Sunday 15 December 2013

အမျိုးသမီးများ စကားဝိုင်းအစီအစဉ်ကို ကိုယ်ဝန်ဖျက်ချခြင်း ခေါင်းစဉ်ဖြင့် ဆောင်ခွဲဆောင်ကျေးရွာတွင် ကျင်းပ







                           ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင်အမျိုးသမီးစကားဝိုင်းအစီအစဉ်ကို စောင် ခွဲစောင်ကျေးရွာတွင် အမျိုးသမီး ၃၅ ဦးဖြင့် ပြုလုပ်ခဲ့
သည်။ စကားဝိုင်းအစီအစဉ်ကို မနက်ပိုင်းတွင် စကားဝိုင်းမှ ပါဝင်သော အမျိုးသမီးများအားလုံး တစ်ဦးနှင့်တဦးရင်းနှီးရန်နှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်ရန်ကို ရည်ရွယ်ပြီး အမည်၊ အခုလက်ရှိအလုပ်အကိုင်ကို မိတ်ဆက်ပြီး စကားဝိုင်းကို စတင်ခဲ့သည်။ ဦးဆောင်ဆွေးနွေးသူ ဆုမြတ်ဝင်းက အမျိုးသမီးစကားဝိုင်း၏ ရည်ရွယ်ချက်က စက်ရုံးနှင့် အစုအဝေးအသီးသီးမှ ရွေ့ပြောင်းအမျိုးသမီးများနှင့် တလတကြိမ်ပုံမှန်တွေ့ဆုံပြီး၊ လူမူရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များတွင် ခက်ခဲမူများနှင့် လက်ရှိအခြေအနေများကို ဖလှယ်နိုင်ရန် အတွက်လည်း ရှင်းပြသည်။ ပြီးနောက် ဤသင်တန်းမှ တက်ရောက်လာသော အမျိုးသမီးများက သင်တန်းပေါ်တွင် ရရှိလို့သည့်မျှော်မှန်းချက်များ၊ သိရှိလို့သည်အချက်အလက်များကို   မေးမြန်းခဲ့သည်၊ ဆောင်ခွဲဆောင်ကျေးရွာအတွင်း နေထိုင်နေသည့် အမျိုးသမီးများအား ကျန်းမာရေးနဲ့ပတ်သက်၍ မည့်သည်ရောဂါများတွင် အများဆုံး ဖြစ်ပွားသနည်း ၊ ထိုကျေးရွာ၌ ဖြစ်ပေါ်လာသော အခက်အခဲနှင့် စိန်ခေါ်မူကို ဘယ်လိုဖြေရှင်းကြသနည်း စသည့်မေးခွန်းများကို မေးမြန်ခဲ့သည်။ ယင်းမေးခွန်းပေါ်အခြေခံပြီးကျေးရွာအတွင်းရှိ အထူးသဖြင့် အသက်မပြည့်သေးသော အမျိုးသမီးများကို အိမ်ထောင်ပြုသည်ဟု သိရှိရသည်။ အသက်အရွယ်နုနေချိန်တွင် အိမ်ထောင်ပြုသည့် နောက်ဆက်တွဲဆိုးကျိုးက အမျိုးသမီးအများစုမှာ မလိုချင်သော ကိုယ်ဝန်များကို ရရှိလာသည်။ ထိုကိုယ်ဝန်းဆောင်နေသော အမျိုးသမီးက စားဝတ်နေရေးအခက်အခဲတွေ၊ အိမ်တွင်းမူပြသာနာတွေကြောင့် ထိုကိုယ်ဝန်းကို အရပ်ဒေသမှ နီးစပ်ရာ လက်သည်များကို အားကိုးပြီး အမျိုးသမီးများအား လုံခြုံမူမရှိသော ကိုယ်ဝန်ဖျက်ချခြင်း( unsafe abortion) နှင့် ပတ်သက်ပြီး အများဆုံး ရင်ဆိုင်ကြရသည်ဟု ပြောကြားသည်။
အမေးအဖြေ ကဏ္ဏပြီးသွားတဲ့အချိန်မှာ အမျိုးသမီးစကားဝိုင်းအတွက် ဆွေးနွေးရမည့်ခေါင်းစဉ်ကို စတင်ခဲ့သည်။ ထို့နေတွင် အမျိုးသမီးအစီအစဉ်မှာ ကိုယ်ဝန်ဖျက်ချခြင်းခေါင်းစဉ်ဖြင့် အမျိုးသမီးများနှင့်အတူ ဆွေးနွေးခဲ့သည်။ ပထမပိုင်းမှာ ကိုယ်ဝန်ဖျက်ချခြင်းနဲ့ပတ်သက်သော နည်းလမ်းများကို မိမိကိုယ်တွေ့ဖူးသော်လည်းကောင်း၊ ကြားဖူးသော်လည်းကောင်း (၃) အုပ်စုခွဲပေးပြီး ဆွေးနွေးခဲ့သည်။ အုပ်စုအတွင်းမှာ ဆွေးနွေးခဲ့သည့်အကြောင်းအရာများကို အုပ်စုတစုမှ ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ပြီး အရှေ့မှာ ထွက်ရှင်းပြခိုင်းသည်။ အမျိုးသမီးစကားဝိုင်းအတွင်း လူပ်ရှားမူနဲ့ပတ်သက်ပြီး အုပ်စုလိုက်ဆွေးနွေးခြင်း ( group discussion)၊ မေးခွန်းများ မေးမြန်ခြင်း ( brain storming) နှင့် အားလုံးပါဝင်ပါဝင်ခွင့်ရသော လူပ်ရှားမူ( all participatory activities) အစီအစဉ်တွေကို တရက်တာအတွင်း လုပ်ဆောင်ခဲ့သည်။ အမျိုးသမီးစကားဝိုင်းအစီအစဉ်ကို မနက် ၉း၀၀ နာရီမှစတင်၍ ညနေပိုင်း ၃း၀၀ နာရီဝန်းကျင်တွင် ပြီးဆုံးခဲ့သည်။
အမျိုးသမီးများ စကားဝိုင်းအစီအစဉ်သည် ရွေ့ပြောင်းအမျိုးသမီးများအား သူတို့၏ အတွေ့အကြုံများ ဖလှယ်ခွင့်ရရန်အတွက်နှင့် လိုအပ်ပါက အကူအညီပေးရေးအတွက် ပြုလုပ်သော အစီအစဉ်တခု ဖြစ်သည်။ အမျိုးသမီးများ စကားဝိုင်းအစီအစဉ်သည် ၂၀၀၅ ခုနှစ် နှောင်းပိုင်းတွင် စတင်ခဲ့ပြီး၊ အမျိုးသမီးများဆွေးနွေးသော အကြောင်းအရာများသည် လူမူရေးဆိုင်ရာကိစ္စများ၊ အမျိုးသမီးအခွင့်အရေးများနှင့် ဖို/မတန်းတူညီမျှမူ၊ နယ်မြေဒေသအဆင့်၌ ရွေ့ပြောင်းအမျိုးသမီးများ ရင်ဆိုင်ရသော အခက်အခဲများ ဖြစ်သည်။ SAW ( social Action for Women) ၀န်ထမ်းများသည် အမျိုးသမီးအချင်းချင်းတွေဆုံးပြိး ဖလှယ်ဆွေးနွေးနိုင်ရန် စကားဝိုင်းအစီအစဉ်ကို တစ်လတကြိမ် ပုံမှန် ပြုလုပ်လျက်ရှိသည်။

သတင်း - အောင်ထွန်းလင်း( SAW Office Staff)

0 comments: