Monday 16 December 2013

SAW မူလတန်းကျောင်းသို့  SMRU (Shoklo Malaria Research Unit. ) အဖွဲ့မှကလေးများကိုဒုတိယအကြိမ် ကာကွယ်ဆေး လာရောက်ထိုးပေးခဲ့





                  ၂၈.၁၁.၂၀၁၃ ရက်နေ့တွင် မြန်မာရှွှေပြောင်းကျောင်းတကျောင်းဖြစ်သည့် SAW မူလတန်းကျောင်းဆောင်တွင် SMRU (Shoklo Malaria Research Unit. ) အဖွဲ့မှကလေးများ ကိုဒုတိယ အကြိမ်မြောက် ကာကွယ်ဆေး  လာရောက်ထိုးပေး
ခဲ့ပါသည်။ ယခုကဲ့သို့ လာရောက်၍ဆေးများထိုးပေး ရခြင်းနှင့်ပတ်သက်၍ SMRU မှ တာဝန်ရှိသူတဦးကယခုကဲ့သို့ပြောကြားခဲ့ပါသည်။ ဆေးထိုးပေးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကလေး များကြားဖြစ်ပွားနေသောကူးစက်ရောဂါများကိုကာကွယ်ရန်နှင့် ယင်းအဖွဲသည် ရွှေပြောင်းကျောင်းများတွင် ကာကွယ်ဆေးထိုး ပေးခြင်းကို ၂၀၀၉ ခုနှစ်မှစ၍ မဲဆောက်၊ ဖုတ်ဖရ နှင့် ထစောင်ရမ်းဒေသများ တွင်စတင် ခဲ့သည်ဟုသိရှိရပါသည်။ သို့သော် ၂၀၁၁-၂၀၁၃ ခုနှစ် အတွင်း ဝန်ထမ်းအင်အားလျော့နည်းသွားမှုကြောင့် မဲဆောက်ဒေသတခုတည်း သာလျှင် လုပ်ဆောင်  နိုင်ခဲ့ကြောင်းကိုလည်းဆက်လက်ပြောကြားသွားပါသည်။ ၂၀၁၂ ခုနှစ်အတွင်းကျောင်းပေါင်း ၄၃ ကျောင်းကိုကာကွယ်ဆေးလိုက်ထိုးပေး၍ ယခုနှစ်တွင် ကျောင်းပေါင်း ၃၉ကျောင်းသာ ထိုးပေးနိုင်ကြောင်းကိုသိရှိရပါသည်။ ထိုသို့ ဆေးထိုးပေးရာတွင် ဆေးထိုးသည့်အကြိမ်ပြည့် သည့် ရာခိုင်နှုန်းမှာ၈၇% သာရှိ၍ ကျန် ၁၃%မှာတွင် အချို့သောသားများမှာ ပြည်တွင်းပြန်၍ အချို့မှာ မိဘ အလုပ်အကိုင်ပြောင်းသည့်နောက်သို့လိုက်လံသွားကြသောကြောင့် ဆေးထိုးသည့်အကြိမ် ရေ မပြည့် ခြင်း ဖြစ်ကြောင်းကိုထပ်လောင်း၍ပြောဆိုသွားပါသည်။

သတင်း……….မိုနာလီဇာ

0 comments: