Tuesday 12 February 2013

အစိုးရတပ်မတော်မှ ကလေးစစ်သားနှင့်တပ်မတော်သားမျာကိုKIAက ၎င်းတို့နေရပ်ထံပို့ဆောင်

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တက်တွင်းသို့ အကြောင်းအမျိုးမျိုကြောင့်ရောက်ရှိ ကလေးစစ်သားများနှင့်အခြား တပ်မတော်သားမျာကို ၁၃-၁-၂၀၁၃ နေ့က၎င်းတို့နေရပ်ထံ ပြန်ပို့ေ့းလိုက်ပြီဖြစ်ကြောင်းKIA ၏ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က News Watch သို့ပြောခဲ့သည်။ နေရပ်သို့ပြန်ပို့ပေးခဲ့သည့် အစိုးရဘက်မှတပ်မတော်သား ၃၀ ထဲတွင် ကလေးစစ်သား ၂ ယောက်ပါဝင်ပြီး ကျန်တပ်မတော်သား၂၀ထဲတွင် တက်မတော်ထဲသို့ အတင်းအဓမ္မအတင်းဝင်ရောက် အမှုထမ်းစေခြင်း ခံရသူမျာလည်း ပါဝင်သည်ဟု ၎င်းကဆိုသည်။ "သူတို့ကိုကောင်းမွန်စွာပြောဆိုပြီးမှ သူတို့ဆန္ဒအရုပြန်လွှတ်လိုက်တယ်။ အဲဒီအထဲမှာ ကလေးစစ်သား ၂ ယောက်ပါတယ်။ အဲကလေးစစ်သားတွေကိုတော့ ကျွန်တော်တို့ ILO ကိုအပ်လိုက်ပါပြီ။ ဒါပေမယ့် ILO ကလိုင်ဇာကိုမလာနိုင်ဘူး။ ဒါ့ကြောင့် သူတို့လာနိုင်မယ့်နေရာကိုပဲ သွားပြီးတော့မှ ကလေးစစ်သားတွေကို အပ်လိုက်တာဖြစ်တယ်။ ကျန်တဲ့အယောက် ၂၀ ကိုတော့ကောင်း ကောင်းမွန်မွန်ပြောပြီးတော့မှ သူတို့ နေရပ်ဌာနကိုပြန်နိင်မဲ့နေရာကိုပို့ပြီးမှ ကျွန်တော်တို့ဘက်က အစီအစဉ်နဲ့ပဲ ပြန်လွှတ်လိုက်ပါတယ်။ KIA ကဖမ်းဆီးထားသော စစ်သုံ့ပန်းများအပေါ် ၎င်းတို့မှာ သုံ့ပန်းများမဟုတ်၊ တပ်တွင်းအမိနိ့ကိုနာခံ နာခံမူမရှိပဲထွက်ပြေးသူများသာဖြစ်သည်ဟု မြန်မာအစိုးရဘက်က ပြန်လည်ပြောဆိုကြောင်းဦးလနန်းက ဆက်လက်ရှင်းပြသည်။ "ဒါဟာ KIAကိုရောက်နေတဲ့ ရဲဘော်ဟောင်းတွေအတွက် လုံခြုံစိတ်ချရမူမရှိဘူးဆိုတာ ထင်ရှားတဲ့ အနေအထားကိုရောက်သွားတယ်။ တကယ်လို့ သူတို့ကို လိုလိုလားလားလက်ခံခဲ့ရင်တောင် အဲဒီရဲဘော်ဟောင်းတွေဟာ စစ်ဥပဒေအရ အရေးယူခံရနိုင်ဖွယ်ရှိတယ်။ အဆိုပါပြန်လွှတ်လိုက်ပြီဖြစ်သော စစ်သုံ့ပန်းများနှင့်ပတ်သက်၍ KIA နှင့် ၈၈ မျိုးဆက်ကျောင်းသားများအကြား ဇန်နဝါရီ လဆန်းပိုင်းက ဆွေးနွေးခဲ့ကြသည်ဆို၏။ "၈၈မျိုးဆေက်ကျောင်းသားများအဖွဲ့ ဇန်နဝါရီလဆန်းပိုင်းကျွန်တော်တို့ဘက်ကို ရောက်လာပြီးဒီကိစ္စကို ပြောဖြစ်တယ်ခင်ဗျ။ သူတို့အဖွဲ့ကလည်း ဒီကိစ္စကို Myanmar Peace Centerကို အကြောင်းကြားမယ်ပြောတယ်။ သူတို့အားလုံး မိမိနေရပ်ကို လုံခြုံစိတ်ချစွာပြန်နိုင်ရေးအတွက် ကြားဝင်စေ့စပ်ပေးမယ်လို့ ပြောဆိုပြီးမှ ပြန်သွားကြတာပါ" ဟု ဦးလနန်ကပင်ပြောပြခဲ့ပါသည်။ 

By News Watch

0 comments: