Tuesday 15 January 2013

မသန်စွမ်းသူ လူငယ်တစ်ဦးအတွက် ဂမ်းနမ်စတိုင် ကပြ၍ ရန်ပုံငွေ ရှာခဲ့သည့် ရဲတပ်ဖွဲ့ဝင် သုံးဦး

မသန်စွမ်းသူ လူငယ်လေး တစ်ဦးအတွက် ရန်ပုံငွေ ရှာဖွေရန် ရဲတပ်ဖွဲ့ဝင် သုံးဦးသည် ဂမ်းနမ် စတိုင်အက ကပြ၍ ဗီဒီယို ရိုက်ကူးခဲ့ပြီး အဆိုပါ ဗီဒီယိုအား အင်တာနက် ဝက်ဘ်ဆိုက် များတွင် တင်ခဲ့ရာ ၂၄ နာရီ အတွင်း အလှူငွေ စတာလင်ပေါင် ၃ဝဝဝ ရရှိခဲ့ကြောင်း သိရသည်။ ဒက်ဗွန်နှင့် ကွန်ဝေါခရိုင် အတွင်းရှိ ရဲဌာန များမှ ရဲတပ်ဖွဲ့ဝင် သုံးဦးသည် ၂ဝဝ၄ ခုနှစ်မှ စတင်၍ ဦးနှောက် ရောင်ရမ်းမှု ရောဂါ ခံစားနေရသော အသက် ၁၂ နှစ်အရွယ်ရှိ ဂျော့ဝီလ်ဆင် ဆိုသူ လူငယ်လေးအတွက် ရန်ပုံငွေ (ဆေးကုသ စရိတ်) ရရှိရန် ကြိုးပမ်း ခဲ့ကြခြင်း ဖြစ်သည်။ ဂျော့အတွက် လိုအပ်သော ဆေးကုသ စရိတ်မှာ စတာလင်ပေါင် ၂၅ဝဝဝ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် များ၏ ဗီဒီယိုဖိုင်ကို ကြည့်ရှုသူ စုစုပေါင်း ၅ဝဝဝဝ ဦးထံမှ အလှူငွေ စတာလင်ပေါင် ၃ဝဝဝ ရရှိခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး ဂါရီဝက်ထ်သည် ၎င်း၏ လုပ်ဖော်ကိုင်ဖက် များကို ယခုကဲ့သို့ ဂမ်းနမ်စတိုင် က၍ ဂျော့အတွက် ဆေးကုသ စရိတ် ရှာဖွေရန် စတင် ကမ်းလှမ်း ခဲ့ပြီးနောက် ဂမ်းနမ်စတိုင် ကထားသော ဗီဒီယိုအား You Tube ဝက်ဘ်ဆိုက်နှင့် အခြား ဝက်ဘ်ဆိုက်များတွင် ၂ဝ၁၂ ခုနှစ် နှစ်ကုန်ပိုင်းက ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ By Myawady

0 comments: