Monday 2 December 2013

SAW မှ လိင်ကွဲပြားမှုအပေါ်အခြေခံသည့် အကြမ်းဖက်မှုဆန့်ကျင်ရေး သင်တန်းကို ဖုတ်ဖရဒေသတွင် သွားရောက်ပြုလုပ်


၃ ဒီဇင်ဘာလ ၂၀၁၃ ၊ ဆုမြတ်ဝင်း

လိင်ကွဲပြားမှုအပေါ်အခြေခံသည့် အကြမ်းဖက်မှုဆန့် ကျင်ရေး(Gander Based Violence )သင်တန်းကို ၂၀၁၃ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှ ၃၀ရက်နေ့အထိ ဖုတ်ဖရ( PhopPhra) ဒေသရှိ ၄၂ ကီလိုမီတာတွင် ၄ ရက်ကြာ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

သင်တန်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အမျိုးသမီးများနှင့် အမျိုးသားများအတွက်  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အိမ်တွင်းအကြမ်းဖက်မှုများ ရင်ဆိုင်ရလျှင်
အကူအညီတောင်းခံနိုင်သည့် နေရာများ၊ ဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့် မဖြစ်ခင် ကြိုတင်ကာကွယ်နည်းများကို အသိပညာ၊ ဗဟုသုတပေးရန်ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင်း၌ အမျိုးသားများနှင့် အမျိုးသမီးများ၏ မတူကွဲပြားသည့်အတွေးအခေါ်များ၊ ဖြေရှင်းနည်းများ၊ ဖုတ်ဖရဒေသရှိ အိမ်တွင်းအကြမ်းဖက်မှု အခြေအနေများကို သိရှိလာရပြီး ဦးဆောင်ဆွေးနွေးသူနှင့် သင်တန်းသား /သူတို့  တက်ကြွစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်။ Sex & Gender ၊ မတူကွဲပြားမှုနှင့် ခွဲခြားဆက်ဆံမှု၊ ပုံစံခွက်သတ်မှတ်ခြင်း၊ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ပြဿနာကို ဆန်းစစ်လေ့လာခြင်း၊ အကြမ်းဖက်ခြင်းနှင့် အကြမ်းမဖက်ခြင်းစသည်တို့ကို အဓိကထားပြီး ၄ ရက် အတွင်း ဆွေးနွေးဖလှယ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖုတ်ဖရဒေသရှိ အိမ်ထောင်သည် အမျိုးသမီးများမှာ လောင်းကစားလုပ်ခြင်း၊ ချဲထိုးခြင်းများ ပြုလုပ်နေကြပြီး အမျိုးသားများမှာ အရက်သောက်ခြင်း၊ လောင်းကစားလုပ်ခြင်း စသည့်အခြေအနေများ ဖြစ်ပေါ်နေသည်။ ထို့ကြောင့် အိမ်ထောင်သည်အများစုမှာ အိမ်တွင်းအကြမ်းဖက်မှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရပါသည်။ ထိုအခြေအနေများကို ဖြေရှင်းနိုင်ရန် ပညာပေးမှုများကို Social Action for Women (SAW) မှ သွားရောက်ပြုလုပ်ပေးလျက်ရှိကြောင်း သိရပါသည်။

ထိုသင်တန်းသို့  ကျား - ၁၃ ဦး၊ မ- ၁၈ ဦး ပါဝင်ခဲ့ပြီးစုစုပေါင်း ၃၁ဦးတက်ရောက်ခဲ့ပါသည်။ တက်ရောက်သူများမှာဖုတ်ဖရဒေသရှိ ၄၂ ကီလိုမီတာ၊ ၄၄ ကီလိုမီတာ၊ ၄၈ကီိုမီတာ၊ ၃၅ကီလိုမီတာ၊ စအို နှင့် ပခန်းမိုင် နေရာများမှ လာရောက်သူများဖြစ်ကြောင်းသတင်းရရှိပါသည်။

0 comments: