Monday 23 December 2013

လူကုန်ကူးမှုတိုက်ဖျက်ရေးအကြောင်းဆွေးနွေးဖလှယ်ပွဲမင်းမဟော်ကျောင်းမှာကျင်းပ

  
                  လူကုန်ကူးမှုတိုက်ဖျက်ရေး ဆွေးနွေးဖလှယ်ပွဲ(workshop) ကို မဲဆောက်မြိုအခြေစိုက် အထက်တန်းလွန်တက္ကသိုလ်ပညာရေးတွေအတွေက်လေ့ကျင့်သင်ကြားပေးနေတဲ့ မင်းမဟော်ကျောင်းမှာ ဒီဇင်ဘာလ ၁၄ရက်နေ့က ပြုလုပ်
ခဲ့တာပါ ဒီဆွေးနွေးပွဲကို မင်းမဟော်ဆရာ/မ ကျောင်းသူ/သား (၇၀) ခန့်် တက်ရောက်ခဲ့ပြီး (workshop) မှာSAW (Social Action For Women) က လူကုန်ကူးမူတားဆီးတိုက်ဖျက်ရေးအတွေအကြုံရှိကြတဲ့ သူတွေက SAWအဖွဲအစည်းမှာလုပ်ဆောင်နေတဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းအကြောင်းတွေကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပါတယ်။
                ပထမဦးဆုံးမနေနဲ့  SAW မှာလုပ်ဆောင်နေတဲ့ အစီအစဉ် (programme) တွေ အကြောင်းကို ဆရာဦးမင်းမင်းက တင်ပြဆွေးနွေးခဲ့ပြီး ဆရာဦးသွင်လင်းအောင်ကတော့ SAW မှာ် လုပ်ဆောင်နေတဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး program  (SAW Trafficking Assessment Project -TAP) အကြောင်းကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါတယ်။

        ဒီနောက် ထိုင်း-မြန်မာနယ်စပ်မှာလက်ရှိဖြစ်ပွားနေတဲ့ လူကုန်ကူးမှု့အကြောင်း ကို ဒေါက်တာ ထင်ဇော် က ဆွေးနွေးတင်ပြခဲ့ပါတယ် ။ဒိနောက်မှာတော့ ကျောင်းသားကျောင်းသူတွေရဲ့ မေးမြန်းချက်တွေကို စောမှ လူကုန်းကူမူဆန်ကျင်တိုက်ဖျက်ရေးနဲပတ်သက်လို့လုပ်ဆောင်နေသူတွေကပြန်လည်ဖြေကြားပေးခဲ့ပါတယ်။ 

ဖြိုးအိထွေး(SAW)

0 comments: