Monday 22 November 2010

မဖြူဖြူသင်းရဲ့ HIV/AIDS ဂေဟာမှ ဝေဒနာရှင်များကို ဦးကျော်သူ အလှူပေး

November 22nd, 2010
ဒီကနေ့မဖြူဖြူသင်းရဲ့နေအိမ်မှာဖွင့်လှစ်ထားတဲ့HIV/AIDSဝေဒနာရှင်ဂေဟာကိုဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်၊ဒေါ်သန်းမြင့်အောင် ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ အနဂ္ဂ ၊ သံသာဝင်း၊ ကျားပေါက်နဲ့ သူ့ရဲ့ဇနီး တို့က ဝေဒနာရှင်များအတွက် ဒန်ပေါက်အလှူ ပေးခဲ့ပါတယ်။

ဒီဂေဟာကဝေဒနာရှင်တွေကဟာနိုဝင်ဘာ၂၄ရက်နေ့မှာစပြီးတည်းခိုလို့မရတော့ဘူးလို့း ရပ်ကွက်ရုံးက အကြောင်းထားပြီးဖြစ်ပါတယ်။
        ဂေဟာပတ်ဝန်းကျင်ကပြည်သူတွေကလည်းဝေဒနာရှင်တွေရှိနေတာကို ကန့်ကွက်တိုင် တန်းခြင်း မရှိခဲ့ပါဘူး။
          ဒေါ်အောင်ဆန်းစုကြည်အဲဒီဂေဟာကိုသွားရောက်ကြည့်ရှုတဲ့နေ့ကပြည်သူလူထုရဲ့ လူစုလူဝေးနဲ့ အားပေးထောက်ခံကြိုဆိုပြီးနောက်ပိုင်းမှ ဒီဂေဟာကိုခုလိုဧည့်စာရင်းနဲ့ အကန့်အသတ်တွေ လုပ်လာ ခဲ့တာဖြစ်ပါတယ်။
(နေသစ်)မှ

0 comments: