Friday 15 March 2013

ကမ္ဘာ့အသက်အငယ်ဆုံး Microsoft အောင်လက်မှတ်ရ Developer


၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာဖွားပါတယ်။ Aarifa Karim လို့အမည်ရပါတယ်။ပါကစ္စတန်နိုင်ငံ သူလေး ဖြစ်ပြီး အသက် ၉ နှစ်အရွယ် မှာပဲ Microsoft က ပေးအပ်တဲ့ Microsoft Certified Professional (MCP) အောင်လက်မှတ် ရရှိခဲ့ပါတယ်။ ဒါကြောင့် ဘီလ်ဂိတ်ကိုယ်တိုင် အမေရိကန်နိုင်ငံက Microsoft ရုံးချုပ်ကို လာရောက် လည်ပတ်ဖို့ ဖိတ်ကြားပြီး အခြားသော နိုင်ငံများသို့လည်း လည်ပတ်ဖို့ အဖိတ်ကြားခံရပါတယ်။ ပါကစ္စတန်အစိုးရကိုယ်တိုင် ဆုတံဆိပ် များ ချီးမြင့်ပြီး ဂုဏ်ပြုပေးပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ လူကြီးတွေ မှာတောင် ရှားပါးတဲ့ MCP လက်မှတ်ကို ရရှိတဲ့အတွက် ဥာဏ်ရည်မြင့် လူသား များစာရင်းမှာ အထည့်သွင်းခံရ ပါတယ်။ စပိန်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ Developer များ တွေ့ဆုံဆွေးနွေးပွဲကိုလည်း တက်ရောက်ဖို့ အဖိတ်ကြားခံရပြီး ပါကစ္စတန်နိုင်ငံမှ တစ်ဦးတည်းသော Developer ဖြစ်ခဲ့ပါတယ်။ ကမ္ဘာပတ်ပြီးနောက် ကိုယ်နိုင်ငံ ပြန်လာပြီး ပညာ များ ဆက်လက် သင်ကြားပါတယ်။ သို့ပေမယ့် ကံမကောင်းလှပါဘူး။ အဖျားရောဂါတစ်မျိုးဝင်ပြီး ဦးနှောက်အထိ ကို ရောက်သွားပါတယ်။ ဘီလ်ဂိတ်ကိုယ်တိုင် ဖုန်းဆက် ပြီး ကူညီထောက်ပံ့မှုများ ပြုလုပ်ပေမယ့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာပဲ ကွယ်လွန်သွားပါတယ်။ သူကွယ်လွန်ချိန်တုန်းက အသက် ၁၆ နှစ်ပဲ ရှိပါသေးတယ်။ Lahore Technology Park အမည်ရ ပန်းခြံကို Arfa Software Technology Park အမည်သို့ ပြောင်းလဲပေးပြီး ပါကစ္စတန်စိုးရ ဂုဏ်ပြုပေးခဲ့ပါတယ်။ သူမဟာ ယနေ့တိုင် ကမ္ဘာ့အသက်အငယ်ဆုံး Microsoft Certified Professional (MCP) လက်မှတ်ရ Developer အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ --- 

Ref: wiki 
Aung Kham (TSJ team)

0 comments: