ထိုင်းနိုင်ငံအတွင်းသို့  နိုင်ငံတောင်ပိုင်းမှနေ၍ ခိုးဝင်လာခဲ့သော မူဆလင်ရိုဟင်ဂျာ ၈၀၀ ဦးခန့်ကို ပြန်လည်နှင်ထုတ်ခြင်း မပြုဘဲ
ယာယီ ထိန်းသိမ်းစောင့်ရှောက်ပေးထားရန် ထိုင်းရှိ မူဆလင်အဖွဲ့ 
များက အစိုးရအားတိုက်တွန်းလိုက်ကြောင်း သိရသည်။
ထိုင်းနယူးစ်အေဂျင်စီသတင်း၏ ဖေါ်ပြချက်အရ ထိုင်းဗဟို အစ္စလမ်မစ်ကော်မတီက အစိုးရသည် ရိုဟင်ဂျာများအား
တတိယနိုင်ငံသို့ မပို့မီ စပ်ကြား မြန်မာသို့ ပြန်နှင်မထုတ်ဘဲ
ထိုင်း၌ ခိုလှုံခွင့် ပေးထားသင့်ကြောင်း တိုက်တွန်းထားသည်။
ယင်းကော်မတီက နိုင်ငံတောင်ပိုင်း ဆုန် ခလာပြည်နယ်မှ
ဗလီတစ်ခုတွင် တရားမဝင်ရွှေ့ ပြောင်းလာသော ရိုဟင်ဂျာများ
အတွက် ယာယီစခန်း ပြုလုပ်ကာ ထားရှိပေးနိုင်ကြောင်းပါ အဆိုပြုထားသည်။
ပြီးခဲ့သည့် ကြာသပတေးနေ့ကလည်း ဆုန်ခလာပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် တောင်ပိုင်းနယ်စပ် ပြည်နယ်များ အုပ်ချုပ်ရေးအဖွဲ့ တွင်းမှ ရိုဟင်ဂျာကလေးများနှင့် အမျိုးသမီး
များအား ထားရှိရာ ယာယီနေရာကို သွားရောက်ကြည့်ရှုခဲ့ပြီး၊ ထိုင်းကျန်းမာရေး တာဝန်ရှိသူများသည်လည်း အထွေထွေ အတွင်းရေးမှူးတို့သည် ဆုန်ခလာပြည်နယ် အဆိုပါစခန်းသို့  သွားရောက်ကာ ဆေးစစ်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Ref: Xinhua
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
9 months ago

0 comments:
Post a Comment