Monday 8 October 2012

သားသမီးတွေ တရားဝင်ဖြစ်ဖို့ သေပြီးသူနဲ့ လက်ထပ်သည့် အမျိုးသမီး

အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ Bihar ပြည်နယ်တွင် အမျိုးသမီးတစ်ဦးသည် သူမနှင့် (၁၀)နှစ်ခန့် လက်မထပ်ဘဲ အတူနေလာခဲ့သော သေဆုံးသွားပြီးသည့် အမျိုးသားနှင့် လက်ထပ်လိုက်ကြောင်း သိရသည်။ ထိုအမျိုးသားက လွန်ခဲ့သည့် ရက်သတ္တပတ် တစ်ပတ်က ဆုံးပါးသွားခဲ့ကာ ထိုအမျိုးသားနှင့် သူမမှ ထွန်းကားသော သားနှစ်ယောက်နှင့် သမီးနှစ်ယောက်ရှိကြောင်း သိရသည်။ လက်ထပ်မင်္ဂလာအခမ်းအနားလုပ်ဖို့ ငွေကြေးမပြည့်စုံသောကြောင့် တရားဝင် လက်ထပ်ထိမ်းမြား၍ ပေါင်းသင်းမှုမရှိဘဲ တရားမဝင် အတူတကွ ပေါင်းသင်းနေထိုင်ရာမှ ယင်းကဲ့သို့ ထိုအမျိုးသား သေဆုံးသွားခဲ့သည့်အတွက် သားသမီးများ တရားဝင်ဖြစ်စေရန်အလို့ငှါ ယင်းကဲ့သို့ သေဆုံးသွားသူနှင့် လက်ထပ်မင်္ဂလာပွဲပြုခြင်း ဖြစ်ကြောင်းလည်း သိရသည်။ Rest of your post

0 comments: