Monday 4 November 2013

မတော်တဆ ခြေထောက်ဆုံးရှုံးခဲ့ရသော မော်ဒယ်တစ်ဦး၏ အကောင်းမြင်ဝါဒ


                      Sian Green လို့ခေါ်တဲ့ အသက်(၂၄)နှစ်အရွယ် ဗြိတိန်မှ ဖက်ရှင်ကျောင်းသူတစ်ဦးလည်းဖြစ် ၊ မော်ဒယ်တစ်ဦးလည်းဖြစ်တဲ့ မိန်းကလေးဟာ အားလပ်ရက်ခရီးအဖြစ် အမြဲရောက်ဖူးချင်ခဲ့သော အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်ခရီးတွင် ရောက်ရောက်ချင်း
ပထမနေ့၌ ဖြစ်ပွားခဲ့သည့် ကားမတော်တဆမှုတွင် သူမ၏ ဘယ်ဘက်ခြေထောက် ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်တွင် သူမ၏သူငယ်ချင်းကောင်းတစ်ဦးနှင့် လူသွားစင်္ကြံတွင် လမ်းလျှောက်နေစဉ် တက္ကစီတစ်စီးက ပလက်ဖောင်းပေါ် တက်လာပြီး သူမအား မတော်တဆ ဖြတ်တိုက်မိခဲ့တာဖြစ်ကြောင်း သိရသည်။
အစပထမတွင် ထိုတက္ကစီဒရိုင်ဘာက ကားကို အရှိန်မထိန်းနိုင်ဘဲ ပလက်ဖောင်းပေါ်ရောက်လာ၍ မတော်တဆတိုက်မိခြင်းဟု ထင်သည်မှာ မှားယွင်းနေပြီး မတော်တဆမှု မဖြစ်မီလေးတင်အချိန်က ထိုတက္ကစီမောင်းသူက စက်ဘီးသမားတစ်ဦးနှင့် စကားများပြီးနောက် ဆိုင်ကယ်သမားကို ကားနဲ့ဝင်ဆောင့်ဖို့ ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့ပေမယ့် ကံခေလှသော Sian Green ကို ကားကဝင်ဆောင့်ခဲ့မိခြင်းကြောင့် လဲကျသွားခဲ့တဲ့ Sian Green ဟာ ရုတ်တရက်မို့ ထူပူပြီးပြန်ထဖို့ ကြိုးစားရာမှာ သူမရဲ့ အောက်ခြေမှာဟာနေသလို ရှိနေတာကို သိခဲ့ရပြီးနောက် တသက်နဲ့တကိုယ် တခါမှမခံစားခဲ့ရဖူးသော ပြင်းထန်သည့် နာကျင်ခံစားမှုမျိုးကို ခံစားခဲ့ရကြောင်း သူမက ပြန်ပြောဆိုခဲ့သည်။
သူမ၏ခြေပြတ်အား ဆေးဝန်ထမ်းများက ရေခဲအပြည့်ထည့်ထားသော ရေခဲပုံးအတွင်းထည့်ပြီး ပြန်ဆက်နိုင်ဖို့ ဆေးရုံယူဆောင်လာနိုင်ခဲ့ကြပေမယ့် ခွဲစိတ်ကုသမှု၌ သူမ၏ဘယ်ခြေထောက် မအောင်မြင်ခဲ့ဘဲ ညာခြေထောက်သာ ခွဲစိတ်ကုသမှု၌ အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဘယ်ခြေထောက်ကိုမူ ကြီးမားပြင်းထန်သော ထိခိုက်မှုကြောင့် ဒူးအောက်မှစ ဖြတ်တောက်ပစ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ရက်သတ္တပတ် ခြောက်ပတ်အတွင်း တုန်လှုပ်စရာ ခြေလက်အင်္ဂါ ဆုံးရှုံးမှုမှ မူလစိတ်ဓါတ်အခြေအနေသို့ ရဲရင့်စွာ ပြန်ရောက်လာနိုင်ခဲ့သော Sian Green က သူမဦးနှောက်တွင် သူမခြေထောက် ရှိနေခဲ့ဖူးတာကို မှတ်မိနေတဲ့အတွက် အာရုံအသိအတွင်းဝယ် နာကျင်မှုရှိနေခဲ့ကြောင်း ပြောခဲ့သည်။
ဖြတ်ခဲ့ရသော ခြေထောက်နေရာကို အားယူကြည့်ဖို့ ရက်သတ္တ တစ်ပတ်လောက် အချိန်ယူခဲ့ရသည်ဟု ဆိုခဲ့သော သူမက တခြားအကူအညီမပါဘဲ အိပ်ယာဝင်တာ ၊ ရေချိုးခန်းဝင်တာတွေကို ပြုလုပ်လို့မရတဲ့ အခြေအနေကိုတော့ တကယ့်ကို မုန်းတီးမိတယ်လို့ ဆိုခဲ့ပါသေးသည်။
သူမဟာ ကိုယ့်အားကိုယ်ကိုးတတ်သူမို့ ခြေတုမရမချင်း သူများအပေါ် မှီခိုနေရတဲ့ အခြေအနေဟာ အလွန်ခက်ခဲကြောင်းနှင့် သူမဟာ အကူအညီမပါဘဲ တစ်ယောက်တည်း မလုပ်နိုင်တဲ့အရာ အများအပြားရှိကြောင်း ဆိုခဲ့သည်။
သို့ပေမယ့် သေလုဆဲဆဲ အားလုံးနဲ့ ခွဲခွါသွားရနိုင်သည့် အဖြစ်အပျက် အခြေအနေမျိုးမှသည် ခြေတစ်ဖက်တည်းဆုံးရှုံးရတဲ့အပေါ် သူမ၏အသက် ဆက်လက် ရှင်သန်နေမှုအတွက် အကောင်းမြင်နေဆဲဟု ဆိုခဲ့သည်။
သူမက သူမဟာ မိသားစုနဲ့ မကွဲမကွာ နေနိုင်ခြင်း ၊ သူမ၏ချစ်သူ ၊ သူမချစ်သော ခွေးကလေးတို့နဲ့ အတူဆက်လက် ပျော်ရွှင်နေနိုင်ခြင်း ၊ ကျောင်းဆက်တက်နိုင်ခြင်း ၊ အလုပ်ဆက်လက် လုပ်ကိုင်နိုင်ခြင်း စသည်တို့ ဆက်လက်ရရှိနေပြီး အားလုံးနဲ့ မခွဲခွါရတဲ့အတွက် ဖြစ်ပျက်သွားသည့် အခြေအနေအပေါ် ရှေ့သို့ ဆက်ကြည့်ကာ အကောင်းမြင်နေဆဲဖြစ်ကြောင်း ဆိုခဲ့သည်။
source>> Burmese heart

0 comments: