Monday 23 December 2013

SAW မှ ဖွတ်ဖရဒေသရှိ ကျေးရွာ၁၀ခုတွင်ဖတ်နိုင်ဖို့ ရွေ့ ပြောင်းစာကြည့်တိုက်ဖွင့်



                       

             Social Action for Women (SAW) မှ ရွေ့ ပြောင်းစာကြည့်တိုက်( Mobile Library) များကို ဖွတ်ဖရဒေသရှိ ကျေးရွာ၁၀ခုတွင် ၂၀၁၃ခုနှစ် ဂျွန်ပထမပတ်မှ စတင်ပြီး ဖွင့်ပွဲပြုလုပ်
ခဲ့ပါသည်။ယင်း ရွှေ့ ပြောင်း စာကြည့်တိုက်များထားရှိရခြင်း၏ ရည်ရွယ်ချက်မှာ ဖုတ်ဖရဒေသတ၀ိုက်ရှိ မြန်မာရွှေ့ ပြောင်းအလုပ်သမားများ၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ စာပေဗဟုသုတတိုးပွားလာနိုင်ရန် ဖြစ်ကြောင်း သတင်းရရှိပါသည်။
           ယင်းရွှေ့ ပြောင်းစာကြည့်တိုက်ဖွင့်လှစ်ထားသော ကျေးရွာ ၁၀ခုမှာ ဝှေးနုကလယ်၊ စအို၊ ၃၅ km၊ စီကိုထိုင်း၊ ၃၆ km၊ စောလတက်၊ ၄၄ km -အကြံ့ ဝင်း၊ ၄၄km- ပြောင်ကြီးကွင်း၊၄၂ km- The Best Friend ကျောင်းနှင့် ဘန့် ကျက် ရွာတို့ ဖြစ်ပြီး ကျန်းမာရေးလုပ်သားများ၊ ကျောင်းဆရာ/မ များ၊ရပ်ရွာ ခေါင်းဆောင်များ၊ လူမှုရေးအဖွဲ့ အစည်းများနှင့်ပတ်သက်သူ စသည်တို့ ကို စာကြည့်တိုက်ကိုယ်စားလှယ်များအဖြစ် ထားရှိခဲ့ကြောင်း သိရသည်။၎င်း ရွှေ့ ပြောင်းစာကြည့်တိုက်များတွင်SAW မှ ထုတ်သည့် “၀တ်မှုန်သံစဉ် ဂျာနယ်အပြင် ရသုဝတ္ထုများ၊ ရုပ်ပြကာတွန်းများ၊ မဂ္ဂဇင်းများ၊ ကျန်းမာရေး စာပေများ၊ ပညာရေး ၊စီးပွားရေး ဆိုင်ရာ စာပေများ၊ ဘာသာရေးစာပေများနှင့်ဂျာနယ်များ စသည် တို့ ဖတ်ရှုနိုင်ပြီး နေ့ စဉ် ၂၄နာရီ ဖွင့်လှစ်ပေး ထားပါသည်။ စာဖတ်သူတွေကတော့ညအားလပ်ချိန်နဲ့ ကျောင်းသားတွေကတော့ ကျောင်းပိတ်ချိန် တွေမှာ အဖတ် များ တာကိုတွေ့ ရပါသည်။
အဓိက ကတော့ ရွှေ့ ပြောင်းလူထုကြားမှာ ကျန်းမာရေးအသိ၊ ပညာရေးအသိနဲ့ လူမှုရေးအသိတွေ အရမ်း အားနည်းတယ်။ဒါ့အပြင် ရွှေ့ ပြောင်းအလုပ်သမားတွေဟာ မိခင်တိုင်းပြည်ကို လွမ်းကြတာတွေ အမှတ်ရတာတွေလည်းရှိကြတယ်၊ အများစုက မိခင်တိုင်းပြည်မှာဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို လေ့လာချင်ကြတယ်။ ဒီလို စာကြည့်တိုက်တွေရှိလာတော့ သူတို့ သိချင်တဲ့ အကြောင်းအရာတွေကို ရှာဖွေ ဖတ်ရှုနိုင်တာပေါ့ မြန်မာစာပေ နဲ့ လည်းအလှမ်းမဝေးတော့ ဘူးဟု SAW၏ဖွတ်ဖရနယ်မြေတာဝန်ခံ ဦးထိုက်သူအောင်မှ ပြောသည်။
နောက်တစ်ခုကမြန်မာပြည်က ပညာရေး တပိုင်းတစနဲ့ ဒီဘက်ကိုအလုပ်လာလုပ်ကြတဲ့သူတွေ ၊စာကို ငတ်နေကြတဲ့သူ တွေ၊ စာဖတ်ချင်လျက်နဲ့စာကိုမ ဖတ်ရတဲ့သူတွေ နောက်ပြီးတိုင်းတပါးမှာနေတဲ့သူတွေကို သူတို့ကျေးရွာမှာနေတဲ့ပုံစံမျိုးဖြစ်လာအောင် ဒီ ဘက်မှာနေပျော်အောင်လည်းလုပ်ရတဲ့ ရည်ရွယ်ချက် လည်းဖြစ်ပါတယ်။ နောက်တစ်ခုကအလုပ်လုပ်သော် ငြားလည်း ကိုယ့်တိုင်းပြည်က စာပေမမေ့ပျောက်ရေး အတွက်လည်း တည်ထောင်ရခြင်းဖြစ်ပါတယ်။ လုပ်ငန်းခွင်ဝင်နေကြတဲ့သူတွေ လုပ်ငန်းခွင်အန္တာရယ်တို့၊ ဒီဘက်နိုင်ငံမှာရှိတဲ့ကျန်းမာရေးအသိပညာတွေ ကိုဒီစာစောင်တွေကတဆင့်သိရှိစေချင်တဲ့ ဆန္ဒ လည်းပါပါတယ်။ အရေးပေါ်ပြသာနာတွေဖြစ်လာရင် leadership အပိုင်းတွေ လူငယ်တွေဆိုရင် တော့ တော်တော် များများ လေ့လာသင့်တယ်လို့ကျနော်တိုက ယူဆတယ်လေ လူကြီးအပိုင်းတွေအတွက်ကတော့ ဘာသာရေးနဲ့ပတ်သက်တဲ့ စာပေတွေလေ့လာလို့ရတယ် မြန်မာပြည်မှာဆိုရင်တော့ ပတ်ဝန်းကျင်က နေယူပြီး ဖတ်လို့ရတယ် ဒီမှာကျတော့အရမ်းအလှမ်းဝေးတယ်။ စာအုပ်တစ်အုပ်ဖတ်ဖို့တောင် ရဲဂိတ်၇ခုလောက်ဖြတ်ပြီးမှ စာအုပ် တအုပ်ဖတ်ရတယ် ဒီလိုမျိုးခက်ခက်ခဲခဲ ဖတ်ရတဲ့စာအုပ်ကိုတော့တန်ဖိုးထားတယ် လို့ ဦးထိုက်သူအောင်က ဆက်ပြောပြပါသည်။
            SAW မှ စာအုပ်ပေါင်း ၁၀၀၀ ကျော် ကို ကျေးရွာ ၁၀ခုရှိ ရွှေ့ ပြောင်းစာကြည့်တိုက်များတွင် ခွဲဝေ လှူဒါန်း ထားပြီး ၁လတစ်ကြိမ် စာအုပ်များ ကို အချိန်းအပြောင်း ပြုလုပ်ပါသည်။ယခုလက်ရှိ၌ ကျေးရွာတစ်ခု တွင် ၁လအတွင်း ဖတ်ရှုသူဦးရေ ၂၀၀ ၀န်းကျင်ခန့် ရှိပြီး အများစုမှာ အမျိုးသမီးနှင့်ကလေးများ ဖြစ်ကြောင်း သတင်းရရှိပါသည်။
မဆုမြတ်ဝင်း (SAW )

0 comments: