Monday 16 December 2013

ကျောင်းကျန်းမာရေး ပညာပေး



                     

၂၇၊ ၁၁၊ ၂၀၁၃ ရက်နေ့တွင် SAW အထက်တန်းကျောင်း၏ မူလတန်းကျောင်းဝန်း အတွင်း ၌ ကျောင်း ကျန်းမာရေးပညာပေးဟောပြောပွဲအခမ်းအနား တစ်ရပ်ကို နံနက် ၉း ၀၀နာရီမှ နေ့လည် ၁၁း ၃၀နာရီ အထိ ကျင်းပပြုလုပ်ခဲ့ပါ
သည်။ ထိုပညာပေးဟောပြောပွဲ၌ IRC အဖွဲ့မှ ကျောင်းကျန်းမာရေးနှင့် သက်ဆိုင်သည့် ဆရာ ၁ ဦး၊ ဆရာမ ၃ဦးနှင့် SAW အထက်တန်းကျောင်းမှ ကျောင်းကျန်းမာရေးတာဝန်ခံ ဆရာ ၁ဦး၊ ဆရာမ ၁ဦးတို့ ပါဝင်ဟောပြောခဲ့ကြသည်။ ဟောပြောပွဲအခမ်းအနားတွင် ဒုတိယတန်းမှ ဆဠမတန်းအထိ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ခဲ့ကြသည်။ ဟောပြောပွဲတွင် ရာသီပေါ်ကူးစက် ရောဂါများအကြောင်း၊ ကျောင်းကျန်းမာရေးခေါင်းဆောင်များတွင် ရှိသင့်ရှိထိုက်သော အရည်အချင်း၊ တာဝန်များအကြောင်းကို ပြောပြသွားခဲ့သည်။ ထိုအပြင် ရောဂါလက္ခဏာအမျိုးမျိုးရှိသည့်အနက် တကယ်လက်တွေ့ ဖြစ်လာရင်ဘယ်လို ကာကွယ်ရမယ်၊ ဘယ်လိုဆေးဝါးတွေ သုံးစွဲရမယ်ဆိုသည့် အကြောင်းများ၊ အရေးပေါ်အခြေအနေတွင် လူနာကိုအသက်ကယ်တင်နိုင်ရန် မည်သို့မည်ပုံပြုလုပ်ရမည်၊ တစ်ကိုယ်ရေသန့်ရှင်းမှုရှိအောင် မည်သို့မည်ပုံ ပြုလုပ်ရမည်ကိုလည်း အဆင့်ဆင့်ပြောပြသွားခဲ့သည်။ အခမ်းအနားတွင် ကလေးများအားကျန်းမာရေးနှင့်ပတ်သက်သောမေးခွန်းများမေးခြင်း၊ ဆုများချီးမြှင့်ခြင်း၊ မုန်းများကျွေးမွေးခြင်းတို့ကိုပြုလုပ်ခဲ့သည်။ IRC အဖွဲ့မှ ကျောင်းတွင်ထားရှိထား သောဆေးပေးခန်းအား စစ်ဆေးမှုများပြုပြီးလိုအပ်သည်များကိုမှာကြားခဲ့သည်။ ထို့နောက် SAW ကျောင်းမှ ဆရာ၊ ဆရာမများမှ ကလေးများအားလက်သည်း၊ ခြေသည်းညှပ်ပေးခြင်းများကိုပြုလုပ်ပေးခဲ့သည်။ IRC အဖွဲ့ နဲ့ စောကျောင်းက ဆရာဆရာမများကလည်းကျောင်းသား၊ ကျောင်းသူများကိုညနေကျောင်းဆင်းထိတိုင်အောင် ဆံပင်ညှပ် ပေးခြင်းများကို ပြုလုပ်ပေးခဲ့ပါသည်။

ဇင်ကိုမြင့်


0 comments: