Sunday 26 January 2014

စင်္ကာပူ တက္ကသိုလ်ကျောင်းသားများနဲ့ ရွှေ့ပြောင်းကျောင်းသားများ ဆွေေးနွးဖလှယ်

၂၆ ဇန်န၀ါရီ ၂၀၁၄ | ရတနာဖြိုး | SAW

ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ တာ့ခ်ခရိုင်အတွင်းတွင်ရှိ မြန်မာရွှေ့ပြောင်းကျောင်းတခု ဖြစ်တဲ့ CDC (Children Development Center) ကျောင်းတွင် စင်္ကာပူနိုင်ငံ UWCSEA South East Asia တက္ကသိုလ်မှ (Initiative for peace) ပရိုဂရမ်ဖြင့် မြန်မာရွှေ့ပြောင်းကျောင်းများတွင်ရှိသော အထက်တန်းကျောင်းသားများနှင့် အထက်တန်းလွန်ကျောင်းသားများ (student exchange) ကျောင်းသားအချင်းချင်း ဆွေးနွေးဖလှယ်ပွဲပြုလုပ်ရန်အတွက်

၁၈.၁.၂၀၁၄ စနေနေ့ နံနက် ၉ နာရီတွင် လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။

UWCSEA တက္ကသိုလ်သည် ၂၀၁၃ ၌ တီမောရှိ ကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူ အယောက် ၄၀ နှင့် UWCSEA တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ၂၄ ယောက်ဖြင့် (student exchange) ဆွေးနွေးဖလှယ်ပွဲပြု လုပ်ခဲ့ရာ၊ ၂၀၁၄ တွင် ထပ်မံဆွေးနွေးပွဲပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ထိုင်းကျောင်းများ၊ မြန်မာကျောင်းများ၊ ဒုက္ခသည်စခန်းမှ ကျောင်းများကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲကို ဇွန်လ ၂၂ မှ ဇွန်လ ၂၇ ရက်ထိ ၅ ရက်တာ UWCSEA ကျောင်းသားများနှင့် မဲဆောက်ဒေသရှိ ကျောင်းများမှရွေးချယ်ခံရသော အထက်တန်းကျောင်းသားများနှင့် အထက်တန်းလွန်ကျောင်းသားများ ပါဝင်ဆွေးနွေးခွင့်ရမှာဖြစ်ပြီး၊ (communication) ဆက်ဆံပြောဆိုခြင်း၊ (leadership skills) ခေါင်းဆောင်တယောက်တွင် ရှိသင့်သည့် အရည်အချင်းများ၊ လူငယ်များရင်ဆိုင်နေရသည့် စိန်ခေါ်မှုများဖြေရှင်းနည်း၊ မိမိတို့၏ ပတ်ဝန်းကျင်တိုးတတ်ဖွံဖြိုးအောင် လုပ်ဆောင်နိုင်မည့် သင်ခန်းစားများကို ကျောင်းအချင်းချင်း ဆွေးနွေးဖလှယ်လုပ်ဆောင်သွားရမည် ဖြစ်သည်။

ဆွေးနွေးပွဲတွင် ပါဝင်နိုင်ရန်အတွက် UWCSEA ကျောင်းမှ ဆရာတဦးနှင့် ကျောင်းသားတဦးမှ UWCSEA ကျောင်းအကြောင်း၊ ၎င်းတို့လုပ်ဆောင်နေသော ပရိုဂရမ်များအကြောင်း၊ ယင်းဆွေး နွေးပွဲကိုပါဝင်နိုင်ရန်အတွက် Application Form ၀င်ခွင့်ဖြေလွှာများအကြောင်း တို့ကို အသေးစိတ် စုံလင်စွာရှင်းပြပေးခဲ့သည်။

ဒီကနေ့ ဆွေးနွေးပွဲကို မဲဆောက်ရှိ မြန်မာရွှေ့ပြောင်းကျောင်းများဖြစ်သော TPC, PAYAP, CDC, BHSOH, New Blood နှင့် SAW ကျောင်း စသည့်ကျောင်းများမှ ကျောင်းသူကျောင်းသား ၃၀ ကျော် တတ်ရောက်လေ့လာခဲ့ခြင်း ဖြစ်ပါသည်။

0 comments: