Tuesday 12 October 2010

အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များအတွက် SAW အဖွဲ့မှ အကူအညီတောင်းခံခြင်း


ဤလိပ်စာမှ http://www.newyorker.com/video?videoID=62934593900 The New Yoker ၀က်ဘ်ဆိုက်မှ Exiled: Children With HIV ကို ကြည့်ရှုပါရန် ...

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့ (Social Action for Women) မှ အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များအတွက် အကူအညီလိုအပ်ခြင်း

အမျိုးသမီးများအတွက် လူမူစောင့်ရှောက်ရေးအဖွဲ့ (Social Action for Women) သည် ထိုင်း-မြန်မာနယ်စပ် သို့ ရောက်ရှိလာသည့် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်များအား နေရာထိုင်ခင်း၊ အစားအသောက် နှင့် ဆေးဝါး အကူအညီပေးနေသည့် အဖွဲ့အစည်းဖြစ်ပါသည်။ SAW အဖွဲ့သည် ဝေဒနာရှင် အမျိုးသမီးနှင့် က လေး (၅၀) ကျော်ကို အကူအညီပေးနေပါသည်။ ၂၀၀၈ ခုနှစ်တွင် ကုလသမဂ္ဂမှ ပေးအပ်သည့် ဖဲကြိုးနီဆုကို ရရှိခဲ့ပါသည်။ လက်ရှိအခြေအနေတွင် ဝေဒနာရှင်များအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရပါသည်။

ယခင်အခါကမူ လူနာများအတွက် မဲဆောက်ဆေးရုံကြီး၊ မယ်တော်ဆေးခန်းနှင့် MSF တို့မှ အေအာရ်ဗွီဆေးဝါး တချို့ ရရှိသော်လည်း ယခုအခါတွင် MSF က နယ်စပ်မှ ထွက်ခွာသွားသောကြောင့် MSF ကို မှီခိုအားထားနေ ရသည့် လူနာများအတွက် ဆေးဝါးအခက်အခဲနှင့် ရင်ဆိုင်နေရပါသည်။ အချို့လူနာများဆိုလျှင် ဆေးစစ်ရန်အ ချိန်ကာလကို ရောက်ရှိနေပြီး အချို့လူနာများဆိုလျှင်လည်း ဆေးသောက်ရမည့် အခြေအနေကို ရောက်ရှိနေပါ သည်။ ယခင်ဆေးရပြီးသား လူနာများမှာလည်း စက်တင်ဘာလကုန်ပြီးကတည်းက ဆေးဝါးအကူအညီများ မရရှိတော့သဖြင့် မဲဆောက်ဆေးရုံကြီးမှနေ၍ ဆေးဝယ်တိုက်ရမည့်အခြေအနေ ဖြစ်ပေါ်နေပါသည်။ ဆေးဝယ် သောက်ရုံသာမက သွေးဖြူဥ စီဒီဖိုးအကောင့်ကို ပုံမှန်စစ်ဆေးရခြင်း၊ ဆေးသောက်ရမည့် လူနာများဖြစ်ပါက လည်း သွေးစစ်ခြင်း၊ ခန္ဓာကိုယ်မှ ရောဂါများကို စစ်ဆေးခြင်းများလည်း လုပ်ရမည်ဖြစ်၍ ကုန်ကျစရိတ်များရှိ နေသောကြောင့် အကူအညီများ လိုအပ်နေပါသည်။

ယခုလောလောဆယ်တွင် အမျိုးသမီး (၈) ဦးနှင့် ကလေး (၄) ဦးမှာ အရေးပေါ် ARV ဆေးတိုက်ဖို့ လိုအပ်နေ ပါသည်။ တခြားကိုယ်ခံအားကျလာသူများသည်လည်း သွေးဖြူဥ စစ်ပြီးပါက ဆေးသောက်ရမည့်ကာလကို ရောက်နေပါသည်။ ထို့အတွက်ကြောင့် အလှူရှင်များရှိပါက အကူအညီပေးကြပါရန် မေတ္တာရပ်ခံတောင်းဆို အပ်ပါသည်။

အကူအညီပေးလိုပါက …

Name OF Bank – KASIKORNBANK
Bank Account Name SAW (Social Action for Women)
Bank Account Number 212- 2- 620 46-0
Bank Address _ 84/9 PRASARTVIFEE ROAD MAESOD ,THAILAND
63110 THAILAND
TYPE – SAVIN _Swift Code /KASI THBK
WWW.sawburma.org, http://socialactionforwomen.blogspot.com/

1 comments:

Unknown said...

ကျွန်တော်လှူချင်ပါတယ် ငွေဘယ်လိုလွှဲပေးရမလဲမသိဘူးခင်ဗျ အလှူငွေကောက်တဲ့ ထဲက လူ၁ယောက်လောက်ဖုံးနံပါတ်လေးပေးပါလား