Monday 8 October 2012

စားဝတ်နေရေးအဆင်မပြေသဖြင့် လင်မယားချင်းစကားများရာမှ ယောက်ျားဖြစ်သူမှာ မိမိကိုယ်ကိုအဆုံးစီရင်

စားဝတ်နေရေးအဆင်မပြေသဖြင့်လင်မယားခြင်းစကာများရာမှ ယောက်ျား ဖြစ်သူမှာ မိမိကိုယ်ကိုအဆုံးစီရင်ခဲ့မှု လှည်ကူးမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ အောက်တိုဘာလ ၆ ရက်နေ့တွင် မိမိကိုယ်ကိုမိမိအဆုံးစီရင်ခဲ့သူမှာ လှည်းကူးမြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ကြာအင်းအနောက်ကျေးရွာ တွင်နေထိုင်သူတစ်ဦးဖြစ်ပြီး အသက် ၃၁ နှစ်အရွယ်ရှိသူ အမျိုးသားတစ်ဦး ဖြစ်ကြောင်း သိရသည်။ သေဆုံးသွားသူမှာ ကျဘမ်းလုပ်နေသူတစ်ဦးဖြစ်ပြီး စားဝတ်နေရေးကိစ္စ အဆင်မပြေသဖြင့် လင်မယားချင်းစကားများခဲ့ကာ အိမ်ရှေ့ဧည့်ခန်း ထုတ်တန်းတွင် ပလပ်စတစ်ကြိုးဖြင့် ကြိုးကွင်းပြုလုပ်၍ ကြိုးဆွဲချသေဆုံး ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ကို ငါးဆူတောင်ရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၂/၂၀၁၂ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။ By Eleven Media Group

0 comments: