Saturday 9 October 2010

ထိုင်းနိုင်ငံ၊ ခွန်ကယ်မြို့၊ ဒေချားဖန်းနစ် ပိုက်ကွန်စက်ရုံက မြန်မာအလုပ်သမား တွေကို အမည်မသိ သေနတ်သမားတွေက လာရောက်ပစ်ခတ်ခြင်း

(၉-၁၀-၂၀၁၀)
ခွန်ကယ် စက်ရုံအလုပ်သမားများကို ဆိုင်ကယ် (၂) စီးနှင့် လာပြီး သေနတ်ဖြင့် ပစ်ခတ်ရာ ဆိုင်ကယ်တစီးကို ဖမ်းမိထားကြောင်း သိရသည်။ နောက်ထပ်လည်း အလုပ်သမားများ နေထိုင်သည့် နေရာများကို သေနတ် (၈) ချက်ထက်မနည်း ပစ်ခတ်သည့်အတွက် အလုပ်သမားများ အသက်လုံခြုံရေးအတွက် အထူးစိုးရိမ်နေရပြီး ဒေ သခံ အာဏာပိုင်များကို ဆက်သွယ်၍မရဘဲ ဖြစ်နေသည်ဟုဆိုသည်။ ယခု ည (၁၁) နာရီကျော်တွင် သေနတ် သမား (၂) ဦး ရောက်လာပြီး (၁၂) နာရီကျော်တွင် စက်ရုံနောက်ဘက်ရှိ တောစပ်မှ ပစ်ခတ်နေခြင်းဖြစ်သည်။ အလုပ်သမားများ စားစရာမရှိ၍ နေ့ခင်းဘက်တွင် စက်ရုံအပြင်ဘက်ထွက်ကာ ငါးရှာဖားရှာ လုပ်နေကြရသည် ဟုလည်း သိရသည်။

ထိုင်းနိုင်ငံ၊ ခွန်ကယ်မြို့၊ ဒေချားဖန်းနစ် ပိုက်ကွန်စက်ရုံက မြန်မာအလုပ်သမားတွေကို
အမည်မသိ သေနတ်သမားတွေက လာရောက်ပစ်ခတ်ခြင်း



သူတို့ရဲ့ပတ်စပို့၊ အလုပ်လုပ်ခွင့်လက်မှတ်၊ နေထိုင်ခွင့်လက်မှတ်နဲ့ လုပ်အားခတွေရဖို့အတွက် ဆန္ဒပြတောင်း ဆိုနေတဲ့ မြန်မာအလုပ်သမားတွေကို စက်ရုံပိုင်ရှင်က အောက်တိုဘာလ (၆) ရက်နေနဲ့ (၇) ရက်နေ့တွေက ကြေညာချက်တွေထုတ်ပြီး စက်ရုံကနေ ထွက်ခွာဖို့ နှင်ထုတ်နေပေမယ့် သူတို့ရဲ့ရပိုင်ခွင့်တွေ မရတဲ့အတွက် ပတ်စပို့ကိုင်ထားတဲ့ မြန်မာအလုပ်သမား (၅၆၉) ယောက်ဟာ စက်ရုံမှာ စာရေးသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အောက်တိုဘာလ (၉) ရက်နေ့ မနက်ပိုင်းမှာတော့ သေနတ်သမားလို့ မိမိကိုယ်ကို မိတ် ဆက်လာသူတွေက အလုပ်သမားခေါင်းဆောင်တွေရဲ့ ဖုန်းများကို ဆက်သွယ်လာပြီး သူတို့တွေဟာ အလုပ် သမားတွေရဲ့ အနီးမှာရှိကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

(၉) ရက်နေ့ ည (၁၁) နာရီကျော်အချိန်လောက်မှာတော့ အလုပ်သမားတွေ စုဝေးရာ တန်းလျားကို ဆိုင်ကယ် နဲ့ သေနတ်သမား (၂) ဦး လာရောက်ပစ်ခတ်ခဲ့ပြီး အလုပ်သမားတွေ ၀ိုင်းဝန်းလိုက်ဖမ်းတဲ့အခါမှာ ဆိုင်ကယ် တစီးသာ ဖမ်းမိခဲ့ပြီး သေနတ်သမားတွေကိုတော့ ဖမ်းမမိလိုက်ဘူးလို့ ဆိုပါတယ်။ ဖမ်းမိတဲ့ ဆိုင်ကယ်နံပါတ် ကတော့ (ခေါ်ခိုင် ငေါငူ ထော်ထဟန်) ခွန်ကယ်မြို့နယ် နံပါတ်နဲ့ (၂၅၉) ဖြစ်ပါတယ်။

အဲဒီနောက် ည (၁၂) နာရီအချိန်လောက်မှာတော့ စက်ရုံက အလုပ်သမားတန်းလျားတွေရဲ့ အနောက်ဘက် တောစပ်ကနေ သေနတ်သံတွေ (၈) ချက်ထက်မနည်း ပေါ်ထွက်လာတာကြောင့် မြန်မာအလုပ်သမားတွေအ နေနဲ့ သူတို့ရဲ့အသက်အန္တရာယ်အတွက် စိုးရိမ်ရတဲ့အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။ သေနတ်များ ပစ်ခတ် မှုကြောင့် အလုပ်သမားများ ရုန်းရင်းဆန်ခတ် ဖြစ်နေကြပေမယ့် စက်ရုံအာဏာပိုင်များ လုံးဝလာရောက်ခြင်းမ ရှိပါလို့ဆိုပါတယ်။ ဒါ့အပြင် အလုပ်သမားများက နယ်မြေခံအာဏာပိုင်များကို ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရခဲ့ဘူးလို့ ဆိုပါတယ်။

အစိုးရမဟုတ်တဲ့ အလုပ်သမားအရေးလုပ်နေသူတွေရဲ့ ဆက်သွယ်ပေးမှုကြောင့် အောက်တိုဘာ (၁၀) ရက် မနက် (၁) နာရီအချိန်လောက်မှာတော့ စက်ရုံက ဒရ၀မ် (၃) ဦးနဲ့အတူ ရဲ (၃) ဦးပါတဲ့ ရဲကားတစီး ရောက်ရှိ လာကာ ဆိုင်ကယ်ကို ကြည့်ရှုစစ်ဆေးပြီး ဆိုင်ကယ်ကို ဓာတ်ပုံရိုက်ခြင်းမရှိဘဲ ဆိုက်ကယ်ကို စစ်ဆေးဖို့အ တွက် ရဲစခန်းကို ယူသွားမယ်လို့ ဆိုပါတယ်။ ရဲတွေနဲ့ ဒရ၀မ်တွေက ထိတ်လန့်နေတဲ့ အလုပ်သမားတွေကို ရယ်မောပြီး သေနတ်နဲ့ ပစ်ခတ်မှုကို လေးလေးနက်နက် မေးမြန်းခြင်းမလုပ်ဘဲ သေနတ်နဲ့ပစ်တာ သေချာလို့ လားဆိုတဲ့ မေးမြန်းတာမျိုးတွေလောက်သာလုပ်ကာ (၁၅) မိနစ်ခန့်နေပြီး ချက်ချင်းပြန်ထွက်သွားတယ်လို့ အ လုပ်သမားတွေက ပြောပါတယ်။

ရဲတွေဟာ စက်ရုံကို လာလေ့ရှိသူတွေဖြစ်ပြီး စက်ရုံပိုင်ရှင်နဲ့ ပတ်သက်တဲ့ ရဲများဖြစ်တဲ့အတွက် အလုပ်သမား များက ဆိုက်ကယ်ကို ယူခွင့်မပေးသေးဘဲ လူအခွင့်အရေးအဖွဲ့တွေ၊ အလုပ်သမားအရေး လုပ်နေတဲ့အဖွဲ့တွေ လာရောက်မှသာ အပ်နှံမယ်လို့ပြောပြပါတယ်။ ရဲကားမှာ ရေးထားတဲ့ ဖုန်းနံပါတ်ကတော့ ၀၄၃-၃၉၃၂၁၀ ဖြစ် တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အသေးစိတ်ကို မေးမြန်းလိုပါက စက်ရုံက အလုပ်သမားခေါင်းဆောင်တွေကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ကိုအောင်တင့် - ၀၈၇ ၆၄၂ ၁၀၄၃
ကိုမြင့်မောင် - ၀၈၂ ၇၀၆၆ ၀၀၂
နန်းအေးမွန် - ၀၈၈ ၀၆၄ ၀၀၃၁ တို့ ဖြစ်ပါတယ်။


စက်ရုံပိုင်ရှင်က ခိုင်းထား၍ မြန်မာအချင်းချင်း နှိပ်ကွပ်နေသည့် မြန်မာအုပ်ချုပ်ရေးအဖွဲ့ဓာတ်ပုံ

ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်မှ.....

0 comments: