Thursday 7 February 2013

ထိုင်းနိုင်ငံ အတွင်း စခန်း ၁၁ ခု ဖွင့်လှစ်ကာ One Stop Service နဲ့ ယာယီ နိုင်ငံကူး လက်မှတ်များ ထုတ်ပေး သွားရန်ရှိ

ထားရှိကာ ပြုလုပ် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြုလုပ် ပေးရာ မှာလည်း အဆိုပါရုံး ၁၁ ခုမှာ One Stop Service စနစ်နဲ့ယာယီ နေထိုင်ခွင့် အထောက်အထား များကို ပြုလုပ် ပေးသွားဖို့ ရှိတာ ဖြစ်တယ်လို့ အလုပ်သမား ညွှန်ကြားမှု ဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အခုလို ထိုင်းနိုင်ငံ အတွင်း ဖွင့်လှစ် သွားမယ့် စခန်း ၁၁ ခုကို ချင်းမိုင်၊ မဟာချိုင်၊ လရောင်၊ ခူလတ် ဌာန၊ ရနောင်း၊ မဲဆောက်နဲ့ ကန်ချန် နဘူရီ အစရှိတဲ့ မြို့တွေမှာ စခန်းများ ထားရှိပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်ပြီး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ ဘက်မှ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့မှ စတင်ပြီး ၎င်းတို့ နိုင်ငံ အတွင်း လူကုန်ကူးမှု ပပျောက် စေရန် ရွှေ့ပြောင်း လုပ်သားများ လာရောက် လုပ်ကိုင်ခြင်းကို ခွင့်မပြု တော့ကြောင်း တရားဝင် ထုတ်ပြန် ခဲ့ပေမယ့်လည်း ပြည်တွင်းမှ တာဝန်ရှိသူတို့ အနေနဲ့ ပြည်တွင်းမှ ထိုင်းနိုင်ငံ အတွင်း သွားရောက် လုပ်ကိုင် နေသူတွေ အလုပ် လက်မဲ့ မဖြစ်ရစေဖို့ အတွက် တောင်းဆို ခဲ့ခြင်းကြောင့် နှစ်နိုင်ငံ သဘော တူညီမှု ထားရှိကာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်ပြီး ၃ လ အနေနဲ့ ယာယီ နေထိုင်ခွင့် ဆိုင်ရာ လုပ်ငန်း တွေကို အပြီးသတ် လုပ်ဆောင်ရန် အတွက် သဘောတူထားရှိခဲ့ပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။ By MRTV-4

0 comments: