Monday 8 October 2012

အမျိုးသမီးအိမ်သာကို လက်ကိုင်ဖုန်းဖြင့် ခိုးရိုက်ခဲ့သူအား ထောင်သုံးနှစ်ချ

ယူအေအီးနိုင်ငံ ဒူဘိုင်းတွင် လုပ်ဖော်ကိုင်ဖက်များ ရေအိမ်တက်ချိန်တွင် အမျိုးသမီးအိမ်သာအား လျှို့ဝှက်စွာ ဗွီဒီယို ရိုက်ကူးခဲ့သော အသက်(၂၇)နှစ်အရွယ် အိန္ဒိယနိုင်ငံသား စာရေးအမျိုးသားအား ထောင်သုံးနှစ်ချလိုက်ကြောင်း သိရသည်။ ၎င်းက အသက်(၂၆)နှစ်အရွယ် အီဂျစ်နိုင်ငံသူ ၎င်း၏ လုပ်ဖော်ကိုင်ဖက် ရေအိမ်တက်ချိန်ဝယ် လျှို့ဝှက်စွာ ဗွီဒီယို ရိုက်ကူးခဲ့ကြောင်း သူမက ကမ္ပဏီအုပ်ချုပ်သူနှင့် ရဲတိုင်ခဲ့တာပါ။ ထိုသူက လက်ဆေးကန်အောက်တွင် ကင်မရာမှန်ဘီလူးကို ထားပြီး အိမ်သာထိုင်ခုံနေရာကို ချိန်ထားခဲ့တာဖြစ်ကြောင်း သိရသည်။ ထိုအိမ်သာဟာ ရုံးရှိဝန်ထမ်းများ အတူတကွ သုံးသော အိမ်သာဖြစ်ကြောင်းလည်း သိရသည်။ By burmesehearts.com Rest of your post

0 comments: