Sunday 26 January 2014

ကျောင်း စိုက် ပျိုး ရေး

၂၆ ဇန်န၀ါရီ ၂၀၁၄|ရတနာဖြိုး | SAW

Social Action for Women (အမျိုးသမီး များအတွက် လူမူစောင့်ရှောက်ရေးအဖွဲ့) အတွင်းရှိ Saw High School (စောအထက်တန်းကျောင်း၌) ကျောင်းနေပျော်၍ ဘက်စုံတော်ရမည်ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းသူ၊ ကျောင်းသားများအတွက် ကျောင်း ပညာရေးတခုတည်းသာ မကဘဲ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများပါ လုပ်ဆောင်တတ်စေရန်၊ ကျောင်းတွင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ SAW အဖွဲ့အတွင်းရှိ ကျောင်းသူ၊ ကျောင်းသားများနေထိုင်သည့် ဘော်ဒါအဆောင်များကို အသီးအနှံနှင့် ပတ်သတ်ပြီး တဖတ်တလမ်းကနေ ကူညီထောက်ပံ့ပေးနိုင်ရန်

စသည့်ရည်ရွယ်ချက်များဖြင့် Saw High School (စောအထက်တန်းကျောင်း) ၌ ၂.၁.၂၀၁၄ ရက်နေ့မှစတင်ပြီး ကျောင်းတွင်းသီးပင်၊ စားပင်များကို စတင်စိုက်ပျိုးတဲ့အစီစဉ် လုပ်ခဲ့ပါသည်။

စိုက်ပျိုရေးကို ဘော်ဒါဆောင်က တာဝန်ရှိသူတွေနဲ စောကျောင်းမှ ဆရာများက ဦးဆောင်ပြီး ကျောင်းသူကျောင်းသားများက ကျောင်းတွင်းစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတတ်စေရန်အတွက် ပါဝင်လှုပ်ရှားဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

သင်္ဘော၊ ငရုပ်၊ ခရမ်း၊ လွေ့၊ မုန်ညင်း၊ ကန်စွန်းရွက် နှင့် ပန်းဂေါ်ပီများကို စိုက်ပျိုးထားခြင်း ဖြစ်သည်။ အများစုအားဖြင့် ကျောင်းစိုက်ခင်းတွင် သင်္ဘော ၁၀၀ ၊ ငရုပ် ၈၂ ၊ ခရမ်း ၁၂၄ နှင့် အခြားသီးပင်စားပင်များကိုပါ စိုက်ပျိုးထားခြင်း ဖြစ်သည်။ ကျောင်းအတွင်းက လစ်လပ်တဲ့နေရာများပေါ်မူတည်၍ သီးပင်၊ စားပင်များ ထပ်တိုးပြီး စိုက်ပျိုးဖိုအတွက် အစီစဉ်များရှိသည်ဟု သိရပါသည်။

0 comments: