Tuesday 4 May 2010

၇ တန်း ကျောင်းသူလေးအား နအဖ ရဲဘော်ဟောင်းအုပ်စု မုဒိမ်းကျင့်သတ်ဖြတ်

လျှမ်းသံတော်ဆင့် Monday, 03 May 2010 18:36
သျှမ်းပြည်မြောက်ပိုင်းနေ အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသူလေးတဦးအား နအဖတပ်ထွက်အ ဖွဲ့တဖွဲ့က မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်၊ လုခိုက်ကျေးရွာအုပ်စု၊ နားယန်းကျေးရွာနေ အဖစိုင်းတိနှင့်အမိ နန်းလိုင် (နာမည်ရင်းမဟုတ်) တို့၏သမီး နန်းရွက် (အမည်ရင်းမဟုတ်) အား ဧပြီ ၂၄ ရက် (စနေနေ့) က စစ်ထွက် မြင့်ဆွေဦးဆောင်သည့် နမ့်လောင်းချောင်းသဲကျုံးရောင်းသည့် ရဲဘော်ဟောင်း အဖွဲ့ကမုဒိမ်း ကျင့်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ပြီးခဲ့တဲ့လ နောက်ဆုံးပတ်ကပေါ့ ရွာနီးချုပ်စပ် သူမကျွဲကျောင်းသွားတဲ့အချိန်မှာ မိုင်းရယ် - သီပေါလမ်း မကြီးဘေး နမ့်လောင်းချောင်းတံတားအပေါ်ဘက် သဲတူးဖို့လာကြတဲ့ တပ်ရင်း (၆၄) မှ စစ်ထွက်လေး ယောက်က မုဒိမ်းကျင့်ပြီးသတ်ဖြတ်ခဲ့တယ်” ဟု ရွာသားတဦးက ပြောပါသည်။

ထိုစစ်သားထွက်များမှာ အသက် (၅၀) ရှိ စစ်ထွက်မြင့်ဆွေ၊ အသက် (၄၉) ရှိ စစ်ထွက် ထွန်းသိန်းနှင့် အမည်မသိသေးသော ၎င်းတို့၏ တပ်ထွက်အဖော်နှစ်ယောက်ဖြစ်ကြောင်း ရွာသားများက ပြောပြပါ သည်။

“အလောင်းကို နားယန်းနဲ့ ဖာလုံဝက်အကွာ နမ့်လောင်းချောင်း သဲသောင်ပြင်မှာ ပစ်ထားခဲ့တယ်” ဟု လည်း အဆိုပါရွာသားက သျှမ်းသံတော်ဆင့်သို့ ဆက်လက်ပြောပြပါသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သျှမ်းအမျိုးသမီးရေးရာ လှုပ်ရှားမှုကွန်ကယက်အဖွဲ့ (SWAN) ကလည်း အ သေးစိတ် အချက်အလက်များ ဆက်လက်စုံစမ်းနေကြောင်း တာဝန်ရှိသူတဦးက ပြောပါသည်။
...

0 comments: