Monday 8 October 2012

ကြေးမုံသတင်းစာနှင့် ဗေဒင်ဆရာပေါင်းပြီးလိမ်နေကြသလား

ကြေးမုံသတင်းစာကကြာ်ငြာတစ်ခုကို တွေလို့ တော်တော်လေးစိတ်ဝင်စားသွားတယ် ဗျာ။ကြာ်ငြာက အောင်ထူးဆန်းပောာစခန်းဌာန၊ ဆရာအောင်စည်ပိာဏ်း (မနောအာရုံပညာရှင်)၊ သာသနာပြုရေး၊ကျန်းမာရေး၊ပညာရေးနှင့်စာမေးပွဲ၊စီးပွားရေး စသည်တို့ကို အစစ အရာရာ ကျွန်ပ်၏အစွမ်းထက်သော နည်းပညာအစီအမံ ဖြင့်မှန်ကန်ထိရောက်စွာ တာဝန်ယူပြီး အထူးကူညီပေးသည် ။ မည်သူမဆိုကံကြမာပောာပြောခ=မေတ္တာကြေး ၊ လိပ်စာ= အမှတ်(၃၈) (၆)လွှာ (ယာ)၊၅၂ လမ်း(အောက်) ဗိုလ်တထောင်မြို့ နယ်၊ရန်ကုန်။ ဖုန်း =၀၉-၅၀၃၁၂၂၆ အဲဒီကြော်ငြာကိုတွေ့ လို့ ကျွန်တော် လည်းဗေဒင်မေးတာဝါသနာပါလို့  ဖုန်းဆက်ပြီး ဘယ်အချိန်လာမေးလို့ ရမလဲလို့  မေးလိုက်တယ်။ ဒီနေ့ ၃နာရီလောက်လာတဲ့ ။ကျွန်တော်လည်း ၃နာရီလောက်ရောက်သွားတော့  ဘဲလ်တီးလိုက်တော့  လူတစ်ယောက်ထွက်လာပြီး အထဲမှာခဏလာစောင့် ပါတဲ့ ။ဝင်သွားတော့ ဘိုးမင်းခေါင်သီးချင်းကိုအကျယ်ကြီးဖွင့်ထားတယ်။ အရှေ့မှာကတစ်ယောက်ပောာနေလို့ ခဏစောင့် နေရတယ်။ ၅မိနစ်လောက်ကြာတော့ကျွန်တော်အလှည့် ရောက်တယ်။ ဆရာကအသက်သိပ်မကြီးသေးဘူး။ အသက်(၃၀)၀န်း ကျင်လောက် ဘဲရှိမယ်ထင်တယ်။အရင်ဆုံး မွေးသကရာဇ်မေး ပြီး ဘာမေးချင်တယ် ပေါ့။အဲဒါနဲ့ ကျွန်တော်က စားသောက်ဆိုင်ဖွင့် ချင်လို့ ၊ ကောင်းလား၊မကောင်း ဘူးလားကြည့်ပေး ပါလို့ ၊ အဲဒီမှာ ဆရာက ၂ချက်ဘဲပြောမယ်တဲ့ ၊အဲဒါလုပ်ရင်အောင်မြင်တဲ့ ။ (၁) နာမည်၊မွေးသကရာဇ်ရယ်ပေးခဲ့၊ (၂) အုန်းပဲ၊ဌက်ပျောပွဲရှယ်ပေးရမယ်တဲ့ ကုန်ကျစရိတ်က ၅၀၀၀၀တဲ့ ။ ဆရာကလုပ်မလားမလုပ်ဘူးလားထပ်မေးတယ်။ အခုလုပ်ရင်ချက်ချင်းကောင်း ၊မကောင်းအဖြေသိရမယ်တဲ့။ ကျွန်တော်မှာလည်းပိုက်ဆံက အဲဒီလောက်မပါ သွားတော့ နောက်မှပေး မယ်လို့ ပြောလိုက်တယ်။ အဲဒါနဲ့ ဆရာကဘာမှထပ်မမေးဘဲ ဘာမေးချင်သေးလဲတဲ့ ။ ကျွန်တော်က နိုင်ငံခြားမှာသွားအလုပ်လုပ်မယ်ပေါ့။ အဲဒါလည်းကောင်း၊မကောင်းကြည့်ပေး ပါလို့ ပြောလိုက်တော့  ဆရာကအရှေ့ ကပြောခဲ့ တဲ့ အချက်(၂) ချက်ကိုလုပ်မှ အဖြေကိုချက်ချင်းသိရမယ်တဲ့ ။ကျွန်တော်လည်းဆက်မေးမနေတော့ဘဲ ဥာဏ်ပူဇော်ခ ထည့်ရန် အိတ်ထဲမှ၃၀၀၀ထုတ်လိုက်တယ်။ အဲဒီမှာဆရာကပိုက်ဆံထုတ်တာကြည့်နေပြီး ၃၀၀၀လည်းမြင်ရော ဥာဏ်ပူဇော်ခက ၅၀၀၀ တဲ့ ။ကြော်ငြာထားတာတော့ ဥာဏ်ပူဇော်ခက မေတ္တာကြေး တဲ့ ။ဆရာဆီလာလို့ လှေကားတွေမှာလည်းရေးထားတာ မေတ္တာကြေးတဲ့ ။ကျွန်တော်လည်း ပြောမနေတော့ ဘဲ၅၀၀၀ပေးခဲ့လိုက်တယ်။ သူကပွဲဘိုး နဲ့လုပ်စားနေတာပါ။ ပညာရှိနည်း နဲ့ပြောင်လိမ်နေတာပါ။ ကျွန်တော်ပြောချင်တာက ကျွန်တော်လို အလိမ်မထိအောင် သတိပေးချင်တာပါ။ By Eainmatnanntaw

0 comments: