Monday 3 May 2010

မွန်ဒုက္ခသည်ခလေးများနှင့်အမျိုးသမီးများကျန်းမာရေးပြဿနာများရင်ဆိုင်နေရ

ကိုသိုက်၊ ကောင်းဝါ၊ မေ ၂၊၂၀၁၀။
ထိုင်းမြန်မာနယ်စပ်၌ရှိသည့် ခလော့ဟနီဒုက္ခသည်စခန်းကို တိမ်းရှောင်လာသော မွန်ပြည်သစ်ပါတီဗဟို ဌာနချုပ်ဝန်းကျင်ဒေသမှ မွန်ဒုက္ခသည်များအတွင်း ခလေးငယ်တွေနှင့်အမျိုးသမီးများသည် ကျန်းမာရေး ဆိုင်ရာပြသနာများနှင့် စတင်ရင်ဆိုင်နေရပြီးဟုကျန်းမာရေးဝန်ထမ်း တဦးမှပြောပါသည်။

ခလော့ဟနီဒုက္ခသည်စခန်းကို တိမ်းရှောင်လာသည့် မွန်ဒုက္ခသည်များသည် သောက်သုံးရေအခက်အခဲ နှင့် ရင်ဆိုင်နေရသလို ဆိုးဝါးသည့်ရာသီဥတုအပူဒါဏ်ကို ခံနေရသည်ဟု ဒုက္ခသည်များမှ ပြောပါသည်။
ယခုအချိန်တွင် ခလေးငယ်များနှင့်အမျိုးသမီးများသည် နယ်စပ်ဒေသ၏ ငှက်ဖျားရောဂါဒါဏ် စတင်ခံ စားနေရပြီးဟု ကျန်းမာရေးမှူးတဦးဖြစ်သူ မွန်အမျိုးသမီးအဖွဲ့အတွင်းရေးမှူး မိဧကရီနွန်ကိုမေး မြန်းခဲ့ရာ တွင် ယခုလိုပြောသည်။

“ကျွန်မတို့ခလော့ဟနီစခမ်းမှာ (၅) နှစ်အောက်ခလေးငယ် (၁၄) ဦးလောက်ဟာအပူအဖျားတက်နေ တယ်ပေါ့နော်။ အဖျားတက်ပြီး ချောင်းဆိုးနေပါတယ်။ ပြီးတော့အမျိုးသမီး (၁၁) ဦးလောက်ကတော့အ ဖျားတက်နေတယ်။ အဲဒီအထဲမှာကိုယ်ဝန် (၅) လ လောက်ရှိတဲ့အမျိုးသမီးတဦး ကလည်းပါဝင်နေပါ တယ်။” တိမ်းရှောင်လာသည့် ဒုက္ခသည်အမျိုးသမီးများထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး (၉) ယောက် လောက်ရှိသည်ဟု မိဧကရီနွန်မှပြောပါသည်။ အဆိုပါ ဒုက္ခသည်များကို ခလော့ဟနီစာသင်ကျောင်းတွင် နေရာချထားပေးခဲ့သော်လည်း ရောက်ရှိလာသည့်လူဦးရေနှင့် အိမ်သာလုံလောက်မှုမရှိသောကြောင့် ရေ ရှည်တွင် ဝမ်းရောဂါအပြင် အခြားကူးစက်ရောဂါဖြစ်ပွားနိုင်မည်ဟု မိဧကရီနွန်မှပြောပါသည်။

မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့အကြား စစ်ရေးအရတင်းမာမှု မရှိသေးသော်လည်း ဒေသခံကျေးရွာ သားများသည် ၎င်းတို့အတွက်ဘေးရန်လုံခြုံမည့် နယ်စပ်ဘက်သို့ ဧပြီလ (၂၂) ရက်နေ့မှ အခုအထိ တိမ်းရှောင်ရောက်ရှိနေဆဲဟု စခန်းကော်မီတီတဦးမှ ပြောပါသည်။ ရောက်ရှိလာသော ဒုက္ခသည်ရွာ သားများကို မွန်ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးကော်မီတီနှင့် နယ်မြေခံ NGO အဖွဲ့များမှ လိုအပ်သော အစား အစာဆေးဝါးများကို ကူညီပံ့ပိုးနေသော်လည်း လုံလောက်မှုမရှိသေးဟု ကယ်ဆယ်ရေး အဖွဲ့ဝင်တဦးမှ ပြောပါသည်။ ယခုလို ရာသီဥတုကူးပြောင်းသည့်ကာလတွင် အမျိုးသမီးများနှင့် ခလေးများအတွက် ရေရှည်တွင် ကူးစက်ရောဂါဒါဏ်တွေကို ဆိုးရွားစွာခံနေရအုံးမည်ဟု ကျန်းမာရေးမှူးတဦးဖြစ်သူ မွန်အ မျိုးသမီးအဖွဲ့၏ အတွင်းရေးမှူး မိဧကရီနွန်မှပြောပါသည်။

0 comments: