Tuesday 4 September 2012

မြန်မာနိုင်ငံကနေ လူကုန်ကူး ခံရသူ



မြန်မာနိုင်ငံကနေ လူကုန်ကူး ခံရသူ အများစုဟာ အမျိုးသမီးငယ်တွေ ဖြစ်ပြီး တရုတ်နိုင်ငံကို ဇနီးမယား အဖြစ် ရောင်းစားခံရသူက အများဆုံး
ဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ရန်ကုန် အခြေစိုက် World Vision အဖွဲ့က ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်မှာ မနေ့က ကျင်းပတဲ့ လူကုန်ကူးမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှာ World Vision အဖွဲ့ လုပ်ငန်းဆိုင်ရာ ညွှန်ကြားရေးမှူး Christopher Herink က ပြောလိုက်တာပါ။

မဲခေါင် ၆ နိုင်ငံ လူကုန်ကူးမှု ကာကွယ် တားဆီးရေး စီမံချက်အရ World Vision အဖွဲ့၊ UNIAP ခေါ် ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့
နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှု ကာကွယ်တားဆီးရေး
(ဗဟိုအဖွဲ့) တို့ ပူးတွဲပြီး ဒီဆွေးနွေးပွဲကို ကျင်းပခဲ့တာပါ။

ဆွေးနွေးပွဲမှာ Mr. Herink, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲဦးစီးချုပ် ဦးခင်မောင်စီ နဲ့ UNIAP တာဝန်ရှိသူတွေက လူကုန်ကူးမှု တာဆီးရေး ဆိုင်ရာ အချက်အလက်တွေကို ဆွေးနွေး ခဲ့ကြပါတယ်။ ဒါ့ပြင် လူကုန်ကူးခံရသူ ၃ ဦးက သူတို့ရဲ့ ကိုယ်တွေ့ အဖြစ်အပျက်တွေကို ရင်ဖွင့် ပြောဆို ခဲ့ကြပါတယ်။

UNIAP အဖွဲ့ရဲ့ စစ်တမ်းတွေအရ ထိုင်းနိုင်ငံဘက်ကို လူကုန်ကူးမှု တွေထက် တရုတ်နိုင်ငံ ဘက်ကို လူကုန်ကူးမှုတွေက ပိုပြီး များတယ်လို့ သိရပါတယ်။
ပို့တင်သူကတော့ သူ လေး သည်အချိန်တွင် 12:23 AM

0 comments: