Wednesday 13 February 2013

လမ်းပျော် ကလေးများ မြန်မာနိုင်ငံကလေးများနေ့ ဆင်နွှဲ


မိဘမဲ့ကလေးများ၊လမ်းပျော်ကလေးများနှင့် အကူအညီလိုအပ်လျက်ရှိသော ကလေး ၁၀၀(တစ်ရာ)ဦး ခန့်ကဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်ကျရောက်သည့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အဖြစ် ပျော်ရွှင်င်စွာဆင်နွှဲခဲ့ကြောင်းသိရှိရသည်။ အဆိုပါကလေးများနေ့ပျော်ပွဲရွှင်ပွဲကို မင်္ဂလာဒုံတွင်ဖွင့်လှစ်ထားသော ဝေါလ်ဗီရှင်မြန်မာ၏ ကလေးသူငယ်များအရေးပေါ် ခိုလှုံရေးစင်တာတွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည။် ကလေးများက အောင်ဆန်းဇာနည်ကဗျာကို သံပြိုင်ရွတ်ဆိုကြရင်းဗိုလ်ချုပ်အောင်ဆန်း ၏မွေးနေ့ကိုဂုဏ်ပြုခဲ့ကြခြင်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းလို စိတ်သဘောထားထားရှိရန်လိုအပ်ကြောင်း ဆရာမကြီးဒေါ်ခင်မေအေးက ကလေးများကိုအမှတ်တရ မိန့်ခွန်းပြောကြားခဲ့သည်။ ယနေ့ပျော်ပွဲရွှင်ပွဲတွင် သီရိမင်္ဂလာဈေး၊ ဓညင်းကုန်း နှင့် မင်္ဂလာဒုံရှိကလေးများ ပါဝင်ဆင်နွှဲခဲ့ကြပြီး ဝေါလ်ဗီရှင်မြန်မာကပြုလုပ်ကျင်းပပေးခဲ့သောပွဲဖြစ်သည်။

By မြစ်မခမီဒီယာ

0 comments: