(ဧပြီ ၂၆- ရက်)
မလေးရှားနိုင်ငံကလန်တန်းပြည်နယ် တန္တာမေရစခန်းထဲတွင်ဖမ်းဆီးထိမ်းသိမ်းခံနေဆဲဖြစ်သော မြန်မာ ကလေးငယ် ၆ ဦးတို့အား လူကုန်ကူးသူများက ခြိမ်းခြောက်ပြောဆိုသလို ချော့မော့ပြောဆိုခြင်းရှိနေ ကြောင်းသိ ရှိရသည်။ ယမန်နေ့က ဖမ်းဆီးထိမ်းသိမ်းခံထားရသူများအနက် အသက်အကြီး ဆုံးဖြစ် သည့် ၁၄ နှစ် အရွယ် မင်းယုစန်းအား မလေးရှားမှ လူကုန်ကူးသူများက ဖုန်းဆက်လာခဲ့သည်။ “ကျ နော်ကို ကျော်သူလင်းရဲ့ သူဋ္ဌေး မဲလုံး က ဖုန်းဆက်လာတယ်၊ နင်တို့ သတင်းတွေ၊ ဗမာပြည်က တီဗွီ ထဲမှာရော၊ သတင်းစာတွေမှာပါ ထွက်နေပြီတဲ့၊ ကျနော်တို့အတွင်းထဲကနေ အပြင်ကိုဆက်သွယ်နေ တာကို သူတို့ သိရှိထား ပြီးဖြစ်တယ်ပေါ့။
ကျနော်တို့ကို လာကယ်ထုတ်တဲ့အဖွဲ့တွေနဲ့ လိုက်မသွားနဲ့ လိုက်သွားရင်သူတို့ ရောင်းစားလိမ့်မယ်ဆိုပြီး တော့ ပြောပါတယ်၊ ကျနော်တို့ သွားမယ်ဆိုရင်မြန်မာသံရုံးကိုသူတို့ လေယာဉ်စရိတ်ပေးပြီးပြန်ပို့ ပေး မယ်ဆိုပြီးတော့ လည်းပြောပါတယ်” ဟု မင်းယုစန်း က ပြောသည်။ အဆိုပါကလေးငယ်များသတင်းအ ချက်အလက်များအားပေးပို့ ကူညီနေသူတစ်ဦးက “ဒီကလေးတွေကို မြန်မြန် လွတ်မြောက်သွားစေ ချင်ပါတယ်။ အစောင့်တွေက တစ်ဆင့်ကြားရတာက အမျိုးသမီးဆောင်မှာနေတဲ့ အသက် ၁၀ နှစ်အရွယ် မ အေးမြထွေးကို လာမယ့် မေလ ၅ ရက်နေ့မှာ အမျိုးသမီးတယောက်လာထုတ်မယ်လို့ ကြားတယ်။ နောက်ထပ်ပြီး ရောင်းစားခံရမှာကိုစိုးရိမ်ပါတယ်” ဟု ပြောသည်။ မလေးရှားနိုင်ငံ တန္တာမေရစခန်းတွင် ဖမ်းဆီးခံနေရသည့် မြန်မာကလေး ၆ ဦး၏ အချက်အလက်များမှာ …
(၁) အမည် … မအေးမြထွေး
အသက် … ၁၀ နှစ်
ထောင်ကျကိုယ်ပိုင်နံပါတ် … ၅၃၃၂၆
မိဘအမည် … ဦးဖိုးသိန်း၊ ဒေါ်ကုလားမ
နေရပ် … ဘု၇ားလမ်း၊ ရွှေဘုံသာရပ်ကွက်၊ မတ္တရာမြို့၊ မန္တလေးတိုင်း
(၂) အမည် … ကျော်သူလင်း။
အသက် … ၁၂ နှစ်
ထောင်ကျကိုယ်ပိုင်နံပါတ် … ၅၃၅၄၆
မိဘ … ဦးဇေါ်လင်း၊ ဒေါ်အေးမြစိန်။
နေရပ် … ရွှေဘုံသာရပ်ကွက်၊ ဘုရားလမ်း၊မတ္တရာမြို့၊ မန္တလေးတိုင်း။
(၃) အမည် … တင်မျိုးထက်။
အသက် … ၁၂ နှစ်
ထောင်ကျကိုယ်ပိုင်နံပါတ် … ၅၃၃၂၉
မိဘ … ဦးဖိုးညီ၊ ဒေါ်ခင်လေးရည်
နေရပ် … ပျဉ်ပုံကြီးကျေးရွာ၊ ကျောက်ကုန်းမြို့နယ်၊ ဧရာဝတီတိုင်း။
(၄) အမည် … နေလင်းဦး
အသက် … ၁၂ နှစ်
ထောင်ကျကိုယ်ပိုင်နံပါတ် … ၅၃၅၄၄
မိဘ … ဦးလွင်မြင့်၊ ဒေါ်စန္ဒာဌေး
နေရပ် … န၀ဒေးပတ်လမ်း၊ ၇/ ရပ်ကွက်၊ လှိုင်သာယာ၊ရန်ကုန်တိုင်း
(၅) အမည် … အောင်ကိုဝင်း
အသက် … ၁၂ နှစ်
ထောင်ကျကိုယ်ပိုင်နံပါတ် … ၅၃၅၄၉
မိဘ … ဦးသာလှိုင်၊ ဒေါ်မျိုးမျိုးစိန်
နေရပ် … န၀ဒေးပတ်လမ်း၊ ၇/ ရပ်ကွက်၊ လှိုင်သာယာ၊ရန်ကုန်တိုင်း
(၆) အမည် … မင်းယုစန်း
အသက် … ၁၄ နှစ်
ထောင်ကျကိုယ်ပိုင်နံပါတ် … ၅၃၅၄၅
မိဘ … ဦးယုလွင်၊ ဒေါ်နုနုခင်
နေရပ် … သက်ငြိမ်ရပ်ကွက်၊ ဒလ၊ အမက ၁၄ အနီး၊ ဒလမြို့ ရန်ကုန်တိုင်း
တို့မှဖြစ်ကြသည်။
မင်းယုစန်းမှာ မူဆလင်တဦးဖြစ်ပြီးကျန်ကလေး ၅ ဦးတို့မှာ ဗမာကလေးငယ်များ ဖြစ်ကြသည်။ ဘန် ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်း နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဦးမျိုး နိုင် က “ကျနော်တို့ အပူတပြင်ဆောင်ရွက်နေပါတယ်။ မလေးရှားက လူ့အခွင့်အရေးလှုပ်ရှားသူတွေက တဆင့်လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးနဲ့ တိုက်ရိုက် ဆက်စပ်ဆောင်ရွက်နေပါတယ်။ မက် ဖေါင်ဒေးရှင်း ဒါရိုက်တာတို့နဲ့ ညှိနှိုင်းပြီးတော့ပေါ့လေ။ ကလေးမိဘတွေဘက်က ဘာမှဆက်သွယ်လာ တာ မရှိတော့ မလေးရှားက ရှေ့နေတို့ကိုပဲ ပြန်ပြီးတော့ ဘယ်လိုလုပ်ရင်အဆင်ပြေမလဲလို့ ပြန်တိုင်ပင် နေကြပါတယ်။ ဘာပဲပြောပြော ကလေးတွေ မကြာခင်လွတ်လာပြီးတော့ မိဘတွေဆီကိုပြန်ရောက် မယ်လို့တော့ မျှော်လင့်ပါတယ်” ဟုပြောသည်။ ကလေးတဦးချင်းစီတို့၏ ပြောပြချက်အရ၊ လူကုန်ကူသူ များမှာ မူဆလင်ဘာသာဝင်များဖြစ်ပြီး။ အချို့ကိုလေယာဉ်၊ အချို့ကို ရန်ကုန်မှ ရထားများဖြင့် ကော့ သောင်း သို့ ရောက်ရှိအောင်ခေါ်ဆောင်လာခဲ့ပြီး။ ကော့သောင်းမှတဆင့် လက်ဆင့်ကမ်းလူကုန်ကူကာ မလေးရှားနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။
ပေးပို့ .. ဦးကျော်သောင်း(ဘန်ကောက်)
...
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
4 weeks ago

0 comments:
Post a Comment