း ကို SAW အဖွဲ့မှ အထူးကျေးဇူးတင်ရှိအပ်ပါတယ်။

0 comments: