Tuesday 4 September 2012

ဥပဒေဘောင် အတွင်းမှ လူကုန်ကူး မှုများ ရန်ကုန် မြို့လယ်၌ပင် တွေ့နေရ


sex_worker အရွယ်ကောင်း၊ ရုပ်ချော မိန်း ကလေး ငယ်များကို သွေးဆောင် ဖြား ယောင်းပြီး လိင်မှုကိစ္စ အလို့ငှာ မြှူ ဆွယ်နေသော လူပွဲစား များသည် ရန်ကုန် ကဲ့သို့သော မြို့ကြီးများ တွင် ပင် ပြောင်ပြောင် တင်းတင်း လှုပ်ရှား သွားလာ လျက် အသိတရား ကိုယ်ခံ အား နည်းပါး သော မိန်းကလေးငယ် များကို မက်လုံးပေး ဆွဲဆောင် နေ ကြောင်း သိရသည်။
 
မကြာသေးမီက ကျင်းပပြီးစီး သွားခဲ့သော သင်္ကြန် ပွဲတော်အတွက် တစ်ခုသော သင်္ကြန်မဏ္ဍပ် ၌ ဖျော်ဖြေ ရန် မိန်းကလေး အဆိုရှင်များကို ယှဉ်ပြိုင် စေပြီး လူရွေးပွဲ ပြုလုပ်ခဲ့ သည်။ အရွေးချယ် ခံရသူ မိန်းက လေး အဆိုရှင် များသည် တစ်ဦးလျှင် အနုပညာ ကြေး ကျပ် ၂,၅၀,၀၀၀ ရရှိ မည် ဖြစ်ပြီး သင်္ကြန်တွင်း လေးရက်စာ အတွင်း အစားအသောက်ပါ အခမဲ့ စီစဉ် ပေးသွားမည် ဖြစ်ကြောင်း သိရ သည်။ ထိုသို့ အဆိုရှင် ရွေးပွဲ ကျင်းပ ပြီးနောက် အရွေးချယ် ခံရသော မိန်း ကလေး တစ်ယောက်ကို ထိုပွဲအတွက် ကန်ထရိုက် ယူကာ တာဝန်ခံစီစဉ် ပေးသော အမျိုးသမီးကြီး တစ်ဦးက ချဉ်းကပ်ကာ မိန်းကလေး ကသာ ဆန္ဒ ရှိလျှင် သက်ကြီးပိုင်း အမျိုးသားကြီး တစ်ဦးက လိုအပ်သော အထောက် အပံ့ပေးလျက် တရားမ၀င် ပေါင်း သင်းရန် အစီအစဉ် ရှိကြောင်း ပြော ကြား ခဲ့သည် ဟုသိရသည်။
ထိုမိန်းကလေးက ခါးခါးသီးသီး ငြင်းဆန်သော အခါ အမျိုးသမီးကြီး က လေသံ ပြောင်းကာ နောက်ဆုတ် သွားပြီး နောက်သုံးရက် နေသော နေ့ တွင် ဖုန်းဖြင့် ဆက်သွယ်ကာ ထိုရေ ကစား မဏ္ဍပ်၌ ဖျော်ဖြေမည့် အစီအစဉ် တွင် နာမည်ကြီး မင်းသားမင်းသမီး အဆိုတော်များကို ဖိတ်ကြား မည်ဖြစ် သဖြင့် နာမည် မရသေး သူများကို သုံး မည် မဟုတ်ကြောင်း အကြောင်းပြန် ကြား ခဲ့သည်ဆို၏။
သမီးက သူပြောတဲ့ အစီအစဉ် ကို မလိုက်နာ နိုင်ကြောင်း ပြတ်ပြတ် သားသား ပြောခဲ့ တာပဲရှိတယ်။ ဘာ မှ မိုက်မိုက်ရိုင်းရိုင်း နစ်နစ်နာနာ ပြော ခဲ့တာ မရှိ ပါဘူး။ အဲဒါ ဖုန်းလာလို့ ကိုယ်မပါဘူး ဆိုတာသိရတော့ စိတ် ထဲမှာ တော်တော် ခံပြင်း မိတယ်။ သူ တို့က သမီးကို လူရွေးပွဲမှာ အောင် တော့ စရန် ငါးသောင်း ပေးပြီး သား။ အဲဒါကို ပြန်ပေးမယ်ဆို တော့ နေပါစေတဲ့။ အဆုံးထား လိုက် ပါတယ်တဲ့။ သမီးက သူတို့ဆီ သွားပြီး စရန်ကိုတောင် ပြန်ပေးပစ် ချင်တာ။ လုံးဝ ယူမထားချင်ဘူး။ ဒါပေမဲ့ သူတို့နဲ့ ထပ်မတွေ့ ချင်လို့၊ သူ တို့နဲ့ မျက်နှာချင်း ထပ်မဆိုင် ချင်လို့ မသွားဘဲ နေလိုက်တာ။ ရှက်လည်း ရှက်တယ်၊ ဒေါသလည်း ထွက်တယ်၊ ၀မ်းလည်း နည်းတယ်ဟု အမည် မဖော်လို သော ဖြားယောင်းခံ မိန်း ကလေး ငယ်က မြန်မာပို့စ်သို့ ပြော သည်။
ထိုသို့ ငွေကြေး ဓန အင်အား ဖြင့် မြှူဆွယ် ဖြားယောင်း ကာ အရွယ် ကောင်းသော မိန်းကလေး ငယ်များ၏ ဘ၀ကို နွံအိုင် အတွင်း တွန်း ပို့ရန်ကြိုး ပမ်း နေသော ဖြစ်ရပ် များမှာ မြို့ကြီး များတွင် ကျယ်ပြန့် လာနေပြီ ဖြစ် ကြောင်း သိရသည်။ အထူးသဖြင့် ရုပ်ရည် ချောမော လှပသောမိန်းက လေးငယ် များသည် လှချင်ပချင် ၀င့် ကြွားချင် စိတ်တို့ကိုရှေ့တန်းတင် လျက် အသွေးအသား ကို ဈေးကစား မိကြ သလို ရေလိုက် လွဲမှား မှုများ ရှိနေ ကြောင်းလည်း သတိပြု မိသူတို့က ဆိုသည်။
 
အထက် ဖော်ပြပါ သင်္ကြန် မဏ္ဍပ် ဖြစ်ရပ်တွင် ဖြားယောင်း ခံရ သော မိန်းကလေးမှာ မိဘ များက ငွေကြေး ဓန တောင့်တင်း သူများဖြစ် ခြင်း၊ သူမသည် အနုပညာ သက် သက်ကိုသာ ရူးသွပ်ကာ အခြား ပလွှား မှုများ ကို အာရုံ မရောက်ခြင်း စသည် တို့ကြောင့် ဖြားယောင်း မှုကိုတွန်း လှန်နိုင် ခဲ့ခြင်းဖြစ်သည်။ အကယ်၍ လူပွဲစားများ ဖြားယောင်းသည့် အတိုင်း စပွန်ဆာ(ထောက်ပံ့မှု) ပေးမည့်သူထံ မှ တိုက်ခန်း၊ ကား၊ ဖုန်း၊ အသုံးအ ဆောင်၊ ငွေကြေး စသည် တို့ကို မက် မောကာ ခေါင်းညိတ် လိုက်ပါက ထို မိန်းကလေး ၏ဘ၀သည် လူမ သိသူ မသိနွမ်းရိ သွားမည့် အကြွေပန်းဘ၀ ရောက်သွား နိုင်မည်ဖြစ်ကြောင်း ခန့် မှန်း သိရှိနိုင်သည်။
ထို့ကြောင့် တော်ရုံ တန်ရုံအသိ ဖြင့် မရှောင်လွှဲနိုင်သာ သော မက်လုံး အမျိုးမျိုး ပြကာ မြှူဆွယ် ဖြားယောင်း ပြီး အရွယ်ကောင်း မိန်းကလေးချော ချောများ ၏ဘ၀ကို နင်းခြေ ဖျက်ဆီး လိုသည့် လူပွဲစား များကို အမျိုးသား ရေး တာဝန် တစ်ရပ်အဖြစ် ဖော်ထုတ် တားဆီး သင့်ကြောင်း အသိပေးတင် ပြ လိုက်ရပေသည်။

 ကျော်ဇောလေး
BY ရဲရင့်(ကနေဒါ) ..

0 comments: