Tuesday 12 February 2013

မလိုချင်တဲ့ကိုယ်ဝန်နဲ့ အသက်အန္တရာယ်


 မြန်မာနိုင်ငံမှာ မိခင်နဲ့ကလေး သေဆုံးမှု့ကျဆင်းရေးဟာ အဓိက ဦးစားပေးရမယ့် လုပ်ငန်းဖြစ်နေချိန်မှာ၊ မိခင်သေဆုံးမှု့ရဲ့အဓိက အကြောင်းရင်းတခုကတော့ မလိုချင်တဲ့ ကိုယ်ဝန်ဖျက်ချတာကြောင့်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုကြပါတယ်။ အခုလို ကိုယ်ဝန်ဖျက်ချမှုကနေ မိခင်တွေ သေဆုံးရတဲ့ အနေအထား မြန်မာနိုင်ငံမှာ ဘယ်လိုရှိနေပြီး၊ ဘယ်လို အခက်အခဲနဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ရတာပါသလဲ၊ အခုလို မလိုအပ်ဘဲ သေဆုံးမှု့ မဖြစ်ရအောင် ဘယ်လို ကာကွယ်မှု့မျိုးတွေ လုပ်ဆောင်နိုင်ရင် လက်တွေ့ကျပြီး အကောင်းဆုံး ဖြစ်နိုင်ပါသလဲ။ ဒီအကြောင်း အသေးစိတ်သိရှိနိုင်ဖို့ သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင် နဲ့ ကိုဝင်းမင်း တို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
အသံဖိုင် နားဆင်ရန်
By VOA

0 comments: