Monday 21 January 2013

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ တလအတွင်း နာမည်ပေးသွင်းပြီး ၃လအတွင်း နိုင်ငံသား စိစစ်နိုင်ပြီ

အရင်က ရွှေ့ပြောင်းမြန်မာတွေ အတွက် နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ် ရှုပ်ထွေးမှုတွေ ရှိခဲ့ပေမယ့် အခုတော့ သတ်မှတ်ထားတဲ့ ရုံးတွေမှာ နေ့ချင်းပြီး တနေရာတည်းမှာ အပြီးအစီး လုပ်ပေးမှာ ဖြစ် လို့ အခွင့်အရေးကို လက်လွတ် မခံဖို့ကိုလဲ အလုပ်သမားရေး ရာ သံမှူး ဦးကျော်ကျော်လွင်၊ စစ်သံမှူးကြီးနဲ့ သံမှူးကြီး၊ ကောင်စစ်ဝန် ဦးမျိုးတင့်တို့က အသီးသီး ပြောပါတယ်။ နိုင်ငံသားစိစစ်မှုအတွက် ကုန်ကျငွေမရှိဘဲ နိုင်ငံကူးလက်မှတ်အတွက် ဘတ် ၅၅၀၊ ထိုင်းပြည် ၀င်ခွင့် ဘတ်၅၀၀၊ ၂နှစ် အလုပ်လုပ် ကိုင်ခွင့် အတွက် တနှစ်ကို ဘတ် ၁၉ ၀၀ နဲ့၂နှစ်စာ ဘတ် ၃၈၀၀၊ ဆေးစစ်ခဘတ်၆၀၀ နဲ့ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရယူခွင့် ကျန်းမာရေး အာမခံ အတွက် ဘတ် ၁၉ ၀၀ စတာတွေ အတွက် ကုန်ကျငွေ စုစုပေါင်း ဘတ်ငွေ ၆ထောင်ကျော်သာ ကျသင့်မယ်လို့လဲ တွက်ပြပါတယ်။ အလုပ်ရှင်တွေရဲ့ မသမာမှုတွေကြောင့် အလုပ်သမားတွေ နိုင်ငံ သားစိစစ်မှု မလုပ်နိုင်တာ ရှိရင် အလုပ်ရုံနာမည် အသေးစိတ်နဲ့တကွ သံရုံးကို တိုင်ကြားဖို့တိုက်တွန်း ပြောဆိုပါတယ်။ လိုအပ်ချက်တွေ အကြံပေးစရာ ရှိတာတွေ ကိုလဲ တင်ပြဖို့နဲ့ မြန်မာနိုင်ငံသားတွေရဲ့ အရေးကို မြန်မာသံရုံးက အစွမ်းကုန် စောင့်ရှောက် ကူညီသွားမယ်လို့ သံအမတ်ကြီး ဦးတင်ဝင်း က ပြောပါတယ်။ ဒီနေ့သတင်းစာ ရှင်းလင်းပွဲကို ထိုင်းနိုင်ငံရှိ မြန်မာနဲ့ နိုင်ငံတကာ မီဒီယာတွေ၊ မြန်မာနိုင်ငံသား နဲ့ကလေးတွေ ရဲ့ အခွင့်အရေး အတွက် လှုပ်ရှားနေကြသူတွေ အဖွဲ့အစည်းတွေနဲ့ အလုပ်သ မားရေး ရုံးတွေ နိုင်ငံသား စိစစ်ရေး အေဂျင်စီတွေက တာဝန်ရှိ သူတွေ တက်ရောက် ပါတယ်။ လက်ရှိ အခြေအနေတွေနဲ့ အခက်အခဲတွေကို တင်ပြ ဆွေးနွေးကြ ပါတယ်။ ဆွေးနွေးချက်တွေ ကို သံရုံး အရာရှိတွေက မှတ်သားထားပြီး ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ ညှိုနှိုင်းဆောင်ရွက်သွားမယ်၊ တိုးတက်မှုနဲ့ နောက်ဆုံးရ အခြေအနေတွေကိုတော့ ဇန်န၀ါရီ ၂၃ ရက်နေ့မှာ မြန်မာသံရုံးမှာပဲ သတင်းစာ ရှင်းလင်းပွဲအတွင်း ထပ်မံ ရှင်းပြ ကြေညာ သွားမယ်လို့ မြန်မာသံရုံး အရာရှိတွေ က ပြောပါတယ် ထိုင်းနိုင်ငံတွင်းမှာ တရားဝင် မှတ်ပုံတင်ထားပြီးသား ရွှေ့ပြောင်းမြန်မာလုပ်သား တသန်းကျော် ရှိတယ်လို့ စာရင်းအင်းတွေအရ သိရပါတယ်။ မှတ်ပုံမတင်ရသေးတဲ့ တရားမ၀င် ရွှေ့ပြောင်းမြန်မာ လုပ်သား တသန်းခွဲ ၀န်းကျင်နဲ့ သူတို့ရဲ့ သားသမီး မိသားစုတွေ ဟာ ထိုင်းနိုင်ငံရဲ့နေရာအနှံ့မှာ ရှိနေကြတယ်လို့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ အရေးကို ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေနဲ့ ပညာရှင်တွေက ပြောကြပါတယ် ရှင်။ ကျွန်မ သီ၇ိထက်စံပါ။ By DVB

0 comments: