Sunday 10 November 2013

အသက်မသေသေးတဲ့ လူနာတဦး သင်္ချိုင်းမှာ လာရောက်စွန့်ပစ်ထားခံရ


မြိတ်က တရုတ်သင်္ချိုင်းအရှေ့ဇရပ်မှာ အသက်မသေသေးတဲ့ လူနာတဦးကို ဆေးရုံရော၊ အရပ်ကရော လက်မခံလို့ လာပစ်ထားသတဲ့ သင်္ချိုင်းနားက ဒေသခံတွေအတွက်ကတော့ ခံပြင်းဒေါသ ဖြစ်သလို လူ့ကျင့်ဝတ်အရဆိုရင်လည်း မလုပ်သင့်တဲ့ လုပ်ရပ်တခု ဖြစ်ပါတယ်

တကယ် သေသွားလို့လာထားပစ်ခဲ့ရင်လည်း ကိစ္စမရှိပါ။ ဘိတ်က နာရေးကူညီမှုအသင်းတွေက အသုဘအတွက် တာဝန်ယူသွားလိမ့်မယ်။ အခုကတော့ အသက်မသေသေးတဲ့
လူနာတဦးပါ။

လာပစ်သွားတဲ့ အုပ်ချုပ်ရေးမှူးဘက်က စဉ်းစားမယ်ဆိုရင် ရက်ရှည်လများ ဆွေးမျိုးမရှိတဲ့သူတဦးကို ငွေသိန်းချီကုန်ကျခံပြီး ဆေးရုံမှာကုသပေးထားတယ် နေ့တာဝန်။ ညတာဝန်ကို ခွဲပြီး ဝေယျဝစ္စလုပ်ဖို့လူငှားပေထားတယ် ကြာလာတော့ လုပ်ပေးတဲ့သူလည်းမရှိတော့၊ အစိုးရဆေးရုံ ဘက်ကကြည့်ရင်လည်း ဒီလိုချေးကျုံးသေးကျုံးလုပ်ပေးမယ့်သူမရှိလို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးကိုခေါ်အပ်ပြန်တယ်။ ဘယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဘယ်သူဆိုတာ မဖော်ပြတော့ပါဘူး။ နောက်ဆုံးမှာ လူနာက ဓာတ်ပုံထဲမှာမြင်ရတဲ့အတိုင်း သင်္ချိုင်းရှေ့က ဇရပ်မှာ သေဖို့လာစောင့်နေရတဲ့ဘ၀ ရောက်သွားပြီ။

ကဲ အုပ်ချုပ်ရေး အာဏာပိုင်များကပဲ ဒီကိစ္စကို ဆက်လက်ဆောင်ရွက်ကြဖို့ ပြောလိုပါတယ်။

ဒီတကြိမ်တည်းမဟုတ်တော့ဘူးနော်။ ၃ ကြိမ်ရှိပြီတဲ့။ အခုဘယ်လိုဆောင်ရွက်မလဲ ဆိုတာစောင့်ကြည့်နေမယ်။ လောလောဆယ်သတင်းမှာတော့ မရေးသေးဘူး။ တစုံတခုဖြစ်သွားပြီဆိုရင်ဖြင့်

Posted by Zaw Moe Oo
www.facebook.com/zaw.oo.94009

0 comments: