Monday 8 October 2012

မဟာချိုင်လေးထပ်ပုလိပ် ပတ်စပို့ကိုင်ဆောင်ထားထားသည့်အလုပ်သမား ၂ဦးအားဖမ်းဆီးငွေတောင်း”


ဘန်ကောက်မြို့အနီး မဟာချိုင်မြို့နယ် အုန်းနွဲ့တွင် အလုပ် လုပ်ကိုင်နေကြ သည့် မြန်မာအလုပ်သမား၂ဦးအား မဟာချိုင်၎ထပ် ပုလိပ်ရုံးမှ ဖမ်းဆီး ...ခေါ်ဆောင်သွားပြီး ဘတ်ငွေ တစ်သောင်းပေးခဲ့ရကြောင်း အလုပ်သမား များကပြောသည်။ ယမန်နေ့ညနေ၈နာရီခန့်က ညီမဖြစ်သူအခန်းသို့ အလည် သွားခဲ့ကြသည့် ကိုမောင်မြင့်နှင့် ကိုဇေါ်လင်းတို့ အား မဟာချိုင် လေးထပ် ပုလိပ်ရုံးသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးဘတ်ငွေ လေးသောင်း ပေးရမည်ဖြစ်ကြောင်း တောင်းခံခဲ့သည်။ ကိုဇေါ်လင်း၏ လုပ်ငန်းရှင်က လာရောက်ညှနှိုင်းသဖြင့် ဘတ်ငွေ တစ်သောင်းဖြင့် လွတ်လာခြင်းဖြစ်ကြောင်း ကိုမောင်မြင့် ကပြော သည်။ “ ကျနော်တို့မှာ work permit ရော ပါစပို့ပါ အကုန်ပါပါတယ်။ ကိုဇေါ်လင်း ဘဏ်ကဒ်ကိုတွေ့တော့ ဘဏ်နံပါတ်ကိုပေးရင် လွှတ်ပေးမယ်လို့ ပြောတယ်။ ကျနော်တို့ ငွေတွေအများကြီးအကုန်ခံပြီးလုပ်ထားတဲ့ပတ်စပို့ပုလိပ်ဖမ်းစားတာကိုလည်းခံနေရတယ်။ ဒီ့အတွက် ကျနော်လုံးဝမကျေနပ်ဘူး” ဟု ပြောသည်။ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၅၀ ကျော် ခန့် အကွာတွင် ရှိသော ပင်လယ်အစားအစာ အဓိကထုတ်လုပ်သည့် မဟာချိုင်မြို့မှ ပုလိပ်များသည် ကွန်ပျူ တာ ကိုင်သည့်မြန်မာများအား ဖမ်းဆီးငွေညှစ်ခြင်း။ရှဲစာရွက်အဖြစ် ဖန်တီးငွေတောင်းခြင်း၊ ပတ်စပို့ပါရှိက workpermitမပါဟုဆိုကာ ငွေ တောင်းခံခြင်း၊ ထောရောမပါဟုအကြောင်းပြ၍ ငွေတောင်းခြင်းများအပြင် နည်း လမ်းပေါင်းစုံဖြင့် အဓမ္မငွေတောင်းခံလေ့ရှိကြောင်း ကိုယ်တွေ့ကြုံရ သည့်အလုပ်သမားများပြောပြချက်အရ သိရသည်။ မဟာချိုင်အခြေစိုက် အင်ဂျီအိုအဖွဲ့အစည်း အချို့တို့မှာလည်း အလုပ်သမား အရေးကိစ္စများကို ထိထိရောက်ရောက် လုပ်ကိုင်သည့်အဖွဲ့အစည်းဟူ၍မရှိပဲ တရားပွဲများကျင်းပခြင်း၊ အလှူအတန်းများပြု လုပ်ခြင်း၊ ခေါင်းစဉ်အမျိုး မျိုးဖြင့် အဖွဲ့အစည်းငယ်များဖွဲ့ကြခြင်း များသာရှိကြောင်း မဟာချိုင်မှ လူကုန် ကူးမှုတိုက်ဖျက်ရေးလုပ်သည့် ကိုလှနိုင် ကပြောသည်။ Golden Worker

0 comments: