DVB နော်နိုရင်း
၁ မေ ၂၀၁၀ မကွေးတိုင်း ပခုက္ကူမြို့က ၁၀ တန်းကျောင်းသား မောင်ရဲမြတ်ဟိန်း ပျောက်ဆုံးနေပြီ ဘယ်လိုမှ စုံစမ်းရှာဖွေလို့ မရတဲ့အတွက် မိဘတွေက စိတ်ပူနေကြပါတယ်။
မောင်ရဲမြတ်ဟိန်းကို နယ်မြေခံစစ်တပ်က အဓမ္မခေါ်ဆောင်သွားတာ ဖြစ်နိုင်တယ်လို့ သူ့မိခင် ဒေါ်ဌေး ဌေး က ယုံကြည်နေပါတယ်။
ပခုက္ကူမြို့ အမှတ် ၇ ရပ်ကွက် တပ်မလမ်မှာနေတဲ့ မောင်ရဲမြတ်ဟိန်းဟာ ဒီလ ၂၅ ရက်နေ့က သူငယ် ချင်းအိမ်သွားမယ်ဆိုပြီး ပျောက်သွားတာလို့ သူ့ရဲ့ အမေ ဌေးဌေးက ပြောပါတယ်။
သူ မပျောက်ခင် ရက်ပိုင်းအတွင်းက တပ်မ ၁၀၁ လက်အောက်ခံ ၂၅၂ တပ်က အရာရှိနှစ်ဦးက အိမ်ကို အကြိမ်ကြိမ်လာရောရှာဖွေခဲ့တဲ့အတွက် မောင်ရဲမြတ်ဟိန်ကို တပ်က ခေါ်သွားတာလို့ အခိုင်အမာ ယုံ ကြည်ကြောင်း ဒေါ်ဌေးဌေးက ပြောပါတယ်။
“သစ်ကားပေါ်မှာ စပယ်ယာလိုက်နေတာကို ဗိုလ်ကြီးကျော်သူဆိုတဲ့ ဗိုလ်က အဲဒီ ဘတ်စ်ကားပေါ်မှာ ပါတယ်။ ဗိုလ်ကြီးဆန်းထွန်ကော ပါတယ်။ သူတို့နှစ်ယောက်က ကလေးကို မင်းဆယ်တန်းအောင်လား ဘာလား မေးပြီးတော့ ကလေးက ဆယ်တန်းအောင်တဲ့ အချိန်ကျရင် ကျနော် စစ်တက္ကသိုလ် တက်ပါ မယ်ဆိုပြီး သူတို့ကို ပြောထားတာ၊ အဲဒါကို အခွင့်ကောင်းယူပြီးတော့ အိမ်ကို လာတာ ၅ ရက်လောက် ကြာတယ်၊ ၂၃ ရက်နေညက အဲဒီ ဗိုလ်ကြီးကျော်သူဆိုတဲ့ ဗိုလ်က နောက်တနေ့ ကျတော့လည်း မောင် ရဲမြတ်ဟိန်း ရှိလား၊ မရှိဘူးလို့ပဲ ပြောလိုက်တယ်။”
“၂၅ ရက်နေ့ကျတော့ တနေ့တည်းကို သုံးခေါက်လောက်လာတယ်၊ ဗိုလ်ကြီးဆန်းထွန်းက အိမ်နား လေးကို တောက်လျောက်ပတ်နေတာ မနက်လင်းကတည်းက ကလေးကိုလာရှာတာ၊ ကလေးပါသွား တာ ၂၅ ရက်နေ့ကျတော့ ကလေးက ကားပိုင်အိမ်ကို အရင် ထမင်းသွားစားတာ၊ ထမင်းစားပြီးတော့ ၁၀ နာရီခွဲလောက်မှာ ရေမိုးချိုးပြီး သူ့ သူငယ်ချင်းအိမ်ကို သွားမယ်ဆိုပြီးတော့ ထွက်အသွားမှာ၊ ကျမတို့ အိမ်နောက်ဘက် လမ်းကြားထဲကနေ ခေါ်သွားတာဖြစ်မယ်၊ သူ့ သူငယ်ချင်း အိမ်လည်း ရောက်မလာ ဘူး၊ အဲဒီညတွင်းချင်း ပျောက်သွားတာ၊ ကျမတို့ကတော့ သူတို့ ဒီဗိုလ် ၂ ယောက်ခေါ်သွားတာ သေချာ ပေါက်ပဲ။”
မောင်ရဲမြတ်ဟိန်းဟာ အသက် ၁၆ နှစ်ကျော်ရှိပြီး ၁၀ တန်းစာမေးပွဲ ဖြေဆိုထားသူ ဖြစ်ပါတယ်။ ကျောင်းပိတ်စဉ် သစ်ကားမှာ ကားစပယ်ယာအဖြစ် အလုပ်လုပ်ရင်း အဲဒီ စစ်ဗိုလ်တွေနဲ့ သိခဲ့တာလို့ ဒေါ်ဌေးဌေးက ပြောပါတယ်။
သားပျောက်နေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ နယ်မြေအခြေစိုက်တပ်ကို သွားရောက်စုံစမ်းပေမယ့် မောင်ရဲ မြတ်ဟိန်း သူတို့ တပ်ထဲမှာ မရှိကြောင်းနဲ့ စုံစမ်းပေးမယ်လို့သာ ပြောကြားလိုက်တယ်လို့ ဒေါ်ဌေးဌေးက ပြောပါတယ်
ပခုက္ကူမြို့မှာ အခြေစိုက်တဲ့ စစ်ဗိုလ်တဦးကို ကလေး ၅ ယောက်စီ ခေါ်ပေးဖို့ ညွှန်ကြားထားတယ် ဆို တဲ့ သတင်းတွေ ပေါ်နေသလို ဒီလပိုင်းအတွင်းမှာပဲ ၁၀ တန်း စာမေးပွဲဖြေထားတဲ့ ကျောင်းသာ လေး ငါးဦး ပျောက်ဆုံးသွားတာကို ကြားသိရတယ်လို့ ဒေါ်ဌေးဌေးက ဆိုပါတယ်။
သူ့သားပျောက်နေတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာရဲစခန်းကို သွားရောက်တိုင်ကြားပေမယ့် စစ်တပ်က ဖမ်းထားတဲ့ကိစ္စကို သူတို့အနေနဲ့ ဘယ်လိုမှ လုပ်ပေးလို့ရမှာ မဟုတ်ကြောင်း ပြန်ပြောလိုက်တယ်လို့ လည်း ပြောပါတယ်။
ဒီလို အခက်အခဲတွေ ရှိနေတာကြောင့် သား အိမ်ပြန်ရောက်လာဖို့ ပဲခူးက လမ်းပြကြယ် အဖွဲ့ခေါင်း ဆောင် ဦးအေးမြင့်နဲ့ ဆက်သွယ်ပြီး အိုင်အယ်အိုရုံးကို တိုင်ကြားဖို့ စီစဉ်နေတယ်လို့လည်း ဒေါ်ဌေးဌေး က ပြောဆိုသွားတယ်။
...
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
4 weeks ago

0 comments:
Post a Comment