Sunday 21 November 2010

ဘုန်ကြီးကျောင်းက လူသေထားတဲ့နေရာကို ဖျက်ဆီးပစ်

ဘုန်းကြီးကျောင်းအတွင်း လူ့သန္ဓေသားလောင်း ၂၀၀၀ ကျော် တွေ့ပြီးနောက်ပိုင်း၊ ဘန် ကောက် ဖိုင်ငမ်း (Wat Phai Ngern) ဘုန်းကြီးကျောင်းထဲမှာ ကုသိုလ်ကောင်းမှုနဲ့ ဘာ သာရေး ထုံးတမ်းစဉ်လာ ပရိတ်ရွတ်ပွဲတခု ကို နောက်စနေနဲ့ ကျင်းပမှာဖြစ်ပြီး အ လောင်းတွေသိမ်းထားတဲ့နေရာကို ဖျက်သိမ်းပစ်မှာ ဖြစ်ပါတယ်။

တခြားရာဇ၀တ်မှုတွေ ဖုံးကွယ်ဖို့ သန္ဓေသားလောင်းတွေဖုံးကွယ်ထားမှုနဲ့ တရားစွဲခံနေရ တဲ့ ဆူချာ့တ်ဖူးမ်နဲ့ဆူထဲ့ပ်ချာ ဘန်းဘွန်း ကို တနေ့က ဘန်ကောက်တောင်ပိုင်း ရာဇ၀တ် တရားရုံးကို ခေါ်ဆောင်သွားပါတယ်။ ၁၂ ရက်ကြာ ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။ ရာ ဇ၀တ်မှုက ဆိုးဝါးလွန်းတော့ သူတို့ကို ပြန်လွှတ်ဖို့ကို ရဲတွေက ကန့်ကွက်ပါတယ်။ တ ရားရုံးမှာ အမှုတင်တဲ့အခါ သူတို့ဆွေမျိုးတွေက အာမခံရဖို့ လျှောက်ထားမှာ ဖြစ်တယ်။ လို့ သူတို့ ၂ ယောက်က ပြောပါတယ်။ အာမခံရတဲ့အချိန်မှာ သူတို့အအနေနဲ့ သိက္ခာပြန် ဆယ်ဖို့အတွက် ဘုန်းကြီးဝတ်ချင်နေကြပါတယ်။ တနေ့က တယောက်ကို အာမခံကြေး ဘတ် ၁၀၀,၀၀၀ စီနဲ့ သူတို့ ၂ ယောက်ကို လွှတ်ပေးလိုက်ပါတယ်။

သန္ဓေသားတွေကို မလိုအပ်ဘဲ ပုံထားတယ် ဆိုတာကို သူတို့ ထုတ်ဖော်ဝန်ခံခဲ့ပြီး သူတို့ လုပ်ရပ်အတွက် လူမှုအသိုင်း အ၀ိုင်းတခုလုံးကို တောင်းပန်လိုက်ပါတယ်။ သူတို့ကိုမ ဟုတ်ဘဲ ကိုယ်ဝန်ဖျက်ချခဲ့တဲ့ မိခင်တွေနဲ့ ဖျက်ချပေးတဲ့လူတွေကို ရှုတ်ချသင့်တယ်လို့ သူတို့က ပြောပါတယ်။

သန္ဓေသားတွေအတွက် ကောင်းမှုကုသိုလ်လုပ်လိုတဲ့သူတွေအနေနဲ့ နောက်တပါတ် စနေမှာလုပ်မယ့် ဘာသာရေးထုံးတမ်းစဉ်လာပွဲကို တက်ရောက်နိုင်တယ်။ လူသေအ လောင်းတွေထားတဲ့နေရာကို ဖျက်ဆီးပစ်မှာဖြစ်လို့ အဲဒီနေရာမှာ တရားမ၀င်တဲ့ဟာတွေ ဘာကိုမှ ဖွက်မထားနိုင်တော့ဘူးလို့ ဖရား ယာ့ကရိုင် ရဲကြီးကြပ်ရေးမှူး ဗိုလ်မှူးကြီး မက်သီး ရတ်ဖန်း က ပြောပါတယ်။

လူသေတွေထားတဲ့နေရာမှာ သောကြာနေ့က ဘုန်းတော်ကြီးတွေက သေသူတွေ အ တွက် ပရိတ်ရွတ်ဆုတောင်းပေးကြပြီး ၀ိညာဉ်တွေကို စာနာချစ်ခင်တဲ့ လူတွေက ဒီနေရာ မှာ နွားနို့တွေ၊ ကလေးအ၀တ်တွေနဲ့ အရုပ်ကလေးတွေကို ထားပေးကြပါတယ်။ သုဘရာ ဇာကို ပူးပေါင်းကူညီတဲ့သူအနေနဲ့ အဖမ်းခံခဲ့ရတဲ့ လက်ထောက်သူနာပြုဟောင်းရဲ့ အ မေ လန်ချာကောန်ရာသာမန က ဒီရာဇ၀တ်မှုထဲမှာ သူပါတယ်ဆိုပြီး သူ့သမီး ဆူချာ့ အပေါ် စွပ်စွဲပြောဆိုချက်တွေကို ငြင်းဆိုပါတယ်။ အဲဒီနေရာမှာ တိရစ္ဆှာန်ဆေးကုခန်း က ခွေးသေ ၆၀ လောက်ကို မြှုပ်ထားတယ်ဆိုတာကို ၀န်ခံခဲ့ပေမဲ့လည်း သန္ဓေသားတွေကို သူ့ခြံနောက်ဖေးမှာ မြှုပ်ခွင့်ပြုတယ်လို့ စွပ်စွဲချက်တွေကို တုန့်ပြန်ပြောဆိုလိုက်ရင်း သူမ က ပြောပါတယ်။ လူမှုရေးပြဿနာတွေကို ဖြေရှင်းပေးတဲ့ သူ့သမီး လုပ်ရပ်ကို ဂုဏ်ယူ တယ်လို့ သူက ပြောပါတယ်။

ဆေးခန်းတွေက တရားမ၀င်လုပ်နေတာကို ရပ်ဆိုင်းဖို့နဲ့ ကိုယ်ဝန်ဖျက်ချတာကို တရား ၀င်ဖြစ်စေဖို့ ၀န်ကြီးချုပ်ကို သူက တောင်းဆိုခဲ့ပါတယ်။ ကိုယ်ဝန်ဖျက်ချရေးကိစ္စကို ရာ ဇ၀တ် ဥပဒေအနေနဲ့ ဖြေရှင်းရမယ်။ ဒါပေမဲ့ အသေးစိတ် ရှင်းပြလို့တော့ မရဘူးလို့ ကျန်း မာရေးဝန်ကြီး ယူရင်လာ့က် နာဝီဆစ် က ဆူရတ်ထနီမှာ ကျင်းပတဲ့ အစည်းအဝေးတခု မှာ စေတတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သား ၅,၀၀၀ ကို ဒီသတင်း တွေနဲ့ပတ်သက်လို့ ပြောခဲ့ပါတယ်။ ကိုယ်ဝန် ၃ လ မရှိသေးတဲ့ မုဒိမ်းကျင့်ခံရတဲ့သူတွေနဲ့ သန္ဓေသား ကိုယ် လက်အင်္ဂါ မစုံသေးခင်နဲ့ ကိုယ်ဝန်ဆောင်ဖို့ ကျန်းမာရေးချို့ယွင်းနေတဲ့ အမျိုးသမီးတွေ အတွက်သာ ကိုယ်ဝန် ဖျက်ချတာကို ဥပဒေက ခွင့်ပြုတာဖြစ်တယ်လို့ သူက ပြောပါ တယ်။ ကိုယ်ဝန်ဖျက်ချတာတွေ တရားမ၀င်လုပ်နေတဲ့ဆေးခန်းတွေကို စောင့်ကြည့်ဖို့နဲ့ လိင်ပညာပေးရေးနဲ့ လူထုတွေကြားမှာ ဘေးကင်းတဲ့လိင်ဆက်ဆံရေးပညာပေးတွေ တိုးမြှင့်လုပ်ဆောင်ဖို့ စေတနာ့ဝန်ထမ်းတွေကို သူက တောင်းဆိုခဲ့ပါတယ်။

နိုဝင်ဘာ ၂၁၊ ၂၀၁၀ (The Nation)
www.naytthit.net မှ...

0 comments: