Friday 15 November 2013

အသက်မွေးမှုကနေ ရံပုံငွေ ရှာဖွေရေးသို့

SAW အဖွဲ့အစည်းအတွင်းတွင်ရှိသော( Income Generation Program) တစ်ဖတ်တလမ်းမှ ၀င်ငွေရရှိရေး အတွက် လက်မှုအနုပညာပေးအနီးကပ်သင်တန်းကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၂၇ရက်မှ အောက်တိုဘာလ ၈ရက်နေ့ထိ ၁၂ရက်တိုင်တိုင် ချင်းမိုင်တွင်သွားရောက်သင်ကြားလေ့လာခဲ့သည်။ ယင်းအနီးကပ်သင်တန်း၏ အဓိကရည်ရွယ်ချက်မှာ
SAW အဖွဲ့အစည်းတွင်လုပ်ဆောင်နေလျက်ဖြစ်သော income generation program အားပိုမိုဖွံ့ဖြိုးတိုးတတ်လာစေရန်အတွက် သွားရောက်လေ့လာသင်ကြား ရခြင်းဖြစ်သည်။

ဒီသင်တန်းကို ဝေဒနာရှင် အမျိုးသမီးနဲ့ကလေးတွေ ပါ  သင်ကြားခဲ့ရခြင်းဖြစ်သည်။ ယင်းသင်တန်းတွင် အလှခေါင်းစီးကွင်း၊ အလှကလစ်များကို အဓိကဦးစားပေးသင်ကြား ခဲ့ရခြင်းဖြစ်သည်။ အခြေခံအနေဖြင့် ပန်းအပွင့်သေးလေးများကိုစတင်သင်ကြားခဲ့ရပြီး နောက်ပိုင်းတွင် အပွင့်၊အဖူး၊ အငုံစသည်ဖြင့် အလှများကိုဖန်တီးလုပ်ဆောင်သင်ကြားခဲ့ရခြင်းဖြစ်ပြီး အလှသဘောတရားအနေ ဖြင့်လိုက်ဖတ်သော အရောင်များကိုပါခွဲခြားဖန်တီးတတ်စေရန် သင်ကြားခဲ့ရသည်။ ယင်းသင်တန်းတွင်အလှခေါင်းစီးကွင်း၊ ကလစ်များလုပ်ဆောင်ရာတွင်ပါဝင်သော အဆင့်ဆင့်ပြုလုပ်ပုံ ဖန်တီးပုံတို့ကိုပါသင်ကြားပေးခဲ့ခြင်းဖြစ်သည်။  ခိုးကိုးရာမဲ့အကာအကွယ်မဲ့နေတဲ့ အမျိုးသမီးတွေ ကလေးတွေအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်တခုဖြစ်သလို  စောအဖွဲအစည်းမှာ နိုင်ငံတကာမှာရံပုံငွေရှာဖွေခြင်းလုပ်ငန်းတွေကို လုပ်ဆောင်ဖို့အတွက်လည်းရည်ရွယ်ပါသည်။

သတင်းရေးသားသူ - မရတနာဖြိုး



0 comments: