Monday 3 May 2010

တွံတေးမြို့နယ်၌ ကလေးစစ်သား အဓမ္မစုဆောင်းမှုနှင့် ပျောက်ဆုံးမှု ဆက်ဖြစ်နေ

နေသွင်၊၂ မေ ၂၀၁၀ ၊ DVB
မြန်မာပြည်မှာ အသက်မပြည့်သေးတဲ့ကလေးတွေကို နည်းမျိုးစုံနဲ့ စစ်တပ်ထဲအဓမ္မသိမ်း သွင်းတာတွေ ဖြစ်နေတဲ့ တချိန်တည်းမှာပဲ ကလေးငယ်တွေပျောက်ဆုံးတဲ့ ကိစ္စတွေလည်း ဖြစ်နေပါတယ်။

အခုလည်း တွံတေးမြို့နယ်အတွင်းမှာ ပျောက်ဆုံးနေတဲ့ ကလေးတယောက် မိဘတွေနဲ့အဆက်အ သွယ်ရတော့ စစ်တပ်ထဲရောက်နေတယ်လို့ သိရပါတယ်။

ဒီကလေးကတော့ အသက် ၁၇ နှစ်ပဲရှိသေးတဲ့ မောင်မျိုးဝေလျံအောင်ဖြစ်ပါတယ်။ မောင်မျိုးဝေလျံ အောင်ဟာ ရန်ကုန်ရေသန့်မှာ အလုပ်လုပ်နေရာကနေမနှစ် ခရစ်စမတ်တုန်းက တွံတေးမြို့နယ်ပြက တိုက်ကျေးရွာအုပ်စုမှာနေတဲ့ မိဘတွေဆီကို ပြန်လာခဲ့ပါတယ်။ ဒီဇင်ဘာ ၂၆ ရက်မှာတော့ အိမ်ကနေ ရန်ကုန်ပြန်မယ်ဆိုပြီး ထွက်သွားကတည်းက မိဘတွေနဲ့ အဆက်အသွယ်ပြတ်သွားတာ ဖြစ်ပါတယ်။

အခုနှစ် မတ်လကုန်တုန်းက မောင်မျိုးဝေလျံအောင်က မိဘတွေဆီကိုဖုန်းနဲ့ပြန်ဆက်သွယ်လာမှ စစ် တပ်ထဲ ရောက်နေတယ်ဆိုတာ မိဘတွေက သိလိုက်ရပါတယ်။ အဲဒီနောက် အမေဖြစ်တဲ့ နော်ပရီစီလာ က သားကို ပုသိမ်က လေ့ကျင့်ရေး (၆) ကို သွားတွေ့မှ အကြောင်းစုံသိလိုက်ရတဲ့အကြောင်း အခုလို ပြောပြပါတယ်။

“အလုပ်တောင်းပေးမယ်၊ အလုပ်ရမယ်၊ မင်းဟိုဟာဖြစ်တာ အရပ်ဝတ်အရပ်စားနဲ့ပဲတဲ့ သူဒညင်းကုန်း ကိုရောက်တော့မှ ဒါငါတို့ကို လိမ်ခေါ်လာမှန်းသိသွားပြီးလေ၊ လိမ်ခေါ်လာမှန်းသိတော့ သူပြေးမလို့လုပ် တော့ ပြေးလို့မရတော့ဘူး။ ပြေးလို့ရှိရင်တော့ မင်းတို့ ထောင်ကျမှာပဲ၊ စစ်ထဲဝင်မှာလား၊ ထေင်ကျခံမှာ လားလို့ မေးတာပေါ့။ သူတို့ကို အဲဒါနဲ့ပဲ အသက် ၂၀ ရှိသွားပြီးလို့ပြောပြီး လက်မှတ်ထိုးပြီးတော့ ဝင် ထားရတယ် အမိုးရေတဲ့”

ဒါကတော့ ဒညင်းကုန်း စုဆောင်းရေးကနေ ပုသိမ်လေ့ကျင့်ရေး (၆) ကို ရောက်သွားတဲ့ မောင်မျိုးဝေလျံ အောင်ရဲ့အဖြစ်အပျက်ပါ။ အခုတော့သားကိုပြန်ရဖို့ နော်ပရေစီလာက နိုင်ငံတကာ အလုပ်သမားအဖွဲ့ ချုပ်က တဆင့်ကြိုးပမ်းနေပါတယ်။

“ကလေးက ကျမသွားတော့ သူထွက်ပြေးချင်မှာပေါ့။ အမိုးနောက်မှာ အကုန်လုံးလုပ်ပေးမယ်၊ သားမ ပြေးနဲ့ပေါ့နော်၊ သားပြေးလို့ရှိရင် တခုခုဖြစ်ရင် အမိုးစိတ်ဆင်းရဲရမယ်ပေါ့၊ အဝေးတော့ မပြေးနိုင်ဘူးပေါ့ နော်၊ ဘာမှမလုပ်ခိုင်းဘူး။ ဘုရားပဲဆုတောင်းဖို့ ပြောထားခဲ့တယ်။ ကျမကလည်း အားကိုးရှာပြီးတော့ ဒီ အိုင်အယ်လ်အိုကို တက်တယ်လေ။ အိုင်လယ်လ်အိုကတော့ ရအောင်ခေါ်ပေးမယ်လို့ပြောတယ်။ လုပ် ပေးမယ်ပေါ့၊ ရပါတာပေါ့၊ အားပေးတယ်ဆိုတော့ ကျမလည်း အခုပြန်လိုချင်တယ်လေ။”

တကယ်တော့ မောင်မျိုးဝေလျံကိစ္စဟာ တွံတေးမြို့နယ်က အိုင်အယ်လ်အိုထိ တက်သွားတဲ့ ပထမဆုံး အမှု မဟုတ်ပါဘူး။ တွံသေးမြို့နယ်ထဲကအသက် ၁၇ နှစ်အရွယ် မောင်အောင်မျိုးဇော်ကို တပ်ကြပ်ကြီး တယောက်က ရန်ကုန်ဘူတာကြီးကနေ ခေါ်သွားပြီး ဒညင်းကုန်းစုဆောင်းရေးကနေပဲ အိုင်အယ်လ်အို ဆီရောက်ခဲ့ပြီး ကလေးအိမ်ပြန်နိုင်ရေး ဆောင်ရွက်နေဆဲလို့ သိရပါတယ်။

ဒီအတောအတွင်းမှာပဲ တွံတေးမြို့နယ်အတွင်မှာ ကလေးပျောက်တာတွေ ဆက်ဖြစ်နေပါတယ်။ ဒီကိစ္စ တွေကို လိုက်လံကူညီပေးနေတဲ့ တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဘက်အတွင်ရေးမှူး ဦးကျော်မင်းထွန်းက ဒီဗွီဘီကို အခုလို ပြောပြပါတယ်။

“ဘယ်ကိုပျောက်လို့ ပျောက်လဲမသိဘူး။ ကလေးတွေတော့ ပျောက်ဆုံးတာတော့ လေးငါးဆယ်ဦး လောက်ရှိပြီ။ တွံတေးမြို့နယ်မှာ ဒီနှစ်အတောအတွင်းမှာပဲ ဒါပေမဲ့ ဘယ်လိုပဲပြောပြော သူတို့ကဘယ် ရောက်လို့ရောက်မှန်းမသိဘူး။ ဘယ်သူကခေါ်လို့ ခေါ်သွားမှန်း မသိဘူး။ ဒီလိုပျောက်ဆုံးတာတွေတော့ ရှိတယ်။ အတိအကျသိတာတော့ အခုကလေးပျောက်တဲ့ ကိစ္စကျတော့ ခုဒီနှစ်ထဲမှာတော့ ၂ ဦးကတော့ အတိအကျ သိထားတာပေါ့ဗျာ။” အကိုတို့ အထောက်အထားတွေကတော့ ဘယ်လိုဆက်ပြီးတော့ ဆောင်ရွက်လဲ။”

“အဓမ္မကလေးစစ်မှုထမ်းခိုင်းတဲ့ ကိစ္စမျိုးတွေ နောက်ပြီးတော့ အသက်မပြည့်တဲ့ ကလေးစစ်သားကိစ္စ တွေနဲ့ ပတ်သက်တဲ့ အိုင်အယ်လ်အိုနဲ့ နိုင်ငံတော်အကြီးအကဲတွေ သဘောတူ စာချုပ်ချုပ်ထားတဲ့အ တိုင်းပဲ ကျနော်တို့က အိုင်အယ်လ်အိုရုံးကို ကျနော်တို့ကပို့တယ်။ နောက်ပြီးတော့ အောက်ခြေအာဏာ ပိုင်တွေကို တချို့ကို အကြောင်းကြားတယ်။ အကြောင်းကြားတယ်ဆိုပေမယ့် သူတို့အနေနဲ့ လာပြီး ဆောင်ရွက်ပေးတာ မရှိဘူးဆိုရင် ကျနော်တို့ အိုင်အယ်လ်အိုရုံးကိုပို့တယ်။”

မနှစ်တုန်းက ကလေးစစ်သားအမှုပေါင်း ၁၂၀ ကျော် လိုက်လံဆောင်ရွက်ပေးခဲ့တဲ့ လမ်းပြကြယ်အဖွဲ့က ရှေ့နေဦးအေးမြင့်ကတော့ ဒီနှစ် ၂၀၁၀ အတွင်း၊ သူ့ဆီလာရောက်အကူအညီတောင်းလို့ အိုင်အယ်လ် အိုကိုတိုင်ကြားထားတဲ့ ကလေးစစ်သားအမှု အခုထိ ၁၈ မှုရှိသွားပြီးလို့ ဦးအေးမြင့်က ဒီဗွီဘီကိုပြောပြပါ တယ်။

0 comments: