Friday 15 November 2013

မယ်တော်မိုင်ကျေးရွာ အမျိုးသမီးစကားဝိုင်း


 ၂၀၁၃ ခုနှစ် နိုင်ဝင်ဘာ ၁၁ ရက်နေ့တွင် အမျိုးသမီးစကားဝိုင်းအစီအစဉ်ကို မယ်တော်မိုင်ကျေးရွာမှာ အမျိုးသမီး ၃၀ ဦး၌ ပြုလုပ်ခဲ့ပါတယ်  သင်တန်းသားများက  သင်တန်းပေါ်တွင် ရရှိလိုတဲ့  မျှော်မှန်းချက်များ၊ သိလိုသည့် သတင်းအချက်အလက်များ မေးမြန်းဖြေကြားခြင်းကို လုပ်ဆောင်ကြပါတယ်။ မယ်တော်မိုင်လူထုအခြေပြု နေရာတွေအတွင်း နေထိုင်းနေတဲ့ အမျိုးသမီးများအတွက် ပတ်ဝန်းကျင်တွင်
မည့်သည်အခက်အခဲများ ရင်ဆိုင်နေရသနည်း ဖြစ်ပေါ်လာသော အခက်အခဲများကို ဘယ်လိုဖြေရှင်းကြသနည်း စတဲ့ မေးခွန်းများကို မေးမြန်းကြပါတယ်။  ထိုမေးခွန်းကို မှီပြီး အမျိုးသမီးများက ပတ်ဝန်းကျင်အတွင်း အခက်အခဲများကို ပြောပြ ကြပါတယ်။ ဆွေးနွေးပွဲလုပ်တဲ့ ပတ်ဝန်းကျင်အတွင်း အိမ်တွင်းအကြမ်းဖက်မူတွေနဲ့  ကိုယ်ဝန်ဖျက်ချမူပြသာနာများ အများဆုံး ရင်ဆိုင်နေရတာကိုလည်း သိရှိခဲ့ရပြီး အမျိုးသမီးစကားဝိုင်းအစီအစဉ်အတွင်း လူပ်ရှားမူနှင့်ပတ်သက်လို့ အုပ်စုလိုက်ဆွေးနွေးခြင်း (group discussion)နှင့် အားလုံးပူးပေါင်းပါဝင်ခွင့်ရသော လူပ်ရှားမူများ( all participatory activities) ပါဝင်သည်  ထိုအစီအစဉ်တွေကို လုပ်ဆောင်ခဲ့ကြပါတယ်

 အမျိုးသမီးများ စကားဝိုင်းအစီအစဉ်ကို ၂၀၀၅ ခုနှစ် နှောင်းပိုင်းတွင် စတင်ခဲ့ပြီး၊ အမျိုးသမီးများဆွေးနွေးသော အကြောင်းအရာများသည် လူမူရေးဆိုင်ရာကိစ္စများ၊ အမျိုးသမီးအခွင့်အရေးများနှင့် ဖိုမတန်းတူညီမျှမူ၊ နယ်မြေဒေသအဆင့်၌ ရွေ့ပြောင်းအမျိုးသမီးများ ရင်ဆိုင်ရသော အခက်အခဲများ ဖြစ်သည်။ SAW ( social Action for Women) ၀န်ထမ်းများသည် အမျိုးသမီးများနှင့် အမျိုးသမီးများ စကားဝိုင်းအစီအစဉ်ကို တလတကြိမ် ပုံမှန် ပြုလုပ်တာဖြစ်ပါတယ်။

 သတင်း -အောင်ထွန်းလင်း

0 comments: