Tuesday 4 September 2012

" ကလေးတွေအသက်လိမ်ပြီး စစ်ထဲဝင်လို့ ဗိုလ်ချုပ်ပြော "


အရွယ်မရောက်သေးတဲ့ ကလေး စစ်သား ၄၂ ယောက်ကို ကာကွယ်ရေး ဦးစီးချုပ်ရုံး
(ကြည်းတပ်) ကနေပြီး မနေ့တုန်းက
ရန်ကုန်မြို့ ဘုရင့်နောင် စစ်ကြောရေးစခန်းမှာ မိဘနဲ့ အုပ်ထိန်းသူတွေထံ ပြန်လည် အပ်နှံခဲ့ပြီး ကလေးတွေက အသက်လိမ်ပြီး စစ်ထဲဝင်ခဲ့တာလို့လဲ ပြောလိုက်ပါတယ်။

အဆိုပါကလေးစစ်သားတွေကို တပ်ထွက်လက်မှတ်နဲ့ နိုင်ငံသားစိစစ်ရေး လက်မှတ်တွေပေးအပ်ခဲ့ပါတယ်။

နောက်ပြီး ကျောင်းဆက်နေလိုတဲ့ကလေးတွေ ကျောင်းနေနိုင်ရေးနဲ့အသက်မွေးဝမ်းကျောင်း
ပညာသင်လိုတဲ့ ကလေးတွေကို
အသက်မွေုးဝမ်းကျောင်းပညာသင်ပေးရေးအတွက်
 
လူမှုဝန်ထမ်း ဦးစီးဌာနကိုလွှဲပြောင်း ပေးအပ် သွားမယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)က
တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် တင်မောင်ဝင်းက ပြောပါတယ်။

တပ်မတော်အနေနဲ့
အသက် ၁၈ နှစ်နဲ့ အသက် ၂၅ နှစ်ကြား လူငယ်တွေကိုသာစစ်သားသစ်အဖြစ် စုဆောင်းခွင့်ပေးထားပေမယ့် အသက် ၁၈ နှစ်အောက်ကလေးလူငယ်များက တပ်ထဲ ၀င်လိုတဲ့အတွက် အသက်လိမ်ပြီး ၀င်နေကြတယ်လို့ ပြောပါတယ်။

ဒါပေမယ့်
လွန်ခဲ့တဲ့ ၉ လကျော်က ပဲခူးတိုင်းမှာစစ်သားစုဆောင်းရေးအဖွဲ့ကနေပြီး ခေါ်ဆောင်
သွားခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် ကလေးစစ်သားရဲ့
မိခင်ဖြစ်သူကတော့ သူ့ရဲ့ သားငယ်ကို
စစ်တပ်က ဆန်တစ်အိတ်နဲ့ငွေငါးသောင်း
ပေးမယ်ဆိုပြီး မက်လုံးပေးခေါ်ဆောင်သွားခဲ့တယ်
လို့ အခုလိုပြောပါတယ်။

အရက်တွေတိုက်တယ်
ပြီးတော့ ကလေးကို စစ်တပ်ထဲလိုက်မလား။ မင်းအမေကို
ငွေငါးသောင်းနဲ့ ဆန်တအိတ်ပေးမယ်ဆိုပြီးတော့ ခေါ်သွားတာပေါ့။
 
အမေ့ဆီကိုလည်း တပြားမှ ခုချိန်ထိ မရောက်ပါဘူး။

အဆိုပါမိခင်က ဒီကိစ္စနဲ့
ပတ်သက်ပြီး အိုင်အယ်အိုကို တိုင်းကြားခဲ့ပြီးနောက်
 
အခုလို သားက ပြန်လွှတ်တဲ့အထဲမှာ ပါလာတာ ဖြစ်တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့
၂၀၀၅ ခုနှစ်ကစပြီး မြန်မာနိုင်ငံကို အရွယ်မရောက်သေးတဲ့ကလေးသူငယ်တွေကို
စစ်သားအဖြစ် စုဆောင်း အသုံးပြုတဲ့ နိုင်ငံအဖြစ် ကုလသမဂ္ဂကနေပြီး
 
စာရင်းသွင်းခဲ့ပါတယ်။

အဲဒီစာရင်းထဲက ပယ်ဖျက်နိုင်ဖို့
ကြိုးပမ်းချက် တစ်ရပ်အနေနဲ့ကာကွယ်ရေးဝန်ကြီးဌာန
ကနေပြီး ရန်ကုန်မြို့
အခြေစိုက် ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့
 
ဇွန်လ ၂၇ ရက်နေ့က နေပြည်တော်မှာအရွယ်မရောက်သေးတဲ့ ကလေးငယ်များ
 
စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းအစီအစဉ်ကို လက်
မှတ်ရေးထိုးခဲ့ပါတယ်။

အဲဒီလုပ်ငန်းအစီအစဉ်အရ
တပ်မတော်ထဲက ကလေးစစ်သားတွေကို ၁၈ လအတွင်း မိဘရပ်ထံပန်ပို့ ပေးသွားရမှာ ဖြစ်ကြောင်း ရေဒီယိုသြစတြေးလျသတင်းထောက်
ကိုမောင်သန်းက
သတင်းပေးပို့ခဲ့ပါတယ်။

ABC (မြန်မာပိုင်း)

0 comments: