Tuesday 14 January 2014

ဝတ်မှုန်သံစဉ် အွန်လိုင်းဂျာနယ်၏ လစဉ်စာစောင်ဆုကို အဖွဲ့သား၂ ဦး ရရှိခဲ့


၁၄ ဇန်န၀ါရီ ၂၀၁၄| ဆုမြတ်ဝင်း| SAW

၂၀၁၄ခုနှစ် ဇန်န၀ါရီ ၁၃ရက်နေ့ ၌ SAW အဖွဲ့ မှ ထုတ်လုပ်သည့် ၀တ်မှုန်သံစဉ် အွန်လိုင်းဂျာနယ်၏ လစဉ် စာစောင်ဆု ၂ ဆုကို အယ်ဒီတာအဖွဲ့မှ ချီးမြှင့်ပေးခဲ့ပါသည်။ နိုဝင်ဘာလစာစောင်ဆုကိုမောင်အောင်ထွန်းလင်း မှ ရရှိခဲ့ပြီး ဒီဇင်ဘာလ စာစောင်ဆုကို မဆုမြတ်ဝင်းမှ ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

ယင်းလစဉ်စာစောင် ဆုကိုရွေးချယ်ချီးမြှင့်ရခြင်း၏ ရည်ရွယ်ချက်မှာ လူငယ်သတင်းသမားများ၏ သတင်းရေးသားမှု စွမ်းရည်တိုးတက်လာစေရန်နှင့် အနာဂတ် သတင်း Media လောကအတွက် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် ဖြစ်သည်။

“ဆုရရှိသွားတဲ့ သတင်းသမား၂ ယောက်က သတင်းရေးသားရာမှာ စိတ်ရှည်မှုနဲ့ နာခံမှုတိကျမှု နားလည်မှုနဲ့ လေးစားမှုအပိုင်းမှာ လည်းမလျော့သလို တင်ဆက်မှုမှာလည်း လစဉ် တိုးတက်လာတာကို တွေ့ရပါတယ်။ ယခုလို မျိုးဆက်လက် ကြိုးပမ်းမယ် ဆိုရင် အောင်မြင်မှုပန်းတိုင်ကို ပို၍ ခိုင်မာစွာရရှိမှာ ဖြစ်ပါတယ်။ တခြားအဖွဲ့သားတွေလည်း ယခုလိုမျိုး ဆုရရှိသည့်တိုင်အောင် နောက်ထပ်ပြည့်စုံတဲ့ ကြိုးစားမှုတွေနဲ့ ဆက်လက် ကြိုးစားကြပါ” လို့ အယ်ဒီတာအဖွဲ့ကိုယ်စား ဆရာဦးမင်းမင်းမှ တိုက်တွန်းအားပေးစကား ပြောကြားခဲ့ပါတယ်။

0 comments: