Monday 23 December 2013

အပြည်ပြည်ဆိုင် ရွှေ့ပြောင်းနေထိုင်သူများနေ့ အခမ်းအနား မဲဆောက်တွင် ပြုလုပ်


           အပြည်ပြည်ဆိုင် ရွှေ့ပြောင်းနေထိုင်သူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့  မနက် ၈နာရီခွဲမှ နေ့ လည် ၂နာရီအထိ အလုပ်သမားအရေးလုပ်ဆောင်ပေးနေသည့်ရွှေ့ပြောင်းအလုပ် သမားများအခွင့်အရေးပံ့ပိုးမှုကွန်ယက် Migrant Rights Promotion Working Group (MRPWG) အဖွဲ့မှ ဦးဆောင်ပြီး ပြုလုပ်
ကျင်းပခဲ့ပါသည်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသတွင်း၊ မြ၀တီ နှင့် ဘားအံ စသည့်ဒေသများမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀ကျော်တက်ရောက်ခဲ့ပါသည်။
          ထိုင်းအလုပ်သမားဥပဒေ ပြဌာန်းထားတဲ့ အတိုင်း အလုပ်သမားအခွင့်အရေးတွေ ပြည့်ပြည့်၀၀မ ခံ စားရသည့်အခြေအနေများနှင့် အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများ ကို ကာကွယ်စောင့်ရှောက်ပေးရန် မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူးကို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကိုယ်စား ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးကို တောင်းဆို ခဲ့ကြ ပါသည်။ တောင်းဆိုသောအချက်များမှာ အလုပ်သမားတစ်ဦးကို တနေ့ဘတ် ၃၀၀ ရရှိရေး အလုပ်ချိန် မှန်မှန်ဆင်းသလို လုပ်အားခပေးချိန်လည်းမှန်ရမည်၊ အန္တရာယ်ကင်းသည့် လုပ်ငန်းခွင်ဖြစ်ရမည် စသည့် အချက်များ ကိုတောင်းဆိုပြိးမဲဆောက်မြိုက မြိုနယ်အုပ်ချုပ်ရေးမူးကိုအိပ်ဖွင့်ပေးစာပေးခဲ့ပါသည်။
မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း ရွှေ့ပြောင်းအလုပ်သမား များတစ်ရက်လုပ်အားခ ဘတ် ၃၀၀ မရသည့် ကိစ္စတွေအပါအ၀င် ကျန်းမာရေးအာမခံကို ဈေးကြီးပေးဝယ်ယူရမည့် အခက်အခဲတွေကိုပါ ဖြေရှင်းနိုင်အောင် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းပြောဆိုသွားပါသည် ။
         မြန်မာရွှေ့ပြောင်းအလုပ်သမား (၃၀၀)ကျော်သည် မဲဆောက်မြို့အုပ်ချုပ်ရေးရုံးကနေ အပြည်ပြည်ဆိုင် ရာ ရွှေ့ပြောင်းနေထိုင်သူများနေ့ အခမ်းအနားပြုလုပ်ရာ ယူဂျီရာဟိုတယ်ကို လမ်းလျှောက်ချီတက်ခဲ့ကြသည်။ Social Action for Women (SAW)မှလည်း စီတန်းလမ်းလျောက်မူတွင်းပါဝင်ကြကာစော ကျောင်းသူလေးများမှလည်း ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်ခဲ့ကြပြီး Foundation for Education Development (FED) အဖွဲ့ မှ ဥာဏ်စမ်းမေးခွန်းများဖြင့် အလုပ်သမား အခွင့်အရေး အကြောင်း မေးမြန်းသည့်အစီ အစဉ်များ ပြုလုပ်ခဲ့ကြပါသည်။

ကိုမြင့်စိုး( SAW)

0 comments: